29/05/2026
Normal English ပဲ ပြောနေတုန်းလား?
Native style ပြောင်းပြောဖို့ တွေးမိကြလား! 🇬🇧
ကိုယ်ပြောလိုက်တဲ့ sentence တွေက စာအုပ်ကြီးအတိုင်း ဖြစ်နေလို့ ပိုပြီး Natural ကျကျ၊
Native style ဖြစ်သွားစေမယ့် usage (၅) ခုကို sharing လုပ်ပေးလိုက်ပါတယ်။
1.ဖျားနေလို့ နေမကောင်းဘူးလို့ ပြောချင်ရင်
Normal: I am sick.
Native: I am under the weather.
2.လုံးဝ လျှို့ဝှက်ထားပေးပါလို့ မှာချင်ရင်
Normal: Keep it a secret.
Native: Keep it under wraps.
3. အရမ်းဗိုက်ဆာနေပြီလို့ ပြောချင်ရင်
Normal: I am very hungry.
Native: I am starving / famished.
4. မင်းသဘောအတိုင်းပဲ၊ မင်းဆုံးဖြတ်ပါလို့ ပြောချင်ရင်
Normal: It is your decision.
Native: The ball is in your court.
5. စာအသည်းအသန် လုပ်တော့မယ်လို့ ပြောချင်ရင်
Normal: I am going to study.
Native: I am going to hit the books.
ဒီလိုမျိုး Idiomatic expressions တွေကို နေ့စဉ်စကားပြောမှာ ထည့်သုံးပေးတာက နားထောင်ရတာ ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်ရှင်။
🚀 Level Up Your English with EEC!
အင်္ဂလိပ်စာကို စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ အပြင်မှာ တကယ်သုံးတဲ့ Native style အတိုင်း ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ Ezra's English Corner (EEC) Online Class မှာ စာရင်းသွင်းလိုက်ပါ။
သင်တန်းကာလ - ၁ လခွဲ
သင်တန်းကြေး - ၃၀,၀၀၀ ကျပ် တည်းပါ!
အသေးစိတ်မေးမြန်းရန် - Messenger
22/05/2026
IELTS မှာ "BECAUSE" နဲ့ "BUT" ကို ခဏခဏ ဆက်မသုံးပါနဲ့တော့!
IELTS စာမေးပွဲမှာ အမှတ်ကောင်းချင်ရင် စကားလုံးအဆန်းတွေ သိဖို့ထက်
နေ့တိုင်းသုံးနေကျ စကားလုံးရိုးရိုးတွေကို
ပိုပြီး Advanced ကျတဲ့ စကားစုတွေနဲ့ "Paraphrasing" ဆိုတဲ့အစားထိုးတတ်ဖို့ က
ပိုအရေးကြီးပါတယ်။
1.
"Because" အစား ➡ "Due to the fact that..."
အကြောင်းပြချက်တစ်ခုခုကို ပိုပြီး Academic ဆန်ဆန် ဖော်ပြချင်တဲ့အခါ သုံးပါတယ်။
Normal :
Many students fail because they do not study.
Advanced :
Many students fail due to the fact that they do not study.
2.
"But" ➡ "However, it is worth noting that..."
ဆန့်ကျင်ဘက် အချက်တစ်ခုကို စာကြောင်းအသစ်အနေနဲ့ အလေးအနက် ထည့်ပြောချင်တဲ့အခါ သုံးပါတယ်။
Normal:
Tourism brings money. But it can damage nature.
Advanced :
Tourism brings money. However, it is worth noting that it can damage nature.
3.
"To sum up / In conclusion" သုံးမယ့်အစား ➡ "Taking everything into consideration,..."
ကိုပြောင်းသုံးလိုက်ပါတော့နော်
Essay တစ်ခုလုံးရဲ့ အဆုံးသတ် နိဂုံးချုပ်ကို ပိုပြီး Smooth ဖြစ်ဖြစ် ခြုံငုံသုံးသပ်ပြချင်တဲ့အခါ သုံးပါတယ်။
Normal:
In conclusion, technology has more benefits.
Advanced :
Taking everything into consideration, technology has more benefits.
ဒီလိုမျိုး Conjunction တွေကို စကားစု
အလှည့်အပြောင်း (Phrasal Substitutions)
လုပ်ပေးတာက ကိုယ့်ရဲ့ Grammatical Range & Accuracy ရော Coherence ကိုပါ တစ်ပြိုင်တည်း မြှင့်တင်ပေးလို့ Examiner က အမှတ်ပိုပေးဖို့ သေချာစေပါတယ်ရှင်။
🚀 Level Up Your English with EEC!
IELTS Tips တွေအပြင် အင်္ဂလိပ်စာကို အခြေခံကစပြီး လိုရာပန်းတိုင်ရောက်အောင် ယုံကြည်မှုရှိရှိ လေ့လာချင်ရင်တော့ Ezra's English Corner (EEC) Online Class မှာ အမြန်ဆုံး စာရင်းသွင်းလိုက်တော့နော်
သင်တန်းကာလ - ၁ လခွဲ
သင်တန်းကြေး - ၃၀,၀၀၀ ကျပ် တည်းပါ!
အသေးစိတ်မေးမြန်းရန် -DM to me 📩
(Page Messenger)
18/05/2026
"ဒါလေးလုပ်ပေးပါ"
လို့ အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေး ဘယ်လိုတောင်းဆိုကြမလဲ? 🤔
ကိုယ်က တစ်ခုခုအကူအညီတောင်းချင်တဲ့အခါ “Can you…” တစ်ခုတည်းကိုပဲ သုံးနေမိလား?
Politeness lvl ပေါ်မူတည်ပြီး အဆင့်ဆင့်ဘယ်လိုသုံးရမလဲဆိုတာ ဒီနေ့ EEC က မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။
1. Can you...? (ရင်းနှီးတဲ့သူတွေကြား)
သူငယ်ချင်းတွေ၊ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သုံးပါတယ်။
English: Can you pass me the salt?
🇲🇲 : ဆားဘူးလေး ခဏကမ်းပေးလို့ရမလား?
2. Could you...? (ပိုပြီးယဉ်ကျေးသည်/Formal)
မရင်းနှီးတဲ့သူတွေ၊ အထက်လူကြီးတွေနဲ့ စိမ်းတဲ့သူတွေကို ပြောတဲ့အခါ သုံးပါတယ်။
Can you ထက် politeပိုဖြစ်ပါတယ်။
English: Could you explain that again, please?
🇲🇲 : အဲ့ဒါလေးကို နောက်တစ်ခေါက် ထပ်ရှင်းပြပေးလို့ရမလားရှင့်?
3. Would you mind + Ving...? (အရမ်းအရမ်းယဉ်ကျေးသည်)
4.
အကူအညီတောင်းရတာ အရမ်းအားနာတဲ့အခါ ဒါမှမဟုတ် တစ်ဖက်လူ ငြိုငြင်မှာစိုးတဲ့အခါ သုံးပါတယ်။
"Would you mind" နောက်မှာ Verb+ing လိုက်ရတာ သတိထားပါနော်။
English: Would you mind opening the window?
🇲🇲 : ပြတင်းပေါက်လေး ဖွင့်ပေးဖို့ ငြိုငြင်မလားဟင်?
(ဖွင့်ပေးလို့ရမလားလို့ အားနာတကြီးတောင်းဆိုတာပါ)
Note: Would you mind...? နဲ့ မေးရင်
ပြန်ဖြေတဲ့အခါ ဖွင့်ပေးမယ်ဆိုရင်
(Yes လို့မဖြေရဘဲ) No, not at all. (မငြိုငြင်ပါဘူး၊ ဖွင့်ပေးပါ့မယ်) လို့ ဖြေရပါတယ်။
No လို့ဖြေမှ တစ်ဖက်လူက အိုကေတာပါနော်။
ဒီ Post လေးက အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေအတွက် Share ပေးဖို့ မမေ့နဲ့ဦးနော်။
EEC Online Class (1.5 Months)
အင်္ဂလိပ်စာကို အခြေခံကစပြီး Confidence ရှိရှိ ပြောဆိုနိုင်ဖို့ တက်ရောက်ချင်ရင်တော့...
သင်တန်းကြေး - ၃၀,၀၀၀ ကျပ် တည်းပါ!
ဒီ Topic နဲ့ပတ်သက်ပြီး ကိုယ်သိချင်တာရှိရင် ဒါမှမဟုတ် နောက်ထပ် သိချင်တဲ့ Grammar Rule တွေရှိရင် Comment မှာ မေးခဲ့နိုင်ပါတယ်ရှင်။
12/05/2026
Say, Tell, Speak, Talk (၄) မျိုး...
သေချာရော ကွဲကြရဲ့လား!
အဓိပ္ပာယ်ချင်းတူပေမယ့် သုံးပုံမတူလို့
မျက်စိလည်နေပြီလား?
ဒါလေးဖတ်ပြီး အမှားပြင်လိုက်ရအောင်။
1. SAY (စကားလုံးကို အသားပေးသည်)
နောက်မှာ 'လူ' ထည့်စရာမလိုဘဲ ပြောလိုက်တဲ့ စကားလုံးကိုပဲ အဓိပ္ပာယ်ဖော်လိုတဲ့အခါ သုံးပါတယ်။
Example: She said, "I'm happy."
2.TELL (တစ်ယောက်ယောက်ကို ပြောပြသည်)
သူ့နောက်မှာ နားထောင်မယ့် 'လူ' (me, him, her) အမြဲတမ်း ပါရပါမယ်။
Example: Tell me the truth.
3. SPEAK(ဘာသာစကား/တရားဝင်ပြောဆိုသည်)
ဘာသာစကားတစ်ခုခု တတ်မြောက်မှုနဲ့ တရားဝင်ပြောဆိုမှုတွေမှာ သုံးပါတယ်။
Example: I speak English fluently.
4. TALK (အပြန်အလှန် စကားစမြည်ပြောသည်)
ရင်းနှီးတဲ့သူတွေကြား အပြန်အလှန် ပေါ့ပေါ့ပါးပါး စကားပြောတာမျိုးမှာ သုံးပါတယ်။
Example: We need to talk about it.
အနှစ်ချုပ် အနေနဲ့မှတ်ရရင်တော့:
Say + "Something"
Tell + Someone
Speak + Language / Formal
Talk + Conversation
**********
Level Up Your English with EEC!
အင်္ဂလိပ်စာကို အခြေခံကစပြီး ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ Ezra's English Corner (EEC) ရဲ့ Online Class မှာ စာရင်းသွင်းနိုင်ပါပြီ။
အသေးစိတ်မေးမြန်းရန် - Messenger သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။📩
10/05/2026
"Borrow" လား?
"Lend" လား?
ဘယ်ဟာက အမှန်လဲ? 🤔
English စာပြောတဲ့အခါ ဒီစကားလုံးနှစ်ခုကို
မှားသုံးမိနေတုန်းပဲလား?
"Borrow" က ကိုယ်ကယူတာလား?
"Lend" က ကိုယ်ကပေးတာလား?
ဒီနေ့ Quiz လေးမှာ အဖြေမှန်ကို မှန်းကြည့်ရအောင်!
အဖြေမှန်လေးကိုComment မှာ ရေးခဲ့ပေးပါဦးနော်။ 👇
(အလုပ်တစ်ဖက်နဲ့ ဖြစ်စေ guideအ နေနဲ့ ဖြစစေအင်္ဂလိပ်စာ Level မြှင့်ချင်သူများအတွက် EEC ရဲ့ Online Class မှာ စာရင်းသွင်းနိုင်ပါပြီ။ အသေးစိတ်ကို Messenger မှာ မေးမြန်းနိုင်ပါတယ်ရှင်။ 📩)
08/05/2026
Don't just say "Cry"!
အငိုချင်းတူပေမယ့် ပုံစံမတူတဲ့
အသုံးအနှုန်း (၅) မျိုးနဲ့ ကိုယ့်ရဲ့ Expression ကို ကြွယ်ဝအောင် လုပ်လိုက်ရအောင်။
1.Sob — ရှိုက်ကြီးတငင် ငိုတာ
(ရှိုက်သံတွေပါအောင် ငိုခြင်း)။
2.Weep — မျက်ရည်တစမ်းစမ်းကျတာ
(အသံတိတ် ဝမ်းနည်းပက်လက် ငိုခြင်း)။
3.Whimper — တအိအိနဲ့ ညည်းပြီးငိုတာ
(နာကျင်လို့ဖြစ်စေ၊ ကြောက်လို့ဖြစ်စေ ငိုခြင်း)။
4.Wail — အော်ဟစ်ငိုကြွေးတာ
(ဝမ်းနည်းလွန်းလို့ အသံကုန်ဟစ်ပြီး ငိုခြင်း)။
5.Bawl — အားရပါးရ အော်ငိုတာ
(ကလေးတွေ ငိုသလိုမျိုး အသံပြဲကြီးနဲ့ ငိုခြင်း)။
English Skills ကို အလုပ်မပျက်ဘဲ Level Up လုပ်ချင်ပါသလား?
အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်တဲ့ Video Clips & PDF lessons တွေနဲ့ EEC မှာ စာရင်းသွင်းနိုင်ပါပြီ။
တစ်ယောက်ချင်း (One-on-One) သင်ကြားပေးမှာမို့ မရှင်းတာတွေကို စိတ်ကြိုက်မေးမြန်းနိုင်ပါတယ်။
Fees: ၃၀,၀၀၀ ကျပ် (၁ လခွဲ သင်တန်း)
စိတ်ဝင်စားရင် Comment မှာ "Level up" လို့
ရေးခဲ့ပေးပါ (သို့မဟုတ်) Messenger မှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင်။ 📩
05/05/2026
Either နဲ့ Neither ကို အခုထိ မှားသုံးနေတုန်းလား? 🧐
English Grammar မှာ အမှားအများဆုံးဖြစ်တဲ့ Negative verb တွေနဲ့ ဘယ်လိုတွဲသုံးရမလဲဆိုတာကို ဒီနေ့ post လေးမှာ အတိုချုံး ရှင်းပြပေးထားပါတယ်။
Either (Positive choice)
နှစ်ခုထဲက တစ်ခုခုကို ရွေးချယ်တဲ့အခါ သုံးပါတယ်။
Example:
"You can choose either the red pen or the blue one."
❌ Neither (Negative choice)
နှစ်ခုလုံး မဟုတ်ဘူးလို့ ပြောချင်ရင် သုံးပါတယ်။
Example:
"I want neither tea nor coffee."
⚠️ Negative Verb နဲ့ သုံးတဲ့အခါ
ဝါကျထဲမှာ Not (Negative verb) ပါနေရင် Either ကို သုံးပါ။
(Example: "I don't know either.")
Quick Quiz
အောက်က စာကြောင်းမှာ ဘယ်ဟာ မှန်မလဲ? Comment မှာ ဖြေခဲ့ဦးနော်။ 👇
"I can't swim, and my brother can't ________."
(A) neither
(B) either
သင်တန်းအသေးစိတ်ကို Messenger မှာ အခုပဲ စုံစမ်းနိုင်ပါတယ်ရှင်။ 📩
01/05/2026
Gen Alpha တွေနဲ့ စကားပြောရင်
"နားမလည်လို့ ကျန်ခဲ့တာမျိုး" မဖြစ်သင့်ဘူးနော်။
ဒီနေ့မှာတော့ သိထားသင့်တဲ့ Trendy Slang
(၅) လုံးကို EEC ကနေ စုစည်းပေးလိုက်ပါတယ်ရှင်။
I. Aura — လူတစ်ဦး ရဲ့ Cool ဖြစ်မှုနဲ့ အရှိန်အဝါ။
II. Rizz — လူကြားထဲမှာ ထင်ပေါ်စေတဲ့ဆွဲဆောင်မှု။
III. Skibidi—ထူးဆန်းတာဒါမှမဟုတ်မကောင်းတဲ့
Vibe။
IV. Sigma—ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးမိမိုက်
နေသူ။
V. Delulu — လက်တွေ့ထက် ပိုတဲ့ စိတ်ကူးယဉ်မှု။
ဘယ်စကားလုံးကို အသုံးအများဆုံးလဲ? Comment မှာ ပြောခဲ့ဦးနော်။ 👇
'sEnglishCorner