PFI Chinese Language Centre- Unity of PFI

PFI Chinese Language Centre- Unity of PFI

Share

PFI Chinese Language Centre- is a brunch of Unity of PFI Language & Education Centre for Learners.

Photos from PFI Chinese Language Centre- Unity of PFI's post 11/06/2026

⛩️ Significance of Jade in Chinese Culture : From Ancient Civilization to Modern Values 🎎

大家好 𝑷𝑭𝑰ners 👋

စာတွေချည်းပဲ မှတ်နေရတာ ပျင်းနေကြပြီဟုတ် 👀

ဒါဆိုရင် ဒီတစ်ခေါက်မှာ‌တော့ စာအကြောင်းတစ်ခန်းရပ်ပြီး တရုတ်ယဉ်ကျေးမှုနဲ့ ပက်သတ်တဲ့အကြောင်းလေးကို ‌မျှဝေပေးသွားမှာမို့ စိတ်ပြေလက်ပျောက် ဖတ်ကြည့်သွားကြပါဦးနော် 🤗

🎎 𝑷𝑭𝑰ners လေးတို့ တရုတ်ဇာတ်လမ်းတွေ အထူးသဖြင့် Costume Drama တွေကြည့်ဖူးရင် ကျောက်စိမ်းကို မကြာခဏ အရေးပါတဲ့ရတနာ တစ်ခုအနေနဲ့ ဖော်ပြထားတာကို တွေ့ကြရမယ်ထင်ပါတယ်

ဒါဆိုရင် ကျောက်စိမ်းဟာ ဘာကြောင့်ဒီလောက် အထွတ်အမြတ်ထားခံရတာ ဖြစ်မလဲ 🤔

⛩️ တရုတ်လူမျိုးတွေအတွက်‌တော့ ကျောက်စိမ်းဟာ ကျောက်မျက်တန်ဆာတစ်ခု ဆိုတာထက်ကိုပိုပါတယ် နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းကြောင်းနဲ့အတူ တရုတ်လူမျိုးတို့ရဲ့ အတုမရှိတဲ့ ကျောက်စိမ်းထွင်းထုတဲ့ ပညာရပ် ယဉ်ကျေးမှုတွေက သမိုင်းရာဇဝင်၊ ရိုးရာယုံကြည်မှု၊ လူမှုရေးရာကျင့်ဝတ်၊ ဒဿနအမြင် စတဲ့အရာတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် ကျောက်စိမ်းဟာ ရွှေထက်တန်ဖိုးရှိတယ်လို့တောင် ပြောစမှတ်ပြုကြပါတယ်

⛩️ History of Chinese Jade Culture

ကျောက်စိမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက တရုတ်ယဉ်ကျေးမှုမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတိုင်အောင် ဆက်လက်အရေးပါနေဆဲ လက်မှုပညာယဉ်ကျေးမှုတစ်ခုပဲ ဖြစ်ပါတယ်

သမိုင်းမှတ်တမ်းမှတ်ရာတွေအရ အစောဆုံးသော တရုတ်ကျောက်စိမ်း လက်မှုပညာလက်ရာတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀၀ကျော် ကျောက်ခေတ်ဦးကာလမှ ကျောက်ခေတ်နှောင်းကာလသို့ ကူးပြောင်းပြီး ခေတ်မှီလူ့အဖွဲ့အစည်းတစ်ရပ် စတင်ဖြစ်တည်လာချိန် ကတည်းက တရုတ်နိုင်ငံ ယန်ဇီမြစ်ဝှမ်းဒေမှာ ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ တွေ့ရှိခဲ့ရကြောင်း ဆိုပါတယ်

သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်လက်ထက်မှာ တန်ဖိုးရှိကျောက်မျက် ရတနာတစ်ခုအနေနဲ့သာမက ကောင်းမွန်တဲ့ကံကြမ္မာ၊ ကြင်အင်လက္ခဏာတွေရဲ့ သင်္ကေတအနေနဲ့လည်း သတ်မှတ်ခံရပြီး မျိုးရိုးစဥ်ဆက် သမိုင်းအမွေအနှစ်တစ်ခုအနေနဲ့ လက်ဆင့်ကမ်းလာခဲ့တာ ယခုထိတိုင်အောင်ပဲ ဖြစ်ပါတယ်

⛩️ Significance of Jade in Different Aspects of Chinese Culture

တရုတ်ယဉ်ကျေးမှုမှာ ကျောက်စိမ်းကို သူ့ရဲ့ကျော့ရှင်းကြည်လင်တဲ့ အသွင်အပြင်ကြောင့် "Stone of Heaven" လို့ခေါ်စမှတ်ပြုကြပြီး ဖြူစင်မှု၊ ရိုးသားမှု၊ ကိုယ်ကျင့်သိက္ခာ၊ ဉာဏ်ပညာ စတဲ့အရာတွေကို ကိုယ်စားပြုတယ်လို့ ခံယူကြတဲ့အပြင် ‌ဝတ်ဆင်သူကို အပျက်သဘောင်ဆောင်တဲ့ စွမ်းအင်တွေကနေ ကာကွယ်ပေးတယ်လို့ ယူဆကြပါတယ်

📚 Jade in Confucianism : တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် (孔子 - kǒng zǐ) ရဲ့အဆိုအရ ကျောက်စိမ်းဟာ

• စေတနာ၊ ဉာဏ်ပညာ၊ ဖြောင့်မတ်မှု၊
• ရည်မွန်မှု၊ ဂီတအနုပညာ၊ သစ္စာတရား၊
• ယုံကြည်မှု၊ ကောင်းကင်နဲ့ မြေထု၊
• ကိုယ်ကျင့်သိက္ခာနဲ့ တရားမျှတမှု

စတာ‌တွေကို ကိုယ်စားပြုတယ်လို့ အဆိုပြုခဲ့‌တာကြောင့် စာသင်သားတွေ၊ ပညာတတ်လူတန်းစားတွေအတွက် ကျောက်စိမ်းဆွဲသီး သို့မဟုတ် ဆွဲပြားတွေကို ချိတ်ဆွဲဆင်ယင်တဲ့ အလေ့အကျင့်ဟာ ပုံမှန်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်

☯️ Jade in Spiritual and Religious Beliefs : တရုတ်ဖုန်းရွှေပညာအယူအရ ကျောက်စိမ်းဟာ

• အပျက်သဘောဆောင်တဲ့ စွမ်းအင်တွေကို ဖယ်ရှားပေးတယ်
• ကိုယ်တွင်းညီမျှမှုကိုယူဆောင်ပေးတယ်
• အဆိပ်အ‌တောက်‌တွေကို ဖယ်ရှားပြီး အသက်ရှည်‌စေတယ်
• ကွယ်လွန်ချိန်မှာလဲ စိတ်ဝိညာဉ်ကို ကာကွယ်ပေးတယ်

စသည်ဖြင့် ယုံကြည်ကြတာကြောင့် ‌လူကြီးသူမတွေအနေနဲ့ ကျောက်စိမ်းလက်ကောက်ကို လက်ဆောင်အဖြစ် ပေးတတ်ကြပါတယ်

🎎 Jade in Social Status : ရှေးခေတ်တရုတ် လူ့အဖွဲ့အစည်းမှာ‌ဆိုရင် ကျောက်စိမ်းဟာ ခေတ်အဆက်ဆက် တော်ဝင်မျိုးနွယ်တွေနဲ့ မျိုးရိုးမြင့်တွေအတွက် မိမိရဲ့အဆင့်အတန်းကို သက်သေပြရာ အသုံးအဆောင်တစ်ခုဖြစ်ပြီး

• တော်ဝင်တံဆိပ်တုံး
• လက်ဖက်ရည်ခွက်
• အသုံးအဆောင်ပစ္စည်း အမျိုးမျိုး

စတာတွေကို ပြုလုပ်ရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြကာ ဩဇာအာဏာကို ကိုယ်စားပြုတာ‌ကြောင့် ရွှေထက်တောင်မှ ပိုမိုတန်ဖိုးထားကြပါတယ်။

⛩️ Variety of Jade Types and Jade Wares

🍵 Types of Jade : ကျောက်စိမ်းအမျိုးအစား အဓိကအားဖြင့် နှစ်မျိုးရှိပြီး တရုတ်ရိုးရာကျောက်စိမ်း (玉 - yù) လို့ ပြောရာမှာ Nephrite ခေါ် ပိုမိုပျော့ပျောင်းတဲ့ ကျောက်စိမ်းကိုဆိုလိုတာ ဖြစ်ပါတယ်

နောက်ထပ်တစ်မျိုးကဝောာ့ Qing dynasty (1271–1368 CE) အတွင်း မြန်မာနိုင်ငံက တူးဖော်တွေ့ရှိခဲ့တဲ့ Jadeite ခေါ် ပိုမိုမာကျောကျစ်လစ်တဲ့ ကျောက်စိမ်းအမျိုးအစားဖြစ်ပြီး တရုတ်လိုဆိုရင်ဝောာ့ 翡翠 (fěi cuì) လို့ခေါ်ပါတယ်

🍵 Use of Jade Wares : ခေတ်အဆက်ဆက် လက်နက်ကိရိယာ၊ အဆင်တန်ဆာ၊ ဂီတတူရိယာ စသည်ဖြင့် ကျောက်စိမ်းလက်မှုလက်ရာ အသုံးအဆောင်ပစ္စည်း အမျိုးမျိုးကို တွေ့ရှိရပြီး အစောပိုင်းကာလတွေမှာ ကွယ်လွန်နဲ့အတူ မြုပ်နှံခြင်းတွေပါ ရှိခဲ့ပါတယ်

⛩️ Jade in Chinese Language

Photos from PFI Chinese Language Centre- Unity of PFI's post 11/05/2026

⚔️ လောကဓံတရားကို အံတုလို့ အချစ်နဲ့တိုင်းပြည်အတွက်.... ⛩️❤️‍🩹

大家好 𝑷𝑭𝑰ners 👋

ရုပ်ရှင်ဇာတ်ကားတွေဟာ စာရွက်ပေါ်က ရသစုံလင်ပြီး သက်၀င်လှပတဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ပိတ်ကားထက်မှာ အသက်၀င်လာအောင် ပြုလုပ်ပေးနိုင်တဲ့ အနုပညာဖန်တီးမှု တစ်ခုပါပဲ 🎭🎬

အရည်အသွေးပြည့်မီတဲ့ ရုပ်ရှင်တစ်ကားက ပရိတ်သတ်တွေရဲ့ရင်ထဲမှာ စစ်မှန်တဲ့ ခံစားချက်တွေကို စွဲကျန်စေတတ်ရုံသာမက သဘာ၀ကျတဲ့ စကားပြောခန်းတွေ၊ ပြောဆိုဆက်ဆံပုံတွေကိုပါ ကြည့်ရှုနိုင်တာကြောင့် ဘာသာစကားတစ်ခု လေ့လာရာမှာ Speaking တိုးတက်ဖို့ အလွယ်ကူဆုံး နည်းလမ်းဆိုရင်လည်း မမှားပါဘူး 💬

ဒါကြောင့် ဒီနေ့မှာတော့ အခုတစ်လော အရမ်းနာမည်ကြီးနေတဲ့ Pursuit of Jade (逐玉 - Zhú Yù)🎎 ဇာတ်လမ်းတွဲထဲက Iconic Quote လေးတွေ၊ Phraseလေးတွေထဲမှ မှတ်သားလောက်စရာ Vocab လေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ် ✨

ရင်သက်ရှုမောဖွယ် အပြင်အဆင်၊ ရိုက်ကူးမှုတွေနဲ့အတူ မင်းသား၊မင်းသမီးတွေရဲ့ ပြောင်မြောက်တဲ့ သရုပ်ဖော်မှုတွေကြောင့် ချီးမွမ်းခံထားရတဲ့အပြင် အချစ်နဲ့စစ်၊ တရားမျှတမှု၊ ရန်ညိုးပဋိပက္ခ၊ ရာထူးဂုဏ်သိက္ခာ စတဲ့ Theme တွေကို စိတ်ဝင်စားဖွယ် ချပြထားတာကိုတွေ့ရမှာမို့ 𝑷𝑭𝑰ners လေးတို့ထဲမှာ Chinese Costume Drama နှစ်သက်သူလေးတွေ ရှိတယ်ဆိုရင်တော့ သွားကြည့်ကြည့်လိုက်တော့နော် 🤭

ကဲဒါဆိုရင် Vocab လေးတွေကို အတူတူလေ့လာကြည့်ရအောင် ✨. . .

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz





Photos from PFI Chinese Language Centre- Unity of PFI's post 19/04/2026

🍎 ကိုယ်ကြိုက်တဲ့ အသီးတွေကို တရုတ်လိုဘယ်လိုပြောမလဲ 🍎

大家好 𝑷𝑭𝑰ners 👋🏻

တရုတ်စာလေ့လာတဲ့အခါမှာ vocabulary လေးတွေဥို မကြာခဏပြန်လေ့ကျင့်ပေးဖို့ကလဲအရေးကြီးပါတယ် ။ အသီးနာမည်လေးတွေကိုသိခြင်းအားဖြင့် စျေးသွားတဲ့အခါမှာပဲဖြစ်ဖြစ် ၊ ကိုယ်သိတဲ့အသီးလေးတွေကိုမြင်ရတဲ့အခါမှာပဲဖြစ်ဖြစ် အဲ့ကျသေချာပြန်စဉ်းစားကြည့်ရင်းတဖြေးဖြေးနဲ့ vocabulary လေးတွေကိုသဘာဝကျကျမှတ်မိလာမှာပဲဖြစ်ပါတယ် ။

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/






Photos from PFI Chinese Language Centre- Unity of PFI's post 12/04/2026

🍽 စားသောက်ဆိုင်သွားရင် မဖြစ်မနေ သိထားသင့်တဲ့ တရုတ်စကား ၅ လုံး 🍽️

大家好 𝑷𝑭𝑰ners 👋🏻

စားသောက်ဆိုင်သွားတဲ့အခါ တရုတ်လို ပြောချင်ပေမယ့် ဘယ်လိုပြောရမှန်းမသိဘူးလား ? 🤔 ဒါဆိုရင်တော့ ဒီနေ့မှာ စားသောက်ဆိုင်သွားရင် တကယ်အသုံးဝင်စေမယ့်စကားလုံး ၅လုံးကို 老师 ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် 🙆🏼‍♀️

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/




11/04/2026

🔢 တရုတ်ယဥ်‌ကျေးမှုမှာ ဘယ်လိုဂဏန်းတွေက ကံကောင်း‌စေ သို့မဟုတ် ကံဆိုးစေတတ်သလဲ 🤔

大家好 𝑷𝑭𝑰ners 👋

တရုတ်ယဉ်ကျေးမှုမှာဆိုရင် နံပါတ်(၄) ဂဏန်းလေးက တရုတ်လို သေဆုံးသည်ဆိုတာနဲ့ အသံထွက်တူတာကြောင့် ရှောင်ရှားလေ့ရှိတယ်ဆိုတာ အားလုံးလည်းသိကြမယ် ထင်ပါတယ် 👀

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နံပါတ်‌(၄)အပြင် ဘယ်နံပါတ်လေးတွေက ကံမကောင်းပြီး၊ ဘယ်နံပါတ်လေးတွေကတော့ ကံကောင်းစေတတ်လဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ် 🤗

🧧 ဒါဆိုရင် ကံကောင်းစေတဲ့ နံပါတ်လေးတွေက ဘာဖြစ်မလဲ?

🍀 8 (八-bā) : ကံအကောင်းဆုံး နံပါတ်ဖြစ်ပြီးတော့ ကြီးပွားခြင်း၊ ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းတို့ရဲ့ သင်္ကေတဖြစ်ပါတယ်။

🍀 6 (六-liù) : စီးဆင်းသည်လို့ အဓိပ္ပာယ်ရတဲ့ (流-liú) နဲ့ ချောမွေ့သည် (溜-liū) ဆိုတဲ့စကားလုံးလေးတွေနဲ့ အသံထွက်ဆင်တာကြောင့် ကံကောင်း‌စေတယ်လို့ သတ်မှတ်ကြပါတယ်။

🍀 9 (九-jiǔ) : ကြာမြင့်သည် (久-jIǔ) ဆိုတဲ့ စကားလုံးလေးနဲ့ အသံထွက်တူတာကြောင့် အသက်ရှည်ခြင်း၊ အဓွန့်တည်ခြင်းနဲ့ ဆက်ဆံရေး‌‌တွေ တည်မြဲခြင်းတို့ကို ကိုယ်စားပြုပါတယ်။

🍀 2 (二-èr) : ယင်နှင့်ယန်ကဲ့သို့ ကောင်းမွန်တဲ့အရာတွေက အတွဲလိုက်လာတယ်လို့ ဆိုတဲ့အယူကြောင့် မင်္ဂလာရှိခြင်းရဲ့ သင်္ကေတ‌အနေနဲ့ ယူဆကြပါတယ်။

🍀 3 (三-sān) : ဘ၀သို့မဟုတ် မွေးဖွားခြင်းလို့ အဓိပ္ပာယ်ရတဲ့ 生 (shēng) ဆိုတဲ့စကားလုံးနဲ့ အသံထွက်ဆင်တာ‌ကြောင့် မိသားစုတွေအတွက် ကံကောင်းစေပါတယ်။

🧧 ကံဆိုး‌စေတဲ့ နံပါတ်လေးတွေကရော ဘာဖြစ်မလဲ?

🍀 4 (四-sì) : သေဆုံးသည် (死 ဆိုတဲ့စကားလုံးနဲ့ အသံထွက်ဆင်တာကြောင့် ကံမကောင်းဆုံးဂဏန်းအဖြစ် သတ်မှတ်ကြပြီး အတတ်နိုင်ဆုံးရှောင်ရှားကြပါတယ်။

14 十四 : 实死 ‌‌သေဆုံးလိမ့်မည်လို့ အဓိပ္ပာယ်ရတဲ့ စကားနဲ့ အသံဆင်တာကြောင့် ကံဆိုးစေတဲ့နံပါတ်လို့ သတ်မှတ်ကြပါတယ်။

🍀 5 (五-wǔ) : မရှိခြင်း၊ ကင်းမဲ့ခြင်း 无 ဆိုတဲ့စကားလုံးနဲ့ အသံတူတာကြောင့် ကံဆိုးစေတယ်လို့ ယူဆကြပါတယ်။

🍀 13 (十三-shí sān) : ဒါကတော့ အနောက်တိုင်းယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုကြောင့် အချို့ကကံဆိုးစေတယ်လို့ သတ်မှတ်တာပဲ ဖြစ်ပါတယ်။

🍀 18 (十八-shí bā) : တရုတ်ဒဏ္ဍာရီလာ ယုံတမ်းတွေအရ ငရဲကြီး 18 ထပ်ကို ရည်ညွန်းနေတာကြောင့်
ရှောင်ရှားလေ့ရှိပါတယ်။

🧧 ကံကောင်းစေတဲ့ နံပါတ်တွဲလေးတွေနဲ့ အဓိပ္ပာယ်များ

🍀 520 (五二零-wǔ èr líng) ➡️ 我爱你 (wǒ ài nǐ) - I Love You

🍀 1314 (一三一四-yì sān yì sì) ➡️ 一生一世 (yì shēng yì shì) - One Lifetime/ Forever

🍀 888 (八八八-bā bā bā) ➡️ Triple Prosperity

🍀 168 (一六八-yī liù bā) ➡️ 一路发 (yí lù fā) - Smooth road to prosperity

✨ Fun fact : တစ်ခုသိထားသင့်တာ‌‌လေးကတော့ တရုတ်လူမျိုးတွေက ကျန်တဲ့နံပါတ်တွေကို အလွန်သတိမထားဖြစ်တောင်မှ နံပါတ်(၄)ကိုတော့ မဖြစ်မနေရှောင်ရှားကြပါတယ်။ ဒါကြောင့် တရုတ်ကိုသွားမယ်ဆိုရင် တိုက်ခန်းတွေ၊ အထပ်မြင့်အဆောက်အဦးတွေမှာ လေးထပ်မြောက်မရှိတာကို တွေ့ကြရတာဖြစ်ပါတယ်။

ကဲဒီလောက်ဆို သိကြမယ်ထင်ပါတယ် 🤗
ဒါဆိုရင်ဒီလိုမျိုး စိတ်၀င်စားစရာကောင်းတဲ့ ဗဟုသုတရစရာလေးတွေကို ဆက်လက်ဖတ်ရှူချင်တယ်ဆိုရင်တော့ Page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်🫶
အားလုံးပဲ 再见 . . . . .👋

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Main Page
https://www.facebook.com/share/16wGH9KbMy/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube Channel
https://youtube.com/ ?si=h72S9CcSuzwvhPvm





Photos from PFI Chinese Language Centre- Unity of PFI's post 05/04/2026

🀄 အနက်တူပေမယ့် အသုံးပြုပုံမတူသော တရုတ်စကားလုံးများ 🀄

大家好 𝑷𝑭𝑰ners 👋

📖 တရုတ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်တယ်ဆိုရင် ဘယ်လိုအခြေအနေမှာ ဘယ်စကားလုံးကို သုံးရမလဲဆိုတာ သိထားသင့်တဲ့အရာ တစ်ခုပဲဖြစ်ပါတယ်

ဒါကြောင့် ဒီတစ်ခေါက်အတွက် Vocab လေးတွေကိုတော့ အနက်အဓိပ္ပာယ်တူတဲ့ တရုတ်ဝေါဟာရကလေးတွေနဲ့ သူတို့ရဲ့အခြေအနေအလိုက် အသုံးပြုပုံလေးတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် 🤗

ကဲဒါဆိုရင် အတူတူကြည့်ကြည့်လိုက်ကြရအောင်နော် 👀

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Main Page
https://www.facebook.com/share/16wGH9KbMy/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube Channel
https://youtube.com/ ?si=h72S9CcSuzwvhPvm




04/04/2026

🐉 Dragon and Lion Dance : A Traditional Performance Art 🦁

大家好 𝑷𝑭𝑰ners 👋

ဒီတစ်ခေါက်မှာတော့ တရုတ်နှစ်ကူးပွဲတော် အပါအ၀င် တရုတ်ရိုးရာပွဲ‌တော်တွေမှာ မပါမဖြစ်ဖျော်ဖြေမှုတစ်ခုဖြစ်တဲ့ Dragon Dance (舞龙) နဲ့ Lion Dance (舞狮) အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ် 💁

🐉What is Chinese Dragon Dance ?

တရုတ်နဂါးအက (舞龙) ဟာ ဟန့်မင်းဆက် (汉代 : 206 BCE – 220 CE) အတွင်း ပေါ်ပေါက်ခဲ့တဲ့ တရုတ်လူမျိုးတို့ရဲ့ ရိုးရာကကြိုးကဟန် ဖျော်ဖြေမှုတစ်မျိုးဖြစ်ပြီး အဓိကအနေနဲ့ နှစ်သစ်ကူးပွဲတော်ကဲ့သို့ ပွဲလမ်းသဘင်တွေမှာ ကပြဖျော်ဖြေလေ့ရှိပါတယ်။ နဂါးအရုပ်ရဲ့ ပုံသဏ္ဍာန်၊အရှည်၊ ‌အရောင်နဲ့အရေအတွက်တို့ဟာ ကျင်းပတဲ့အချိန်ကာလ အပေါ်မူတည်ပြီး ကွာခြားလေ့ရှိတဲ့အပြင် လက်ရှိကနည်းကဟန်တွေနဲ့ မတူကွဲပြားတဲ့ နဂါးကကြိုးမျိုးစုံလည်း ရှိခဲ့ပါတယ်။

🐉 Cultural Symbolism: ရှေးမှတ်တမ်းမှတ်ရာတွေအရ နဂါးအကကို ဟန့်မင်းဆက်အတွင်း မိုးခေါင်တဲ့ကာလတွေမှာ မိုးခေါ်ပွဲကျင်းပချိန်မှာ ကလေ့ရှိကြောင်း ဆိုကြပါတယ်။ တရုတ်ယဉ်ကျေးမှုအရ နဂါးတွေဟာ ကောင်းမွန်တဲ့ကံကြမ္မာရဲ့ သင်္ကေတတစ်ခုဖြစ်တာကြောင့် နဂါးကကြိုးကို ‌ဖျော်ဖြေခြင်းအားဖြင့်ကံကောင်းမှုကို ယူဆောင်လာပေးတယ်လို့ ယူဆကြပြီး နငါးအလျား‌ရှည်လေ ကံပိုကောင်းလေလို့ ယူဆကြပါတယ်။

🐉 Appearance of the Dragon : ‌လက်ရှိဖျော်ဖြေမှု‌‌တွေမှာ အသုံးပြုတဲ့နဂါးကို ပိတ်စနဲ့ပေါ့ပါးတဲ့အရာတွေနဲ့ ပြုလုပ်ပြီး အပိုင်းတစ်ခုခြင်းဆီကို ဆက်ခြင်းအားဖြင့် နဂါးပုံသဏ္ဍာန်ပေါ်စေတာ ဖြစ်ပါတယ်။ ဖျော်ဖြေမယ့် လူအ‌ရေအတွက်ပေါ် မူတည်ပြီး နဂါးရဲ့အလျား ကွဲပြားသွားပြီး ကကြိုးတစ်ခုဆီအတွက် နဂါးအရောင်ဟာလည်း ကြီးပွားမှုရဲ့သင်္ကေတအနေနဲ့ရွှေရောင်၊ ကောင်းမွန်တဲ့ရိတ်သိမ်းမှုရဲ့ သ‌င်္ကေတအနေနဲ့အစိမ်းရောင် စသည်ဖြင့် အမျိုးမျိုးကွာခြားပါသေးတယ်။

🐉 Performance and Styles : ပြီးပြည့်စုံတဲ့ ဖျော်ဖြေမှုတစ်ခုဖြစ်ဖို့ ကျွမ်းကျင်တဲ့ ဖျော်ဖြေသူအဖွဲ့က သီချင်းသံနှင့်အတူ အချိတ်အဆက်မိမိ ကခုန်ခြင်းအားဖြင့် နဂါးလှုပ်ရှားပုံကို တုပလေ့ရှိကြပါတယ်။ နေရာဒေသအလိုက် ကနည်းကဟန်အမျိုးမျိုးရှိပြီး "Chasing After the Pearl" ခေါ် ဉာဏ်ပညာကိုကိုယ်စားပြုတဲ့ ပုလဲလုံးကို ကိုင်ဆောင်သူနောက်လိုက်တဲ့ အကဟာအထင်ရှားဆုံး ဖြစ်ပါတယ်။

🦁 What is Chinese Lion Dance ?

တရုတ်ခြင်္သေ့အကဟာ နဂါးကကြိုးလိုပင် တရုတ်လူမျိုးတွေရဲ့ ရိုးရာအကတစ်မျိုးဖြစ်ပြီး ယဉ်ကျေးမှုပွဲတော်၊ ဘာသာရေးပွဲတော်တွေသာမက လက်ထပ်ပွဲ၊ကြိုဆိုပွဲ စတဲ့အခမ်းအနားပွဲတွေမှာ ကောင်းမွန်တဲ့ကံကြမ္မာကို ရရှိစေဖို့အတွက် ကပြဖျော်ဖြေလေ့ရှိပါတယ်။

🦁 Cultural Symbolism: ဟန့်မင်းဆက် သို့မဟုတ် ထန်မင်းဆက်အတွင်း နိုင်ငံရပ်ခြား ယဉ်‌ကျေးမှုဖလှယ်ရာမှ စတင်ပေါ်ပေါက်လာတယ်လို့ ယူဆရပြီး မကောင်းတဲ့ဉာဉ်ဆိုးတွေကို နှင်ထုတ်ပြီး၊ ကံကောင်းခြင်းနှင့် ကြီးပွားခြင်းတို့ကို ဆောင်လာပေးတယ်လို့ ဆိုကြပါတယ်။

🦁 Appearance and Performance: နဂါးအကလိုမျိုး အပိုင်းအများကြီးမပါဘဲ ခေါင်းနှင့်အမြှီးနှစ်ပိုင်းသာပါရှိပြီး နေရာဒေသအလိုက် အရောင်နှင့်အသေးစိတ်ပုံစံ ကွာခြားသွားတတ်ပါတယ်။ တရုတ်ကိုယ်ခံပညာပေါ် အခြေခံထားတဲ့ကကွက်တွေကို ဖျော်ဖြေသူနှစ်‌ယောက်က စည်းချက်နှင့်အညီ ကခုန်ရတာကြောင့် ခက်ခဲပေမယ့် မြူးကြွတဲ့ဖျော်ဖြေမှုတစ်ခုပဲ ဖြစ်ပါတယ်။

🦁 Main Dance Styles: မြောက်ပိုင်းကဟန်နဲ့ တောင်ပိုင်းကဟန်ဟူ၍ အဓိကကဟန်နှစ်မျိုးရှိပြီး ခြင်္သေ့သဏ္ဍာန်နဲ့ ကကွက်ပုံစံတို့မှာ ကွာခြားသွားတာဖြစ်ပါတယ်။ မြောက်ပိုင်းကဟန်မှာဆိုရင် ခြင်္သေ့အထီးအမတစ်စုံ ပါ၀င်တတ်ပြီး ရွှေရောင်ခြယ်သစ်သားခေါင်းနဲ့ အဝါအနီအမွှေးတို့ပါတတ်ပါတယ်။ တောင်ပိုင်းကဟန်မှာတော့ ပိုမိုအနုစိတ်တဲ့ ခြင်္သေ့ခေါင်းနဲ့ အမူအရာတွေပါရှိပြီး သူ့ရဲ့ "Plucking the Greens " ကဟန်က လက်ရှိအတွေ့အများဆုံး ဖျော်ဖြေမှုတစ်ခုပဲ ဖြစ်ပါတယ်။

‌လက်ရှိမှာတော့ နဂါးအကနဲ့ ခြင်္သေ့အက နှစ်မျိုးလုံးဟာ တရုတ်ရိုးရာယဉ်ကျေးမှု ယုံကြည်မှုတွေထင်ဟပ်နေတဲ့ အနုပညာဖျော်ဖြေမှု တစ်ခုအနေနဲ့ အသိအမှတ်ပြုခံရပြီး ကမ္ဘာတစ်ဝှမ်းမှာ ဖျော်ဖြေခြင်းခံရလျက် ရှိပါတယ်။

ဒီလိုမျိုး စိတ်၀င်စားစရာကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတရစရာလေးတွေကို ဆက်လက်ဖတ်ရှူချင်တယ်ဆိုရင်တော့ Page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်🫶
အားလုံးပဲ 再见 . . . . .👋

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Main Page
https://www.facebook.com/share/16wGH9KbMy/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube Channel
https://youtube.com/ ?si=h72S9CcSuzwvhPvm



Photos from PFI Chinese Language Centre- Unity of PFI's post 29/03/2026

🀄 တရုတ်သံတူကြောင်းကွဲ စကားလုံးများ 🀄

大家好 𝑷𝑭𝑰ners 👋

တရုတ်ဘာသာစကားမှာဆိုရင် အသံ Tone တွေက အလွန်အရေးပါပြီး အသံထွက်မှားတာနဲ့ ကိုယ်ပြောချင်တဲ့အဓိပ္ပာယ်ကနေ လွဲချော်သွားတတ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ 𝑷𝑭𝑰ners လေးတို့ တရုတ်စာလေ့လာရာမှာ အထောက်အကူဖြစ်စေဖို့ အမှားများ၊အတွေ့များ‌လေ့ရှိတဲ့ သံတူကြောင်းကွဲ စကားလုံးလေးတွေကို မျှဝေပေးသွားမှာမို့ အတူတူ‌လေ့လာ ကြည့်လိုက်ကြရအောင်နော် 🤗

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Main Page
https://www.facebook.com/share/16wGH9KbMy/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube Channel
https://youtube.com/ ?si=h72S9CcSuzwvhPvm




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Online Platform
Yangon