SME Financial Clinic

SME Financial Clinic

แชร์

🎓 MSME Banking Expert | 10+ yrs SEA
📊 SME Financial Education & Advisory

23/06/2026

Financial Management ကို မသိရင်...

အရောင်းတက်နေပေမယ့်
ဘာလို့ ငွေမကျန်တာလဲ မသိဘူး။

အမြတ်ရနေပေမယ့်
တကယ်မြတ်ရဲ့လား မသိဘူး။

ငွေလိုလာမှ
ဘဏ်ချေးငွေ မရနိုင်ဘူး။

အကျပ်အတည်း ရောက်လာမှ
ဘာလုပ်ရမလဲ မသိဘူး။

Financial Management ဆိုတာ
စာရင်းကိုင်အတွက် မဟုတ်ဘူး။

လုပ်ငန်းရှင်က
မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အတွက် ဖြစ်တယ်။

22/06/2026

SME အများစုက

"ဘယ်လောက်ရောင်းရမလဲ"

ကိုပဲ စဉ်းစားတတ်ကြတယ်။

ဒါပေမယ့်...

"ဘယ်တော့ ပေးရမလဲ"

ကိုလည်း စဉ်းစားရတယ်။

ဖောက်သည်ကို ရက် 60 နဲ့ အကြွေးပေးတယ်။

Supplier ကို ရက် 7 နဲ့ ပေးရတယ်။

ဒီကြားထဲမှာ
ဘယ်သူ့ငွေနဲ့ လည်ပတ်မလဲ?

Supplier Terms ကောင်းရင်

ကိုယ့်ငွေကို အချိန်ပိုကြာကြာ ကိုင်ထားနိုင်တယ်။

Cash Flow ကောင်းတဲ့
လုပ်ငန်းတွေက
ရောင်းတာတင် မဟုတ်ဘူး။

ပေးချေရမယ့် Terms တွေကိုပါ
စီမံတတ်တယ်။

22/06/2026

အမြတ်တော့ ပေါ်တယ်။

ဒါပေမယ့် ငွေမရသေးဘူး။

ဘာလို့လဲ?

ဖောက်သည်ဆီမှာ ပိတ်မိနေလို့။

ရောင်းပြီးပြီ။

Invoice ထုတ်ပြီးပြီ။

ဒါပေမယ့် Cash မရသေးဘူး။

Customer Credit များလေလေ
ကိုယ့်ငွေနဲ့ ကိုယ် ဖောက်သည်ကို
ငွေချေးပေးနေရသလို ဖြစ်လေလေ။

အရောင်းကောင်းတာထက်

ငွေဘယ်တော့ဝင်မလဲ ဆိုတာ ပိုအရေးကြီးတယ်။

22/06/2026

စီးပွားရေးလုပ်တာဆိုတာ…

ငွေနဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ရင်းပြီး
ငွေပိုတိုးအောင် လုပ်တာပါ။

ဒါပေမယ့်…

ငွေက ထွက်သွားပြီး
အချိန်တန်လည်း ကိုယ့်အိတ်ထဲ ပြန်မဝင်လာဘူး။

ဘာကြောင့်လဲ?

📌 Stock ထဲမှာ ပိတ်မိနေလို့လား?

📌 ဖောက်သည် အကြွေးထဲမှာ ရောက်နေလို့လား?

📌 မလိုအပ်တဲ့ အသုံးစရိတ်တွေထဲ စီးဆင်းနေလို့လား?

အမြတ်ဆိုတာ စာရင်းပေါ်က ဂဏန်းပါ။

Cash ဆိုတာ လုပ်ငန်းရဲ့ အသက်သွေးကြောပါ။

ငွေဘယ်ရောက်သွားလဲ မသိရင်
ပိုကြိုးစားလေလေ၊ ပိုပင်ပန်းလေလေ ဖြစ်နိုင်ပါတယ်။

21/06/2026

အမြတ်ရပေမယ့် ငွေမကျန်စေတဲ့ အမှား ၃ ခု

❌ Stock အများကြီး ဝယ်ထားခြင်း

ရောင်းမထွက်သေးတဲ့ ပစ္စည်းထဲမှာ
ငွေတွေ ပိတ်မိနေတယ်။

❌ ဖောက်သည် အကြွေး အရမ်းပေးထားခြင်း

အမြတ်တော့ ပေါ်တယ်။
ငွေက လက်ထဲ မရောက်သေးဘူး။

❌ Supplier ကို ငွေအရင်ချေခြင်း

ဖောက်သည်ဆီက ငွေမရသေးခင်
ကိုယ့်ဘက်က ငွေထွက်နေတယ်။

ငွေရှာတာထက်
ငွေစီးဆင်းမှုကို စီမံတာက ပိုအရေးကြီးတယ်။

အမြတ်က ကောင်းတဲ့ လုပ်ငန်းကို ပြတယ်။

Cash Flow ကတော့
ရှင်သန်နိုင်တဲ့ လုပ်ငန်းကို ပြတယ်။

21/06/2026

ငွေပြတ်တာက
ရောင်းမကောင်းလို့ မဟုတ်ဘူး။

Stock ထဲမှာ ငွေတွေ မြုပ်နေလို့ ဖြစ်နိုင်တယ်။

"ရောင်းကုန်မယ်" ဆိုပြီး
ပစ္စည်းတွေ အများကြီး ဝယ်ထားတယ်။

ဒါပေမယ့်...

ပစ္စည်းက ဂိုဒေါင်ထဲမှာ။

ငွေက Stock ထဲမှာ။

Cash က လက်ထဲမှာ မရှိတော့ဘူး။

Stock များတာက
ပိုင်ဆိုင်မှု များတာ မဟုတ်ဘူး။

တစ်ခါတလေ
Cash Flow ကို သတ်နေတာ ဖြစ်တယ်။

20/06/2026

လုပ်ငန်းအများစုက
အရင်းအနီးနည်းလို့
ခက်ခဲနေတာ မဟုတ်ဘူး

✅ ငွေပိုရှိလာဖို့

✅ အမြတ် ပိုရဖို့

✅ လုပ်ငန်း ရှင်သန်ဖို့

✅ လုပ်ငန်း ကြီးထွားဖို့

✅ စိတ်ဖိစီးမှု နည်းဖို့

ဆိုတာတွေကို
ငွေအရင်းအနှီးလုံလောက်ရင်
ဖြေရှင်းနိုင်မယ်လို
ထင်တတ်ကြတယ်။

တကယ်တော့...

ပြဿနာက
အရင်းအနှီး မဟုတ်ဘူး။
ငွေကို မစီမံတတ်တာ ဖြစ်တယ်။

ငွေစီမံမှုကောင်းရင်
ပြဿနာတော်တော်များများကို
ဖြေရှင်းနိုင်တယ်။

#ငွေကြေး #ငွေကြေးပညာ

20/06/2026

ရောင်းအား သိန်းထောင်ကျော်ရှိပြီး ငွေမကျန်ဘူးဆိုရင် #ငွေကြေး # #ငွေကြေးပညာ #အခမဲ့သင်တန်း

20/06/2026

ပြဿနာက Accounting Software
မရှိတာ မဟုတ်ဘူး။

Cashflow မမြင်တာ
ကိုယ်ပိုင်ငွေနဲ့ လုပ်ငန်းငွေ မခွဲထားတာ
Profit ရှိပေမယ့် Cash မကျန်တာ
Expansion လုပ်ချင်ပေမယ့်
ငွေဘယ်လောက်လိုမှန်း မသိတာ

ဒီလိုပြဿနာတွေအတွက်တော့
SME Finance Consultant,
Fractional CFO,
Financial Management Coach တွေက
ပိုအသုံးဝင်တယ်။

19/06/2026

ရင်းနှီးမှု လည်ပါတ်ငွေ

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

CNX
Chiang Mai
50000