19/06/2026
🏜️🇪🇸 Spain မှာ သဲကန္တာရရှိတယ်ဆိုတာ သိပြီးပြီလား?
Spain ရဲ့ Navarra ဒေသမှာရှိတဲ့ Bardenas Reales ဟာ ဥရောပမှာ အထူးခြားဆုံး သဘာဝနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
🌵 လေတိုက်စားမှုနဲ့ မိုးရေတိုက်စားမှုကြောင့် နှစ်သန်းပေါင်းများစွာအတွင်း ဖွဲ့စည်းလာခဲ့တဲ့ ကျောက်တောင်ပုံစံတွေ၊ ချောက်ကမ်းပါးတွေ၊ သဲကန္တာရဆန်ဆန် မြင်ကွင်းတွေကြောင့် "Spain ရဲ့ Mars" လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
📸 ဓာတ်ပုံရိုက်ရတာ ကြိုက်သူတွေ၊ သဘာဝအလှတရားတွေကို စူးစမ်းလေ့လာချင်သူတွေအတွက်တော့ မဖြစ်မနေ သွားရောက်သင့်တဲ့ နေရာတစ်ခုပါ။
✨ UNESCO Biosphere Reserve အဖြစ် သတ်မှတ်ခံထားရတဲ့ Bardenas Reales ဟာ Spain ရဲ့ ကမ်းခြေတွေ၊ မြို့ဟောင်းတွေထက် မတူညီတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ သဘာဝအံ့ဖွယ်နေရာတစ်ခု ဖြစ်တာမို့ Spain ကို လာရောက်ပညာသင်ကြားရင်း Weekend Trip လေးထွက်ပြီး ဒီထူးခြားတဲ့ သဲကန္တာရအလှကို ကိုယ်တိုင်ခံစားကြည့်ဖို့ မမေ့နဲ့နော်! ✈️🌵📷
📌 နောက်အပတ်တွေမှာလည်း အပတ်စဉ် သောကြာနေ့တိုင်း ခုလို စပိန်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကို ဝေမျှပေးသွားမှာဖြစ်လို စောင့်မျှော်ပေးကြပါဦးနော်။
စပိန်နဲ့ ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးပြီး 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
18/06/2026
🇪🇸 Jaén – စပိန်ရဲ့ Olive Oil Capital 🌿🫒
စပိန်နိုင်ငံတောင်ပိုင်း Andalusia ဒေသမှာ တည်ရှိတဲ့ Jaén မြို့ဟာ Olive Oil ထုတ်လုပ်မှုကြောင့် ကမ္ဘာကျော်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ 🌍
🎓 Jaén မြို့မှာရှိတဲ့ University of Jaén (UJA) ဟာ Computer Science, Engineering နဲ့ Environmental Science ဘာသာရပ်များအတွက် လူသိများပြီး၊ အနီးအနားမှာလည်း University of Granada (UGR) နဲ့ University of Córdoba (UCO) တို့လို စပိန်ရဲ့ နာမည်ကြီး အစိုးရတက္ကသိုလ်များလည်း ရှိပါသေးတယ်။
💰 Madrid နဲ့ Barcelona လို မြို့ကြီးတွေထက် နေထိုင်စရိတ် ပိုမိုသက်သာတာကြောင့် Budget ကို ဂရုစိုက်ရတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေတဲ့ အပြင်...
🏛 Jaén Cathedral၊ Santa Catalina Castle တို့လို သမိုင်းဝင်နေရာများလည်း ရှိတာကြောင့် စပိန်ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို အနီးကပ် လေ့လာနိုင်ပါတယ်။
☀️ နေရောင်ခြည်ကောင်းစွာရရှိတဲ့ ရာသီဥတု၊ သက်သာတဲ့ နေထိုင်စရိတ်နဲ့ အရည်အသွေးမြင့် ပညာရေးကို တစ်ပြိုင်နက် ရရှိနိုင်တာကြောင့် Jaén ဟာ စပိန်မှာ ပညာသင်ကြားဖို့ စဉ်းစားသင့်တဲ့ မြို့များထဲမှ တစ်မြို့ ဖြစ်ပါတယ်။
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
17/06/2026
🇪🇸 Visa လျှောက်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ကျောင်းသားအတော်များက သိထားပြီးဖြစ်တာမို့ ဒီနေ့မှာတော့ ဒီအချက်အလက်တွေကို အသေးစိတ်လေးရှင်းပြပေးချင်ပါတယ်။
1. Valid Passport
- ဗီဇာလျှောက်ချိန်မှာ Passport သက်တမ်းအနည်းဆုံး (၁)နှစ် ရှိရပါမယ်။📅
- မြန်မာနိုင်ငံသားတွေကတော့ (၅)နှစ်တစ်ကြိမ် Passport သက်တမ်းတိုးရတာဖြစ်လို့ ဒီအချက်ကို မေ့ထားလို့ရပါတယ်။🛂
2. Photo
- passport ဓာတ်ပုံလိုတာမို့ လိုရမယ်ရ နှစ်ပုံနဲ့ အထက် ရှိထားရင် ပိုကောင်းပါတယ်။ 📸📸
- 3.5 cm x 4.5 cm ဓာတ်ပုံ ကို Background အဖြူနဲ့ ရိုက်ထားရပါမယ်။ မျက်နှာပေါ်ရမှာဖြစ်လို့ အထူးသတိထားပြီး နားလည်တတ်ကျွမ်းတဲ့သူနဲ့ ပုံရိုက်ဖို့ အကြံပြုပါတယ်။ မျက်မှန် ပါလို့မရပါဘူးနော် ။ 👓❌
3. Letter of Acceptance / Invitation
- Invitation letter / school enrollment / travel itinerary စတာတွေလိုအပ်ပါတယ် 📝
- ကျောင်းသား ဗီဇာအတွက် ကျောင်းဘက်ကပေးတဲ့ Letter of admission (LOA) က တကယ်ကို အရေးကြီးပါတယ်နော် 🎓
4. Proof of Financial
- စပိန်မှာ နေထိုင်တဲ့ ကာလတစ်လျှောက်လုံးအတွက် ငွေကြေးလုံလောက်မှုရှိတယ်ဆိုတာကို ပြနိုင်ဖို့လိုတာကြောင့် Bank statement, scholarship letters စတာတွေ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားရပါမယ်နော်။ 📄💰
5. Health Insurance
- စပိန်မှာနေစဉ်ကာလတလျှောက်လုံး အတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာမခံဖြစ်ပါတယ်။ Health insurance ကို ဗီဇာလျှောက်လွှာတင်ချိန်မှာ သံရုံးကို တင်ပြရမှာဖြစ်လို့ သံရုံးက အသိအမှတ်ပြုထားတဲ့ company ကနေ ဝယ်ဖို့ သတိထားဖို့လိုပါတယ်။ (Health insurance ဝယ်ဖို့အကူအညီလိုရင် Vamos - Spain မှာ service charge သက်သက်သာသာ နဲ့ ဝယ်ယူလို့ရပါတယ်။)
6. Sworn Translation / စပိန်ဘာသာပြန်စာရွက်စာတမ်းများ
- May 20 နောက်ပိုင်း ထပ်တိုးလိုက်တဲ့ စည်းမျဉ်းစည်းကမ်းအရ စာရွက်စာတမ်းတွေကို သံရုံးအသိအမှတ်ပြု Sworn Translatorတွေဆီမှာ စပိန်လို ဘာသာပြန်ဖို့ လိုအပ်ပါတယ်။
- ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်လို့ မဖြစ်မနေ သတိထားဖို့ လိုအပ်ပါတယ်။ ( Vamos ရဲ့ ကျောင်းသားတွေအတွက်တော့ ဒီကိစ္စကို စိတ်ပူစရာမလိုအောင် ပြင်ဆင်ထားပြီးသားဖြစ်ပေမဲ့ အခြားကျောင်းသားတွေအနေနဲ့ စပိန်ဘာသာပြန်အတွက် အခက်အခဲရှိတယ်ဆိုရင် Vamos - Spain ကို အချိန်မရွေးဆက်သွယ်လို့ရပါတယ်။)
စပိန်visa လျှောက်ဖို့ ပြင်ဆင်နေပြီဆိုရင်တော့ ဒီအချက်ကို သေချာမှတ်ထားဖို့လိုပါတယ်နော် ။ ဒါ့အပြင်အချက်အလက်လေးတွေကို အသေးစိတ်လေး သိချင်သေးတယ်ဆိုရင်တော့ comment မှာ "visa" လို့ mentခဲ့ပေးကြပါရှင် 📥
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင် ။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
17/06/2026
💻 Computer Science နဲ့ 🌿 Olive Oil Studies ဘာသာရပ်တွေမှာ နာမည်ကြီးတဲ့ စပိန်အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Jaén (UJA) ဟာ Andalusia ဒေသမှာ တည်ရှိပြီး Technology နဲ့ Agriculture Research နှစ်ဖက်စလုံးမှာ အားကောင်းတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။
✅ Computer Engineering/Computer Science ဘာသာရပ်များကို European quality accreditation များနဲ့ သင်ကြားပေးနေပြီး IT Career လမ်းကြောင်းအတွက် အခွင့်အလမ်းကောင်းများလည်း ရရှိနိုင်ပါတယ်။
🌿 Jaén မြို့ဟာ "World Capital of Olive Oil" လို့ လူသိများတာကြောင့် Olive Oil Production & Research နယ်ပယ်မှာ ထူးခြားတဲ့ သင်ကြားမှုတွေကို ရရှိနိုင်မှာပါ။
💰 Tuition Fee – €1,000–2,500/year ခန့်သာ ကျသင့်ပြီး Spain ရဲ့ Affordable Public Universities များထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။
🎓 နောက်ထပ်ထူးခြားချက်တစ်ခုကတော့ နိုင်ငံတကာကျောင်းသားများအတွက် ဝင်ခွင့်စာမေးပွဲဖြေစရာမလိုဘဲ Academic Qualifications အပေါ်အခြေခံပြီး လျှောက်ထားနိုင်တဲ့ Program များစွာ ရှိတာပါပဲ။
✨ Technology နဲ့ Agriculture Innovation ကို စိတ်ဝင်စားသူများအတွက် UJA ဟာ Budget Friendly ဖြစ်ပြီး Career Opportunities ကောင်းများ ဖန်တီးပေးနိုင်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်တာမို့ စိတ်ဝင်စားသူများ လေ့လာနိုင်ဖို့အတွက် Vamos မှ Sharing လုပ်ပေးလိုက်ရပါတယ်ရှင် 🇪🇸
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
16/06/2026
Spain မှာ ကျောင်းတက်ပြီးရင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားကြလဲ?
တကယ်လို့ စပိန်မှာပဲ အလုပ်ဆက်လုပ်ချင်တယ် ဆိုရင် ဒီအချက်လေးတွေကို ကြိုသိထားဖို့လိုပါတယ်။
1️⃣ အလုပ်ကို ဘယ်မှာရှာရမလဲ?
Spain မှာ အလုပ်ရှာတဲ့အခါ အသုံးများတဲ့ job platforms တွေကို အရင်ကလည်း မျှဝေထားပြီးသားပါ 👇🏻 https://www.facebook.com/share/p/1GEsGdjVbu/
ဒီ website တွေမှာ ကိုယ်လိုချင်တဲ့ position / job title ကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ အလုပ်ရှာရတာ လွယ်ပေမယ့် အလုပ်ရဖို့ကတော့ သိပ်မလွယ်လှပါဘူး။ Work permit / residency ရှိထားရင်တော့ အခွင့်အရေး ပိုများနိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့ Work permit မရခင်ကတည်းက
👉 ကိုယ့်ရဲ့ skills တွေကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။
2️⃣ ကျောင်းတက်နေစဉ်ကတည်းက …
Job platforms တွေပေါ်မှာ
- achievements
- experience
- skills
တွေကို ပြထားပြီး profile ကောင်းကောင်း တည်ဆောက်ထားပါ။ GPA ကောင်းဖို့အရေးကြီးသလို University clubs join တာ၊ workshops / seminars / events / fairs တက်တာ၊ internship / part-time job လုပ်တာတွေကနေ experience နဲ့ network ကို ကြိုတင်ရှာထားနိုင်ပါတယ်။
Skill + Language + Network ကောင်းရင်
ထင်ထားသလောက် မခက်ခဲတော့ပါဘူး။
3️⃣ International students အတွက်….
Spain မှာဆိုရင် 12 – 24 months အထိ အလုပ်ရှာခွင့် ပေးပါတယ်။ (visa renewal လုပ်ရပါမယ်)
ဒါပေမယ့် “အချိန်ရှိသေးတယ်” ဆိုပြီး ကျောင်းပြီးမှ အလုပ်ရှာမယ်လို့ မတွေးပါနဲ့။ ကျောင်းတက်နေစဉ်ကတည်းက internship ကြိုဆင်းထားရင် ကျောင်းပြီးတာနဲ့ full-time position ရဖို့ ပိုလွယ်ပါတယ်။
4️⃣ Spanish စကားရဲ့ အရေးပါမှု….
Spanish ကို ကျွမ်းကျင်အောင် လုပ်ထားနိုင်ရင် Interview မှာ impression ကောင်းစေတယ်။ Local work culture ကို နားလည်လွယ်စေတယ်။ Colleagues တွေနဲ့ အလုပ်လုပ်ရ လွယ်ကူစေတယ်။
International companies တချို့မှာ English နဲ့ အလုပ်ဝင်လို့ရပေမယ့် နေ့စဉ်ဘဝမှာ Spanish မပြောတတ်ရင် အခက်တွေ့နိုင်ပါတယ်။
5️⃣အလုပ်ရပြီဆိုတာနဲ့ Student visa ကနေ Work visa ပြောင်းဖို့ စီစဉ်ထားဖို့လိုပါတယ်။ Spain ရဲ့ visa process က နည်းနည်းရှုပ်တာမို့ အတွေ့အကြုံရှိတဲ့ professional တွေနဲ့ တိုင်ပင်တာ၊ service အပ်တာမျိုး လုပ်ဖို့ အကြံပြုပါတယ်။
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးပြီး 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
16/06/2026
🇪🇸 Renewable Energy, AI, FinTech, HealthTech, Aerospace, AgriTech 🌱 စတဲ့ Future Industries တွေကို စိတ်ဝင်စားတယ်ဆိုရင် Spain ကို စဉ်းစားကြည့်သင့်ပါတယ်။
💡 ဘာကြောင့် Spain လဲ?
စပိန်နိုင်ငံဟာ အနာဂတ်မှာ အရေးပါလာမယ့် industries တွေကို အထူးဦးစားပေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး Innovation, Research နဲ့ Technology Development 💻 တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေပါတယ်။
🎓 ကျောင်းတက်နေစဉ်အတွင်း
✅ Industry Projects
✅ Internships
✅ Research Programs
တွေမှာ ပါဝင်ခွင့်ရနိုင်သလို AI, Green Energy, Smart Mobility နဲ့ Digital Transformation 🌐 လို ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်မှာ လိုအပ်ချက်မြင့်မားလာတဲ့ နယ်ပယ်တွေကိုလည်း လက်တွေ့ကျကျ ထိတွေ့သင်ယူနိုင်ပါတယ်။
🚀 ဒါကြောင့် နောင်လာမယ့်နှစ်တွေမှာ အခွင့်အလမ်းများတဲ့ Career Path တစ်ခုကို တည်ဆောက်ချင်သူတွေအတွက် Spain ဟာ ပညာရေးအတွက်သာမက Career Development 📈 အတွက်ပါ စဉ်းစားသင့်တဲ့ destination တစ်ခု ဖြစ်ပါတယ်။
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
14/06/2026
🇪🇸 "စပိန်က Job Market အဆိုးဆုံးနိုင်ငံ" ဆိုတာ တကယ်ဟုတ်လား?
စပိန်မှာ အလုပ်ရဖို့ လွယ်လည်း မလွယ်၊ မြန်လည်း မမြန်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် "အလုပ်မရှိဘူး" ဆိုတာနဲ့ "အလုပ်မရနိုင်ဘူး" ဆိုတာက မတူပါဘူး။
Spain ဟာ English-speaking country မဟုတ်တဲ့အတွက် English တစ်ခုပဲ တတ်ထားရင် International Companies တွေ၊ Remote Jobs တွေမှာပဲ အခွင့်အရေး ပိုများပါတယ်။
အထူးသဖြင့် Restaurant, Hotel, Retail Shop စတဲ့ ကျောင်းသားအများစု လုပ်လေ့ရှိတဲ့ Part-time Jobs တွေမှာ Customer တွေနဲ့ တိုက်ရိုက်ဆက်သွယ်ရတာဖြစ်လို့ Spanish Language Skill က အရေးကြီးပါတယ်။
တကယ်တော့ အလုပ်အကိုင်ဈေးကွက်မှာ Communication လိုအပ်လေလေ Spanish Skill လိုအပ်လေလေ ဖြစ်ပါတယ်။
ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာက အခြားနိုင်ငံအများအပြားမှာ Unemployment Rate မြင့်တက်နေချိန်မှာ Spain ရဲ့ Unemployment Rate က တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။
ဒါကြောင့် "Spain မှာ Job Market ဆိုးတယ်" ဆိုတာမဟုတ်ပဲ
✅ Spanish Language Skill ဘယ်လောက်ရှိလဲ?
✅ ကိုယ့်ရဲ့ Professional Skill ဘယ်လောက်ရှိလဲ?
✅ ဘယ် Industry ကို ဝင်ချင်လဲ?
ဆိုတာတွေပေါ်မှာ ပိုပြီး မူတည်ပါတယ်။
Spain မှာ အလုပ်အကိုင်အခွင့်အရေး ရှိပါတယ်။ ဒါပေမယ့် Language Skill နဲ့ Career Skill ကို ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်ပါတယ်နော်။ 🇪🇸✨
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
11/06/2026
ပညာသင်ယူရင်း အလုပ်အတွေ့အကြုံပါ ရယူချင်သူများအတွက် Spain Vocational Program 💻📚
ဥရောပနိုင်ငံမှာ ပညာသင်ယူရင်း အလုပ်အတွေ့အကြုံပါ ရယူချင်သူများအတွက် Spain Vocational Program ကို မိတ်ဆက်ပေးလိုက်ပါတယ်။
✨ Spain Vocational Program ရဲ့ အားသာချက်တွေကတော့....
✅ ကျောင်းပေါင်း (66) ကျောင်းထဲမှ စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း
✅ သင်တန်းကာလ (2) နှစ်သာ တက်ရောက်ရခြင်း
✅ (2) နှစ်စာ ကျောင်းလခ စုစုပေါင်း မြန်မာငွေ သိန်း (150) ဝန်းကျင်သာ ကျသင့်ခြင်း
✅ စပိန်ဘာသာစကား သင်တန်းကြေး ပါဝင်ပြီးဖြစ်ခြင်း
✅ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုဘဲ လျှောက်ထားနိုင်ခြင်း
✅ ကျောင်းပြီးပါက University ဆက်လက်တက်ရောက်နိုင်ခြင်း
✅ Post-Study Work Visa (1) နှစ်ရယူပြီး Spain တွင် အလုပ်လုပ်နိုင်ခြင်း တို့ဖြစ်ပြီး
🟦 Systems & Maintenance
🟦 Edification & Civil Construction
🟦 Vectronic
🟦 Agriculture
🟦 Transport & Vehicle Maintenance
🟦 Mechanical Manufacture
🟦 Hospitality & Tourism
🟦 Personal Image
🟦 Graphic Design
🟦 Computer Sciences & Telecommunications
🟦 Administration & Management
🟦 Communication
🟦 Food Industry
🟦 Sound & Image
🟦 Sport & Physical Activities
🟦 Commerce & Marketing
🟦 Textile Design & Leather
🟦 Chemistry
🟦 Energy & Water
🟦 Social Studies & Teaching
🟦 Wood, Furniture & Cork
🟦 Maritime & Fisheries
စတဲ့ ရွေးချယ်နိုင်သော ဘာသာရပ်ပေါင်းများစွာလည်းရှိပါသေးတယ်။
📅 Spain Vocational Program ကို နှစ်စဥ် September Intake တစ်ကြိမ်သာ ဖွင့်လှစ်ပေးတာကြောင့် တက်ရောက်ရန် စိတ်ဝင်စားသူများအနေနဲ့ နေရာမပြည့်မီ ကြိုတင်လျှောက်ထား ထားဖို့အကြံပြုလိုပါတယ်ရှင်။
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
11/06/2026
🇪🇸❓Spain Visa ရပြီး Schengen အခြားနိုင်ငံကို အရင်သွားလို့ရလား?
ဒီမေးခွန်းကို မကြာခဏ မေးကြတာမို့ အကျဉ်းချုပ်ရှင်းပြပေးလိုက်ပါတယ်နော်👇
📌 Spain Schengen Visit Visa နဲ့ဆိုရင် Schengen Area ထဲက နိုင်ငံတွေကို သွားလာနိုင်ပေမယ့် Visa လျှောက်တုန်းက တင်ပြထားတဲ့ အဓိက ခရီးစဉ် (Main Destination) က Spain ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် Spain သံရုံးကနေ Visa လျှောက်ထားခဲ့ရင် Spain ကို အရင်ဝင်ရောက်တာက ပိုသင့်တော်ပါတယ်။
🎓 Spain Student Visa နဲ့ သွားမယ့်သူတွေကတော့ Spain ကို အရင်ရောက်ပြီး ကျောင်းအပ်ခြင်း၊ နေထိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို အရင်ပြီးစီးပြီးမှ Schengen နိုင်ငံတွေကို ခရီးထွက်တာက ပိုအဆင်ပြေပြီး အခြား immigration ဆိုင်ရာ အခြေအနေအမျိုးမျိုးမှာလည်း ရှင်းလင်းရလွယ်စေပါတယ်။
✈️ အတိုချုပ်ပြောရရင် Visa ရတာနဲ့ Schengen နိုင်ငံတွေကို ကြိုက်တဲ့နိုင်ငံကနေ စဝင်တာထက် Visa လျှောက်ထားတဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ ခရီးစဉ်အတိုင်းသွားတာက အကောင်းဆုံးပါပဲ။
🇪🇸 Spain အတွက် လျှောက်ထားထားရင် Spain ကို အရင်သွားတာက အလုံခြုံဆုံးနဲ့ အဆင်ပြေဆုံး ရွေးချယ်မှု ဖြစ်ပါတယ်နော်။ ✨
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
10/06/2026
🎓 University of Huelva (UHU) 🇪🇸
Spain နိုင်ငံတောင်ပိုင်း Andalusia ဒေသမှာ တည်ရှိတဲ့ University of Huelva (UHU) ဟာ သဘာဝပတ်ဝန်းကျင်၊ Sustainability နဲ့ Environmental Science ဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအတွက် ရွေးချယ်သင့်တဲ့ စပိန်အစိုးရတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ 🌿🌍
💡 Popular Program
✅ Environmental Science
💰 Tuition Fees
€1,000 – €2,500 / year သာ ကျသင့်ပြီး ဥရောပနိုင်ငံအများစုနဲ့ နှိုင်းယှဉ်ရင် ကုန်ကျစရိတ် သက်သာတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။
✨ ထူးခြားချက်
📌 ကျောင်းဝင်ခွင့် စာမေးပွဲ (Entrance Exam) ဖြေစရာမလိုဘဲ တက်ရောက်နိုင်ပါတယ်။
📌 အစိုးရတက္ကသိုလ်ဖြစ်သောကြောင့် ပညာရေးအရည်အသွေး ကောင်းမွန်တယ်။
📌 နိုင်ငံတကာကျောင်းသားများအတွက် Friendly Environment ရှိပါတယ်။
စရိတ်သက်သာပြီး အရည်အသွေးမြင့် ပညာရေးကို ရယူချင်သူများအတွက် University of Huelva (UHU) က စဉ်းစားသင့်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ် 🇪🇸✨
စပိန်နဲ့ ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/