Knowledge sharing

Knowledge sharing

Share

12/06/2026

✅✅✅✅

12/06/2026

😂😂🤣🤣တကယ်ထင်နေတာ

11/06/2026

မလိုတာတွေ ဖယ်လိုက်ပါ ဖတ်ကြည့်ပါ
📕📗📘📙📚📖📚📙📘📗📕
ကိုယ့်ဘဝကို
အတ္တတွေနဲ့
ဘောင်မခက်ထားပါနဲ့။

ရိုးရှင်းတဲ့ဘဝတွေကို
မမြင်ရမှာ စိုးရိမ်လို့ပါ။

မာနတွေနဲ့
ကိုယ့်ရဲ့စိတ်ကို
အနိုင်မယူချင်ပါနဲ့။

ကိုယ့်ကို တန်ဖိုးထားတဲ့
အရာတွေ
ဆုံးရှုံးသွားမှာ စိုးရိမ်လို့ပါ။

ကိုယ့်အနားမှာ
အတ္တ နဲ့
မာနတွေ ရှိနေသ၍

ဘဝမှာ
ကိုယ်တစ်ယောက်တည်း
အထီးကြံ စန်စွာ
ဖြတ်သန်းရပါလိမ့်မယ်။

ဒါကြောင့်
ကိုယ့်ဘဝကို
ကျဉ်းမြောင်းစေမယ့်အရာတွေကို
ဖယ်ရှားပစ်နိုင်ပါစေ

ုသုတစာပေများ
#စာပေများ
#တန်ဖိုးရှိစေသောစာပေများ
#မြန်မာစာပေ
#ဦးစားပေးဖော်ပြမူ့

11/06/2026

ဟယ် တကယ်ကြီးလာ 😂😂😂😂

10/06/2026

အဓိကနဲ့ သာမညကို နေရာ မမှားစေနဲ့

တချို့အမှန်တရားတွေက
မချိုမြိန်ပါဘူး ခါးလွန်းလှပါတယ်။
ခါးပေမယ့်လည်း ဆေးဖက်ဝင်ပါတယ်။

လူတချို့က လောကကြီးကို
ဘယ်လိုကောင်းမွန်အောင် လုပ်သင့်ကြောင်း
ပြောနေကြပေမယ့်
အိမ်ကအမေ အဝတ်လျှော်နေတာကိုတော့
ဝိုင်းကူဖို့ မစဉ်းစားကြဘူး။

လူတချို့က သူတပါးကို အရမ်းကူညီချင်ကြတယ်။
ဒါပေမယ့် အိမ်က အဖေ ထင်းခွဲနေတာကိုတော့
ကူလုပ်ပေးဖို့ကို မစဉ်းစားကြဘူး။

လူတချို့က တိရိစ္ဆာန်လေးတွေကို
အရမ်းချစ်ပြကြပါတယ်
အရမ်းလည်း ဂရုစိုက်ကြပါတယ်။
တိရိစ္ဆာန်လေးတွေကို
သနားကြင်နာတတ်တာ ကောင်းပါတယ်။

ဒါပေမယ့်
အိမ်က မိသားစု မောင်နှမ ကျတော့
ဂရုစိုက်ရကောင်းမှန်း ကြင်နာတတ်ရမှန်း
မသိသလို ဖြစ်နေတာတော့
တကယ်ကို မဖြစ်သင့်ပါဘူး။
အတော်လေးကို လွဲနေတယ်လို့ပဲ ဆိုချင်ပါတယ်။

လူတချို့က ရုပ်ရှင် မင်းသား မင်းသမီးတွေ
ဇာတ်ကားထဲမှာ ငိုယိုပြနေတာကိုတော့
သနားပြီး ခံစားနေကြတယ်။

အိမ်က မိဘတွေရဲ့
ရင်ထဲက ဒဏ်ရာတွေကိုတော့
မြင်အောင် မကြည့်ကြဘူး။
မိဘကို စာနာ နားလည်ပေးရမှန်း မသိကြဘူး။

လူတချို့က အခြားသူစိမ်းအပေါ်မှာ
ရိုကျိုးပြနေပေမယ့်
အိမ်က မိဘကိုကျတော့ ရိုသေရမှန်း မသိပြန်ဘူး။

ဒါတွေက အတော်လေးကို
လွဲမှားတဲ့ လုပ်ရပ်တွေပဲလို့ ဆိုချင်ပါတယ်။
အဓိကနဲ့ သာမညကို မခွဲခြားနိုင်တဲ့သူဟာ
စဉ်းစားဆင်ခြင်ဉာဏ် နည်းသူပါပဲ။

ပထမရဲ့ တန်ဖိုးကို မသိပဲ
ဒုတိယ တန်ဖိုးကို မက်မောနေသမျှ
ဒုတိယကိုပဲ တန်ဖိုးထားနေသမျှ
ပထမနဲ့ အဝေးကြီး ဝေးနေကြဦးမှာပဲ။
ပထမတန်ဖိုးနဲ့ လွဲနေရဦးမှာပဲ။

အဓိကဆိုတာ ရှိလျှက်နဲ့ သာမညကိုပဲ
ဦးစားပေးနေရင်တော့
တချိန်မှာ နောင်တတရားပဲ ပိုင်ဆိုင်ရပါလိမ့်မယ်။

ဒါကြောင့် ဘဝမှာ ဘယ်အရာက အဓိက
ဘယ်အရာက သာမညလဲဆိုတာ
ကွဲကွဲပြားပြား သိဖို့ လိုပါလိမ့်မယ်။
ဒါမှသာ ဘယ်အရာကို ဦးစားပေးလုပ်သင့်မှန်း
နားလည်နိုင်မှာပါ......။

with respect - crd

10/06/2026

ကလေးကို သနားပါတယ် 😂😂😂

10/06/2026

ပိုက်ဆံဘဲရှာပါ....

ငါ့ခေါင်းထဲမှာ ပိုက်ဆံပဲ ရှိနေတာဟာ၊ ငါ့ဘေးနားက လူတွေကို 'မျက်နှာမငယ်စေ ချင်လို့ပဲ။

"ပျင်းနေဖို့ အချိန်မရှိဘူး၊ ငါရဲ့ အနာဂတ်က ငါ့ကို စောင့်နေတယ်။"

"ပိုက်ဆံကို ရူးရူးမူးမူးရှာပါ...

အဲ့ဒါမှ မင်းလိုချင်တဲ "လွတ်လပ်ခွင့်" ကို

မင်းဝယ်နိုင်မှာပါ။"

"မနက် မျက်စိပွင့်တာနဲ့... "ဝင်ငွေ"အကြောင်း မစဉ်းစားမိရင်...

မင်းဟာ မင်းရဲ့ 'လူငယ်ဘဝ' ကို ဖြုန်းတီး နေတာပဲ။"

"အလုပ်ကြိုးစားတဲ့ ယောက်ျားတစ် ယောက်ရဲ့ ညစာဟာ...

- ဘယ်ဟင်းနဲ့စားစား 'အရသာ' ရှိပါတယ်။
#လူငယ်များအတွက်ဗဟုသုတစာပေများ #ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ #ခွန်အားဖြစ်စေသောစာများ

နှင်းဆီ စာပေ

09/06/2026

ကိုယ်ပိုင်စီးပွားရေး လုပ်တဲ့ဆိုတာ
ပိုက်ဆံ များများရမယ်ဆိုပြီး မထင်နဲ့

အစပိုင်းမှာ ခံရတဲ့ အခက်ခဲတွေ ခံနိုင်ရည်လည်းရှိရတယ်၊

ချမ်းသားတဲ့လူတွေ ဒီအတိုင်း ဖြစ်လာခဲ့တာမဟုတ်ဘူး
- သည်းခံရတယ်
- ငိုရတယ်
- အိပ်ရေးပျက်ခံရတယ်
- စိတ်ပင်ပန်းခံရတယ်
- ကြောက်စိတ်နဲ့နေရတယ်
- ထမင်းအချိန် မညီဘူး
- နေမကောင်းဖြစ်ရတယ်
- ၀င်ငွေမရဘဲ ၂,၃ လ စောင့်ရတယ်

စသဖြင့် အဲလိုဒဏ်ခံပြီး မှ ချမ်းသားတဲ့လူဖ့စ်လာခဲ့တာပါ၊
အဲလို အခက်ခဲ မကြုံခဲ့ရင် ငွေရဲ့တန်ဖိုးသိလာမှာ မဟုတ် ဘူး၊

ချမ်းသားတဲ့လူတိုင်းကို ချီးကျူးတဲ့၊ လေးစားတယ်။

တနေ့ချမ်းသားတဲ့လူဖြစ်လာလိမ်မယ်။

09/06/2026

✅✅✅✅👌

08/06/2026

ယနေ့ ၂၀၂၆ ခုနှစ် ၊ဇွန်လ ၈ ရက်နေ့ ၊

ယနေ့ နံနက်ပိုင်း
ဖိလစ်ပိုင် နိုင်ငံ တွင် ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်သဖြင့် အဆောက်အအုံများ ပြိုကျသည့် မြင်ကွင်း။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Jalan Taming Seri/1
Yangon
43000