04/06/2026
Are you forgetting English words when speaking?
Try these tips!
1.Speak in general
တိတိကျကျ word မသိရင် အကျဉ်းချုပ်ပုံစံနဲ့ ပြောပါ။
Example:
“I forgot the word, but it’s something you use for cutting paper.”
(စကားလုံးမေ့သွားပေမယ့် စာရွက်ဖြတ်ဖို့သုံးတာတစ်ခုပါ။)
➡️ “scissors” ဆိုတဲ့ word မသိရင်လည်း အဲလိုရှင်းပြောလို့ရပါတယ်။
2.Use actions
စကားလုံးမသိရင် လက်ဟန်၊ action တွေသုံးပြီး ပြောပါ။
Example:
“I mean this…” (pretend to drink)
(ဒီလိုသောက်တာကို ဆိုလိုတာပါ။)
➡️ “drink” နဲ့ဆိုင်တဲ့ word မေ့ရင် action သုံးလို့ရပါတယ်။
3.Compare and contrast
သိတဲ့အရာနဲ့ နှိုင်းယှဉ်ပြီး ရှင်းပြပါ။
Example:
“It’s like a cat, but bigger.”
(ကြောင်လိုပဲ၊ ဒါပေမယ့် ပိုကြီးတယ်။)
➡️ “tiger” word မေ့ရင် ဒီလိုရှင်းနိုင်ပါတယ်။
4.Just ask
မသိရင် တိုက်ရိုက်မေးလိုက်ပါ။
Example:
“What do you call this thing in English?”
(ဒီအရာကို English လို ဘာခေါ်လဲ။)
or
“How do you say this in English?”
(ဒီဟာကို English လို ဘယ်လိုပြောလဲ။)
➡️ မေးတတ်တာလည်း speaking skill တစ်ခုပါ။
5.Change the topic
Word တစ်ခုမှာပဲ stuck မဖြစ်ဘဲ topic ပြောင်းပြီး ဆက်ပြောပါ။
Example:
“Anyway, let’s talk about something else.”
(ဘာပဲဖြစ်ဖြစ် တခြားအကြောင်းပြောရအောင်။)
➡️ Conversation ကို မရပ်သွားစေဖို့ အရေးကြီးပါတယ်။
Telegram page https://t.me/TrYoonEnglish
မှာလည်းနေ့စဉ်တင်ပေးသွားမှာဖြစ်လို့joinပေးကြပ်အုန်းနော်
04/06/2026
📢 GENERAL ENGLISH ONLINE CLASS
🎁 SPECIAL BONUS 🎁
General English Class မည်သည့်အတန်းမဆိုတစ်တန်းတက်ရုံနဲ့ 🗣 Speaking Class (1 Month) FREE!
English ကို အခြေခံကနေ စပြီး ယုံကြည်မှုရှိရှိ ပြောတတ်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
✅ A1 Beginner
✅ A2 Elementary
✅ Zoom Online Class
✅ Duration - 3 Months
⚠️ အတန်းမစတင်မီ Level Test စစ်ရပါမည်။
💬 သင်တန်းကြေးနှင့် အသေးစိတ်အချက်အလက်များကို Chat Box သို့မဟုတ် Telegram တွင် စုံစမ်းနိုင်ပါသည်။
📩 Telegram -
☎️ Phone - 09784915933
🎯 Seats Limited! Register Now!
30/03/2026
🎉 FREE English Online Class for Beginners!
English ကို အခြေခံကနေ စပြီး ပြောတတ်ချင်သူများအတွက်Tr Yoon’s English Learning Hub မှ FREE Online Class ကို ဖွင့်လှစ်ပေးနေပါပြီ! 📚✨
🗓 Start Date – April 4, 2026
📅 Days – Saturday & Sunday
⏰ Time – 8:00 PM – 9:00 PM
📆 Duration – 1 Month
💻 Platform – Zoom (Online)
📚 What You Will Learn
✅ Basic Speaking Skills
✅ Daily Conversations
✅ Vocabulary & Grammar
📩 Register Now
Telegram –
📢 Join our channel & page for updates
🔹 Telegram Channel – https://t.me/TrYoonEnglish
🔹 FB Page – Tr Yoon's English Learning Hub
⚠️ Limited Seats Available!
မြန်မြန် Register လုပ်ပြီး English Learning Journey ကို စလိုက်ကြပါစို့! 🚀
25/03/2026
💫 Thingyan Vocabulary 💫
Thingyan နဲ့ပတ်သက်တဲ့ vocabulary တွေ သိပြီးကြပြီလား?
မသိသေးရင် လေ့လာလိုက်တော့နော် 📚✨
Stay tuned for more English learning tips! 💦🎉
📌 Fb / Telegram မှာလည်း follow လုပ်ထားပါနော်
Telegram -https://t.me/TrYoonEnglish
12/03/2026
📚 Either…or vs. Neither…nor
🟢 Either…or
👉 နှစ်ခုထဲက တစ်ခုကိုရွေးတဲ့အခါ သုံးပါတယ်။
Examples
• You can drink either tea or coffee.
👉 မင်း လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီ တစ်ခုခု သောက်လို့ရပါတယ်။
• Either John or Mary will come.
👉 John ဒါမှမဟုတ် Mary တစ်ယောက်ယောက် လာမယ်။
• Either today or tomorrow.
👉 ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်။
🔴 Neither…nor
👉 နှစ်ခုလုံး မဟုတ်တဲ့အခါ သုံးပါတယ်။
Examples
• I like neither tea nor coffee.
👉 လက်ဖက်ရည်လည်း မကြိုက်၊ ကော်ဖီလည်း မကြိုက်ပါဘူး။
• Neither John nor Mary is here.
👉 John လည်း မရှိ၊ Mary လည်း မရှိပါဘူး။
• She is neither tired nor hungry.
👉 သူမ ပင်ပန်းတာလည်းမဟုတ်သဘိုဗိုက်ဆာတာလည်းမဟုတ်ပါဘူး။
💡 Remember
✔ Either…or = တစ်ခုရွေး
❌ Neither…nor = နှစ်ခုလုံး မဟုတ်
✨ Practice with me and make your own sentences!
👉 Join here: https://t.me/TrYoonEnglish�
22/02/2026
🌟 GET = 5 Big Ideas
(get မှာ အဓိက အဓိပ္ပါယ် ၅ မျိုးရှိတယ်)
1️⃣ GET = RECEIVE (လက်ခံရယူသည်)
📥 Something comes to you.
တစ်ခုခုက ကိုယ့်ဆီ ရောက်လာတာ။
Examples:
I got a message.
→ ငါ message တစ်စောင် လက်ခံရရှိခဲ့တယ်။
She got a gift.
→ သူမ လက်ဆောင်ရခဲ့တယ်။
👉 ကိုယ်မသွားဘူး။ အရာက ကိုယ့်ဆီလာတယ်။
2️⃣ GET = BECOME (ဖြစ်လာသည် / ပြောင်းလဲသည်)
🔄 Change into something.
အခြေအနေတစ်ခုကနေ တစ်ခုသို့ ပြောင်းလဲသွားတယ်။
Examples:
It’s getting dark.
→ မှောင်လာပြီ။
He got angry.
→ သူ ဒေါသထွက်သွားတယ်။
👉 အရင်အခြေအနေမဟုတ်တော့ဘူး။ ပြောင်းသွားပြီ။
3️⃣ GET = OBTAIN / BUY (ရယူသည် / ဝယ်သည်)
🛒 You go and take it.
ကိုယ်က ကြိုးစားပြီး ရယူတာ။
Examples:
I need to get milk.
→ နို့ ဝယ်ဖို့လိုတယ်။
She got a job.
→ သူမ အလုပ်ရခဲ့တယ်။
👉 ကိုယ်က လုပ်ဆောင်ပြီး ရယူတာ။
4️⃣ GET = ARRIVE (ရောက်ရှိသည်)
📍 Reach a place.
နေရာတစ်ခုကို ရောက်တာ။
Examples:
We got home at 6.
→ ၆ နာရီမှာ အိမ်ရောက်ခဲ့တယ်။
I got to school at 8.
→ ၈ နာရီမှာ ကျောင်းရောက်ခဲ့တယ်။
⚠ Grammar Tip
✔ get home
✔ get there
✔ get to the office
5️⃣ GET = UNDERSTAND (နားလည်သည်)
🧠 Understand in your mind.
စိတ်ထဲ နားလည်သွားတာ။
Examples:
I don’t get it.
→ နားမလည်ဘူး။
Do you get the lesson?
→ သင်ခန်းစာ နားလည်လား?
🧠 Easy Way to Remember
“get” ကို မြင်ရင် ကိုယ့်ကိုယ်ကို မေးပါ –
✔ လက်ခံရတာလား?
✔ ပြောင်းလဲသွားတာလား?
✔ ကိုယ်က ရယူတာလား?
✔ နေရာတစ်ခု ရောက်တာလား?
✔ နားလည်တာလား?
အများအားဖြင့် ဒီ ၅ ခုထဲက တစ်ခု ဖြစ်တတ်တယ်။
✨ Tr Yoon’s English Learning Hub
Learn Smart. Speak Confidently.
English လေ့လာချင်ရင် Join လုပ်လိုက်ပါ 😊
📲 Telegram – https://t.me/TrYoonEnglish�
📘 Facebook – Tr Yoon’s English Learning Hub
Let’s improve English together! 🇬🇧✨
#
06/02/2026
How to Make a Cup of Coffee – Step by Step ☕
1.Boil some water.
ရေကို ဆူအောင်လုပ်ပါ။
2.Put coffee in a cup.
ခွက်ထဲ ကော်ဖီမှုန့် ထည့်ပါ။
3.Pour hot water into the cup.
ပူတဲ့ရေကို ခွက်ထဲ လောင်းထည့်ပါ။
4.Stir the coffee.
ကော်ဖီကို ဇွန်းနဲ့ မွှေပါ။
5.Add milk or sugar (optional).
နို့၊ သကြား ထည့်နိုင်ပါတယ်။
6.Stir again.
ထပ်မွှေပါ။
7.Drink and enjoy! ☕
ကော်ဖီကို သောက်ပြီး အရသာခံပါ။
📌 Vocabulary (မှတ်ရန်)
boil = ဆူအောင်လုပ်သည်
pour = လောင်းထည့်သည်
stir = မွှေသည်
add = ထည့်သည်
drink = သောက်သည်
cup = ခွက်
coffee = ကော်ဖီ
hot = ပူသော
ဒါဆိုရင်တော့ ကော်ဖီဖျော်ရင်း English လို ပြောလို့ရပြီနော် ☕
First, I boil some water.
I put coffee in a cup.
Then, I pour hot water into the cup.
After that, I stir the coffee.
If I want, I add milk or sugar.
Finally, I drink and enjoy my coffee 😊
📢 Join my Telegram channel!
Learn English step by step ☺️
👉 https://t.me/TrYoonEnglish
03/02/2026
🔥 English ပြောချင်ပေမယ့် မပြောရဲသေးဘူးလား?
🔥 Basic ကနေ စနစ်တကျ စချင်နေတုန်းလား?
👉 ဒါဆို ဒီ FREE Class ကို မလွတ်ပါနဲ့❗❗
(Absolute Beginner များအတွက် အထူးစီစဉ်ထားပါတယ်)
🌟 FREE Basic English Online Class (၂ နာရီ)
🌟 English ကို 0 ကနေ စမယ့်သူများအတွက်သာ
🌟 မပြောရဲတဲ့သူတွေကို ပြောရဲအောင် လမ်းပြပေးမယ့် Class
📌 ဒီ Class တက်ပြီးရင်…👇
✅ English နဲ့ Greeting & Self-Introduction ကို ယုံကြည်မှုရှိရှိ ပြောနိုင်မယ်
✅ Name, Job, Family စတဲ့ Basic Info တွေကို မေး/ဖြေ ပြောနိုင်မယ်
✅ Daily English Conversation ကို နားလည်လာမယ်
✅ Time, Age, Numbers စတဲ့ အခြေခံတွေကို အသုံးချနိုင်မယ်
✅ English ကို မကြောက်တော့ဘဲ စိတ်သက်သာသက်သာ ပြောလာနိုင်မယ် 💪
📅 Date – 15.2.2026 (Sunday)
⏰ Time – ည ၆ နာရီ မှ ၈ နာရီ ထိ
💻 Zoom Session (Online Class)
💸 Class Fee – FREE (အခမဲ့)
👩🏫 Tr Yoon’s English Learning Hub
(Absolute Beginner တွေအတွက်
နားလည်လွယ်အောင်၊ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးပါတယ် 🤍)
⚠️ Seat ကန့်သတ်ထားပါတယ်
💬 စိတ်ဝင်စားရင် “Join” လို့ Comment ပေးပါ
📲 Telegram – မှာလည်း မေးမြန်းနိုင်ပါတယ်
✨ English ကို အခုစတင်ရင် နောက်မကျသေးပါဘူး
✨ မစခင်ကပဲ ခက်မယ်လို့ မတွေးပါနဲ့ — ဒီ Class က စဖို့အတွက်ပါ 💬💙
02/02/2026
စိတ်ကုန်တယ်ကိုEnglishလိုဘယ်လိုပြောမလဲ
Join my English learning community!
📌 Telegram: https://t.me/TrYoonEnglish
📌 Facebook: Tr Yoon's English Learning Hub
Learn, practice, and improve English with us! ✨
28/01/2026
🌟 Pattern of the Day
It’s no use + V-ing
📌 Meaning
👉 Something is useless / won’t help
👉 အလုပ်မဖြစ်ဘူး၊ အကျိုးမရှိဘူး ဆိုတဲ့အဓိပ္ပါယ်ပါ
📌 Structure
It’s no use + verb-ing
➡️ Verb ကို -ing form နဲ့ပဲ သုံးရပါတယ်
✏️ Examples
🔹 It’s no use crying over spilled milk.
👉 ဖြစ်ပြီးသားအတွက် ဝမ်းနည်းနေတာ အကျိုးမရှိဘူး
🔹 It’s no use arguing with him.
👉 သူနဲ့ အငြင်းပွားနေတာ အလုပ်မဖြစ်ဘူး
🔹 It’s no use trying to call her now.
👉 အခုဖုန်းဆက်ဖို့ကြိုးစားနေတာ မထူးဘူး
🔹 It’s no use waiting any longer.
👉 ထပ်စောင့်နေတာ အကျိုးမရှိတော့ဘူး
⚠️ Important Tip
❌ It’s no use to + verb (မမှန်ပါ)
✅ It’s no use + verb-ing (မှန်ပါတယ်)
❌ It’s no use to argue.
✅ It’s no use arguing.
📚 Learn English step by step with
💙 Tr Yoon’s English Learning Hub
✔️ Daily English patterns
📌 Telegram Channel
👉 https://t.me/TrYoonEnglish
📚 Learn English step by step with Tr Yoon 🌱