09/06/2026
နိုင်ငံတကာအသိအမှတ်ပြု ပညာရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 ကို တက်ရောက်ဖို့ ပြင်ဆင်နေပြီဆိုရင် ပထမဆုံးအနေနဲ့ ကျောင်းရွေးချယ်မှုက အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပါပြီ။
ကိုယ်ပေးလိုက်ရတဲ့ အချိန်၊ ငွေကြေးနဲ့ ကြိုးစားမှုတွေအတွက် အကောင်းဆုံးရလဒ် ပြန်ရဖို့ဆိုရင် 𝐑𝐏𝐃𝐀 က သင့်အတွက် အမှန်ကန်ဆုံး အဖြေပဲ ဖြစ်မှာပါ။
ဘာကြောင့် 𝐀𝐁𝐄 𝐏𝐫𝐨𝐠𝐫𝐚𝐦 အတွက် 𝐑𝐏𝐃𝐀 ကို ရွေးချယ်သင့်တာလဲ❓
1️⃣အသက်သာဆုံး သင်တန်းကြေးနှင့် အရစ်ကျစနစ် 💰
အရည်အသွေးပြည့်ဝတဲ့ နိုင်ငံတကာအသိအမှတ်ပြု 𝐃𝐢𝐩𝐥𝐨𝐦𝐚 တစ်ခုကို ငွေကြေးဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲ သင်ယူနိုင်ဖို့အတွက် အသက်သာဆုံးနှင့် အတန်ဆုံး သင်တန်းကြေးနှုန်းထားများ ကို စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် သင်တန်းကြေးကို အရစ်ကျ ခွဲပေးသွင်းနိုင်တဲာကြောင့် မိဘများနှင့် ကျောင်းသားများ ငွေကြေးအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေပဲ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
2️⃣လူဦးရေ (𝟏𝟎) ဦးထက်မပိုသော 𝐂𝐥𝐚𝐬𝐬 များ
အတန်းထဲမှာ လူအများကြီးနဲ့ မွန်းကြပ်ပြီး ဆရာရှင်းပြတာကို သေချာနားမလည်ဘဲ ကျန်ခဲ့ရတဲ့ ခံစားချက်မျိုး 𝐑𝐏𝐃𝐀 မှာ လုံးဝမရှိစေရပါဘူး။ 𝐑𝐏𝐃𝐀 မှာဆိုရင် အတန်းတစ်တန်းကို အများဆုံး (၁၀) ဦးသာ ကန့်သတ်လက်ခံတာကြောင့် ဆရာနဲ့ ကျောင်းသားအကြား အနီးကပ်ဆုံး ဆွေးနွေးနိုင်ပြီး မရှင်းလင်းတာတွေကိုလည်း အချိန်မရွေး မေးမြန်းနိုင်လို့ သင်ကြားမှု ထိရောက်မှု အပြည့်ရှိပါတယ်။
3️⃣အတန်းချိန် ညှိနှိုင်းသင်ယူနိုင်ခြင်း (𝐅𝐥𝐞𝐱𝐢𝐛𝐥𝐞 𝐓𝐢𝐦𝐞𝐭𝐚𝐛𝐥𝐞) ⏰
အလုပ်တစ်ဖက်၊ တက္ကသိုလ်တစ်ဖက်နဲ့ အချိန်မအားလို့ စိုးရိမ်နေပါသလား❓
𝐑𝐏𝐃𝐀 မှာ ကျောင်းသားတွေရဲ့ အဆင်ပြေမယ့် အချိန်ပေါ်မူတည်ပြီး အတန်းချိန်များကို ညှိနှိုင်းသင်ကြားပေးတာကြောင့် မိမိတို့ရဲ့ နေ့စဉ်လူနေမှုဘဝကို မထိခိုက်စေဘဲ ပညာရေးလမ်းကြောင်းကိုလဲ ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
4️⃣𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐏𝐚𝐭𝐡𝐰𝐚𝐲 အတွက် 𝐎𝐧𝐞-𝐨𝐧-𝐎𝐧𝐞 သီးသန့်ဆွေးနွေးပေးခြင်း 🎯
ကျောင်းသားတစ်ဦးချင်းကို အသက်အရွယ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လိုအပ်ချက်ပေါ်မူတည်ပြီး ကိုက်ညီတဲ့ 𝐋𝐞𝐯𝐞𝐥၊ ပညာရေးလမ်းကြောင်းတွေကိုလဲ (အခမဲ့) တိုင်ပင်ဆွေးနွေးပေးပါတယ်။ ဒါတင်မကသေးဘဲ သင်တန်းပြီးသွားတဲ့ ရှေ့ဆက်လျှောက်ရမယ့် ပညာရေးလမ်းကြောင်း အဆင့်ဆင့်အတွက်ပါ (𝐎𝐧𝐞-𝐨𝐧-𝐎𝐧𝐞) အနီးကပ် လမ်းညွှန် အကြံပေးဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
5️⃣𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးခြင်း 💼
လက်တွေ့လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးရုံသာမက အနာဂတ် 𝐂𝐚𝐫𝐞𝐞𝐫 အတွက်လည်း ဆွေးနွေးတိုင်ပင်ပေးပြီး 𝐀𝐁𝐄 𝐋𝐞𝐯𝐞𝐥 တစ်ခုပြီးဆုံးသွားတာနဲ့ သက်ဆိုင်ရာအရည်အချင်းအလိုက် 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐢𝐧𝐭𝐲 တွေလည်းဖန်တီးပေးပါတယ်။
ဒါတွေတင်မကသေးပဲ လုပ်ငန်းခွင်အတွေ့အကြုံရော၊ စာတွေ့ပညာရပ်ပိုင်းမှာပါ ကျွမ်းကျင်နှံ့စပ်ပြီး သင်ကြားမှု ကောင်းမွန်သော လက်တွေ့နယ်ပယ်မှ ဝါရင့် ဆရာ/ဆရာမကြီးများ ကိုယ်တိုင် အနီးကပ် သင်ကြားပြသပေးတဲ့အပြင် စာမေးပွဲများနှင့် 𝐀𝐬𝐬𝐢𝐠𝐧𝐦𝐞𝐧𝐭 များ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်တဲ့ သင်ခန်းစာ 𝐑𝐞𝐯𝐢𝐞𝐰 များ၊ 𝐌𝐨𝐜𝐤 𝐄𝐱𝐚𝐦 များ ပြုလုပ်ပေးပြီး သေချာစွာ လေ့ကျင့်ပေးပါတယ်။
စတာတွေကြောင့် 𝐑𝐏𝐃𝐀 ဟာ 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 အတွက် စိတ်ချလက်ချ ရွေးချယ်သင့်တဲ့ ထိပ်တန်းကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။
𝐑𝐏𝐃𝐀 မှာဆိုရင် 𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞 အတွက်အတန်းတွေ မကြာခင်မှာစတင်ဖွင့်လှစ်တော့မှာမလို့ 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 ကိုရွေးချယ်ဖို့စဉ်းစားနေသူတွေအတွက် အသေးစိတ်ကို 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှဖြစ်စေ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်၍ဖြစ်စေ စုံစမ်းနိုင်ပြီး “𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞’’အတွက် အမြန်ဆုံးစာရင်းသွင်း အပ်နှံလိုက်ပါ။ 🤩
📞Contact Number : 09400926363, 09442642886
05/06/2026
🏆 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝟏𝟎𝟎% 𝐒𝐮𝐜𝐜𝐞𝐬𝐬! 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐎𝐮𝐫 𝐀𝐁𝐄 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬! 🎓🎉
𝐑𝐏𝐃𝐀 ရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ သတင်းကောင်းလေးတစ်ခု ❤️
𝐀𝐁𝐄 (𝐔𝐊) ရဲ့ 𝐎𝐟𝐪𝐮𝐚𝐥 𝐑𝐞𝐠𝐮𝐥𝐚𝐭𝐞𝐝 𝐌𝐚𝐫𝐜𝐡 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 ရဲ့ 𝐎𝐯𝐞𝐫𝐚𝐥𝐥 𝐏𝐚𝐬𝐬 𝐑𝐚𝐭𝐞 𝟖𝟖% မှာ ရဲ့ ကျောင်းသား၊ ကျောင်းသူ အားလုံး အောင်ချက် 𝟏𝟎𝟎% နဲ့ ဂုဏ်ယူစွာ အောင်မြင်ခဲ့ကြတဲ့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ။ 😍
"𝐃𝐢𝐬𝐭𝐢𝐧𝐜𝐭𝐢𝐨𝐧" နှင့် "𝐌𝐞𝐫𝐢𝐭 𝐆𝐫𝐚𝐝𝐞” အမှတ်ကောင်းများစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြရုံသာမက၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားအားလုံး အောင်မြင်ခဲ့ကြလို့ ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ဦးတစ်ယောက်ချင်းစီကို မှ အမှတ်တရ ဂုဏ်ပြုလိုက်ပါတယ် 👏✨
ဒီထက်မက အောင်မြင်မှုပန်းတိုင်များကိုလည်း ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ❤️
မကြာခင်မှာ RPDA ရဲ့ 𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞 အတန်းတွေစတင်တော့မှာဖြစ်လို့ 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 ကို စိတ်ဝင်စားပြီး လျှောက်လှမ်းချင်သူတွေအနေနဲ့ အမြန်ဆုံးလာရောက်စုံစမ်းပြီး 𝐈𝐧𝐭𝐚𝐤𝐞 အသစ်အတွက် စာရင်းပေးသွင်းလိုက်တော့နော် ❤️
𝐀𝐁𝐄 𝐏𝐫𝐨𝐠𝐫𝐚𝐦 အတွက် 𝐑𝐏𝐃𝐀 ကိုဘာကြောင့်ရွေးချယ်သင့်လဲဆိုရင်
✅ အသက်သာဆုံး သင်တန်းကြေးနှုန်းထားရှိခြင်း
✅လူဦးရေ (𝟏𝟎)ဦးထပ် မပိုသော 𝐂𝐥𝐚𝐬𝐬 များဖြင့် သင်ကြားပေးတာကြောင့် သင်ကြားမှူထိရောက်ပြီး ဆရာနှင့်အနီးကပ်ဆွေးနွေးနိုင်ခြင်း
✅အချိန်ကိုညှိနှိုင်းသင်ကြားနိုင်ခြင်း
✅𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐏𝐚𝐭𝐡𝐰𝐚𝐲 အတွက် 𝐎𝐧𝐞-𝐨𝐧-𝐎𝐧𝐞 ဆွေးနွေးတိုင်ပင်ပေးခြင်း
✅𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 အလုပ်အကိုင်အခွင့်အလမ်းများပါ ချိတ်ဆက်ပေးခြင်း
စတာတွေကြောင့် 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 အတွက်ဆို ရွေးချယ်သင့်တဲ့ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။
အရည်အသွေးစစ်မှန်ပြီး အင်္ဂလန်နိုင်ငံ အစိုးရအသိအမှတ်ပြု 𝐎𝐟𝐪𝐮𝐚𝐥 𝐑𝐞𝐠𝐮𝐥𝐚𝐭𝐞𝐝 𝐃𝐢𝐩𝐥𝐨𝐦𝐚 များကို 𝐑𝐏𝐃𝐀 မှာ တက်ရောက်ပြီး မိမိတို့ရဲ့ 𝐂𝐚𝐫𝐞𝐞𝐫 လမ်းကြောင်းကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ 𝐈𝐧𝐭𝐚𝐤𝐞 အသစ်များကို ပုံမှန်ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 🏅
Contact Information:
📞 Phone: 09 40092 6363, 09 44264 2886
26/05/2026
နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐠𝐫𝐞𝐞) တစ်ခု ရယူဖို့က လူငယ်တိုင်းရဲ့ အိမ်မက်တစ်ခုပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း လခတွေ၊ နေထိုင်စားသောက်စရိတ်တွေနဲ့ လေယာဉ်လက်မှတ်ခတွေကို တွက်ချက်လိုက်တဲ့အခါ စိတ်ဓာတ်ကျသွားရတာမျိုး ရှိဖူးပါသလား ❓
"ပိုက်ဆံအများကြီးမသုံးနိုင်ရင် နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ မရနိုင်တော့ဘူးလား..."🤔❓
ဒီမေးခွန်းအတွက် အဖြေကတော့ "ရနိုင်ပါတယ်"။ ✅
အခုခေတ်မှာ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တစ်ခု ရရှိဖို့အတွက် သိန်းရာချီ၊ ထောင်ချီအကုန်ခံပြီး နိုင်ငံရပ်ခြားအထိ သွားတက်ဖို့ မလိုတော့ပါဘူး။ မိမိအိမ်ကနေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲဖြစ်ဖြစ် အချိန်နဲ့ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ နိုင်ငံတကာအသိအမှတ်ပြု 𝐔𝐊 𝐃𝐢𝐩𝐥𝐨𝐦𝐚 တွေကနေတစ်ဆင့် 𝐔𝐊 မှ 𝐑𝐚𝐧𝐤𝐢𝐧𝐠 မြင့် တက္ကသိုလ်ကြီးတွေရဲ့ 𝐅𝐢𝐧𝐚𝐥 𝐘𝐞𝐚𝐫 (𝐓𝐨𝐩-𝐮𝐩 𝐃𝐞𝐠𝐫𝐞𝐞) အထိ တိုက်ရိုက်တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိနေပါပြီ။ 🌏🎓
ဒါကတော့ 𝐔𝐊 နိုင်ငံရဲ့ အစိုးရအသိအမှတ်ပြုအဖွဲ့အစည်းဖြစ်တဲ့ 𝐎𝐟𝐪𝐮𝐚𝐥 𝐑𝐞𝐠𝐮𝐥𝐚𝐭𝐞𝐝 𝐀𝐁𝐄 𝐏𝐫𝐨𝐠𝐫𝐚𝐦 ပဲ ဖြစ်ပါတယ်။ အခုဆိုရင် 𝐑𝐏𝐃𝐀 ကျောင်းမှာ "𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞" တန်းခွဲသစ်တွေကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
🧐 ဘာကြောင့် 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 ကို ရွေးချယ်သင့်တာလဲ ❓
ယခုခေတ် စီးပွားရေးနယ်ပယ်မှာ အောင်မြင်ဖို့အတွက် 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐒𝐤𝐢𝐥𝐥𝐬, 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 တွေသာမက 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥𝐬 & 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 တွေကိုပါ ပိုင်ဆိုင်ထားဖို့ လိုအပ်လာပါပြီ။ 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 ဟာဆိုရင်
🔺𝐔𝐊 အစိုးရအသိအမှတ်ပြု (𝐎𝐟𝐪𝐮𝐚𝐥 𝐑𝐞𝐠𝐮𝐥𝐚𝐭𝐞𝐝): အရည်အသွေးစစ်ဆေးမှုကို အပြည့်အဝခံယူထားတဲ့ 𝐃𝐢𝐩𝐥𝐨𝐦𝐚 များဖြစ်လို့ နိုင်ငံတကာမှာပါ လက်တွေ့အသုံးချနိုင်တဲ့ အဆင့်မြင့် 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 တစ်ခု ဖြစ်ပါတယ်။
🔺ကုန်ကျစရိတ်သက်သာခြင်း (𝐂𝐨𝐬𝐭-𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞): နိုင်ငံခြားသွားစရာမလိုဘဲ နိုင်ငံတကာဘွဲ့ကို ရယူရင်း အလုပ်လုပ်ချင်တဲ့ ကျောင်းသား/သူတွေအတွက် အသင့်တော်ဆုံး လမ်းကြောင်း ဖြစ်ပါတယ်။
🔺𝐔𝐊 နိုင်ငံ တက္ကသိုလ်များရဲ့ 𝐅𝐢𝐧𝐚𝐥 𝐘𝐞𝐚𝐫 သို့ တိုက်ရိုက်တက်ရောက်နိုင်ခြင်း : 𝐆𝐫𝐚𝐝𝐞-𝟏𝟐 (သို့) 𝐌𝐚𝐭𝐫𝐢𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧 အောင်မြင်ပြီးသူများ၊ 𝐈𝐆𝐂𝐒𝐄/𝐆𝐄𝐃 ဖြေဆိုထားသူများအနေနဲ့ မိမိရဲ့ ပညာအရည်အချင်းအလိုက် 𝐀𝐁𝐄 𝐋𝐞𝐯𝐞𝐥 𝟑 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှစတင်၍ 𝐋𝐞𝐯𝐞𝐥 𝟒, 𝟓 & 𝟔 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 အထိ သင်တော်တဲ့ 𝐋𝐞𝐯𝐞𝐥 အလိုက် အဆင့်ဆင့် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
🎓 𝐀𝐁𝐄 တက်မယ်ဆိုရင် ဘာကြောင့် ကို ရွေးချယ်သင့်တာလဲ။
ကျောင်းသက်တမ်း (၈)နှစ်ကျော်အတွင်း အောင်မြင်တဲ့ 𝐀𝐁𝐄 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞𝐬 များစွာနဲ့ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ 𝐑𝐏𝐃𝐀 မှာ ဘာကြောင့်တက်ရောက်သင့်လဲဆိုရင် -
💸 မြန်မာနိုင်ငံရှိ 𝐀𝐁𝐄 သင်တန်းကျောင်းတွေထဲမှာ သင်တန်းကြေးနှုန်းထား အသက်သာဆုံးဖြစ်ရုံတင်မကဘဲ ကျောင်းသားမိဘများ အဆင်ပြေစေရန် အရစ်ကျစနစ်ဖြင့်ပါ တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။
🏆 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 & 𝐃𝐞𝐜𝐢𝐬𝐢𝐨𝐧-𝐌𝐚𝐤𝐢𝐧𝐠 ဘာသာရပ်မှာ ကမ္ဘာ့အမှတ်အများဆုံး ဆုရှင် "𝐓𝐨𝐩 🎖️ 𝐏𝐚𝐩𝐞𝐫 𝐀𝐰𝐚𝐫𝐝 𝐖𝐢𝐧𝐧𝐞𝐫🎖️" (၂) ဦး အပြင် အောင်မြင်တဲ့ 𝐀𝐁𝐄 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 များစွာကိုလဲ မွေးထုတ်ပေးနိုင်ခဲ့လို့ သင်ကြားမှုပိုင်းမှာ 𝟏𝟎𝟎% စိတ်ချရပါတယ်။ 💯
💼 ABE Level တစ်ခု ပြီးဆုံးသွားတာနဲ့ သက်ဆိုင်ရာ အရည်အချင်းအလိုက် လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်နိုင်ဖို့ 𝐈𝐧𝐭𝐞𝐫𝐬𝐡𝐢𝐩 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 (အလုပ်သင်အခွင့်အရေး) တွေကိုပါ ဖန်တီးပေးပါတယ်။
🧑🏫ကျောင်းသားတစ်ဦးချင်းစီရဲ့ ပညာအရည်အချင်း၊ အသက်အရွယ်၊ လုပ်ငန်းအတွေ့အကြုံပေါ် မူတည်ပြီး မိမိနဲ့ အသင့်တော်ဆုံး 𝐋𝐞𝐯𝐞𝐥 ကနေ စတင်တက်ရောက်နိုင်ဖို့ ဆရာနဲ့ တိုက်ရိုက် အသေးစိတ် ဆွေးနွေးတိုင်ပင်ပေးနေတာကြောင့်
𝐑𝐏𝐃𝐀 ဟာ 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 အတွက်ဆိုရင် အရွေးချယ်သင့်ဆုံး ကျောင်းတစ်ကျောင်းဖြစ်ပါတယ် 💯
📌 𝐋𝐞𝐯𝐞𝐥 တစ်ခုချင်းစီအလိုက် ဘယ်လိုလူတွေအတွက် သင့်တော်လဲ၊ ဘယ်လိုဘာသာရပ်တွေ သင်ကြားရမလဲဆိုတာကိုတော့ ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။ 👇
မိမိနဲ့ ကိုက်ညီမယ့်အတန်းကို အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ဖို့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှဖြစ်စေ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်၍ဖြစ်စေ စုံစမ်းနိုင်ပြီး “𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞’’အတွက် အမြန်ဆုံးစာရင်းသွင်း အပ်နှံလိုက်ပါ။ 🤩
📞Contact Number : 09400926363, 09442642886
24/05/2026
𝐑𝐏𝐃𝐀 မှ ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသော ပညာရေးဝန်ဆောင်မှုများအတွက် အောက်ပါဝန်ထမ်းများ အလိုရှိသည်။
𝐓𝐫𝐚𝐢𝐧𝐞𝐫𝐬 များအနေနဲ့ 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 ဖြစ်စေ၊ 𝐎𝐧𝐥𝐢𝐧𝐞 မှဖြစ်စေ 𝐁𝐥𝐞𝐧𝐝𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 များကို ရန်ကုန်နှင့် ပုသိမ်မြို့များတွင် သင်ကြားရမည်ဖြစ်သည်။
𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 & 𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐓𝐫𝐚𝐢𝐧𝐞𝐫 (𝐏𝐚𝐫𝐭 𝐓𝐢𝐦𝐞 / 𝐅𝐮𝐥𝐥 𝐓𝐢𝐦𝐞) - 𝟏 𝐏𝐨𝐬𝐭
🔺သက်ဆိုင်ရာတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
🔺LCCI Level 3 (UK) သို့မဟုတ် ACCA Level 2 Foundation or Others Equivalent Diploma အောင်မြင်ပြီးစီးထားသူ ဖြစ်ရမည်။
🔺လုပ်ငန်းအတွေ့အကြုံရှိသူများအား ဦးစားပေးရွေးချယ်မည်။
🔺Computer နှင့် Google Workspace တို့အား ကောင်းမွန်စွာ အသုံးပြုတတ်ရမည်။
🔺ဝန်ဆောင်မှုလုပ်ငန်းဖြစ်သောကြောင့် Communication ကောင်းမွန်ပြီး Service Mindset ရှိရမည်။
𝐄𝐧𝐠𝐥𝐢𝐬𝐡 𝟒 𝐒𝐤𝐢𝐥𝐥𝐬 𝐓𝐫𝐚𝐢𝐧𝐞𝐫 (𝐏𝐚𝐫𝐭 𝐓𝐢𝐦𝐞 / 𝐅𝐮𝐥𝐥 𝐓𝐢𝐦𝐞) - 𝟏𝐏𝐨𝐬𝐭
🔺သက်ဆိုင်ရာတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
🔺TKT or TESOL qualification is strongly preferred
🔺Computer နှင့် Google Workspace တို့အား ကောင်းမွန်စွာ အသုံးပြုတတ်ရမည်။
🔺လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးရွေးချယ်မည်။
🔺Lesson Plans များအား စနစ်တကျ ရေးဆွဲနိုင်ရမည်။
🔺ဝန်ဆောင်မှုလုပ်ငန်းဖြစ်သောကြောင့် Communication ကောင်းမွန်ပြီး Service Mindset ရှိရမည်။
𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞/ 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐬 𝐓𝐫𝐚𝐢𝐧𝐞𝐫𝐬 (𝐏𝐚𝐫𝐭 𝐓𝐢𝐦𝐞 / 𝐅𝐮𝐥𝐥 𝐓𝐢𝐦𝐞)
သက်ဆိုင်ရာဘာသာစကားသင်ကြားမှု အတွေ့အကြုံ (သို့မဟုတ်) လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချခဲ့သည့် အတွေ့အကြုံရှိသူ ဖြစ်ရမည်။
🔺ဆက်ဆံရေးကောင်းမွန်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းရှိသူ ဖြစ်ရမည်။
🔺မိမိ၏ အရည်အချင်းကို အမြဲမပြတ် လေ့လာဆည်းပူးလိုစိတ်ရှိပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
🔺ဝန်ဆောင်မှုလုပ်ငန်းဖြစ်သောကြောင့် Communication ကောင်းမွန်ပြီး Service Mindset ရှိရမည်။
အလုပ်လျှောက်ထားမည့်သူများ ဖတ်ရန်📌
📌ပညာကိုတန်ဖိုးထားပြီး အလုပ်နှင့် ရေရှည်လက်တွဲ တိုးတက်လိုသူများသာ လျှောက်ထားစေလိုပါသည်။
📌သင်ကြားရေးပိုင်း Trainer Position ကို လျှောက်ထားလိုသူများအနေဖြင့် ပညာရေးနှင့် သင်ကြားရေးပိုင်းကို စိတ်ဝင်စားသူများသာ လျှောက်ထားစေလိုပါသည်။
📌Cv နှင့် Cover Letter များကို ပြင်ဆင်၍ ကျောင်းသို့လူကိုယ်တိုင်ဖြစ်စေ (သို့) Viber ကဖြစ်စေ လျှောက်ထားနိုင်ပါသည်။
📌Interview အတွက်ရွေးချယ်ခံရပါက လူကိုယ်တိုင် လာရောက်ဖြေဆိုရမည် ဖြစ်ပါသည်။
လျှောက်ထားလိုသူများအနေဖြင့် CV နှင့် Cover Letter များကို Viber Phone - 09400926363 (or) [email protected] သို့ မျှော်မှန်းလစာနှင့်အတူ ပေးပို့လျှောက်ထားနိုင်ပါသည်။
17/05/2026
𝐆𝐫𝐚𝐝𝐞 𝟏𝟐 ဖြေဆိုပြီးသွားတဲ့ လူငယ်တွေအတွက် အခုအချိန်ဟာ စိတ်အပန်းဖြေရမယ့် အချိန်ဖြစ်သလို "ရှေ့ဆက် ဘာလုပ်မလဲ၊ ဘယ်လမ်းကြောင်းကို ရွေးမလဲ" ဆိုတာ ဝေခွဲမရ ဖြစ်နေတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအတိုင်းပဲ အချိန်တွေ ကုန်ဆုံးသွားမှာလား❓
ဒါမှမဟုတ် တခြားသူတွေထက် ခြေတစ်လှမ်း အရင်သာအောင် အနာဂတ်အတွက် လမ်းစရှာမလား❓
ဒီနေ့မှာတော့ 𝐆𝐫𝐚𝐝𝐞 𝟏𝟐 ပြီးတာနဲ့ 𝐔𝐊 စီးပွားရေးဘွဲ့ 𝐁𝐀 (𝐇𝐨𝐧𝐬) ရယူနိုင်တဲ့အပြင် လက်ရှိ ပညာရေးလောကမှာ ခေတ်အမီဆုံးနဲ့ ရွေးချယ်ပေးသင့်ဆုံးဖြစ်တဲ့ "𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲" အကြောင်းကို မျှဝေပေးချင်ပါတယ် 🤗
🔹 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 ဆိုတာ ဘာလဲ❓
အရှင်းဆုံး ပြောရရင်တော့ ဗြိတိန်နိုင်ငံ (𝐔𝐊) ရဲ့ အစိုးရအသိအမှတ်ပြု အဖွဲ့အစည်း 𝐎𝐟𝐪𝐮𝐚𝐥 ကနေ သတ်မှတ်ထားတဲ့ ပညာရေးလမ်းကြောင်းပါ။ အချိန်တိုအတွင်းမှာ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ နိုင်ငံတကာအဆင့်မီ စီးပွားရေးဘွဲ့ကို ရယူနိုင်မယ့် လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
🔹 𝐆𝐫𝐚𝐝𝐞 𝟏𝟐 ပြီးသူတွေအတွက် ဘာကြောင့် အသင့်တော်ဆုံးလဲ?
🔺တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) 𝐈𝐆𝐂𝐒𝐄, 𝐆𝐄𝐃 ပြီးဆုံးထားတဲ့ လူငယ်တွေအနေနဲ့ Foundation အဆင့်တွေကိုကျော်ပြီး 𝐀𝐁𝐄 𝐋𝐞𝐯𝐞𝐥 𝟒 ကနေ စတင်ပြီး ပညာသင်ယူနိုင်ပါတယ်။
🔺𝐓𝐢𝐦𝐞 𝐒𝐚𝐯𝐢𝐧𝐠: တက္ကသိုလ် တက်နေရမယ့် အချိန်တွေကို ချုံ့လိုက်ပြီး အချိန် (၃-၄) နှစ်ဝန်းကျင်အတွင်းမှာတင် 𝐋𝐞𝐯𝐞𝐥 𝟔 အထိ ပြီးမြောက်နိုင်ပါတယ်။
🔺𝐂𝐨𝐬𝐭 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞: 𝐔𝐊 ကို တိုက်ရိုက်သွားတက်ရမယ့် ကုန်ကျစရိတ်ထက် အဆပေါင်းများစွာ သက်သာစွာနဲ့ နိုင်ငံတကာအဆင့်မီ ပညာရေးကို ရယူနိုင်ပါတယ်။
🔺𝐆𝐥𝐨𝐛𝐚𝐥 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲: 𝐋𝐞𝐯𝐞𝐥 𝟒 နဲ့ 𝟓 (𝟐𝟒𝟎 𝐂𝐫𝐞𝐝𝐢𝐭𝐬) ပြီးတာနဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐇𝐞𝐫𝐭𝐟𝐨𝐫𝐝𝐬𝐡𝐢𝐫𝐞 လိုမျိုး နာမည်ကြီး တက္ကသိုလ်မှာ ဘွဲ့အတန်းကို တိုက်ရိုက် တက်ရောက်နိုင်မှာပါ။ အခြားတက္ကသိုလ်တွေဆီမှာ ပြောင်းလဲတက်မယ်ဆိုရင်လဲ 𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 လုပ်ပြီး ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ တက်ရောက်နိုင်ပါတယ်။
🔺𝐂𝐚𝐫𝐞𝐞𝐫 𝐆𝐫𝐨𝐰𝐭𝐡: ဘွဲ့ရမှ အလုပ်ရှာတာ မဟုတ်ဘဲ 𝐋𝐞𝐯𝐞𝐥 တစ်ခုချင်းစီ အောင်မြင်တိုင်းမှာ ကိုယ့်ရဲ့ အရည်အချင်းအလိုက် အလုပ်အကိုင် အခွင့်အလမ်းတွေက ပွင့်လင်းလာမှာ ဖြစ်ပါတယ်။
အနာဂတ်ဆိုတာ ကြိုတင်ပြင်ဆင်ထားသူတွေအတွက်သာ ဖြစ်ပါတယ်။ မိမိရဲ့ ပညာရေးလမ်းကြောင်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်စေဖို့ 𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲 အကြောင်းကို အသေးစိတ်သိရှိလိုပါက
📞Contact Number : 09 400926363, 09 442642886
သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
07/05/2026
𝐀𝐁𝐄 ရဲ့ 𝐓𝐢𝐦𝐞𝐝 𝐄𝐱𝐚𝐦 ဆိုတာ စာအုပ်ဖွင့်ကြည့်ခွင့်မရှိတဲ့ (𝐂𝐥𝐨𝐬𝐞𝐝-𝐛𝐨𝐨𝐤) အပြင်၊ မေးခွန်း ၄-၅ ခုကိုပဲ 𝐏𝐚𝐫𝐚𝐠𝐫𝐚𝐩𝐡 လိုက် စနစ်တကျ ဖြေဆိုရတာမျိုး ဖြစ်ပါတယ်။ ဒီတော့ စာမေးပွဲခန်းထဲမှာ အချိန်မလောက်တာမျိုးမဖြစ်ဘဲ 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 အပြည့်နဲ့ ဖြေနိုင်ဖို့ 𝐒𝐭𝐮𝐝𝐲 𝐓𝐢𝐩𝐬 လေးတွေကို 𝐀𝐁𝐄 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 လေးတွေအတွက် မျှဝေပေးလိုက်ပါတယ် 🤗
🔺𝐂𝐨𝐦𝐦𝐚𝐧𝐝 𝐕𝐞𝐫𝐛𝐬 တွေကို ပိုင်နိုင်အောင်လုပ်ပါ ✍️
𝐀𝐁𝐄 မေးခွန်းတွေမှာ “𝐃𝐢𝐬𝐜𝐮𝐬𝐬, 𝐀𝐧𝐚𝐥𝐲𝐳𝐞, 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐞’’ စတဲ့ စကားလုံးတွေက သင့်ကို ဘယ်လောက်အထိ အတိမ်အနက် ရေးစေချင်တာလဲဆိုတာကို ညွှန်းဆိုနေတာပါ။ ဥပမာ - ‘𝐄𝐯𝐚𝐥𝐮𝐚𝐭𝐞’ လို့ မေးလာရင် ကောင်းကွက်၊ ဆိုးကွက် နှစ်ဖက်လုံးကို ချိန်ဆပြီး ကိုယ်ပိုင်သုံးသပ်ချက်ပါမှ အမှတ်ပြည့်ရမှာ ဖြစ်ပါတယ်။
🔺အလွတ်ကျက်မယ့်အစား 𝐀𝐜𝐭𝐢𝐯𝐞 𝐑𝐞𝐜𝐚𝐥𝐥 ကို သုံးပါ 🧠
𝐏𝐚𝐫𝐚𝐠𝐫𝐚𝐩𝐡 လိုက် ဖြေရမှာဖြစ်လို့ စာအုပ်ကြီးအတိုင်း အလွတ်ကျက်နေရင် မေ့သွားတတ်ပါတယ်။ စာအုပ်ကို ပိတ်ပြီး ကိုယ်နားလည်သလို စာရွက်ပေါ်မှာ 𝐏𝐚𝐫𝐚𝐠𝐫𝐚𝐩𝐡 လိုက် ပြန်ချရေးလေ့ကျင့်ပါ။ ဒီနည်းလမ်းက စာမေးပွဲခန်းထဲမှာ စာအုပ်မရှိဘဲ အဖြေထုတ်ရမယ့် ဦးနှောက်ရဲ့ 𝐋𝐨𝐠𝐢𝐜 ကို ကြိုတင်လေ့ကျင့်ပေးရာ ရောက်ပါတယ်။
ဒါ့အပြင် Active Recall ကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ဆိုရင် သင်ကြားထားတဲ့ အကြောင်းအရာတွေကို ကိုယ်ပိုင်ဟန်နဲ့ စနစ်တကျ မှတ်စုထုတ်တတ်ဖို့ (Note Taking) လည်း လိုအပ်ပါတယ်။ သင်ခန်းစာရဲ့ အဓိက Key Points တွေကို Note သေချာထုတ်ထားမှသာ ဦးနှောက်ထဲမှာ ပြန်လည် Recall လုပ်ရတာ ပိုမိုမြန်ဆန်ပြီး စာမေးပွဲခန်းထဲမှာ အခက်အခဲမရှိ ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။
🔺 𝐊𝐞𝐲 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤𝐬 နဲ့ 𝐌𝐨𝐝𝐞𝐥𝐬 တွေကို 𝐈𝐧𝐝𝐞𝐱 လုပ်ထားပါ 📊
𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐡𝐞𝐨𝐫𝐢𝐞𝐬 တွေ (ဥပမာ - 𝐒𝐖𝐎𝐓, 𝐏𝐄𝐒𝐓𝐋𝐄, 𝐌𝐚𝐬𝐥𝐨𝐰’𝐬 𝐇𝐢𝐞𝐫𝐚𝐫𝐜𝐡𝐲) ကို ပုံစံတူ 𝐕𝐢𝐬𝐮𝐚𝐥 တွေနဲ့ တွဲမှတ်ပါ။ စာမေးပွဲဖြေတဲ့အခါ 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 တစ်ခုကို ခေါင်းထဲမှာ ပုံဖော်လိုက်တာနဲ့ 𝐏𝐚𝐫𝐚𝐠𝐫𝐚𝐩𝐡 စီဖို့အတွက် အဓိကအချက်တွေ (𝐌𝐚𝐢𝐧 𝐩𝐨𝐢𝐧𝐭𝐬) က သူ့အလိုလို ထွက်လာပါလိမ့်မယ်။
🔺𝐑𝐞𝐚𝐥-𝐰𝐨𝐫𝐥𝐝 𝐄𝐱𝐚𝐦𝐩𝐥𝐞𝐬 များ ရှာထားပါ 🌍
စာအုပ်ထဲက 𝐓𝐡𝐞𝐨𝐫𝐲 ချည်းပဲ ရေးတာထက် လက်တွေ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 လောကက သာဓကတွေကို ထည့်ရေးနိုင်လေ အမှတ်ပိုရလေပါပဲ။ မိမိဖြေရမယ့် ဘာသာရပ်နဲ့ဆိုင်တဲ့ ကုမ္ပဏီတွေရဲ့ အကြောင်းကို ကြိုတင်ဖတ်ရှုထားပြီး အဖြေထဲမှာ ထည့်သွင်းအသုံးချပါ။
🔺အချိန်သတ်မှတ်ပြီး (𝐌𝐨𝐜𝐤 𝐓𝐞𝐬𝐭) လေ့ကျင့်ပါ ⏱️
မေးခွန်းဟောင်းတွေကို အချိန်မှတ်ပြီး (ဥပမာ - ၃ နာရီအတွင်း အပြီး) ကိုယ်တိုင် လက်ရေးနဲ့ ချရေးကြည့်ပါ။ ဒါက စာမေးပွဲခန်းထဲက 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ကို ကြိုတင်ယဉ်ပါးစေသလို၊ မေးခွန်း ၄-၅ ခုအတွက် အချိန်ဘယ်လောက် ခွဲသုံးရမလဲဆိုတာကိုပါ သိသွားစေပါတယ်။
🔺ဒီအချက်တွေအပြင် အဖြေရေးတဲ့အခါ 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 -> 𝐌𝐚𝐢𝐧 𝐁𝐨𝐝𝐲 -> 𝐂𝐨𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧 ဆိုတဲ့ 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 အတိုင်း သေသပ်အောင် ရေးသားဖို့ မမေ့ပါနဲ့။ စာကြောင်း အချိတ်အဆက် (𝐓𝐫𝐚𝐧𝐬𝐢𝐭𝐢𝐨𝐧 𝐖𝐨𝐫𝐝𝐬) လေးတွေဖြစ်တဲ့ “𝐅𝐮𝐫𝐭𝐡𝐞𝐫𝐦𝐨𝐫𝐞’’, "𝐈𝐧 𝐜𝐨𝐧𝐭𝐫𝐚𝐬𝐭", "𝐂𝐨𝐧𝐬𝐞𝐪𝐮𝐞𝐧𝐭𝐥𝐲", "𝐇𝐨𝐰𝐞𝐯𝐞𝐫" စတာလေးတွေကိုသုံးပြီး 𝐏𝐚𝐫𝐚𝐠𝐫𝐚𝐩𝐡 တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပုံကို ကြိုတင်လေ့ကျင့်ထားပါ။ ဒါက ကိုယ့်ရဲ့ အဖြေကို 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ပိုဆန်စေပါတယ်။
ဒီ 𝐓𝐢𝐩𝐬 လေးတွေအတိုင်း လေ့လာကြည့်ပြီး 𝐀𝐁𝐄 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 လေးတွေအနေနဲ့ 𝐓𝐢𝐦𝐞𝐝 𝐄𝐱𝐚𝐦 မှာ 𝐒𝐭𝐫𝐞𝐬𝐬 မရှိပဲ အမှတ်ကောင်းကောင်းရဖို့ မျှော်လင့်ပါတယ် 🤗❤️
20/04/2026
𝐌𝐞𝐞𝐭 𝐎𝐮𝐫 𝐀𝐁𝐄 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 ❤️
𝐌𝐫. 𝐀𝐮𝐧𝐠 𝐊𝐚𝐮𝐧𝐠 𝐊𝐡𝐚𝐧𝐭 ဟာဆိုရင် 𝐑𝐏𝐃𝐀 မှာ 𝐀𝐁𝐄 𝐋𝐞𝐯𝐞𝐥 𝟒 ကိုတက်ရောက်နေတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။
𝐑𝐏𝐃𝐀 နဲ့ပတ်သတ်ပြီး 𝐌𝐫. 𝐀𝐮𝐧𝐠 𝐊𝐚𝐮𝐧𝐠 𝐊𝐡𝐚𝐧𝐭 ရဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
“ဆရာ၊ ဆရာမတွေက သင်ကြားတဲ့ စာတွေကို သေချာရှင်းပြပေးပြီး သိချင်တာတွေကိုလည်း လွတ်လွတ်လပ်လပ် မေးလို့ရတော့ လေ့လာနေတဲ့စာတွေကို ပိုပြီး နားလည်ရပါတယ်။
Assignment ရေးဖို့အတွက်ကိုလည်း ဆရာ၊ ဆရာမတွေက မေးခွန်းသဘောတရားကအစ ဘယ်လိုဖြေရမယ်၊ ဘယ်လိုရေးရမယ်ဆိုတာကို အသေးစိတ် သေချာ ရှင်းပြပေးလို့ ရေးတဲ့အခါမှာလည်း လမ်းပျောက်မနေဘဲ ကိုယ်ရေးရတဲ့ ဟာကို တန်းသိရပါတယ်။
အချိန်ကုန်၊ ငွေကုန်ကလည်း တစ်ခြားကျောင်းတွေထက် ပိုသက်သာပြီး ကျွန်တော့်အတွက် စာသင်တဲ့ အခါမှာလည်း ပျော်ပျော်ရွှင်ရွှင် သင်ရပါတယ်။”
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အရည်အသွေးစစ်မှန်ပြီး အင်္ဂလန်နိုင်ငံ အစိုးရအသိအမှတ်ပြု 𝐎𝐟𝐪𝐮𝐚𝐥 𝐑𝐞𝐠𝐮𝐥𝐚𝐭𝐞𝐝 𝐃𝐢𝐩𝐥𝐨𝐦𝐚 များကို 𝐑𝐏𝐃𝐀 မှာ တက်ရောက်ပြီး မိမိတို့ရဲ့ 𝐂𝐚𝐫𝐞𝐞𝐫 လမ်းကြောင်းကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ 𝐈𝐧𝐭𝐚𝐤𝐞 အသစ်များကို ပုံမှန်ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 🏅
Contact Information:
📞 Phone: 09 40092 6363, 09 44264 2886
13/04/2026
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ကူးတန်ခူးလ အချိန်အခါသမယမှာ RPDA ရဲ့ကျောင်းသား/သူများ၊ မိဘများနှင့် ဆရာ/မများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။ ✨
နှစ်သစ်မှစ၍ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်ပပျောက်ကာ အခွင့်အလမ်းသစ်များဖြင့် ပျော်ရွှင်စရာ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မိသားစု မှ နှစ်သစ်ကူး မင်္ဂလာဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ✨💦
07/04/2026
ရဲ့ (၈) နှစ်တာ ခရီးစဉ်တစ်လျှောက် အတူရှိပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ❤️
၂၀၁၈ ခုနှစ်ကနေ စတင်ခဲ့တဲ့ RPDA ရဲ့ ပညာရေးခရီးစဉ်ဟာ အခုဆိုရင် (၈) နှစ်တိုင်တိုင် ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်ခဲ့ပါပြီ။ ဒီအောင်မြင်မှုတွေဟာ ကျွန်တော်တို့ RPDA Team တစ်ခုတည်းရဲ့ ကြိုးစားမှုကြောင့်မဟုတ်ဘဲ...
🔺ယုံကြည်စွာ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ
🔺ပညာများ ဖြန့်ဝေသင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများ
🔺အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့ Stakeholders များ အားလုံးကြောင့်ပဲ ဖြစ်ပါတယ်။
ဒီ (၈) နှစ်တာအတွင်းမှာ လူငယ်ပေါင်းများစွာရဲ့ အိပ်မက်တွေကို ပုံဖော်ပေးခွင့်ရခဲ့တာဟာ အတွက် အကြီးမားဆုံး ဂုဏ်ယူမှုတစ်ခုပါ။ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း ပိုမိုကောင်းမွန်တဲ့ ပညာရေးဝန်ဆောင်မှုတွေနဲ့အတူ အတူတကွ လက်တွဲသွားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။