Victor Academy

Victor Academy

Share

Email : [email protected]
WhatsApp : +37256988696

Free resources | LearnEnglish 07/04/2026

English ကို ကိုယ့်ဘာသာ လေ့လာချင်ရင်
ဒီ website က အသုံးဝင်တယ်

Free resources | LearnEnglish Find learning materials at your English level.

02/03/2026

နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းက private တက္ကသိုလ်တွေ တက်ဖို့ပဲဖြစ်ဖြစ် စဉ်းစားနေတဲ့ ကျောင်းသား/သူတွေနဲ့ မိဘတွေအတွက် GED, IGCSE နဲ့ SAT ဆိုတာ အမြဲကြားနေရတဲ့ နာမည်တွေပါ။
ဒါပေမဲ့ ဘယ်ဟာက ကိုယ့်အတွက် အကိုက်ညီဆုံးလဲဆိုတာ ဝေခွဲမရဖြစ်နေရင် ဒီ post လေးက အဖြေပေးပါလိမ့်မယ်။

၁။ GED (General Educational Development)
GED ကတော့ အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှတဲ့ အမေရိကန်စံနှုန်းမီ စာမေးပွဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်း (သို့) အထက်တန်း ပညာရေးမပြီးဆုံးလိုက်သူတွေအတွက် "အတိုဖြတ်လမ်း" လို့လည်း ခေါ်ကြပါတယ်။
ဘာသာရပ်: ၄ ဘာသာ (Maths, Science, Social Studies, RLA)။
အားသာချက်: အချိန်တိုအတွင်း ဖြေဆိုအောင်မြင်နိုင်တယ် (၃ လကနေ ၆ လဝန်းကျင်)။ အသက် ၁၆ နှစ်ပြည့်ရင် ဖြေလို့ရပါပြီ။
ဘယ်သူတွေအတွက်လဲ: US, Canada နဲ့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေကို မြန်မြန်သွားချင်သူတွေအတွက် အဆင်ပြေဆုံးပါ။

၂။ IGCSE (International General Certificate of Secondary Education)
IGCSE ကတော့ ဗြိတိန် (UK) စနစ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းက အသိအမှတ်အပြုဆုံး အထက်တန်းအဆင့် စာမေးပွဲပါ။
ဘာသာရပ်: မိမိတက်ချင်တဲ့ မေဂျာအလိုက် ၅ ဘာသာကနေ ၇ ဘာသာအထိ ရွေးချယ်ဖြေဆိုနိုင်ပါတယ်။
အားသာချက်: အခြေခံကစပြီး စနစ်တကျ သင်ယူရတဲ့အတွက် Foundation အရမ်းကောင်းပါတယ်။ UK, EU, US, Australia, Singapore စတဲ့ နိုင်ငံစုံက တက္ကသိုလ်တွေ လက်ခံပါတယ်။
ဘယ်သူတွေအတွက်လဲ: အချိန်ပေးပြီး အခြေခံကနေ သင်ယူချင်သူတွေအတွက်ပါ။

၃။ SAT (Scholastic Aptitude Test)
SAT ကတော့ အထက်တန်းအောင်လက်မှတ် မဟုတ်ပါဘူး။ သူက တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ (Entrance Exam) ဖြစ်ပါတယ်။
ဘာသာရပ်: Reading, Writing နဲ့ Mathematics ကို စစ်ဆေးပါတယ်။
အားသာချက်: အမေရိကန် ထိပ်တန်းတက္ကသိုလ်တွေနဲ့ Scholarship လျှောက်မယ့်သူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
ဘယ်သူတွေအတွက်လဲ: GED (သို့) IGCSE အောင်ပြီးနောက် Ivy League လိုမျိုး ကျောင်းကြီးတွေကို ရည်မှန်းထားသူတွေအတွက်ပါ။

ဘယ်လမ်းကြောင်းကို ရွေးရမလဲ?
~ မြန်မြန်အောင်ပြီး တက္ကသိုလ်တက်ချင်ရင် GED ကို ရွေးပါ။
~ ပညာရေးအခြေခံကောင်းကောင်းနဲ့ နိုင်ငံစုံသွားချင်ရင် IGCSE ကို ရွေးပါ။
~ Top University တွေဝင်ဖို့နဲ့ Scholarship လိုချင်ရင် SAT ကို ထပ်ဖြေပါ။
မိမိတက်ချင်တဲ့ တက္ကသိုလ်နဲ့ မေဂျာပေါ်မူတည်ပြီး သေချာတိုင်ပင်ဆွေးနွေးပြီးမှ ရွေးချယ်ဖို့ အကြံပြုပါရစေ။
ဒီ post လေးက ကျောင်းသားတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ သိချင်တာရှိရင် comment မှာ မေးခဲ့လို့ ရပါတယ်ဗျ။

21/02/2026

ကမ္ဘာတစ်ဝှမ်းမှာ လူသုံးအများဆုံးနဲ့ နာမည်အကြီးဆုံး ပညာရေးစနစ် (၄) ခုကို နှိုင်းယှဉ်ကြည့်ရအောင်။ အဓိကကတော့ IB (International)၊ EB (European)၊ UK (A-Levels) နဲ့ US (AP/High School Diploma) တို့ပဲ ဖြစ်ပါတယ်။

🌍 ၁။ International Baccalaureate (IB) - "ဘက်စုံတော်ရမည်"
ဒါကတော့ နိုင်ငံတကာအသိအမှတ်ပြုအရှိဆုံးနဲ့ အခက်ခဲဆုံးလို့ ပြောလို့ရတဲ့ စနစ်ပါ။
ပုံစံ: ဘာသာရပ် ၆ ခုကို အုပ်စုအလိုက် မျှတအောင် ယူရပါတယ်။ (သိပ္ပံ၊ သင်္ချာ၊ ဘာသာစကား၊ လူမှုရေး စသဖြင့်)။
အားသာချက်: ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) နဲ့ သုတေသနလုပ်ငန်းတွေကို အသားပေးပါတယ်။ တက္ကသိုလ်ရောက်ရင် Research Paper ရေးရတာတွေအတွက် အသင့်ဖြစ်နေစေပါတယ်။
စိန်ခေါ်မှု: စာအရမ်းများပါတယ်။ စာမေးပွဲအပြင် Community Service (CAS) နဲ့ စာတမ်းရှည် (Extended Essay) တွေပါ လုပ်ရလို့ အချိန်စီမံခန့်ခွဲမှု အရမ်းကောင်းဖို့ လိုပါတယ်။

🇪🇺 ၂။ European Baccalaureate (EB) - "ဥရောပအသားပေး"
ဒါကတော့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေရဲ့ နိုင်ငံတကာကျောင်း (European Schools) တွေမှာပဲ သီးသန့်သင်တဲ့ စနစ်ပါ။
ပုံစံ: ဘာသာစကား (၂) မျိုးထက်မနည်း တတ်မြောက်ဖို့ အတင်းအကျပ် လိုအပ်ပါတယ်။ သိပ္ပံနဲ့ သင်္ချာကိုလည်း အခြေခံမပါမဖြစ် သင်ရပါတယ်။
အားသာချက်: ဥရောပတက္ကသိုလ်တွေကို တက်ဖို့အတွက် အကောင်းဆုံး လမ်းကြောင်းပါ။ ဥရောပယဉ်ကျေးမှုနဲ့ ဘာသာစကားမှာ ထူးချွန်သွားစေပါတယ်။
စိန်ခေါ်မှု: ဘာသာစကားအရမ်းတော်ဖို့ လိုပြီး ဥရောပပြင်ပက တက္ကသိုလ်တွေမှာတော့ IB လောက် လူသိမများသေးပါဘူး။

🇬🇧 ၃။ UK Curriculum (A-Levels) - "အထူးပြု ကျွမ်းကျင်ရမည်"
ဗြိတိန်စနစ်ကတော့ "Depth over Breadth" ကို သွားတာပါ။
ပုံစံ: ဘာသာရပ် ၃ ခု သို့မဟုတ် ၄ ခုပဲ ယူရပါတယ်။ ကိုယ်သွားချင်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တာကိုပဲ ဇောက်ချသင်ရတာပါ။ (ဥပမာ- ဆရာဝန်ဖြစ်ချင်ရင် Bio, Chem, Physics ပဲ ယူတာမျိုး)။
အားသာချက်: ကိုယ်မကြိုက်တဲ့ ဘာသာရပ်တွေကို စောစောစီးစီး စွန့်လွှတ်လို့ရပြီး ကိုယ်တော်တဲ့အရာမှာ အစွမ်းကုန် ကျွမ်းကျင်နိုင်ပါတယ်။
စိန်ခေါ်မှု: အသက် ၁၆ နှစ်မှာတင် ဘာလုပ်မလဲဆိုတာကို အပိုင်ဆုံးဖြတ်ထားဖို့ လိုပါတယ်။ နောက်မှ လမ်းကြောင်းပြောင်းဖို့ ခက်နိုင်ပါတယ်။

🇺🇸 ၄။ US Curriculum (AP / High School Diploma) - "လွတ်လပ်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်"
အမေရိကန်စနစ်ကတော့ ကျောင်းသားရဲ့ စိတ်ဝင်စားမှုနဲ့ ပါဝင်မှုကို ပိုဦးစားပေးပါတယ်။
ပုံစံ: အတန်းတက်မှန်ဖို့၊ အိမ်စာလုပ်ဖို့နဲ့ Class participation က အမှတ်အများကြီးရပါတယ်။ ပိုတော်ချင်တဲ့သူတွေက Advanced Placement (AP) ဆိုတဲ့ ခက်တဲ့ဘာသာရပ်တွေကို ယူပြီး တက္ကသိုလ် Credit ကြိုယူထားလို့ရပါတယ်။
အားသာချက်: Flexibility ရှိပါတယ်။ စာမေးပွဲတစ်ခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ဘဲ ၄ နှစ်စာ GPA ကို ကြည့်တာမို့ ကျောင်းသားတွေ စိတ်ဖိစီးမှု နည်းနိုင်ပါတယ်။
စိန်ခေါ်မှု: AP ဘာသာရပ်တွေ မယူထားရင် တက္ကသိုလ်ဝင်ခွင့်မှာ ပြိုင်ဆိုင်မှု အားနည်းနိုင်ပါတယ်။

19/02/2026

[English]
Teacher Victor Jimenez Rivera, co-founder of Victor Academy, is a dedicated educator and a lecturer in Tallinn University. With seven years of classroom experience and a portfolio of over 1,000 students, Tr. Victor’s teaching experience is broad, covering learners from early childhood (age 4) to senior professionals (age 60) in topics such as English as a second language, Politics, Economics, and International Relations. He has written academic articles and presented them in international conferences in Canada, the US, and the UK. He holds the Cambridge English C1 Advanced certificate and has demonstrated his mastery of English at a professional and academic level with his vast professional experience. At Victor Academy, he combines this linguistic expertise with his passion for pedagogy to provide students with a world-class English education that is both academically rigorous and practically applicable.

The list of the courses Tr. Victor taught -
English as a Second Language (2018-Present)
The European Union and International Organizations (2022-2026)
Globalization and the World Capitalist Economy (2024-2026)
Globalization and its Discontents (2023-2025)
Globalization and the International Political Economy (2024-2026)
International Relations in the Modern World (2025-2026)
International Relations Around the World (2023-2025)

Tr. Victor participated in the following international conferences.
𝟐𝟎𝟐𝟒 𝐂𝐚𝐧𝐚𝐝𝐢𝐚𝐧 𝐒𝐨𝐜𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 (Montreal, QC, Canada; June 2024) with the paper “Decolonizing Knowledge Production: A Critical Look at Knowledge Production in the Europeanization Narrative in European Integration”

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝟔𝟔𝐭𝐡 𝐀𝐧𝐧𝐮𝐚𝐥 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 (Chicago, IL, United States; March 2025) with the paper “A Critical Relational Approach for Peace and Security in CEE”

𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝟐𝟎𝟐𝟓 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 (Belfast, NI, United Kingdom; June 2025) with the paper “Unequal Knowledge Production in EU Enlargement Relations: A Look at the Use of Hegemonic Narratives in Shaping European Integration in the Western Balkans”

UPCOMING CONFERENCES
𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐧 𝐄𝐜𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐅𝐨𝐨𝐭𝐩𝐫𝐢𝐧𝐭 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 𝐢𝐧 𝐔𝐫𝐛𝐚𝐧 𝐚𝐧𝐝 𝐑𝐮𝐫𝐚𝐥 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 (Vientiane, Laos; March 2026) with the paper “A Relational Approach to Understanding the 2024-25 Serbian Protests in the Context of the Contradictions of Serbian European Integration”

𝟐𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐧 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐚𝐧𝐝 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞 (Seoul, Korea; April 2026) with the paper “Fighting Green Extractivism in the European Periphery: A Relational Approach to Understanding the 2024-25 Serbian Protests in the Context of the Contradictions of Serbian European Integration and the European Green Transition”

𝟐𝟎𝟐𝟔 𝐒𝐨𝐑𝐞𝐬 𝐁𝐞𝐢𝐣𝐢𝐧𝐠 - 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐝𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐚𝐫𝐲 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐢𝐧 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 (Beijing, China; May 2026) with the paper “Fighting Green Extractivism In The European Periphery: A Relational Approach To Understanding The 2024-25 Serbian Protests In The Context of The Contradictions of Serbian European Integration And The European Green Transition”

𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝟐𝟎𝟐𝟔 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 (Brighton, United Kingdom; June 2026) with the paper “European Integration in the Global East: A Relational Analysis of Serbia's Unequal Integration into European Institutions under State Capture”

[မြန်မာဘာသာ]
Victor Academy ၏ တည်ထောင်သူ ဆရာ Victor Jimenez Rivera သည် သင်ကြားရေးနှင့် ပတ်သက်၍ စိတ်အားထက်သန်သူ တစ်ဦးဖြစ်ပြီး Tallinn University တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ သင်ကြားရေးသက်တမ်း (၇) နှစ်ရှိပြီး သင်ကြားဖူးသည့် ကျောင်းသားပေါင်း ၁,၀၀၀ ကျော်ရှိသည်။ ဆရာ Victor ၏ သင်ကြားမှုနယ်ပယ်မှာ ကျောင်းသား/သူ အသက်အရွယ်အားဖြင့်သာမက သင်ကြားရေးခေါင်းစဉ်များသည်လည်း ကျယ်ပြန့်နှံ့စပ်သည်။ ဆရာ၏တပည့်များတွင် အသက် (၄) နှစ်အရွယ် ကလေးငယ်များမှသည် အသက် (၆၀) အရွယ် ဝါရင့်လုပ်ငန်းခွင်ကျွမ်းကျင်ပညာရှင်များအထိ ပါဝင်သည်။ ဆရာသည် အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေးပညာ နှင့် နိုင်ငံတကာဆက်ဆံရေး အစရှိသည့် ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် ဆရာသည် ပညာရပ်ဆိုင်ရာ ဆောင်းုပါးများကို ရေးသားခဲ့ပြီး ကနေဒါ၊ အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ညီလာခံများ၌ တင်ပြဆွေးနွေးခဲ့သူလည်း ဖြစ်သည်။ ဆရာသည် Cambridge English C1 Advanced လက်မှတ်ကို ရရှိထားပြီး အဆင့်မြင့် ပရော်ဖက်ရှင်နယ် အတွေ့အကြုံများနှင့်အတူ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို ပညာရပ်ဆိုင်ရာနှင့် လုပ်ငန်းခွင်ဆိုင်ရာ နယ်ပယ်နှစ်ခုလုံးတွင် အသုံးချသူ ဖြစ်သည်။ Victor Academy တွင် ဆရာသည်ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုများကို ဆရာ၏ သင်ကြားရေးနည်းစနစ်အပေါ် ဝါသနာပါမှုများနှင့် ပေါင်းစပ်ပြီး ကျောင်းသားများအတွက် ပညာရေး နှင့် လက်တွေ့နယ်ပယ်တွင် အမှန်တကယ် အသုံးချနိုင်သည့် ကမ္ဘာ့အဆင့်မီ အင်္ဂလိပ်စာပညာရေးကို ပေးစွမ်းလျက်ရှိသည်။

ဆရာ သင်ကြားဖူးသော အတန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
English as a Second Language (2018 မှ လက်ရှိ)
The European Union and International Organizations (2022-2026)
Globalization and the World Capitalist Economy (2024-2026)
Globalization and its Discontents (2023-2025)
Globalization and the International Political Economy (2024-2026)
International Relations in the Modern World (2025-2026)
International Relations Around the World (2023-2025)

အောက်ပါ နိုင်ငံတကာညီလာခံများသို့ တက်ရောက် စာတမ်းဖတ်ခဲ့ဖူးသည်။
𝟐𝟎𝟐𝟒 𝐂𝐚𝐧𝐚𝐝𝐢𝐚𝐧 𝐒𝐨𝐜𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 (Montreal, QC, Canada; June 2024) with the paper “Decolonizing Knowledge Production: A Critical Look at Knowledge Production in the Europeanization Narrative in European Integration”

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝟔𝟔𝐭𝐡 𝐀𝐧𝐧𝐮𝐚𝐥 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 (Chicago, IL, United States; March 2025) with the paper “A Critical Relational Approach for Peace and Security in CEE”

𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝟐𝟎𝟐𝟓 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 (Belfast, NI, United Kingdom; June 2025) with the paper “Unequal Knowledge Production in EU Enlargement Relations: A Look at the Use of Hegemonic Narratives in Shaping European Integration in the Western Balkans”

2026 တွင် တက်ရာက်မည့် ညီလာခံများ -
𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐧 𝐄𝐜𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐅𝐨𝐨𝐭𝐩𝐫𝐢𝐧𝐭 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 𝐢𝐧 𝐔𝐫𝐛𝐚𝐧 𝐚𝐧𝐝 𝐑𝐮𝐫𝐚𝐥 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 (Vientiane, Laos; March 2026) with the paper “A Relational Approach to Understanding the 2024-25 Serbian Protests in the Context of the Contradictions of Serbian European Integration”

𝟐𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐧 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐚𝐧𝐝 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞 (Seoul, Korea; April 2026) with the paper “Fighting Green Extractivism in the European Periphery: A Relational Approach to Understanding the 2024-25 Serbian Protests in the Context of the Contradictions of Serbian European Integration and the European Green Transition”

𝟐𝟎𝟐𝟔 𝐒𝐨𝐑𝐞𝐬 𝐁𝐞𝐢𝐣𝐢𝐧𝐠 - 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐝𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐚𝐫𝐲 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐢𝐧 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 (Beijing, China; May 2026) with the paper “Fighting Green Extractivism In The European Periphery: A Relational Approach To Understanding The 2024-25 Serbian Protests In The Context of The Contradictions of Serbian European Integration And The European Green Transition”

𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝟐𝟎𝟐𝟔 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 (Brighton, United Kingdom; June 2026) with the paper “European Integration in the Global East: A Relational Analysis of Serbia's Unequal Integration into European Institutions under State Capture”

Want your school to be the top-listed School/college in Tallinn?

Click here to claim your Sponsored Listing.

Location

Category

Address

Linnamäe Tee 25
Tallinn
13912