22/06/2025
👩🏻🏫 Clothing that people often wear to a job interview.
🙍🏻🙍🏻♂️Underwear
👩🏻🏫 🙆🏻🙆🏻♂️
I'm Thiri: 🌟 I'm an ally with you on your English learning journey! 🌟
22/06/2025
👩🏻🏫 Clothing that people often wear to a job interview.
🙍🏻🙍🏻♂️Underwear
👩🏻🏫 🙆🏻🙆🏻♂️
19/06/2025
What are these?
Children: ဘော်လီ
😘
English စကား ကို Norms English - စံ အဖြစ်သတ်မှတ်ပြီး အသုံးပြု တဲ့ နိုင်ငံ ငါးနိုင်ငံ ရှိပါတယ် ၊
United Kingdom, United States of America, Australia, Canada နဲ့ New Zealand နိုင်ငံ တို့ ဖြစ်ပါတယ်။
အဲဒီနိုင်ငံ တွေ က လွဲ ပြီး ကျန်တဲ့ နိုင်ငံ တွေ က Word English အနေနဲ့ ပြောင်းလဲ အသုံးပြုလာကြ ပါတယ်၊
e.g., Stative Verbs တွေ ကို ကျွန်မတို့ Continuous Tenses တွေမှာ အသုံးမပြုပေမယ့် ၊ တစ်ချို့ Word English အနေနဲ့ ပြောင်းလဲ သုံးတဲ့ နိုင်ငံတွေ မှာ တော့
"I'm believing you." လို့ ပြောနေကြတာ တွေ တွေ့ဖူးမှာပါ။
ဒါတွေ ကို မှားနေတယ်လို့ တော့ ပြောလို့မရပေမယ့် Standard English ရဲ့ စည်းမျဉ်းတွေ နဲ့ အနည်းငယ် ကွဲလွဲ နေတာ တွေ့ရပါတယ်။ ကိုယ့်တစ်ဉီးတည်း အမြင်အရတော့
English ကို Norms English အနေနဲ့ ပြောစေချင်၊ သင်စေချင်တာ ဆန္ဒ သက်သက် ပါပဲ ၊
ကျန်တာက တော့ ကိုယ့်သဘော ကိုယ့် ဆန္ဒ အတိုင်း Word English ကို ပဲ သုံးမယ် ဆိုပြီး သုံးချင်ရင်လည်း ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်ရှင်
ခုတလော ကလေး လာအပ်တဲ့ မိဘ တွေ နဲ့ စကားပြောဖြစ်တော့ အကြံပေးချင်တာလေး တစ်ခု ရှိလာပါတယ်
ကလေးတွေ ကို ဘာသာစကားပဲ ဖြစ်ဖြစ် ၊ အတန်းပညာ တစ်ခုခု ဖြစ်ဖြစ် သင်ယူလေ့လာ စေချင် လို့ ဆရာ ၊ ဆရာမ ရွေးချယ် ကြရတော့မယ် ဆိုရင်
ငါ က ပိုက်ဆံပေးပြီး သင်ခိုင်းတာ ဆိုတဲ့ အချိုးမျိုးတွေ တွေ့လာရပါတယ်
ဘယ်လောက်သင်ရင် တတ်မှာလဲ ? တို့
အချိန် ဘယ်လောက် နဲ့ အတတ် သင်ပေးမှာလဲ ? တို့ မေးလာကြပါတယ်
ကျွန်မပြောချင် တာ က ကိုယ့်ကလေး ရဲ့ ဉာဏ်ရည် ဉာဏ်သွေး ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ၊ ဇွဲလုံ့လဝီရိယ နဲ့ စူးစမ်းလေ့လာသင်ယူနိုင်မှု က ဘယ်အခြေအနေမှာ ရှိ လည်း ဆိုတာ ကို မိဘ ကိုယ်တိုင် က ရော သိပါသလား
နောက်တစ်ချက် ဘယ်နှစ်လ နဲ့ တတ်နိုင်လည်း ဆိုပြီးမေးရင် English to Myanmar Dictionary ကို ဘယ်နှစ်လ နဲ့ အလွတ် ကျက်နိုင် ပါသလဲ
အတတ်ပညာ ဆို တာ လူတစ်ယောက် ကို ခေါင်းထဲ ရိုက်ထည့်လို့ ရတဲ့ အရာမျိုးမဟုတ်ပါဘူး
ကိုယ် တိုင် က စူးစမ်းလေ့လာ ချင်တဲ့ စိတ်ဆန္ဒ ရှိဖို့လိုသလို
မပျင်းဖို့ ၊ မဖျင်းဖို့ လည်း လိုပါတယ်
အဲတော့ ကိုယ့်မွေးထားတဲ့ သားသမီး ကို မပျင်းဖို့ မဖျင်းဖို့ လောက် တောင် အိမ်မှာ အသိပညာ မပေးနိုင် တဲ့ မိဘ မျိုးတွေ က ဆရာတွေ ကို ငွေပေးပြီး ခိုင်းစေ တဲ့ ပုံစံ မျိုးတွေ မြင်တွေ့ရတာ ဟာ တော်တော် ကို စိတ်မကောင်းဖြစ်ရပါတယ်
ဆရာ/ ဆရာမ တွေ က Dictionary စာအုပ်တွေ မဟုတ်ပါဘူး။ သိချင် တတ်ချင် သမျှ အရာရာ ကို ဆရာတွေ ကို ပဲ အားကိုးလို့ မရပါဘူး
ဆရာတွေ ဆိုတာ နည်းမှန် လမ်းမှန် ကို သာ ပြသပေးနိုင်ပြီး ၊ ရှေ့ဆက်ရမယ့် ခရီးလမ်း ဟာ ကိုယ်တိုင်သာ စူစမ်းလေ့လာ သင်ယူပြီး ရှေ့ဆက်ကြရမှာ ဖြစ်ပါတယ်
အနည်းဆုံးတော့ မိဘ တွေ က သားငယ် သမီးငယ်လေး တွေ ကို မပျင်းဖို့ မဖျင်းဖို့ နဲ့ လေ့လာသင်ယူလိုစိတ် ရှိအောင် လေ့ကျင့်ပျိုးထောင် ပေးထားရမှာ ပါ
ဆရာတွေ ပဲ အားကိုးနေရင် ရှေ့ဆက်ရမယ့် ဘဝလမ်းခရီး မှာ သူများပါးစပ် နဲ့ ပဲ လမ်းဆုံး ရမှာ ပါ
English စကား ခြောက်လပြတ် စကားပြောသင်တန်း တက် တဲ့ ကလေး တွေ ရော တကယ် ပဲ စကားပြောတတ် သွား ကြပါသလား?
စဉ်းစားပါ၊ ချင့်ချိန်ပါ၊ မပျင်းနဲ့၊ မဖျင်းနဲ့၊ သူများ ကို ပဲ အားမကိုးပါနဲ့
ပညာဆိုတာ ရပ်တန့်ချင်တဲ့ နေရာမှာ ရပ်တန့်နေလိုက်လို့လည်းရသလို
လိုချင်တဲ့ စိတ်ဆန္ဒ ရှိရင် ရှိသလောက် အသက်ရှင်နေသရွေ့ လေ့လာ ရတဲ့ အရာမျိုးပါ
ယူလို့ ကုန်သွား တဲ့ အထဲ မှာ ပညာမပါပါဘူး
တကယ်ပညာတတ် တဲ့ သားသမီးလေး တွေ ဖြစ်စေချင်ရင် ဆရာတွေ ကို ပဲ အားကိုးမနေပဲ ဆရာတွေ နဲ့ ပူးပေါင်းပြီး နည်းမှန် လမ်းမှန် နဲ့ ပြုစုပျိုးထောင် ကြပါ လို့ အကြံပေးတိုက်တွန်း လိုက် ရ ပါတယ် ရှင်
"ငါ မနက်တိုင်း ဘရားဆွမ်းကပ်တယ်" ကို
English လို ဘယ်လိုပြောမလဲ 🙏🙏🙏
👇👇👇 comment မှာရေးပေးခဲ့ဉီးနှော်
Page ကို Like & Follow လုပ်ထားပြီး English စာ အတူလေ့လာရအောင် 😍
ဒီနေ့တော့ Family နဲ့ ပတ်သက်နဲ့ Vocabulary လေးတွေ ဖြေကြည့်ပေးနှော် 😘
1. A brother who shares one parent is your h_______ - b______ .
2. Your stepmother's daughter from an earlier relationship is your s_____- s_____.
3. A child who has no brothers or sisters is an o_____- c_____.
4. A child who parents take into their family and treat as their own is an a_____ - c_____.
5. Your brothers and sisters are your s_____.
Page လေး ကို Like & Follow လုပ်ပြီး comment မှာ အဖြေလေးတွေ အတူတူ လိုက်ဖြေရင်း English စာအတူလေ့လာကြရအောင် 👇👇👇
နေ့စဉ်သုံး နေတဲ့ စကားပြောတွေ အတွက် အသုံးဝင်တဲ့ Phrasal verbs လေး သုံးလုံး ကို လေ့လာ ကြည့်ရအောင်
Choose the correct phrasal verb for each sentence.
a. cut down on
b. eat out
c. cut out
1. I always drink 4 or 5 cups of coffee a day, and it keeps me awake at night, so I decided to ______ coffee.
2. Although I have a bad stomach ache, I can't live without spicy food, so I need to ______ it.
3. I often ______ with my parents at the weekends.
comment မှာ အဖြေမှန်လေး တွေ ရေး ရင်း English စာ အတူလေ့လာကြရအောင် 👇🏻
Past simple Vs Past continuous tense
What did you do yesterday?
I called you twice at 11 a.m. yesterday, but nobody answered.
What were you doing?
👇 What is the difference between these two tenses?
Comment မှာ အဖြေလေးတွေ ဖြေပေးခဲ့ ဉီးနှော်
'Be' or Do/Does/Did' နဲ့ စပြီး
မေးတဲ့ မေးခွန်း တွေ က
'လား?' ဆိုတဲ့ အဓိပ္ပါယ် ရတယ်၊
အကြောင်းပြချက် လေး တွေ လိုချင် ရင် တော့ သူတို့ ရှေ့မှာ
'Wh' နဲ့ စတဲ့ Question words တွေ ထည့်သုံးပြီး မေးလို့ရတယ်။
အဲတော့ Present Simple Tense လေး သုံးပြီး Verb to be (or) Verb to do ရွေးပြီးဖြေ ကြည့်ရအောင်။
1. ______ you a student?
2. ______you angry with me?
3. ______ you do any sports?
4. What _____ your girlfriend look like?
5. What _____ your boyfriend like?
👇🏻