17/06/2026
အကုန်ပါပြီးသား Facebook Monetization အတွက် ဆိုပေမယ့် ...
- မြန်မာက ပြုလုပ်ပုံ
- YouTube Channel ထောင်နည်း
- TikTok Japan , US , UK , ect အကောင့်ဖွင့်နည်း
- TikTok Payout ID တင်နည်း
- TikTok Bank ချိတ်နည်း
Monetization & Creation ပိုင်းအတွက်
အကြံဉာဏ်လာယူရင် ဘယ်လို ပေးလဲ ဆိုတာတော့
သင်တန်းသား / သူတွေသာ မေးကြည့်လိုက်ကြပါ ခင်ဗျာ ။
ခဏ ခဏ မေးပြီး ဖြေနေရလို့ Post တင်ပေးလိုက်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ ။
Satt Khaung
17 June, 2026
15/06/2026
ကျနော်တို့က အခြေအနေကိုကြည့်ပြီး
Content ကို ဖန်တီးရတာ ...
ခုနောက်ပိုင်း Audience ရဲ့ အာရုံစိုက်နိုင်စွမ်းက
1 Minutes 30 Second ထက် မပိုဘူး ။
တစ်ခုတော့ရှိတာပေါ့
Course, Movie တွေကတော့ သူတို့ကိုယ်တိုင်က
လေ့လာချင်တာမျိုး ၊ ခံစားကြည့်ရှုချင်တာမျိုး ဆိုတော့
ရှည်လည်း ကြည့်ကြပါတယ်။
ဒါတောင် Course Lesson ထုတ်ရင်
3 Minutes လောက်က သူတို့ကို မပျင်းဘူး
Tutorial ဆို 5 Minutes ပေါ့ ။
၁ နာရီလောက် ကြာတာမျိုးဆို
အစပိုင်းကြည့်ပြီး နောက်မှ ဆက်ကြည့်ပါမယ်လေဆိုပြီး
ပစ်ထားလိုက်ပါလေရော ။
စကားပြန်ဆက်ရရင်
အများအားဖြင့် Facebook, TikTok လို နေရာမျိုးမှာ
Video Content ဖန်တီးရင် ထိထိမိမိ နဲ့
တိုတိုရှင်းရှင်း သာ ဖန်တီးတာ ကောင်းတယ် ။
လက်တွေ့ စမ်းသပ်ကြည့်ပေါ့
Content အကြောင်းအရာတစ်ခုကိုပဲ
10 Minutes စာလောက် ရိုက်ပြီး တင်ကြည့်တာနဲ့
1 Minutes ရိုက်ပြီး တင်ကြည့်တာ
ဘယ်ဟာလူတွေ ပိုကြည့်ပြီး Engagement ပိုကောင်းလဲ
ဆိုတာ ဆန်းစစ်ကြည့်ပါ။
တစ်ခုတော့လည်း ရှိတာပေါ့
ကိုယ်ဖန်တီးတဲ့ အကြောင်းအရာ နဲ့ Visual & Audio
ကလည်း Audience ရင်ဘက်နဲ့ ကိုက်ညီအောင်
ဖန်တီးနိုင်ဖို့ လိုတယ်။
______________________________________
ယခုနောက်ပိုင်း လေ့လာတွေ့မိတာလေး
မျှဝေ ပေးလိုက်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ ။
Satt Khaung
15 June, 2026
14/06/2026
ကိုယ်နဲ့ မတည့်ပါဘူး ဆိုတာကိုမှ
ကြိုက်တက်တာ ၊ စားချင်တာလည်း
လူ့ သဘာဝပဲ ။
မဟုတ်တာတွေ ပြောနေတဲ့သူ့ကိုမှ
ယုံမိနေကြတာ ၊ လက်ခံမိနေတက်တာလည်း
လူ့ သဘာဝပါပဲ ။
ဒီလိုနဲ့ ... ဖြတ်သန်း လာ ကြ တယ် ...
နောက်ဆုံးတော့ ...
အေးအေး မင်းမှန်ပါတယ်နဲ့ ...
ပြီးခဲ့ရတယ် ...
Satt Khaung
14 June, 2026
13/06/2026
Course Fees မတက်နိုင်ရင် လစဉ်ကြေးနဲ့ လေ့လာနိုင်မည်။
ယခင် Course တွေမှာ သင်တန်းသားအများစုက
သင်ခန်းစာအကုန် လေ့လာသူ နည်းတာတွေ့ရတယ်။
ဒါကြောင့် ယခု သင်တန်းက Weekly Lessons များဖြင့်
သင်ကြားခြင်း ၊ နားလည်ခြင်း ၊ အမေးအဖြေ များ
နည်းလမ်းဖြင့် သွားမည်။
သင်ခန်းစာ အားလုံး Complete Course နှစ်ခု
▪️Facebook Account Primary Location
▪️Facebook Creator Guide Course
________________________________________
Weekly Lessons များအတွက်
▪️Creator Success System
▪️သင်တန်းသား/သူ မေးခွန်းပေါင်းစုံ နေ့စဉ်ဖြေကြား
________________________________________
Creator Success System တွင် စုံစုံလင်လင် ပါလိမ့်မည်။
အဓိက Creation ပိုင်း နှင့် Main Platform များဖြစ်သည့်
Facebook, YouTube, TikTok တို့အကြောင်းများဖြစ်မည်။
Lessons ပေါင်း ၂၀၀ ကျော် ရှိမည်ဖြစ်၍
Weekly Lessons အဖြစ်သွားလိုက်သည် ။
________________________________________
အထူးသတိပေးချက်
Service နှင့် ပတ်သတ်သည့် အကြောင်းအရာများကို
သင်မှာ မဟုတ်ပါ ။
Creation , Personal Branding ,
Social Platform များဖြစ်သည့် FB, YT, TT
အကြောင်းအရာများကို သင်တန်းကြီးတစ်ခုလို
နားလည်အောင် တက်ရောက် သင်ကြားရမှာ ဖြစ်သည်။
_________________________________________
Zoom ဖြစ် လုံးဝ မသင်ပါ ။
အလုပ်လုပ်ကိုင်နေသူ အများစုပါ အချိန်မရွေး လေ့လာလို့
ရနိုင်ရန် Private group တွင် Video Lessons များဖြင့်
ထည့်သွင်း သင်ကြားမည်။
________________________________________
▪️သင်တန်းအကုန် Join နိုင်မည်
Course Fees - 500000 MMK
▪️သင်တန်း အကုန်မပါ
Monthly Subscription Fees - 10000 MMK
(လစဉ်ကြေး ပေးသွင်း လေ့လာလိုသူများ)
Only Course - CSS Group , Q & A Group
________________________________________
သင်တန်းပြီးဆုံးပါက Content Creator တစ်ယောက်
သိသင့်သော အရာများ ပြည့်စုံသွားမည် ။
Satt Khaung
13 June, 2026
12/06/2026
Monetization နှင့် ပိုက်ဆံရှာမည်ဆို
ဒါကို ဖတ်ပါ .....
Content ဖန်တီးပြီး
Monetization အတွက် လုပ်မယ်ဆိုရင်
ဘောင်ကျဉ်းတယ် ။
Monetization အတွက် မလုပ်ဘူးဟေ့
Creation ပိုင်း သက်သက် ...
Personal Branding အတွက်သက်သက် ..
Marketing အတွက် သက်သက် ..
ဆိုခဲ့ရင် ကြိုက်သလိုက် ၊ စိတ်ကြိုက်
ဖန်တီးချင်တာကို ဖန်တီးနိုင်တယ် ။
ဒီနှစ်ပိုင်းကို ကွဲကွဲပြားပြားသိထားဖို့ လိုအပ်တယ် ။
____________________________________
ကိုယ်က Monetization အတွက် လုပ်နေပြီး
သူများဟာတွေ ယူသုံးပြီး
"အလှူ့ လက်ဖက်နဲ့ မျက်နှာလုပ်သလို"
ပိုက်ဆံရှာချင်နေတာက သဘာဝကျသလား ?
Social Platform Owner တွေကရော ခွင့်ပြုမှာလား ?
မိတ်ဆွေတို့သာ ပိုင်ရှင်ဆိုရင်ရော
အဲ့လို Creator တွေကို အလကား ပိုက်ဆံ ပေးနေမလား ?
စဉ်းစားကြည့်ကြပါ ။
ဥပမာ -
▪️Movie တွေကို ဖြတ်ညှပ်ကပ်လုပ်ခြင်း ။
▪️AI ကို အသုံးပြုပြီး ကိုယ်ပိုင် ဖန်တီးမှု မပါဝင်
Prompting သက်သက် နှင့် အလွယ်လေး
လုပ်နေသူတွေ ။
▪️သူများ Video တွေကို ထိုင်ကြည့်ပြီး
ဘာ Message မှမပါ ဟီးဟီးဟားဟား ၊
အတင်းအဖျင်းနဲ့ ပြီးနေသူတွေ ။
▪️လူ့ကျင့်ဝတ်ကို ချိုးဖောက်ပြီး Attention
ရှာနေသည့် ဇွတ် Creator တွေ ။
____________________________________
မိတ်ဆွေတို့ Content ဖန်တီးနေတာ
Monetization
( YouTube , Facebook , TikTok ပိုက်ဆံရှာဖို့လား )
Creation ပိုင်းကို ပြချင်ရုံသက်သက်လား ။
Personal Branding အတွက်လား ။
Marketing အတွက်လား ။
ဆိုတာ ကိုယ်တိုင်က သေချာ ခွဲခြား သိထားဖို့ လိုအပ်တယ် ။
အားလုံး အဆင်ပြေကြပါစေ ။
Satt Khaung
12 June, 2026
11/06/2026
AI သုံးနေတာနဲ့ Productivity (လုပ်ဆောင်နိုင်စွမ်း)
တက်သွားပြီလို့ သတ်မှတ်လို့ရမလား?
AI ကို အသုံးပြုတဲ့သူတွေ များလာတာနဲ့အမျှ
"အလုပ်ပိုမြန်သွားတယ်"
"အချိန်ပိုသက်သာလာတယ်"
ဆိုတဲ့ စကားတွေကို မကြာခဏ ကြားရပါတယ်။
ဒါပေမယ့် မေးခွန်းတစ်ခု ရှိပါတယ်။
အလုပ်မြန်သွားတာနဲ့ Productivity
တက်သွားတာဟာ တူညီသလား?
အဖြေကတော့...
မတူပါဘူး။
Financial Times ရဲ့ Working It Newsletter အရ
AI က လူတစ်ယောက်ချင်းစီရဲ့
အလုပ်ချိန်ကို လျှော့ချပေးနိုင်ပေမယ့်
Company Performanceတက်လာတယ်လို့
မြင်တဲ့သူက 13% ပဲ ရှိခဲ့ပါတယ်။
တစ်နည်းအားဖြင့်...
AI က Efficiency (လုပ်ဆောင်မှု ထိရောက်မှု)
တိုးစေနိုင်တယ်။
ဒါပေမယ့်
Business Results (လုပ်ငန်းရလဒ်) ကိုတော့ အလိုအလျောက် မတိုးစေနိုင်ဘူး။
ဥပမာ...
AI ကြောင့်
▪️Report (အစီရင်ခံစာ) ရေးတာ မြန်လာနိုင်တယ်။
▪️Email ပြန်တာ မြန်လာနိုင်တယ်။
▪️Research (သုတေသနရှာဖွေမှု) လုပ်တာ မြန်လာနိုင်တယ်။
ဒါပေမယ့်
သက်သာလာတဲ့ အချိန်ကို
▪️ပိုတန်ဖိုးရှိတဲ့ အလုပ်တွေအတွက် သုံးသလား။
▪️ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချသလား
▪️ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးသလား။
ဆိုတာ Productivity (လုပ်ဆောင်နိုင်စွမ်း) က
ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။
Creator တွေအတွက်လည်း အတူတူပါပဲ။
AI နဲ့
▪️Script (ဇာတ်ညွှန်း) ရေးနိုင်တယ်။
▪️Caption (စာသားဖော်ပြချက်) ရေးနိုင်တယ်။
▪️Idea (အကြံဉာဏ်) ထုတ်နိုင်တယ်။
ဒါပေမယ့်
▪️Audience (ပရိသတ်) ကို နားလည်နိုင်မှု။
▪️Storytelling (ဇာတ်လမ်းတင်ဆက်နိုင်စွမ်း) တွေ ။
▪️Trust (ယုံကြည်မှု) အပိုင်းတွေ ။
▪️Brand (ကိုယ်ပိုင်အမှတ်တံဆိပ်) စတာတွေကိုတော့
AI က အစားထိုးပေးနိုင်သေးတာ မဟုတ်ပါဘူး။
AI က မိတ်ဆွေတို့ရဲ့
အလုပ်ကို "ပိုမြန်" စေသလား၊ "ပိုကောင်း" စေသလား?
ဘယ်လိုအသုံးဝင်လဲ ?
ဘာတွေ အားနည်းချက် ၊ အားသာချက် ရှိသလဲ
ဆိုတာတွေကို
Comment မှာ မျှဝေပေးခဲ့ပါဦး ခင်ဗျာ။
အားလုံး အဆင်ပြေကြပါစေ ။
Satt Khaung
11 June, 2026