Ingyin Education Center - IEC

Ingyin Education Center - IEC

Share

Educate. Empower. Elevate with IEC. ခိုင်မာသော လုပ်ငန်းခွင်ပညာရေးအတွက် အကောင်းဆုံးမိတ်ဖက်

15/03/2026

လုပ်ငန်းခွင်မှာ Smart ဖြစ်တဲ့ Professional တစ်ယောက်အဖြစ် ရပ်တည်ချင်ရင် Business English က မရှိမဖြစ်ပါပဲ။
သာမန် Communication ထက်ပိုပြီး အခွင့်အလမ်းသစ်တွေကို ဖွင့်ပေးမယ့် "Business English လေ့လာသင့်တဲ့ အကြောင်းရင်း ၅ ချက်" ကို မျှဝေပေးလိုက်ပါတယ်ရှင်။

14/03/2026

အင်္ဂလိပ်စာလေ့လာတဲ့အခါ Pattern တွေကိုပဲ အလွတ်ကျက်နေတာဟာ ရေရှည်မှာ ကိုယ့်ရဲ့ Speaking ကို "စက်ရုပ်" တစ်ယောက်လို ဖြစ်သွားစေနိုင်ပါတယ်ရှင်။ 🤖🚫

ဘာကြောင့် Pattern တွေကိုပဲ အားမကိုးသင့်တာလဲဆိုတဲ့ အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်ရှင်။

12/03/2026

Scholarship လျှောက်တော့မယ်ဆိုရင် Essay က အသက်ပါပဲ။ ✨ ရွေးချယ်ရေးကော်မတီရဲ့ အာရုံစိုက်မှုကို ရရှိစေမည့် scholarship essay ရေးသားနည်း လျှို့ဝှက်ချက် (၅) ချက်ကို ဝေမျှပေးလိုက်ပါတယ်ရှင်။ မေးခွန်းကို တည့်တည့်ဖြေဖို့နဲ့ လက်တွေ့သာဓကတွေ ပြတတ်ဖို့က အဓိကသော့ချက်ပါပဲ။ 🌟 Internet က နမူနာတွေကိုပဲ အားကိုးမနေဘဲ ကိုယ့်ရဲ့ Unique Voice ကို အသုံးချပါ။ သင်ယူမယ့်ပညာရပ်က ကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးပြုမလဲဆိုတာကို ယုတ္တိရှိရှိ ချိတ်ဆက်ပြရပါမယ်။ အသေးစိတ်ကို ဗီဒီယိုထဲမှာ ကြည့်လိုက်ရအောင်နော်။ 🎓✈️

10/03/2026

အင်္ဂလိပ်စာကို လေ့လာပေမဲ့ ဘာလို့ စကားမပြောတတ်သေးတာလဲ? 🧐

"စာတွေအများကြီး ကျက်တယ်၊ ဗီဒီယိုတွေ အများကြီး ကြည့်တယ်၊ ဒါပေမဲ့ နိုင်ငံခြားသားနဲ့ တွေ့ရင်ဖြစ်ဖြစ်၊ အလုပ်အင်တာဗျူးမှာဖြစ်ဖြစ် စကားက ထွက်မလာဘူး..."

ဒါဟာ ညံ့လို့မဟုတ်ပါဘူး။ လေ့လာတဲ့နေရာမှာ လူတိုင်းမှားနေတဲ့ "အမှားကြီး (၅) ခု" ထဲမှာ ပိတ်မိနေလို့ပါ။ ဒီအမှားတွေကို မပြင်မချင်းတော့ ကျွန်မတို့ ဘယ်လောက်လေ့လာလေ့လာ တိုးတက်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် IEC ကနေ လေ့လာမှုပုံစံကို လုံးဝပြောင်းလဲပေးမယ့် Workshop တစ်ခုကို ဖိတ်ခေါ်ချင်ပါတယ်။

✨ Workshop ခေါင်းစဉ်: "English စာ လေ့လာရာမှာ လူတိုင်းမှားနေတဲ့ အမှားကြီး (၅) ခုနဲ့ ပြင်ဆင်နည်း"
📅 နေ့ရက်: မတ်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့)
🕖 အချိန်: ည ၇:၀၀ နာရီ (မြန်မာစံတော်ချိန်)
📍 နေရာ: Zoom (အခမဲ့)

ဒီ Workshop ပြီးရင် Member တို့ အင်္ဂလိပ်စာလေ့လာရတာ ပိုလွယ်ကူပြီး ထိရောက်သွားစေရမယ်လို့ ကတိပေးပါတယ်ရှင်။ "ဘယ်သူတွေ တက်မှာလဲ? Me လို့ ရေးခဲ့ပါ"

09/03/2026

စာတွေဘယ်လောက်ပဲ ဖတ်ဖူးပေမဲ့ ထိထိရောက်ရောက် မမှတ်မိတာမျိုး၊ တိုးတက်မှု နှေးကွေးနေတာမျိုး ကြုံတွေ့နေရပါသလား?

အင်္ဂလိပ်စာလေ့လာရာမှာပဲဖြစ်ဖြစ်၊ ကျောင်းစာမှာပဲဖြစ်ဖြစ် အောင်မြင်ဖို့အတွက် အသိဉာဏ်ရှိရုံနဲ့တင် မလုံလောက်ပါဘူး၊ "အစီအစဉ်စနစ်ကျဖို့" လည်း လိုအပ်ပါတယ်။

ဒီ Video မှာ Study Plan ရဲ့ အစွမ်းထက်ပုံနဲ့ သူ့ကြောင့် ဖြစ်ပေါ်လာမယ့် ကောင်းကျိုးတွေကို ရှင်းပြပေးထားပါတယ်ရှင်။

သားသားမီးမီးတို့ရဲ့ ပညာရေးအတွက်ဖြစ်စေ၊ ကိုယ်တိုင် လေ့လာနေတဲ့ ဘာသာစကားအတွက်ဖြစ်စေ ဒီဗဟုသုတက အများကြီး အထောက်အကူပြုမှာပါရှင်။

07/03/2026

English စာလေ့လာနေတဲ့သူတွေ Listening Skill တက်ချင်ရင် ဒါတွေ နားထောင်ကြည့်! အသင့်တော်ဆုံး channel ၄ ခုကို ရွေးထုတ်ပေးထားပါတယ်။

BBC ရဲ 6 Minute English က အလုပ်များတဲ့ သူတွေအတွက် ကွက်တိပါပဲ။

Beginner တွေအတွက် Spotlight English လည်း ရှိသေးတယ်နော်။

06/03/2026

Grammar မလိုဘူးဆိုတဲ့ အယူအဆ - အမှန်တရားလား၊ အလွဲတစ်ခုလား?

အင်္ဂလိပ်စာ လေ့လာတဲ့အခါ "Grammar တွေ ကျက်မနေနဲ့၊ စကားပြောရဲဖို့ပဲ လိုတယ်" ဆိုတဲ့ စကားကို ခေတ်စားနေတာ တွေ့ရပါလိမ့်မယ်။ ဒါဟာ တစ်စိတ်တစ်ပိုင်း မှန်နိုင်ပေမဲ့၊ အထူးသဖြင့် Scholarship လျှောက်မယ့်သူတွေနဲ့ Master's တက်မယ့်သူတွေအတွက်တော့ ဒါဟာ အန္တရာယ်ရှိတဲ့ အယူအဆ တစ်ခု ဖြစ်နိုင်ပါတယ်ရှင်။

English စာလေ့လာတဲ့အခါ Grammar ကို ဘေးဖယ်ထားလို့ မရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်ရှင်။ ✍️ အထူးသဖြင့် Academic ပိုင်းမှာ ထူးချွန်ချင်သူတွေ၊ Scholarship လျှောက်မယ့်သူတွေအတွက် Grammarဟာ မိမိရဲ့ အရည်အချင်းကို ပြသတဲ့ အဓိက သော့ချက်ဖြစ်ပါတယ်ရှင်။

"

06/03/2026

အင်္ဂလိပ်စာ လေ့လာတဲ့အခါ "Grammar တွေ ကျက်မနေနဲ့၊ စကားပြောရဲဖို့ပဲ လိုတယ်" ဆိုတဲ့ စကားကို ခေတ်စားနေတာ တွေ့ရပါလိမ့်မယ်။

ဒါဟာ တစ်စိတ်တစ်ပိုင်း မှန်နိုင်ပေမဲ့၊ အထူးသဖြင့် Scholarship လျှောက်မယ့်သူတွေနဲ့ Master's တက်မယ့်သူတွေအတွက်တော့ ဒါဟာ အန္တရာယ်ရှိတဲ့ အယူအဆ တစ်ခု ဖြစ်နိုင်ပါတယ်ရှင်။

English စာလေ့လာတဲ့အခါ Grammar ကို ဘေးဖယ်ထားလို့ မရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်ရှင်။

✍️ အထူးသဖြင့် Academic ပိုင်းမှာ ထူးချွန်ချင်သူတွေ၊ Scholarship လျှောက်မယ့်သူတွေအတွက် Grammar ဟာ မိမိရဲ့ အရည်အချင်းကို ပြသတဲ့ အဓိက သော့ချက်ပါပဲရှင်။

Photos from Ingyin Education Center - IEC's post 09/02/2026

"Interviewer ရှေ့မှာ အမှတ်ပိုရစေမယ့် Polite English လျှို့ဝှက်ချက် - 'Could' ကို ဘယ်လို စနစ်တကျ သုံးမလဲ? 🎓🤔"

အင်တာဗျူးခန်းထဲမှာ ကိုယ့်ရဲ့ အရည်အချင်းတင်မကဘဲ ပြောဆိုဆက်ဆံပုံ ယဉ်ကျေးပျူငှာမှုကလည်း အောင်မြင်ဖို့အတွက် အများကြီး အထောက်အကူပြုပါတယ် ✨✨✨

ဒီနေ့မှာတော့ အင်တာဗျူးခန်းထဲမှာ မဖြစ်မနေ သုံးရမယ့် Polite English လေးတစ်ခုအကြောင်း ဝေမျှပေးချင်ပါတယ်။

၁။ Can (Casual - ရင်းနှီးသူများကြား) 🤝 'Can' ကို သူငယ်ချင်းတွေ၊ ရင်းနှီးသူတွေနဲ့ စကားပြောတဲ့အခါမှာပဲ သုံးသင့်ပါတယ်။

Example: "Can you help me?" (ငါ့ကို ကူညီနိုင်မလား?)

၂။ Could (Polite/Formal - အလုပ်ခွင်နှင့် အင်တာဗျူး) 🏛️ 'Could' ကိုတော့ လူကြီးမိဘ၊ အထက်လူကြီးနဲ့ အင်တာဗျူးသူတွေနဲ့ စကားပြောတဲ့အခါ သုံးရမှာပါ။ ဒါဟာ ပိုပြီး ယဉ်ကျေးရာရောက်သလို တစ်ဖက်လူကို လေးစားရာလည်း ရောက်ပါတယ်။

Example: "Could you please repeat the question?" (မေးခွန်းလေးကို တစ်ချက်လောက် ပြန်ပြောပြပေးလို့ ရမလားရှင့်?)

Example: "Could you tell me more about the job role?" (အလုပ်တာဝန်အကြောင်းလေး ပိုပြီး ရှင်းပြပေးလို့ ရမလားရှင့်?)

💡 မှတ်ချက် - အင်တာဗျူးခန်းထဲမှာ "Can" ထက် "Could" ကို သုံးခြင်းက သင့်ကို ပိုပြီး Professional ဆန်စေပါတယ်။

IEC Education Center မှာ အခုလို Professional Development နဲ့ Key Skills တွေကို အမြဲလေ့လာနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အမြဲတမ်း သင်ယူနေကြရအောင်! 🏔️🚀

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon
11181