Online Paperwork Assistance - O.P.A

Online Paperwork Assistance - O.P.A

Share

Translation, Thesis, Assignment, Office Writing Paperworks မှာ အခက်တွေ့နေ?

05/29/2026

🛑 ခေတ်သစ်ကမ္ဘာက ဆယ်ကျော်သက်တို့ရဲ့ လျှို့ဝှက်ချက်ကို ဖေဖေမေမေတို့ အမိအရ ဖမ်းဆုပ်နိုင်ပြီလား? 🌍⚠️

နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတဲ့ ယနေ့ခေတ်ကြီးမှာ တိုးတက်မှုအခွင့်အလမ်းတွေ နောက်ကွယ်မှာ မိဘတွေ မမြင်နိုင်တဲ့၊ ကလေးတွေ ဖွင့်မပြောရဲတဲ့ အန္တရာယ်တွေ၊ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိနေပါတယ်။

တက်ကြွလှုပ်ရှားတဲ့ မိမိတို့ရဲ့ ဖူးငုံဆယ်ကျော်သက်လေးတွေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ကင်းစင်ပြီး ကျန်းမာလှပတဲ့ ဗဟုသုတတွေနဲ့ စမတ်ကျကျ ကြီးပြင်းလာဖို့"ဘယ်လိုမှန်ကန်တဲ့ အသိပညာတွေ ဖြည့်ဆည်းပေးရမလဲ?"💡🧠

ဒီမေးခွန်းရဲ့ အဖြေကို ရှာဖွေဖို့ ရည်ရွယ်ပြီး Online Paperwork Assistance (O.P.A.) မှ Youth Training Field မှာ ၁၀ နှစ်နဲ့အထက် အတွေ့အကြုံရင့်ကျက်တဲ့ Expert (၃) ဦး က ဦးဆောင်ပြီး မရှိမဖြစ် လိုအပ်တဲ့ အထူးသင်တန်းလေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ! 🚀

🌟 𝐊𝐧𝐨𝐰 𝐘𝐨𝐮𝐫 𝐁𝐨𝐝𝐲, 𝐊𝐧𝐨𝐰 𝐘𝐨𝐮𝐫 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐬 𝐂𝐨𝐮𝐫𝐬𝐞 🌟

🎯Be Your Own Hero: ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ခံစားမှုကို အပြည့်အဝနားလည်ခြင်း
📘 Beyond Puberty: လူငယ်တို့ သိထားသင့်တဲ့ ဘဝလက်စွဲ
🚀 Master of My Changes:အပြောင်းအလဲတွေကို ကိုယ်တိုင်ပိုင်စိုးသူ
💪 Smart Teen, Strong Soul: စမတ်ကျတဲ့လူငယ်၊ သန်မာတဲ့ဝိညာဉ်
🌸 Beyond the Bloom: ဖူးငုံပွင့်လန်းခြင်းအလွန်... အနာဂတ်ရဲ့ ခေါင်းဆောင်ငယ်များဆီသို့

📚 ကျောင်းသား/မိဘတိုင်း သဘောကျမည့် ပြည့်စုံသော အထူးသင်ရိုးညွှန်းတမ်း

🧩 Part 1: Inside the Mirror (ခန္ဓာကိုယ်နှင့် စိတ်ခံစားမှုကို နားလည်ခြင်း)
တတ်စေရန်။
🩺 Part 2: Health & Discovery (ကျန်းမာရေးနှင့် မိမိကိုယ်ကို ကာကွယ်နိုင်မည့် သိပ္ပံနည်းကျ ဗဟုသုတ)
🤝 Part 3: The Art of Connection (လူမှုဆက်ဆံရေး အနုပညာနှင့် လူမှုပတ်ဝန်းကျင်)

💡ဒီသင်တန်းကို တက်ရောက်ပြီးရင် ကလေးတွေ ဘာတွေ ပြောင်းလဲသွားမလဲ?

1. ကိုယ့်ကိုယ်ကို ယုံကြည်မှု (Self-Esteem) မြင့်မားလာမယ်။
2. စိတ်ခံစားချက်တွေကို အလိုလို ထိန်းချုပ်လာနိုင်မယ်။
3. မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးရဲတဲ့ သားသမီးကောင်းလေးတွေ ဖြစ်လာမယ်။

📅 𝐂𝐥𝐚𝐬𝐬 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 & 𝐓𝐢𝐦𝐞𝐭𝐚𝐛𝐥𝐞

သင်တန်းကာလကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် ထိရောက်မှုရှိအောင် အတန်း (၂) တန်း ခွဲခြားသင်ကြားမှာဖြစ်ပါတယ်ရှင်။

🧒 Junior Class (အသက် ၉ နှစ် မှ ၁၂ နှစ်ထိ)
Time: 4:30 pm to 6:00 pm (Saturday & Sunday)

🧑 Senior Class (အသက် ၁၃ နှစ် မှ ၁၇ နှစ်ထိ)
Time: 7:00 pm to 8:30 pm (Saturday & Sunday)

🗓️ သင်တန်းကာလ: 30th May, 2026 မှ 14th June, 2026 ထိ

✨(Trainer-Parent Special Discussion Session ကိုလည်း 20th June, 2026 တွင် မိဘများနှင့် သီးသန့် ပြုလုပ်ပေးပါမည်)

💰 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐮𝐫𝐬𝐞 𝐅𝐞𝐞𝐬: 𝟏𝟎𝟎,𝟎𝟎𝟎 𝐌𝐌𝐊 တည်းသာ!
(ကလေးတစ်ယောက်ရဲ့ တစ်သက်တာ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံစိတ်ချမှုအတွက် အလွန်တန်ဖိုးရှိလှတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်)

🎁 **အတန်းတွင်း လူဦးရေ ကန့်သတ်ထားတာမို့ သားသမီးတို့ရဲ့ စိတ်ဓာတ်ခိုင်မာစမတ်ကျတဲ့ အနာဂတ်အတွက် အခုပဲ Page Messenger ကနေတစ်ဆင့် ချက်ချင်း စာရင်းပေးသွင်း ကျောင်းအပ်နှံလိုက်ပါနော်။

📲 အသေးစိတ်စုံစမ်းရန်:
Phone/ Viber/ Telegram : +959 794 271 349
Messenger: Online Paperwork Assistance - O.P.A

05/28/2026

ယနေ့ ကျရောက်တဲ့ အိဒ်နေ့မြတ် အခါသမယမှာ အစ္စလာမ်ဘာသာဝင် ညီအစ်ကို မောင်နှမများအားလုံး စိတ်ရောကိုယ်ပါ ငြိမ်းချမ်းသာယာပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဒီလို အထူးခြားဆုံး နေ့မြတ်လေးမှာ မိသားစုတွေ၊ ချစ်ရတဲ့သူတွေနဲ့အတူတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ 🤍

05/22/2026

ကလေးတို့ရဲ့ ခန္ဓာကိုယ်အကြောင်း မှန်မှန်ကန်ကန် သိနားလည်ဖို့ ဖွင့်လှစ်မယ့် O.P.A ရဲ့ "Know Your Body" အတန်းအတွက် Get to Know the Changes of Tweens and Teens - Webinar လေးကို ဖိတ်ခေါ်လိုက်ပါတယ်ရှင် 📣

ဒီ Webinar လေးမှာတော့
✅ဆယ်ကျော်သက်အကြိုကာလ နဲ့ ဆယ်ကျော်သက်အစောပိုင်းကာလတွေရဲ့ ပြောင်းလဲမှုတွေကို မိဘအုပ်ထိန်းသူတွေနဲ့ ဖူးငုံဆယ်ကျော်သက်လေးတွေ ဟန်ချက်ညီညီ ရင်ဆိုင်
နိုင်စေဖို့

✅မိဘတွေအနေနဲ့ဆယ်ကျော်သက်တို့ရဲ့အရေးနဲ့ပတ်သက်ပြီး သိလိုရာရာမေးမြန်းချက်လေးတွေကို ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။

Online Webinar လေးကိုတော့

🗓 ရက်စွဲ- 24th May နှင့် 28th May
⏰ အချိန် - 8:00 PM မှာ ကျင်းပသွားမှာဖြစ်ပြီး

"Know Your Body" အဓိက အတန်းကိုတော့ အောက်ပါအစီအစဉ်အတိုင်း စတင်သွားမှာဖြစ်ပါတယ်။

🚀 အတန်းစတင်မည့်ရက်- 30.5.2026 (စနေနေ့)
⏳ သင်တန်းကာလ- 3 Week Course
💡မိဘများနှင့် ဆရာ၊ ဆရာမများ တိုက်ရိုက်ဆွေးနွေးနိုင်မည့် 1 Hour Parent-Teacher Discussion Session ပါဝင်ပါမည်။

ကလေးတွေရဲ့ သင်ယူမှုခရီးစဉ်မစခင်မှာ မိဘတွေအနေနဲ့ အတန်းအကြောင်းကို သေချာနားလည်နိုင်ဖို့ ဒီ Orientation Day လေးကို မဖြစ်မနေ တက်ရောက်ဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

👉 Orientation Day တက်ရောက်ရန်နှင့် အသေးစိတ်စုံစမ်းရန်:

m.me/onlinepaperworkassistance မှ တစ်ဆင့် ယခုပဲ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

05/19/2026

👦👧 ကိုယ့်ခန္ဓာကိုယ်အကြောင်း သေချာနားလည်ဖို့ O.P.A ရဲ့ "Know Your Body" တန်းခွဲသစ် လာပါပြီ...📣

ကလေးတွေ အရွယ်ရောက်လာတာနဲ့အမျှ သူတို့ရဲ့ ခန္ဓာကိုယ်အကြောင်းကို မှန်မှန်ကန်ကန် သိနားလည်ဖို့နဲ့ မိမိကိုယ်ကို ကာကွယ်တတ်ဖို့ (Child Protection) ဆိုတာ အရမ်းကို အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လာပါပြီ။

ဒါတွေကို စနစ်တကျ သင်ကြားပေးနိုင်ဖို့ O.P.A ကနေ မေလအတွက် "Know Your Body" အတန်းလေးကို အသစ်ဖွင့်လှစ်ပေးလိုက်ပါတယ်။

ဒီအတန်းလေးကို သားသားမီးမီးတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးပိုင်းမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ဆရာ၊ ဆရာမ တွေက ဦးဆောင်သင်ကြားပေးသွားမှာပါ

သင်တန်းအသေးစိတ် အချက်အလက်များ
🗓 အတန်းစတင်မည့်ရက်: May 30 ရက် (စနေနေ့)
⏳ သင်တန်းကာလ: 3 Weeks Course
✨ ကလေးတွေရဲ့ သင်ယူလေ့လာမှုနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ ဆရာ၊ ဆရာမတွေ တိုက်ရိုက်ဆွေးနွေးနိုင်မယ့် "1 Hour Parent-Teacher Discussion Session" ကိုလည်း အထူးထည့်သွင်း စီစဉ်ပေးထားပါတယ်။

ကိုယ့်ကလေးကို ငယ်စဉ်ကတည်းက မှန်ကန်တဲ့ ဗဟုသုတတွေနဲ့ ပြုစုပျိုးထောင်ပေးချင်တဲ့ မေမေ ဖေဖေတို့အနေနဲ့ ဒီတန်းခွဲသစ်လေးကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီရှင်။

👉 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်သိရှိလိုပါက:
Page Messenger မှ တစ်ဆင့် ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

05/09/2026

O.P.A ရဲ့ လုပ်ငန်းခွဲ ZIGMA English Language Center ZELC ရဲ့ IGCSE English Past Paper Intensive Course လေး

⏰ **နောက်ဆုံး ၂၄ နာရီသာ ကျန်ပါတော့တယ်! IGCSE အိပ်မက်တွေ လက်လှမ်းမီဖို့ အခုပဲ ဆုံးဖြတ်လိုက်ပါ** ⏰

မနက်ဖြန် **May 10th (Sunday) ည ၁၂ နာရီ** မှာ **ZIGMA IGCSE English Intensive Course** ရဲ့ ကျောင်းအပ်လက်ခံမှု လုံးဝပိတ်သိမ်းပါတော့မယ်။

ဘာလို့ အခုချက်ချင်း အပ်သင့်တာလဲ?
* **May 11th (Monday)** မှာ အတန်းတွေ စတင်တော့မှာမို့ နောက်ကျကျန်ခဲ့လို့ မဖြစ်ပါဘူး။
* **၆ လတာ** သင်တန်းကာလလုံးစာအတွက် **၅ သိန်းကျပ်** တည်းနဲ့ (၂) ကြိမ်ခွဲပေးသွင်းနိုင်မယ့် အခွင့်အရေးရှိပါတယ်။
* **CIE EFL/ESL** နဲ့ **Edexcel ELB/ESL** ဆိုပြီး မိမိတက်ရောက်မယ့် Curriculum အလိုက် အချိန်ဇယားအတိအကျနဲ့ စနစ်တကျ Train ပေးသွားမှာပါ။

🔥 **Deadline မတိုင်မီ အမြန်ဆုံး စာရင်းပေးသွင်းဖို့ -**
ကျောင်းသားအမည်၊ ဖုန်းနံပါတ်နဲ့ Viber နံပါတ်တို့ကို အခုပဲ **Messenger (သို့မဟုတ်) Viber 09 794 271 349** သို့ ပေးပို့လိုက်ပါရှင်။

"အောင်မြင်မှုဆိုတာ အချိန်မီ ပြင်ဆင်နိုင်သူတွေအတွက်သာ ဖြစ်ပါတယ်" 🚀

04/30/2026

O.P.A ရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ ZIGMA English Language Center ZELC ကနေ ကြီးမှူးကျင်းပမဲ့ “Anything You Want to Know about IGCSE” Free Webinar လေးကို ဒီနေ့ညနေ ၅နာရီမှာ ဒုတိယရက်အဖြစ်ကျင်းပသွားမှာမို့ တက်ရောက်လိုသူများ Page Messenger တွင် စာရင်းပေးသွင်း၍ Meeting Link လေးများလာရောက်ထုတ်ယူနိုင်ပါတယ်ရှင်။

IGCSE နဲ့ပတ်သက်ပြီး သိချင်သမျှ မေးမြန်းနိုင်မယ့် "Anything You’d Like to Know about IGCSE” Webinar ရဲ့ Day 2 ကို ရောက်ရှိလို့လာပါပြီ📣

Day 1 မှာ မတက်ရောက်လိုက်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဖေဖေမေမေတို့အတွက် ဒီနေ့ကျင်းပမယ့် Day 2 လေးက နောက်ဆုံးအခွင့်အရေးပါပဲနော်။

ဒီ Webinar (Day 2) မှာလည်း အတွေ့အကြုံရင့် ဆရာမတွေဖြစ်တဲ့ Tr. Seint နဲ့ Tr. Zara တို့က IGCSE စာမေးပွဲနဲ့ ပတ်သက်ပြီး သိချင်တဲ့ မေးခွန်းတွေ၊ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကို Zoom Platform ကနေတစ်ဆင့် အသေးစိတ် ဆွေးနွေးဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
📌 Webinar - Day 2 အသေးစိတ် အချက်အလက်များ
• Speakers: Tr. Seint & Tr. Zara
• Date: 30th April 2026
• Time: 5:00 PM to 6:00 PM
• Platform: Zoom

IGCSE လမ်းကြောင်းကို ရွေးချယ်ဖို့ စဉ်းစားနေတယ်ဆိုရင် အခုပဲ ZIGMA Page Chat Box (Messenger) ကို ဆက်သွယ်ပြီး အခမဲ့ (Free) စာရင်းပေးသွင်း တက်ရောက်နိုင်ပါပြီရှင့်။ 👇

04/26/2026

O.P.A ရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ ZIGMA English Language Center ZELC ကနေ ကြီးမှူးကျင်းပမဲ့ “Anything You Want to Know about IGCSE” Free Webinar လေးကို ဒီနေ့ညနေ ၅နာရီမှာ ကျင်းပသွားမှာမို့ တက်ရောက်လိုသူများ Page Messenger တွင် စာရင်းပေးသွင်း၍ Meeting Link လေးများလာရောက်ထုတ်ယူနိုင်ပါတယ်ရှင်။

04/17/2026

မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ချစ်ခင်ရတဲ့ Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ဘေးဘယာတွေ ကင်းဝေးကြပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့အတူ ဆေးကြောပြီး၊ နှစ်သစ်မှာ ကောင်းကျိုးလိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။


Want your school to be the top-listed School/college in Miami?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Miami, FL

Opening Hours

Monday 9am - 3pm
Tuesday 9am - 3pm
Wednesday 9am - 3pm
Thursday 9am - 5pm
Friday 9am - 3pm
Saturday 9am - 5pm