Kate’s Treasury Hub

Kate’s Treasury Hub

Share

Professional training platform in Treasury, Banking, Accounting & Finance.

17/06/2026

🔑 Kate’s Treasury Insights
Banking • Finance • Accounting • Strategy

“Not all FX hours are equal”

🌏 Sydney → 🌏 Tokyo → 🌍 London → 🌎 New York လိုမျိုး နိုင်ငံကြီးတွေမှာ Foreign Exchange (FX) စျေးကွက်တွေဟာ တစ်ရက်ကို ၂၄ နာရီ နဲ့ တစ်ပတ်ကို ၅ ရက် လည်ပတ်တဲ့နည်းနဲ့ အလုပ်လုပ်နေကြပါတယ်...

ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ စျေးကွက်တစ်ခုပိတ်တဲ့အချိန်မှာ နောက်တစ်နိုင်ငံရဲ့စျေးကွက်ကအလုပ်လုပ်နေတာဖြစ်ပြီး Trading Activity တွေက စဥ်ဆက်မပြတ်ဖြစ်တည်နေပါတယ်..

Treasury တစ်ယောက် Banker တစ်ယောက်အနေနဲ့ မတူညီတဲ့နိုင်ငံတွေမှာ မတူညီတဲ့အချိန်တွေနဲ့ စျေးကွက်ဖွင့်နေတယ်ဆိုတာကို ဘာကြောင့်သိဖို့လိုအပ်တာလဲ?
1. Manage Currency Risk
2. Execute Trades Efficiently
3. Monitor Market Volatility
4. Support Customer Transactions
5. Optimize Funding & Liquidity

အထက်ဖော်ပြပါအချက်အလက်တွေကြောင့် Treasury တွေဟာ စျေးကွက်ပိတ်ချိန်ဖွင့်ချိန်တွေကိုသိရှိခြင်းအားဖြင့် စျေးကွက်ရဲ့ အရွှေ့နဲ့ လိုအပ်တဲ့အရေးကြီးတဲ့ အပြောင်းအလဲတွေကိုသိနေမှာဖြစ်ပါတယ်...

📌 Kate’s Treasury Hub shares insights beyond treasury covering Banking, Finance, Accounting and Management. Follow the page and grow with confidence in your professional journey.

Let's connect and grow together 🚀
Kate’s Treasury Hub

16/06/2026

“အလုပ်ရပ်ရင် ပိုက်ဆံလဲရပ်မယ်”
ဟုတ်ပါတယ် Shop Floor တွေကို Manage လုပ်ရင် မဖြစ်မနေ သတိပြုရမယ့်အရာပါ

15/06/2026

🔑 Kate’s Treasury Insights
Banking • Finance • Accounting • Strategy

“Hedging is not about making profit first — it’s about protecting the balance sheet.”

Hedging လို့မြင်လိုက်တာနဲ့ အလွယ်ကူဆုံးသိဖို့က Risk Management Strategy ဖြစ်ပြီး စျေးကွက်အရွှေ့အပြောင်းကြောင့် ဖြစ်လာနိုင်တဲ့အရှုံးတွေကို လျှော့ချနိုင်ဖို့အတွက်သုံးတဲ့ Strategies တွေပဲဖြစ်ပါတယ်.

အဓိကရည်ရွယ်ချက်ကတော့ ကိုယ့်ငွေသားစီးဆင်းမှုကိုကာကွယ်ပေးနိုင်တယ်၊ ကုန်ကျစရိတ်ကိုတည်ငြိမ်စေပြီးတော့ Financial နဲ့ပတ်သက်တာကို သေချာရေရာမှုတွေပေးနိုင်အောင်ပြုလုပ်ပေးနိုင်ဖို့ရည်ရွယ်ပါတယ်..

📌 Kate’s Treasury Hub shares insights beyond treasury covering Banking, Finance, Accounting and Management. Follow the page and grow with confidence in your professional journey.

Let's connect and grow together 🚀
Kate’s Treasury Hub

11/06/2026

🔑 Kate’s Treasury Insights
Banking • Finance • Accounting • Strategy

““Every spread tells a story about market confidence and liquidity.”

Bid vs Offer Spread လို့ပြောလိုက်တာနဲ့ Treasury လုပ်နေတဲ့ တော်တော်များများကတော့ သိပြီးသားပါ သို့သော် BUY/SELL လို့ပဲ သိတဲ့သူတွေလဲရှိပါသေးတယ်... ခုတစ်ခုမျှဝေချင်တာကတော့ SPREAD လို့ခေါ်တဲ့ အကွာ/ အဟပါ...

Bid ဆိုတာကတော့ ဝယ်မယ့်သူကဝယ်ချင်တဲ့စျေးနှုန်းပါ
Offer ဆိုတာကတော့ ရောင်းမယ့်သူကရောင်းချင်တဲ့စျေးနှုန်းပါ...

Bid / Offer သို့မဟုတ် Buy/ Sell ဆိုတဲ့ စျေးနှုန်းတွေကို ဖတ်တဲ့အခါကြည့်တဲ့အခါ ကိုယ်က Currency ကို Trading လုပ်တဲ့ဘက်က ကြည့်ဖို့လိုပါတယ် မဟုတ်ရင်တော်တော်များများ Bid/ Offer ဘယ်စျေးကိုယူရမလဲဆိုတာ လည်နေတက်ပါတယ်...

Spread ဆိုတာကို ထင်သာမြင်သာရှိအောင်ပြောပြရရင်တော့ ဥပမာ
USD/MMK ဆိုတဲ့ Currency Pair မှာ
Bid : 4,480 , Offer : 4,500 ဆိုရင် Bid နဲ့ Offer ကြားမှာ အဟ 20MMK ကွာခြားနေပါတယ် အဲ့ဒါကို Spread လို့ခေါ်ပါတယ်.

Spread က စျေးကွက်ရဲ့ငွေဖြစ်လွယ်မှု၊ ကုန်ကျစရိတ်၊ စျေးကွက်တည်ငြိမ်မှုနဲ့ စျေးကွက်လှုပ်ရှားမှုတွေကိုမြင်နိုင်စေတဲ့ အရာလို့လဲ ပြောလို့ရပါတယ်။

📌 Kate’s Treasury Hub shares insights beyond treasury covering Banking, Finance, Accounting and Management. Follow the page and grow with confidence in your professional journey.

Let's connect and grow together 🚀
Kate’s Treasury Hub

10/06/2026

🔑 Kate’s Treasury Insights
Banking • Finance • Accounting • Strategy

“Currency value changes can impact entire financial markets within minutes.”

မိနစ်ပိုင်းအတွင်းမှာ Currency တန်ဖိုးအပြောင်းအလဲဟာ Financial စျေးကွက်ကြီးတစ်ခုလုံးကို အကျိုးသက်ရောက်စေပါတယ်..

စျေးကွက်မတည်ငြိမ်မသေချာမှုတွေကြောင့် Exchange Rates တွေ အတက်အကျ အရွှေ့ အရမ်းမြန်တဲ့အခြေအနေဖြစ်စေတဲ့အခါ Currency Volatility လို့ခေါ်ပါတယ်..

အဓိကဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
၁. အတိုးနှုန်းအပြောင်းအလဲ
၂. ငွေကြေးဖောင်းပွမှုအခြေအနေ
၃. နိုင်ငံရေးအပြောင်းအလဲ
၄. ဗဟိုဘဏ်ရဲ့ဆုံးဖြတ်ချက်အပြောင်းအလဲ
၅. ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသတင်းအချက်အလက်တွေဟာ Currency Volatile ဖြစ်ဖို့ကိုအကျိုးသက်ရောက်မှုတွေပေးပါတယ်..

ဒါကြောင့် Treasury နဲ့ Banking လောကမှာတော့ Currency Volatility ကိုစီမံရခြင်းဟာ ကိုယ့်လုပ်ငန်းရဲ့ Liquidity နဲ့ Profitability ကိုကာကွယ်ခြင်းနဲ့တူညီပါတယ်..

📌 Kate’s Treasury Hub shares insights beyond treasury covering Banking, Finance, Accounting and Management. Follow the page and grow with confidence in your professional journey.

Let's connect and grow together 🚀
Kate’s Treasury Hub

09/06/2026

လုပ်ငန်းခွင်ရဲ့ Shop Floor Management ဆိုတာ ဘယ်သူတွေကို Manage လုပ်တာပါလဲ?

Let's connect and grow together 🚀
Kate’s Treasury Hub

08/06/2026

🔑 Kate’s Treasury Insights
Banking • Finance • Accounting • Strategy

“SPOT vs FORWARD vs SWAP”

SPOT Handles “TODAY”
FORWARD Protects “TOMORROW”
SWAPS Manage “LIQUIDITY” between BOTH.

📌 Kate’s Treasury Hub shares insights beyond treasury covering Banking, Finance, Accounting and Management. Follow the page and grow with confidence in your professional journey.

Let's connect and grow together 🚀
Kate’s Treasury Hub

04/06/2026

🔑 Kate’s Treasury Insights
Banking • Finance • Accounting • Strategy

“The currencies temporarily switch ownership and then swap back.”

ဒီနေ့မှာကိုယ်လိုအပ်နေတဲ့ Currency နဲ့ နောင်အနာဂတ်မှာလိုအပ်မှာ Currency တစ်ခုကို သတ်မှတ်ထားတဲ့ စျေးနှုန်းကိုယ်စီနဲ့ အရောင်း အဝယ်ပြုလုပ်ကြတာကို SWAP လုပ်တယ်လို့ခေါ်ပါတယ် ဒါဟာလဲ FX trading ရဲ့ Product တစ်ခုပါပဲ...

မြင်သာအောင်ပြောရရင်

Combination
· One Spot Transaction >> First Exchange -> today (Spot Date)
· One Forward Transaction >> Reverse Exchange ->future date ပါပဲ ...

ဥပမာအနေနဲ့ BUYSELL USDMMK One Month လို့ပြောမယ်ဆိုရင်

Spot Date မှာ USD ကို BUY သဘောတူထားတဲ့ စျေးနှုန်းနဲ့ BUY ပြုလုပ်ပြီးတော့

One Month ပြည့်တဲ့နေ့မှာ USD ကို Spot နေ့ကတည်းက သဘောတူခဲ့တဲ့ စျေးနှုန်းနဲ့ SELL ပြန်လုပ်မှာဖြစ်ပါတယ်...

ဘဏ်တွေအနေနဲ့ဆိုရင် ဘာကြောင့် SWAP ပြုလုပ်ကြလဲဆိုတော့ ကာလတိုငွေဖြစ်လွယ်မှုကောင်းမွန်စွာစီမံနိုင်ဖို့၊ နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲနိုင်ဖို့၊ FX နဲ့ပတ်သက်တဲ့ ယာယီ Hedge ပြုလုပ်နိုင်ဖို့ ဘဏ်ရဲ့ Cash Positions တွေကို လိုအပ်သလိုထိန်းကျောင်းဖို့ရည်ရွယ်ချက် တွေနဲ့ ပြုလုပ်ကြလေ့ရှိပါတယ်...

ဒါကြောင့် FX SWAP တွေက “Just Trades” မဟုတ်ပဲနဲ့ နေ့စဥ် Treasury markets ကြီးမှာလိုအပ်နေတဲ့ ငွေဖြစ်လွယ်မှုကို ထိန်းကျောင်းဖို့အသုံးပြုတဲ့ Tools တွေပဲဖြစ်ပါတယ်..

📌 Kate’s Treasury Hub shares insights beyond treasury covering Banking, Finance, Accounting and Management. Follow the page and grow with confidence in your professional journey.

Let's connect and grow together 🚀
Kate’s Treasury Hub

03/06/2026

🔑 Kate’s Treasury Insights
Banking • Finance • Accounting • Strategy

“Future certainty starts with today’s agreement.”

ဒီနေ့သဘောတူခြင်းအားဖြင့် သေချာတဲ့အနာဂတ်ကိုစတင်နိုင်ပါတယ်......

FX အကြောင်းကိုလေ့လာပြီဆိုရင် Spot တစ်ခုတည်းကိုလေ့လာလို့မရပါဘူး FX rates တွေဆိုတာဟာ အချိန်နှင့်အမျှပြောင်းလဲနေ တာဖြစ်တာကြောင့် ကိုယ့်လုပ်ငန်းရဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ စျေးနှုန်းတည်ငြိမ်ပြီး အကျိုးသက်ရောက်မှုရှိအောင် ဆုံးရှုံးနိုင်ခြေနည်းအောင်လို့ FX Spot အပြင်အခြားသော FX Products တွေကိုလည်းသိထားဖို့လိုအပ်ပါတယ်...

FX Forward လို့ခေါ်ပါတယ် သူအလုပ်လုပ်ပုံကတော့ နောင်အနာဂတ်မှာဖြစ်လာမည့် FX Risk ကိုလျော့ချချင်တာဖြစ်တဲ့အတွက် ဒီနေ့ ကတည်းက အနာဂတ်မှာလိုအပ်လာနိုင်တဲ့ Currency အတွက် အရောင်းဖြစ်စေအဝယ်ဖြစ်စေ လုပ်ဖို့ရာ ဒီနေ့မှာတင် ကိုယ်သဘောတူ နိုင်မယ့်စျေးနှုန်းတစ်ခုနဲ့ Agreement တစ်ခုပြုလုပ်ပြီးတော့ နောက်လာမည့် တစ်လဖြစ်စေ၊ နှစ်လဖြစ်စေ၊ ၁ နှစ်အတွင်း ရှိနေတဲ့ ကာလတစ်ခုအတွက် အရောင်းအဝယ်ကြိုတင်ပြုလုပ်ခြင်းကို Forward Contracts ပြုလုပ်ခြင်းလို့ခေါ်ပါတယ်.

ဒီနေရာမှာ Forward Contract တွေဟာ ဒီနေ့မှာသာ အရောင်း အဝယ် Contract ပြုလုပ်ကြခြင်းဖြစ်ပြီး တကယ်ကိုယ်ပေးရမယ့် ငွေကြေးနဲ့ ကိုယ်ရရှိရမယ့် ငွေကြေးတွေဟာတော့ ကိုယ်သတ်မှတ်သဘောတူထားတဲ့ကာလရောက်မှသာ Settlement ပြုလုပ်တာ ဖြစ်ပါတယ်...

ဒါကြောင့် Spot = Now ဖြစ်ပြီးတော့ Forward = Future ဖြစ်ပါတယ်..

📌 Kate’s Treasury Hub shares insights beyond treasury covering Banking, Finance, Accounting and Management. Follow the page and grow with confidence in your professional journey.

Let's connect and grow together 🚀
Kate’s Treasury Hub

02/06/2026

လူတော်တော်များများသတိမထားတက်တဲ့ လုပ်ငန်းခွင်ရဲ့ အဓိကမောင်းနှင်ရာနေရာ

Let's connect and grow together 🚀
Kate’s Treasury Hub

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Yangon
11032