Dolphin Preschool

Dolphin Preschool

Share

ပျော်ပျော်ရွှင်ရွှင်ကစား၊ ထက်ထက်မြက်မြက်သင်ယူ🧒👧🏻

14/06/2026

စိတ်ရှည်ပေးခြင်း

ကျွန်မတို့ကလေးလေးတွေအပေါ်မှာ အရေးကြီးဆုံးအရာက “စိတ်ရှည်ပေးခြင်း” ပဲ ဖြစ်ပါတယ် 💙

တချို့ကလေးလေးတွေက

🥺နားလည်ဖို့ အချိန် ပိုလိုအပ်နိုင်တယ်

🥺တုံ့ပြန်ဖို့ အချိန် ပိုလိုအပ်နိုင်တယ် နော်🌱

Don't forget to praise even the smallest progress ✨

#ဖေဖေမေမေတို့ဖတ်ဖို့


12/06/2026

Developmental Milestones 📈🩷

ကလေးများသည် အသက်အရွယ်အလိုက် ဖွံ့ဖြိုးနေကြပါသည်။😍
ဥပမာ − ထိုင်နိုင်ခြင်း၊ လမ်းလျှောက်နိုင်ခြင်း၊ စကားပြောနိုင်ခြင်း၊ သူငယ်ချင်းများနှင့်အတူတူကစားတတ်ခြင်း စသည်တို့ဖြစ်ပါသည်။ 👶✨

မိဘများနှင့် ဆရာမများအနေဖြင့်
🔹 ကလေး၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု
🔹 စကားပြောဆို ဆက်သွယ်နိုင်မှု
🔹 စဉ်းစားလေ့လာနိုင်မှု
🔹 လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှု
တို့ကို အသက်အရွယ်အလိုက် သတိထားစောင့်ကြည့်ပေးရန် အရေးကြီးပါသည်။

ထိုသို့စောင့်ကြည့်ရင်း ကလေးသည် Milestones အလိုက် ဖွံ့ဖြိုးနေပါက အဆင်ပြေနိုင်ပါသည်။ 🩷
သို့သော် ကလေးသည် အသက်အရွယ်အလိုက် မဖွံ့ဖြိုးပဲ Developmental delay တွေ့ရှိပါက စောစီးစွာ အကူအညီပေးနိုင်မည်ဖြစ်ပါသည်။ 💖

#ဖေဖေမေမေတို့ဖတ်ဖို့
preschool🐬

11/06/2026

&movement



09/06/2026

Shape Bingo♥️⚪️🔺🟩





08/06/2026

ကလေးသတိထားစရာ⚠️🩷

Quality ခိုင်မာသောအစားအစာများရွေးချယ်ပေးပါ🍔🌭🍟

👉Quality မခိုင်မာသော

👉သန့်ရှင်းမှုအားနည်းသော

👉သက်တမ်းကုန်ဆုံးနေသော

👉အရောင်ဆိုးဆေးနှင့် အချိုဓာတ်များလွန်ကဲစွာပါဝင်သော
အစားအစာများကို သတိပြု၍ ကလေးများအား ရွေးချယ်ကျွေးမွေးသင့်ပါသည်။🥰🥰

#ဖေဖေမေမေတို့ဖတ်ဖို့
preschool🐬

#ကလေးသတိထားစရာ

06/06/2026

ရိုးရာကစားနည်းများ၏ အကျိုးကျေးဇူးများ 🤾

ရိုးရာကစားနည်းများကစားပေးခြင်းသည် ကလေးများဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အကျိုးများပါသည်။🥰

ရိုးရာကစားနည်းများမှတဆင့် ကလေးများသည်
🧠Cognitive Development
စဉ်းစားနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာခြင်း

🏃‍♀️Physical Development
ခန္ဓာကိုယ်လှုပ်ရှားမှု၊ ကြွက်သားသန်မာမှုနှင့် coordination တိုးတက်လာခြင်း

🤝Social Development
အဖွဲ့လိုက်ကစားတတ်ခြင်း၊ မျှဝေတတ်ခြင်းနှင့် ပူးပေါင်းလုပ်ဆောင်တတ်ခြင်း

💛Emotional Development
စိတ်ခံစားမှုကို ထိန်းချုပ်တတ်ခြင်း၊ ပျော်ရွှင်မှုနှင့် စိတ်တည်ငြိမ်မှုရရှိခြင်း

🌏Cultural Awareness
မြန်မာ့ရိုးရာယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်လာခြင်း တို့ကို တစ်ပြိုင်နက် ဖွံ့ဖြိုးစေပါသည်။

#ဖေဖေမေမေတို့ဖတ်ဖို့
preschool🐬

03/06/2026

Drawing a rain cloud 🌧️





02/06/2026

🩷
Every child is unique and special

“မင်းထင်ထားတာထက် ပိုပြီး မင်းက စမတ်ဖြစ်ပါတယ်”

🔳 Dr. Majid Fotuhi ရေးတဲ့ The Invincible Brain ထဲကနေ ထုတ်နှုတ်ထားတာပါ။ သူက နှစ်ပေါင်း ၃၀ ကျော်လောက် ဦးနှောက်နဲ့ ပတ်သက်တဲ့ သုတေသနတွေ လုပ်ခဲ့တဲ့သူ။ သူ့စာအုပ်ကို ဖတ်ရတာ ဦးနှောက်နဲ့ ပတ်သက်လို့ ပိုပြီး နားလည်သွားစေတယ်။ တက်ကျမ်းစာအုပ် မဟုတ်ဘဲနဲ့ ငါ တိုးတက်နိုင်သေးတယ် ဆိုတဲ့အမြင်မျိုး ဒီစာအုပ်ကတဆင့် ရလာစေတယ်။

ဒီထဲမှာ ဉာဏ်ရည်ဉာဏ်သွေး အမျိုး ၃၀ အကြောင်း ထည့်ရေးထားတယ်။ အရင်ကတော့ နားလည်ထားကြတာ IQ ကောင်းတယ်ဆို ဒီလူက စာတော်တယ်၊ ဉာဏ်ကောင်းတယ်၊ ပညာထူးချွန်မယ်၊ စဉ်းစားဆင်ခြင်နိုင်တယ် စသဖြင့်ပေါ့။ IQ ကောင်းမှပဲ ဘဝက အဆင်ပြေတော့မှာလိုမျိုး။ IQ ဟာ အရွယ်တစ်ခု ရောက်လာရင် ထပ်ပြီး တိုးတက်မလာနိုင်တော့ဘူးလို့လည်း ထင်ခဲ့ကြတယ်။ တကယ်တမ်းကျ ကျွန်တော်တို့ ဦးနှောက်ဟာ အဲဒီလောက်ထိ ရိုးစင်းမနေဘူး။

🔳 ခန္ဓာကိုယ်တစ်ခုလုံးမှာ အံ့ဩစရာအကောင်းဆုံး အစိတ်အပိုင်းဖြစ်တယ်။ ကွန်ပျူတာထက်တောင် ပိုရှုပ်ထွေးတယ်။ တစ်ယောက်ချင်းစီရဲ့ ဦးနှောက်ဖွဲ့စည်းပုံတွေ၊ လေ့လာသင်ယူပုံတွေကလည်း မတူကြပြန်ဘူး။ ဦးနှောက်ရဲ့ အလုပ်ကလည်း စဉ်းစားမှု၊ တွက်ချက်မှုတွေပဲ လုပ်တာ မဟုတ်ဘူး။ ခံစားချက်တွေနဲ့လည်း ဆိုင်တယ်။ ပျော်ရွှင်မှုနဲ့လည်း ဆိုင်တယ်။ လူနေမှုပုံစံနဲ့တောင် ဆိုင်သေးတယ်လို့ ဆိုတယ်။

ဒါကြောင့် အမျိုး ၃၀ တိတိကို သူက ရေးပြထားတယ်။ ဒီအမျိုးအစား ၃၀ ပဲ ရှိတယ်လို့လည်း ဆိုလိုပြန်တာ မဟုတ်ဘူး။ ဒီ ၃၀ မှာလည်း တစ်မျိုးနဲ့တစ်မျိုး ဆက်စပ်နေတာတွေ ရှိနိုင်တယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကလည်း ဘယ်ဟာက ဘာလုပ်ဆိုတာမျိုး တိတိပပ ပိုင်းဖြတ်ထားတာမှ မဟုတ်တာပဲကိုး။

🔳 တစ်ခုချင်းစီ ရှင်းနေရင်တော့ တအားရှည်ကုန်မှာစိုးလို့ နာမည်တွေပဲ ရေးပြတော့မယ်။

၁။ စိတ်ခံစားချက်ဆိုင်ရာ သိနားလည်မှု (Emotional intelligence)
၂။ လူမှုဆက်ဆံရေး (Social intelligence)
၃။ မိမိကိုယ်မိမိ သိရှိခြင်း (Intra-personal intelligence)
၄။ စဉ်းစားဆင်ခြင်မှု၊ ခွဲခြမ်းစိတ်ဖြာမှု (Logical/ Analytical intelligence)
၅။ ဘဝပညာ ကြွယ်ဝခြင်း (Street-smart intelligence)

၆။ စာပညာ ကြွယ်ဝခြင်း (Book-smart intelligence)
၇။ ကိုယ်ခန္ဓာ လှုပ်ရှားမှု (Body movement intelligence)
၈။ ကိန်းဂဏန်းများကို နားလည်နိုင်စွမ်း (Numerical intelligence)
၉။ ဘာသာစကား (Foreign-language intelligence)
၁၀။ စည်းရုံးသိမ်းသွင်းနိုင်စွမ်း (Persuasive intelligence)

၁၁။ မှတ်ဉာဏ် (Memory intelligence)
၁၂။ ခံစားသိမြင်နိုင်စွမ်း (Sensory intelligence)
၁၃။ သဘာဝတရားကို နားလည်ခြင်း (Nature intelligence)
၁၄။ အချက်အပြုတ် (Cooking intelligence)
၁၅။ ဂီတ (Musical intelligence)

၁၆။ တုပခြင်းစွမ်းရည် (Imitation intelligence)
၁၇။ ထိတွေ့ရာကတဆင့် သိရှိနိုင်စွမ်း (Tactile intelligence)
၁၈။ ဒဿနနဲ့ ဘာသာရေးတို့ကို တိမ်းညွတ်နိုင်စွမ်း (Spiritual intelligence)
၁၉။ ကိုယ်ချင်းစာနိုင်စွမ်း (Empathic intelligence)
၂၀။ ဖန်တီးနိုင်စွမ်း (Creative intelligence)

၂၁။ ဟာသဉာဏ် (Humor intelligence)
၂၂။ စည်းစနစ်တကျ အလုပ်လုပ်နိုင်စွမ်း (Organizational intelligence)
၂၃။ အမြင်နဲ့ ပတ်သက်တဲ့ အသိဉာဏ် (Visualization intelligence)
၂၄။ နေရာတွေနဲ့ ပတ်သက်တဲ့ သိရှိနိုင်စွမ်း (Spatial intelligence)
၂၅။ လှုံ့ဆော်နိုင်စွမ်း (Motivational intelligence)

၂၆။ လျင်မြန်စွာ လိုက်လျောညီထွေ နေနိုင်စွမ်း (Cognitive flexibility intelligence)
၂၇။ လျင်မြန်စွာ သင်ယူနိုင်စွမ်း (Quick learning intelligence)
၂၈။ နည်းပညာ၊ စက်ပစ္စည်းတွေကို နားလည်မှု (Digital/ machine intelligence)
၂၉။ ပျော်ရွှင်မှုဆိုင်ရာ ဉာဏ်ရည် (Happiness intelligence)
၃၀။ လူနေမှုပုံစံကို ထိန်းသိမ်းနိုင်စွမ်း (Lifestyle intelligence)

🔳 ဒါကို ကြည့်လိုက်ရင် ကျောင်းစာအမှတ်နည်းတယ် ဆိုတာ Memory intelligence ပဲ ရှိသေးမှန်း တွေ့ရမယ်။ ဒါကြောင့်မို့ပဲ ကျောင်းစာမထူးချွန်တိုင်း ဘဝက စုတ်ပြတ်သတ်သွားတာ မဟုတ်သလို၊ ကျောင်းစာမှာ ထူးချွန်ခြင်း တစ်ခုတည်းကလည်း ဘဝကို အောင်မြင်မယ်လို့ အာမခံချက် မပေးနိုင်တာ။

တချို့တွေ ဟာသဉာဏ်နဲ့ ကမ္ဘာကျော်သွားတယ်။ အသံတုလုပ်ရင်း၊ အသံသရုပ်ဆောင်လုပ်ရင်း အောင်မြင်နေသူတွေ ရှိတယ်။ စားဖိုမှူးတွေဟာ အစားလေးတစ်ခု ပါးစပ်ထဲ ထည့်လိုက်တာနဲ့ သာမန်လူတွေ သတိမထားမိတဲ့ အရသာတွေကို ခံစားနိုင်ကြတယ်။ တချို့တွေ တစ်နေရာရာသွားရင် Google Map အကူအညီ သိပ်မလိုဘူး။ အရှေ့အရပ်၊ မြောက်အရပ် စသဖြင့် သိနေကြတယ်။ ဂီတတို့၊ အားကစားတို့ကတော့ ခုလိုခေတ်မှာ အထွေအထူးတောင် ဥပမာပေးနေစရာ မလိုတော့ဘူး။

🔳 ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်။ ကျွန်တော်ဆို Body movement intelligence အရမ်းအားနည်းတယ်။ ငယ်ငယ်ကတည်းက အားကစား မလုပ်ခဲ့တော့ ဦးနှောက်ရဲ့ အဲဒီအပိုင်းက မဖွံ့ဖြိုးတာပေါ့။ အစားစားရင် ဘယ်လိုနေလဲ ကောင်းလား၊ ပေါ့လား၊ လေးလားမေး၊ ကျွန်တော် သေချာမဖြေတတ်ဘူး။

ဟော မှတ်ဉာဏ်ကျ ကောင်းတယ်။ ခွဲခြမ်းစိတ်ဖြာတာ ကောင်းတယ်။ ခံစားချက်တွေကို နားလည်နိုင်စွမ်း ရှိတယ်။ ပျော်ရွှင်မှုနဲ့ ပတ်သက်လို့လည်း အကောင်းမြင်စိတ် များတဲ့သူ။ ကျေနပ်ရောင့်ရဲတတ်တဲ့သူ။ စိတ်အထားတတ်တဲ့သူ။ မေ့ဖျောက်လွယ်တဲ့သူ။ Lifestyle intelligence လည်း မြင့်တယ်ပဲ ဆိုပါတော့။ အစားထိန်းရ၊ လေ့ကျင့်ခန်းလုပ်ရတာ ကျွန်တော့်အတွက် အရမ်းခက်ခဲမနေဘူး။

🔳 အရင်က IQ အပေါ် အမြင်နဲ့ဆိုရင်တော့ ငါက ဉာဏ်ကောင်းတယ်၊ မကောင်းဘူး ဖြစ်နေမှာပေါ့။ တကယ်က ဦးနှောက်ရဲ့ အလုပ်တွေက အများကြီး။ တစ်ခုမှာ မကောင်းပေမဲ့ နောက်တစ်ခုမှာ ကောင်းနေနိုင်တယ်။ ဒါကြောင့် မင်းထင်ထားတာထက် ပိုပြီး မင်းက စမတ်ဖြစ်ပါတယ်လို့ ပြောတာ။

Nobody is good at everything. Everybody is good at something.

အရာရာမှာ တော်နေတဲ့သူ ဆိုတာ မရှိသလို၊ ဘယ်တစ်ခုမှာမှ မတော်ဘူးဆိုတဲ့သူလည်း မရှိဘူး။ လူတိုင်းဟာ တစ်ခုခုမှာတော့ တော်ကြတဲ့သူတွေချည်းပဲတဲ့။

ပြဿနာက ကျောင်းစာအမှတ်၊ အတန်းပညာ ထူးချွန်မှုတွေနဲ့ပဲ လူတွေရဲ့ IQ ကို အကဲဖြတ်နေကြတာ။ အဲဒါက အလုပ်ပေါင်းများစွာ လုပ်နေတဲ့၊ အင်မတန်မှလည်း ရှုပ်ထွေးနက်နဲတဲ့ လူ့ဦးနှောက်ကို စော်ကားရာတောင် ရောက်သေးတယ်။

🔳 နောက်ထပ်သတင်းကောင်းတစ်ခုက ဒီ Intelligence တွေဟာ ပုံသေမဟုတ်ဘဲ တိုးတက်ချင်ရင် လုပ်ယူလို့ရတယ် ဆိုတာပဲ။ Gym ဆော့သလိုပေါ့။ လက်မောင်းကြီးချင်သလား။ လက်မောင်းကို ပိုကစား။ 6 packs ထွက်ချင်သလား။ ဗိုက်ကို ပိုကစား။

ခုလည်း ဒီလိုပဲ။ ကိုယ်က ဘယ်နေရာမှာ အားနည်းနေတာလဲ။ အဲဒီ​နေရာက ကိုယ့်အတွက် အ​ရေးကြီးလား။ ကြီးတယ်ဆို ​လေ့ကျင့်။ ငါက ပါရမီ မပါဘူးဆိုတဲ့အတွေးကို ဖျောက်လိုက်။ တကယ်က ပါရမီ မပါတာ မဟုတ်ဘူး၊ ခင်ဗျား ကိုယ့်ဦးနှောက်ကို လေ့ကျင့်မထားရသေးတာ။

🔳 ကျွန်တော် ဘာလို့ Body movement intelligence အားနည်းသလဲ။ ရှင်းတယ်လေ။ ဘယ်တုန်းကမှမှ အားကစားကို ဟုတ်တိပတ်တိ မလုပ်ခဲ့ဖူးတာ။

Foreign-language intelligence အားနည်းတယ်နဲ့ တကြော်ကြော် အော်နေတယ်။ ထိုင်းစာ ဘယ်နှလုံး လေ့လာပြီးပြီလဲ။ တစ်နေ့ကို အချိန်ဘယ်လောက်ပေး လေ့လာပြီးပြီမို့ အဲဒီလို ပြောတာလဲ။ တစ်နှစ်လုံးလုံး နေ့တိုင်းလုပ်၊ အရေး၊ အဖတ်၊ အပြော၊ အကြားတွေ လေ့ကျင့်နေပြီး လုံးဝကို တိုးတက်မလာဘူးဆိုမှ အဲဒီလို ကောက်ချက်ချ။

ဒါကြောင့် Intelligence တွေအများကြီးရှိတဲ့အကြောင်း သိထားဖို့လိုသလို၊ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေဟာ ပုံသေမဟုတ်ဘူး ဆိုတာ သဘောပေါက်ထားဖို့ အရေးကြီးတယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ငတုံးထင်ပြီး ရပ်နေမိလိမ့်မယ်။ ငါးတစ်ကောင် ဖြစ်နေတာ မသိဘဲ တခြားမျောက်ကလေးတွေလို အပင်ပေါ် တက်ဖို့ပဲ ကြိုးစားနေမိလိမ့်မယ်။ ငါ ဒီလောက်ပဲရမယ် ဆိုပြီး “ပါရမီ” ဆိုတဲ့ စကားလုံးရဲ့ ထောင်ချောက်ထဲ ပိတ်မိနေလိမ့်မယ်။

🔳 ဖတ်ဖူးတဲ့ စကားတစ်ခု ရှိတယ်။ လူငယ်တွေကိုလည်း ပြန်ပြောပြဖြစ်တယ်။ အဲဒါလေးနဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်ချင်တယ်။

“တကယ်တော့ လောကမှာ ညံ့တဲ့သူဆိုတာ မရှိပါဘူး၊ ဘုရားသခင် ထည့်ပေးလိုက်တဲ့ အစွမ်းအစတွေကို ရှာမတွေ့သေးတဲ့သူပဲ ရှိပါတယ်”

ဒေါက်တာ ဖြိုးသီဟ
၃၁.၅.၂၀၂၆

01/06/2026

မီးမီး ဧကရီ Birthday celebration 🎉🥳🎊

ပျော်ရွှင်ပါစေ သမီးလေး🩷



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

အမှတ် ၇၀၈ (က)၊ ရွှေအုတ်ဂူ (၄) အထက်လမ်း၊ (၈) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
Yangon