Sut Sharing

Sut Sharing

แชร์

အသိပညာဗဟုသုတအကြောင်းတွေနှင့်သတင်းမျိုးစုံကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဗျာ .......
https://www.youtube.com/@SutSharing

25/06/2026

စိတ်ဓာတ်မာပြီး $​ကြောတင်းလှပြီထင်ထားတဲ့ကျွန်တော်ဟာ ကျွန်တော့်ဘဝနဲ့တိုက်ဆိုင်မှုရှိတဲ့အရာတွေနဲ့ကြုံတွေ့လိုက်ရတဲ့အချိန်တွေတိုင်း
တစ္စက္ကန့်တောင်မကြာပဲ မျက်ရည်ကပါးတစ်ဝက်ရောက်နေနှင့်ပြီ....

အထူးသဖြင့် - မိဘ နဲ့ မိသားစု

24/06/2026

အီဂျစ်နိုင်ငံကိုအလည်သွားရင်ပျောက်ဆုံးသွားတဲ့တရုတ်မိန်းကလေးဟာ လူကုန်ကူးခံရတယ်လို့ထင်ထားခဲ့ ကြပေမယ့်တကယ်တော့ အဲ့ဒီမိန်းကလေးဟာ အီဂျစ်နိုင်ငံဆီသို့လူကုန်ကူးရောင်းစားတဲ့ ဂိုဏ်းအဖွဲ့ဝင်ဖြစ်နေခဲ့တယ်...

- အဲ့ဒီလူကုန်ကူးခံရတဲ့လူတွေကိုဘယ်လိုအသုံးချစေခိုင်းကြလဲဆိုတာ သိသွားရင် ပိုတောင်အံသြသွားလိမ့်မယ်😬

24/06/2026

သူမ၏ တရုတ်ဂွေးသီး Review လေးတစ်ဖြတ်🤭

ကျွန်တော်လည်း ဂွေးသီးကို ငပိနဲ့တို့စားရတာအရမ်းကြိုက်ပါတယ် ၊ ဒါပေမယ့် တရုတ်ပြည်ရောက်ကတည်းက မစားရတာကြာပြီ
miss you ဂွေးသီး 😁

23/06/2026

မင်္ဂလာခန်းမဆီသို့ထွက်လာဖို့ အခန်းငယ်ထဲမှာ
စောင့်နေတဲ့အချိန် ရည်းစားဟောင်းဖြစ်သူရဲ့ရက်စက်စွာ Tat ဖြတ်ခြင်းခံလိုက်ရတဲ့သတို့သမီး...

Photos from Sut Sharing's post 22/06/2026

ကျွန်တော့်ကိုဘာလို့အဲ့လောက်ရုန်းကန်ကြိုးစားနေတာလဲလို့မေးလာခဲ့ရင် ၊ ကျွန်တော့်မှာဖြေစရာတစ်ခုပဲရှိတယ်...

* သူများရဲ့အနှိမ်မခံချင်လို့ ၊ သူများရဲ့အထင်သေးမခံချင်လို့ *....

သူဌေးကြီးဖြစ်အောင်အလုပ်ကြိုးစားငွေရှာနေတာလည်းမဟုတ်ဘူး ၊ ဒီအတိုင်း ကိုယ့်ကိုစိတ်ပင်ပန်းစေမယ့် ကိစ္စ ၊ ကိုယ့်ကိုစိတ်ဒုက္ခတွေပဲပေးတဲ့လူတွေရဲ့ အဝေးမှာ ပုံမှန်လေးပဲ အေးအေးဆေးဆေး ရှင်သန်ဖြတ်သန်းနေနိုင်တဲ့ ရောင့်ရဲသက်သာမှုလေး တစ်ခု ရချင်ရုံလေးပါပဲ....

သွေးချွေးထွက်တဲ့အထိအလုပ်လုပ်ပြီး
လူပင်ပန်းနေရတဲ့ဒဏ်ကိုခံနိုင်ပေမယ့်
စိတ်ပင်ပန်းစေမယ့်ဘယ်အရာကိုမဆိုကျွန်တော့်ဘက်က ဝေးနိုင်သလောက်အဝေးဆုံးရှောင်ပါတယ်...

22/06/2026

ကျန်းမာနေရက်နဲ့ ရောဂါရှိတယ်ဆိုပြီး
သက်ကြီးရွယ်အိုပေါင်းများစွာဆီကနေ ဆေးကုသစရိတ် ယွမ်သိန်းပေါင်းများစွာ လိမ်လည်ယူခဲ့တဲ့ဆရာဝန်....

- တစ်ချို့သူတွေကိုဆို အခု မကုသရင် မကြာခင်သေသွားနိုင်တယ်ဆိုပြီး အတင်းအဓမ္မ ခြိမ်းခြောက် ကာ ဆေးကုသစရိတ်များစွာ မတန်တဆ
လိမ်လည်ယူခဲ့တယ်တဲ့...

21/06/2026

ကလေးနဲ့အမေအို ဆုံးသွားပြီတဲ့
ကလေးက အဲ့နေ့ကတည်းက အဖျားတွေပဲဆက်တိုက်တက်နေပြီး အမေအိုက အဲ့ဒီလဲကျတုန်းက သတိမေ့သွားရာက​နေ သတိပြန်မရပဲ ဆုံးသွားတာတဲ့ ကလေးနဲ့ အမေအို ဆုံးတာတောင် နာရီဝက်ပဲခြားတယ်တဲ့...
( 21.6.2026 ) ဒီညနေဆုံးတာတဲ့
ကျွန်တော်လည်းအခုမှ သိရတယ်😔

ဟိုကောင်ကတော့ တစ်သမတ်တည်း ကွပ်မြတ်စီရင်တဲ့ သေဒဏ်နဲ့ လုံးဝပြေးမလွတ်တော့ဘူး( မဖမ်းမိသေး )

21/06/2026

( 19.6.2026 )ရက်နေ့က လသားအရွယ်ကလေးတစ်ယောက်ကို လူတစ်ယောက်က နှိပ်စက်ရိုက် Natနေတဲ့ video ဟာ တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်တွေပေါ်မှာ တော်တော်ပြန့်နှံ့သွားခဲ့တယ်

- ပိုပြီးလူတွေကိုအံ့သြတုန်လှုပ်သွားစေခဲ့တာက အဲ့ဒီလူဟာ အဲ့ဒီကလေးရဲ့အဖေအရင်းဖြစ်နေခဲ့တာပဲဖြစ်တယ်

- ဘာကြောင့် ဒီလိုလုပ်ရပ်တွေလုပ်ရတာလဲဆိုတာ သင်သိသွားရင် ​ပိုပြီးဒေါသအလိမ့်လိုက်ထွက်သွားစေပါလိမ့်မယ်😬

20/06/2026

သေဒဏ် ၂ ကြိမ်စီရင်ချက်ချမှတ်ခံရတဲ့ တရုတ်နိုင်ငံက အရူးယောင်ဆောင် ဆိုက်ကိုပတ်
လူသတ်သမား မှုခင်းသတင်း...

- တကယ်တော့ဒီမှုခင်းက ၂၀၂၄ မှာ ဖြစ်သွားတာဖြစ်ပြီး ၂၀၂၅ မှာ တရားခံကို ရက်စက်တဲ့ လူ tat မှုကျူးလွန်ခဲ့ပေမယ့် အရူးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ဆေးမှတ်တမ်းကြောင့် ဆိုင်းငံ့သေဒဏ် ၂နှစ်ပဲချမှတ်လိုက်တယ်

- သို့သော် ၂၀၂၆ မှာ တရားခံဟာ အရူးမဟုတ်ကြောင်း သက်သေအထောက်အထားတွေရှာဖွေတွေ့ရှိခဲ့ပြီး တစ်သမတ်တည်းကွပ်မြတ်စီရင်တဲ့သေဒဏ် ပြန်ချမှတ်လိုက်တာပဲဖြစ်ပါတယ်

- အသေးစိပ်ကိုတော့ video မှာအကုန်ရှင်းပြထားပါတယ်

20/06/2026

လက်ရှိတရုတ်နိုင်ငံမှာလူပြောများနာမည်ကြီးနေတဲ့ မှုခင်းသတင်းတစ်ခု...

- ရုတ်တရက်ပျောက်ဆုံးသွားတဲ့ကျောင်းဆရာကိုနှစ်ပေါင်း ၂၄ နှစ်ကြာမှ သူစာသင်နေခဲ့တဲ့ ကျောင်းရဲ့အားကစားကွင်းအောက်မှာ ​အရိုးစုတွေအဖြစ်ရှာတွေ့ ခဲ့တဲ့ဖြစ်စဥ်...

- ပိုပြီးလူတွေကိုအံ့သြသွားစေခဲ့တာက သမီးဖြစ်သူဟာ ကျောင်းဆရာ အဖေဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့အမှုကို ကိုယ်တိုင်ရှေ့နေဖြစ်အောင်လုပ်ပြီး နှစ်ပေါင်း ၂၄ နှစ်တိုင် စုံစမ်းစစ်ဆေးမှုလုပ်ရင်း အမှုမှန်ပေါ်အောင်လုပ်ဆောင်ခဲ့တဲ့အချက်ပဲဖြစ်ပါတယ်

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok