18/01/2026
January လ ပြင်ပအလှူရှင် ၃ဦး သမိုင်းမှတ်တမ်းတင်ဂုဏ်ပြုလွှာ..
2025 December လမှာ သင်ကြားရေး ဆရာ ဆရာမများကို Internet Data Support ချီးမြှင့်ရန်မှာ ငွေကြေးများစွာ လိုအပ်ခဲ့ရာ ပညာဒါန ပါဝင်ကူညီအားဖြည့် လှူဒါန်းသူများအား အထူးကျေးဇူးတင်ရှိပါသည်။
လစဥ် လိုအပ်နေသည့် ဆရာဆရာမများ၏ Internet Data Support အတွက် ပါဝင်အားဖြည့် လှူဒါန်းပေးနိုင်ရေး သင်တို့ကို အကူအညီတောင်းခံအပ်ပါသည်။
လစဥ်အလှူရှင်သည် လွန်စွာနည်းပါးလှ၏
သင်၏ အလှူသည် ကျွန်ုပ်တို့၏ သင်ကြားရေးအတွက် အသက်....
**"Support Children’s Education to Build Global Peace."**
Peaceful Flyer - Interim Basic Education School
Ministry of Education, National Unity Government of Myanmar
Myanmar Basic Education Home
18/01/2026
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၁/၂၀၂၆)
၁၃၈၇ ခုနှစ်၊ ပြာသိုလဆုတ် ၃ ရက်နေ့
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်)
"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍
အများပြည်သူသို့ အသိပေးတင်ပြခြင်း"
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
"ဖက်ဒရယ်ပညာရေးကောင်း
PFES ငြိမ်းချမ်းရေး အခမဲ့ကျောင်း"
ဝန်ကြီးဌာန မူရင်း Post link 🔗
https://www.facebook.com/share/p/1D2BpLjooy/
Peaceful Flyer - Interim Basic Education School
Ministry of Education, National Unity Government of Myanmar
Myanmar Basic Education Home
18/01/2026
"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်သစ် ဒွါဒသမတန်း) ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်" အသိပေးကြေညာခြင်း
🎯 အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အစီအစဉ်၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့အတွင်း ဘာသာရပ်အားလုံးကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများအားလုံးသည် Myanmar Education System
(MES Link - https://mes.moeedu.org) ၌
BECA Certificate နှင့် Transcript များကို (27.12.2025) ရက်နေ့ ၊ မနက် (၉) နာရီအချိန်တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ပါ၍ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်ကို အသိပေးကြေညာအပ်ပါသည်။
🎯 BECA ဖြေဆိုထားသော ကျောင်းသား/သူများသည် မိမိအဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက Complaint Form တင်နိုင်ပြီး ၎င်း Complaint Form ကို 🚨 (27.12.2025) မှ (27.1.2026) အထိ နောက်ဆုံးထားပြီး
Moodle (LMS -
https://lms.moeedu.org) တွင်
Technical Support Channel အောက်၏
(https://lms.moeedu.org/mod/quiz/view.php?id=295)
နေရာတွင် Complaint Form ဖောင်ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။
🎯 Complaint Form ဖြည့်သွင်းရာတွင်ကျောင်းသား/သူများအနေဖြင့် အောက်ဖော်ပြပါအချက်များကို ပူးတွဲ၍ ထပ်မံလျှောက်ထားနိုင်မည် ဖြစ်ပါသည်-
၁။ ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင်
ရေးသားထားသော လျှောက်လွှာ
၂။ မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲအစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်
(မှတ်ချက် - ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို စီဒီအမ် ကျောင်းသားဖြစ်ကြောင်း ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များအားစစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)
🎯 BECA Certificate နှင့် Transcript ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာဖြစ်ပါက အောက်ဖော်ပြပါ Channels များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Channel 1
BECA Official Email >>
[email protected]
Channel 2
BECA Official Email >>
[email protected]
🎯 BECA အစီအစဉ်နှင့်စပ်လျဉ်း၍ မကြာခဏ
စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများနှင့် Update သတင်းအချက်အလက်များကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
BECA Public FAQ Telegram Link >>
https://t.me/BECApublicFAQ
"ဖက်ဒရယ်ပညာရေးကောင်း
PFES ငြိမ်းချမ်းရေး အခမဲ့ကျောင်း"
ဝန်ကြီးဌာန မူရင်း Post link 🔗
https://www.facebook.com/share/p/1BxFCxP75b/
Peaceful Flyer - Interim Basic Education School
Ministry of Education, National Unity Government of Myanmar
Myanmar Basic Education Home
17/01/2026
Happy birthday our principal, Tr Naing
🙏🫡🙆🎉🎂🎂🎂🎉🙆🫡🙏
PFES School Family
Peaceful Flyer - Interim Basic Education School
#ငြိမ်းချမ်းရေးကျောင်းတော်pfes
04/01/2026
''တိုင်းတပါး သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့သော (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့'' (ဇန်နဝါရီလ ၄ ရက်နေ့) ......
ဒီနေ့က (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ သမိုင်းအကြောင်းကို အားလုံးကို အကျဉ်းချုံး ပြောပြပေးမှာ ဖြစ်ပါတယ်။
● ၁၈၂၃ ခုနှစ်ကအစပြုတဲ့ အင်္ဂလိပ် မြန်မာပထမစစ်ပွဲအပြီး နယ်ချဲ့ အင်္ဂလိပ်အစိုးရသည် ရခိုင်နဲ့တနင်္သာရီဒေသတွေကို သိမ်းပိုက်ခဲ့ပြီး ၁၈၅၂ ခုနှစ်မှာ စတင်ဖြစ်ပွားတဲ့ ဒုတိယ အင်္ဂလိပ် မြန်မာစစ် အပြီးမှာတော့ မြန်မာနိုင်ငံအောက်ပိုင်း ဒေသတွေကိုဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။ တတိယ အင်္ဂလိပ် မြန်မာစစ်အပြီး ၁၈၈၅ ခုနှစ်၊ နို၀င်ဘာလ ၂၉ ရက်နေ့ မှာတော့ မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပါတယ်။
● အဲဒီလို နယ်ချဲ့လက်အောက်ရောက်ခဲ့ပေမဲ့လည်း တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့ဟာ ရရာလက်နက်ကိုင်ဆွဲကာ အင်္ဂလိပ်နယ်ချဲ့ကို ရဲရင့်စွာ ဆက်လက်တော်လှန်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုများအနေနဲ့ တစ်စုတစ်စည်းတည်းမရှိခဲ့ဘဲ ခရီးမတွင်ဖြစ်ခဲ့ရပါတယ်။
● ပထမကမ္ဘာစစ်အပြီးမှာတော့ လူငယ်များကြား နိုင်ငံရေးအသိစိတ်ဓာတ်များ ပိုမိုမြင့်မားလာပြီး ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး စသဖြင့်အသင်းအဖွဲ့ကြီးများပေါ်ပေါက်လာပါတယ်။ အဲဒီနောက်ပိုင်း တောင်သူလယ်သမားအရေးတော်ပုံ၊ ၁၃၀၀ ပြည့်အလုပ်သမားအရေးတော်ပုံ စသဖြင့်အသီးသီးပေါ်ပေါက်ခဲ့ပြီး အမျိုးသားရေးလှုပ်ရှားမှုများဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။
● ဒုတိယ ကမ္ဘာစစ်ကာလမှာ ဂျာမနီရဲ့စစ်ကြေညာမှုအပါအ၀င် ဘက်ပေါင်းစုံက ဖိအားတွေရှိနေပြီး စစ်ပန်းနေတဲ့ ဗြိတိန် အစိုးရ အခြေအနေဟာ ဗမာ့ လွတ်လပ်ရေး အတွက် အခွင့်သာစေခဲ့ပါတယ်။ အဲဒီအခြေအနေကို ကိုယ်စားပြုတဲ့ "ဗြိတိသျှအခက် ဗမာ့အချက်" ဆိုတဲ့စကားတောင်ပေါ်ပေါက်ခဲ့ပါတယ်။
● ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှာ သခင်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရဲဘော်သုံးကျိပ်ဟာ ထိုင်းနိုင်ငံက ဗမာအမျိုးသားတွေနဲ့အတူ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burmese Independence Army-BIA) ကို ထူထောင်ခဲ့ပါတယ်။
● ၁၉၄၂ ခုနှစ် မတ်လ မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ BIA ဟာ ဂျပန်အကူအညီကိုယူပြီး အင်္ဂလိပ်နယ်ချဲ့ကို မြန်မာနိုင်ငံမှ အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖက်စစ်ဂျပန်တို့ရဲ့ အနိုင်ကျင့် အုပ်ချုပ်မှုတွေပေါ်ထွက်လာခဲ့တဲ့အတွက် ၁၉၄၃ ခုနှစ်မှာ ဗြိတိသျှ အစိုးရနဲ့ ပူးပေါင်းပြီး ဂျပန်တို့ကို ပြန်လည်တိုက်ထုတ်ခဲ့ပါတယ်။
● အဲဒီနောက်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ နိုင်ငံရေးခေါင်းဆောင်တွေ ဦးဆောင်တဲ့ ဖဆပလ အဖွဲ့အစည်းကြီးဟာ နိုင်ငံ့လွတ်လပ်ရေး ရဖို့ကြိုးပမ်းမှုများကို တောက်လျှောက်လုပ်
ဆောင်ခဲ့ပါတယ်။
● ၁၉၄၇ ခုနှစ် ဇန်နဝါရီလမှာ နန်းရင်း၀န် အက်တလီဟာ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးဖို့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ဖိတ်ကြားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ ဆွေးနွေးပွဲမှာ မြန်မာ့လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ ရပိုင်ခွင့်အချက်ပေါင်း ၁၁ ချက်ကိုတင်ပြခဲ့ပါတယ်။
● အဲဒီကတစ်ဆင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေးအတွက် လမ်းစဖြစ်တဲ့ "အောင်ဆန်းအက်တလီစာချုပ်" ကို ရေးထိုးနိုင်ခဲ့ပါတယ်။ တစ်ဖန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တိုင်းပြည်စုစည်းတည်ထောင်ရေး အခြေခံအုတ်မြစ်ဖြစ်စေမဲ့ "ပင်လုံစာချုပ်" ကို ရေးထိုးခဲ့ပါတယ်။
● ဒါပေမဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့ဟာ ဂဠုန်ဦးစောနဲ့သူ့လက်ပါးစေတို့ရဲ့လုပ်ကြံမှုကို ခံခဲ့ရပါတယ်။ အဲဒီလုပ်ကြံမှုဟာ တိုင်းပြည်အတွက်ကြီးမားတဲ့ နစ်နာမှုကြီးဖြစ်ခဲ့ပြီး နိုင်ငံတည်ဆောက်ရေးကို ဆုတ်ယုတ်စေခဲ့ပါတယ်။
● အဲဒီနောက် သခင်နုဟာ အောင်ဆန်းအက်တလီစာချုပ်ရဲ့ အဆက်ဖြစ်တဲ့ "နု အက်တလီစာချုပ်" ကို ချုပ်ဆိုပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗမာတစ်ပြည်လုံး နယ်ချဲ့အုပ်စိုးမှုအောက်မှလွတ်မြောက်ပြီး တရား၀င် လွတ်လပ်ရေးရခဲ့ပါတယ်။
အဲဒီလို တစ်ချိန်က မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် လက်တွဲညီညီကြိုးစားခဲ့ကြသလိုပဲ အခုလဲ အိမ်အိမ်တို့အားလုံး စစ်အာဏာရှင်စနစ်က လွတ်မြောက်အောင် အစွမ်းကုန်ကြိုးစားကြမယ်လို့ သန္နိဌာန်ပြုပြီး "လွတ်လပ်ရေးနေ့" ကို ဂုဏ်ပြုလိုက်ကြရအောင်။
"ဖက်ဒရယ်ပညာရေးကောင်း
PFES အခမဲ့ ငြိမ်းချမ်းရေးကျောင်းတော်"
Peaceful Flyer - Interim Basic Education School
Ministry of Education, National Unity Government of Myanmar
Myanmar Basic Education Home
#ငြိမ်းချမ်းရေးကျောင်းတော်pfes
#လွတ်လပ်ရေးနေ့
25/12/2025
School Closure Announcement
Peaceful Flyer - Interim Basic Education School
"ဖက်ဒရယ်ပညာရေးကောင်း PFES ငြိမ်းချမ်းရေးကျောင်း"
#ငြိမ်းချမ်းရေးကျောင်းတော်pfes
25/12/2025
🎄🎄Merry Christmas🎄🎄 ငြိမ်းချမ်းရေးဆုတောင်း.....
🎁🎇🎆🎁
အို...ချစ်ခြင်းမေတ္တာ အပြည့်အဝရှိသော ဘုရားသခင်၊🧑🎄🧑🎄
ကျွန်ုပ်တို့၏နိုင်ငံမြန်မာပြည်ကြီးနှင့် ကမ္ဘာကြီးတစ်ခွင်တွင် စစ်မက်နှင့် ပဋိပက္ခတို့ မကြာမကြာဆူညံနေပါ၏။
လူသားတို့၏စိတ်နှလုံးထဲ၌ ပေါ်ထွန်းလာသော ကြောက်ရွံ့ခြင်း၊ ထောက်လှမ်းခြင်းနှင့် မုန်းတီးခြင်းတို့သည် လက်နက်အဖြစ် ပြောင်းလဲကာ အသက်များကို ချေမှုန်းလျက်ရှိပါ၏။
သင်သည် တန်ခိုးတော်ကို ချုပ်ကိုင်ပြီး လောကကို အုပ်စိုးနိုင်သော်လည်း၊ ကျိုးနွမ်းသောကလေးသူငယ်အဖြစ်ဖြင့်သာ လူ့သမိုင်းထဲသို့ ဝင်ရောက်တော်မူပါသတည်း။ တန်ခိုးမဲ့ခြင်း၊ကာကွယ်ခြင်းမရှိခြင်းဖြင့် ငြိမ်းချမ်းစွာနေထိုင်ရန် လမ်းစဉ်ကို သွန်သင်တော်မူပါ။ဒေါသအမျက်ကိုအားဖြည့်ပေးသည့် လက်နက်များထက်၊ စာနာစိတ်နှင့် ကျွန်ုပ်တို့အချင်းချင်းကို စောင့်ရှောက်ခြင်းကသာ အမှန်တကယ် ဒဏ်ရာများကို ကုစားနိုင်ကြောင်း သတိပေးတော်မူပါသတည်း။
သို့ဖြစ်၍၊ ကိုယ်တော်၏ ငြိမ်းချမ်းခြင်းသည် လက်နက်မဲ့သော ငြိမ်းချမ်းခြင်း ဖြစ်ပါစေသော။ နိုင်ငံများသည်တန်ခိုးကို လက်နက်စုဆောင်းခြင်းဖြင့် မရှာဘဲ၊ အပြန်အလှန် လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလမ်းစဉ်ကို ရွေးချယ်ကြပါစေသော။ ကျွန်ုပ်တို့၏ စိတ်နှလုံးများ၊ စိတ်များနှင့် ဘဝများအတွင်း လက်နက်ဖြေလှတ်နိုင်သော စွမ်းအားကို ပေးသနားတော်မူပါ။ စကားများဖြင့်သာမဟုတ်၊ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များဖြင့် ငြိမ်းချမ်းခြင်းကို သက်သေထူကြပါစို့။
အခွင့်အာဏာရှိသူ၊ ဆင်းရဲသူ၊ ဒုက္ခသည်ဟူ၍ ခွဲခြားမှုမရှိဘဲ လူတိုင်း၏ အသံကို ကြားစေပါ။ လူမျိုးတိုင်း၏ ကလေးငယ်များအားလုံး တစ်နေ့သောအခါ၊ “သူတို့သည် ငြိမ်းချမ်းရေးကို စွန့်လွှတ်ခဲ့ကြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် အိမ်သို့ ပြန်လမ်းကို တွေ့ခဲ့ကြသည်” ဟု ပြောဆိုနိုင်ပါစေသော။
အိုအဖဘုရား၊
ကျွန်ုပ်တို့အားငြိမ်းချမ်းရေး၏ တမန်တော်များအဖြစ် ပြုလုပ်တော်မူပါ။လူသားအားလုံးအတွက်ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်ခြင်း တင်ဆောင်သူများ ဖြစ်စေတော်မူပါ။
အာမင်။
"ဖက်ဒရယ်ပညာရေးကောင်း PFES ငြိမ်းချမ်းရေးကျောင်း"
#ငြိမ်းချမ်းရေးကျောင်းတော်pfes
22/12/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၉/၂၀၂၅)
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်)
"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်ရက်ကို ထုတ်ပြန်ကြေညာခြင်း"
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ကျင်းပခဲ့ပြီး အွန်လိုင်း (Online) ဖြေဆိုမှုများ ပြီးဆုံးသော်လည်း မြေပြင် အခက်အခဲများကြောင့် အော့ဖ်လိုင်း (Offline) ဖြေဆိုမှုများကို ဖြေဆိုကာလ ထပ်တိုးဆောင်ရွက်ခဲ့ရပါသည်။ ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်-
၁။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်ကိုက်ညီစွာ အွန်လိုင်း (Online) မှ ဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၉) နာရီမှ စတင်၍ အွန်လိုင်း (Online) မှ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
၂။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်ကိုက်ညီစွာ အော့ဖ်လိုင်း (Offline) မှ ဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများကို မိမိတို့သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် ဆက်သွယ်၍ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
၃။ ထုတ်ယူနိုင်မည့် အစီအစဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများ (Official Channels) တွင် ဆက်လက်ကြေညာပေးသွားမည် ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
မူရင်း post
https://www.facebook.com/share/p/1Cid1nDFsq/
#ငြိမ်းချမ်းရေးကျောင်းတော်pfes
18/12/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၇/၂၀၂၅)
၁၃၈၇ ခုနှစ် ၊ နတ်တော်လပြည့်ကျော် (၁၃)ရက်နေ့
(၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၁၇ ရက်)
“ဝမ်းနည်းကြောင်းသဝဏ်လွှာ”
၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁) နာရီ အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အခြေခံပညာရေးဘုတ်အဖွဲ့ တာဝန်ခံဆရာမကြီး ဒေါ်အေသီအောင် သည် ခင်ပွန်းဖြစ်သူနှင့်အတူ ၎င်းတို့၏နေအိမ်အတွင်း ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ ရပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွက် CDM နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်သည့်အပြင် နွေဦးတော်လှန်ရေးတွင် ပုလောမြို့နယ်၊ အခြေခံ ပညာရေးဘုတ်အဖွဲ့ တာဝန်ခံအဖြစ် ပြည်သူ့အကျိုးအတွက် တာဝန်ကျေပွန်စွာ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်အတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ လွန်စွာကြေကွဲ ဝမ်းနည်းရပါသည်။
၃။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ အဖွဲ့အစည်းများအသီးသီးနှင့်ပူးပေါင်းပြီး ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်စေရန်နှင့် ပါဝင်ပတ်သက် ကျူးလွန်သူများအားလုံးကို ဖော်ထုတ်အရေးယူအပြစ်ပေး၍ တရားမျှတမှု ရရှိစေရန် အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် တိုင်းပြည်အတွက် အမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်၍ စွမ်းစွမ်းတမံ ကောင်းကျိုးပြုဆောင်ရွက်နေသည့် ဆရာမကြီးအား မတရား ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်းအမှုနှင့် ပတ်သက်၍ မည်သည့်ပုဂ္ဂိုလ်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းက ဖြစ်စေ ပြစ်မှုကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ဆရာမကြီးအတွက် တရားမျှတမှုရရှိနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိပြုလျက် ဤဝမ်းနည်းကြောင်းသဝဏ်လွှာကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ်
မူရင်း....
https://www.facebook.com/share/p/1AJWyr27Y3/
#ငြိမ်းချမ်းရေးကျောင်းတော်pfes
28/11/2025
၂၀၂၅-၂၀၂၆ ကြားကာလပညာသင်နှစ် PFES ကျောင်း၏
"အခြေခံပညာ အတန်းကူးပြောင်းပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း၊ ရမှတ်/အဆင့်များသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ အသိအမှတ်ပြုလက်မှတ်/ ပညာရည်တိုးတတ်မှုမှတ်တမ်းများ ထုတ်ပြန်အသိပေးမည့်နမူနာပုံစံများကို ကျောင်းသား/သူများ ၊ မိဘအုပ်ထိန်းသူများနှင့် အများပြည်သူသို့ အသိပေးကြေညာခြင်း"
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ Peaceful Flyer - Interim BasicEducation Online Free School (PFES) ၂၀၂၅-၂၀၂၆ ကြားကာလပညာသင်နှစ် ”အခြေခံပညာ အတန်းကူးပြောင်းပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း၊ ရမှတ်/အဆင့်များသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ အသိအမှတ်ပြုလက်မှတ်/ ပညာရည်တိုးတတ်မှုမှတ်တမ်းများကို ဖော်ပြပါပုံစံအတိုင်း ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Peaceful Flyer - Interim Basic Education School
”ဖက်ဒရယ် ပညာရေးကောင်း
PFES ငြိမ်းချမ်းရေးကျောင်း”
#ငြိမ်းချမ်းရေးကျောင်းတော်PFES
26/11/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၆/၂၀၂၅)
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက်နေ့
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်)
"အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ အသိအမှတ်ပြုလက်မှတ်တွင် ထုတ်ပြန်ပေးမည့် ရမှတ်အဆင့်များကို အများပြည်သူသို့ အသိပေးကြေညာခြင်း"
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်မှစ၍ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း အသိအမှတ်ပြုလက်မှတ်တွင် ဖော်ပြပါရမှတ်အဆင့်များဖြင့် ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Peaceful Flyer - Interim Basic Education School
”ဖက်ဒရယ် ပညာရေးကောင်း
PFES ငြိမ်းချမ်းရေးကျောင်း”
မူရင်း post Link..
https://www.facebook.com/share/p/18r4jUKs3M/
#ငြိမ်းချမ်းရေးကျောင်းတော်PFES
05/10/2025
"ကမ္ဘာ့ဆရာများနေ့"
"World Teachers' Day
(အောက်တိုဘာလ ၅ ရက်နေ့)
သူငယ်ချင်းတို့ရေ ...
ဒီနေ့ကတော့ (၃၁) နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ စတင်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှာ "ကမ္ဘာ့ဆရာများနေ့" ကို ပုံစံအမျိုးမျိုးနဲ့ စတင်ကျင်းပခဲ့ကြပါတယ်။
ဒီနေ့က ဆရာ၊ဆရာများအနေနဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲပုံဖော်နေမှုများ၊ မိမိတို့ရဲ့ အရည်အချင်းများနှင့် အသက်မွေးဝမ်းကျောင်းများကို လက်တွေ့မှာအကျိုးရှိရှိအသုံးချနိုင်ဖို့ လိုအပ်သည့် အထောက်အပံ့အကူအညီများကိုလည်း ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်မှာလည်း မိမိနိုင်ငံအတွင်းသာမက တစ်ကမ္ဘာလုံးဖြင့် ချိတ်ဆက်ပြီး သင်ကြားရေးလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ဆောင်နိုင်ဖို့ လမ်းကြောင်းများကိုလည်း သုံးသပ်တွေးတောခြင်းတို့ကို ရည်ရွယ်ပြီး အသိအမှတ်ပြု ဂုဏ်ပြုသည့် နေ့ရက်လည်း ဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ ...
"ကမ္ဘာ့ဆရာများနေ့" ကို နှစ်စဉ်ကျင်းပကြရာမှာ ဦးတည်ချက်ဆောင်ပုဒ်များချမှတ်ကာ ဆောင်ရွက်ခဲ့ ပါတယ်။ ဆောင်ပုဒ်များ ရွေးချယ်ချမှတ်ရာတွင် ဆရာတွေရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အားလုံး အကျုံးဝင် ပါဝင်နိုင်စေရေး၊ အရည်အသွေးရှိသောဆရာ နှင့် အရည်အသွေးရှိသော ပညာရေးဖြစ်စေရေး၊ သာတူညီမျှ ပညာရေး ဖြစ်စေရေး၊ ဆရာတို့ရဲ့အနာဂတ်ဘဝလှပစေရေး၊ လွတ်လပ်စွာသင်ကြားနိုင်ရေး၊ လူငယ်ဆရာများခန့် ထားရေး၊ ဆရာများအတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ သင်ကြားသင်ယူမှုများကို ဆရာ၊ မိဘ၊ ကျောင်း၊ ပညာရေးလုပ်ငန်းတွင်တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်အကောင်အထည်ဖော်ရေး စတဲ့ ရည်ရွယ်ချက်များ ထားရှိကာ ဆောင်ပုဒ်များကို ချမှတ်လေ့ ရှိပါတယ်။
ယခု ၂၀၂၅ခုနှစ်၊ (၃၁) နှစ်ပြည့် "ကမ္ဘာ့ဆရာများနေ့" အတွက် ဆောင်ပုဒ်ကတော့ "Recasting Teaching as a Collaborative Profession" "ဆန်းသစ်သင်ကြား လက်တွဲထား၊ အနာဂတ်နိုင်ငံ့စွမ်းအား" ဖြစ်ပါတယ်။ ဒီနှစ်ချမှတ်ပေးတဲ့ "ကမ္ဘာ့ဆရာများနေ့" ဆောင်ပုဒ်လေးဟာ ဆရာ၊ဆရာမများ၊ ကျောင်းများ၊ ပညာရေးစနစ်များအတွက် အားလုံး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပြီး တိုးတက်ကောင်းမွန်သော သင်ကြားရေးအသက်မွေးဝမ်းကျောင်းကို ပြုပြင်ပြောင်းလဲလက်တွဲကူညီဖော်ဆောင်ပြီး အနာဂတ်နိုင်ငံ၏ ပညာရေးစွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ကြဖို့ အားလုံးအတူပူးပေါင်းပါဝင်ကြဖို့ မီးမောင်းထိုးပြလို့နေပါတယ်။
သင်ကြားရေးလုပ်ငန်းမှာ အချင်းချင်းအပြန်အလှန်လေးစားခြင်း၊ အပြန်အလှန် ထောက်ပံ့ကူညီမှု၊ အတွေ့အကြုံများကို မျှဝေခြင်းနှင့် တာဝန်ပူးတွဲယူခြင်းတို့ကို တန်ဖိုးထားသည့် မူဝါဒများ၊ လက်တွေ့ကျင့်သုံးမှုများ၊ ထိုသို့ ပတ်ဝန်းကျင်ဖြင့် ပံ့ပိုးပေးခြင်းသည် သင်ကြား၊သင်ယူရေးကို ပိုမိုအားကောင်းစေပြီး ဆရာ၊ဆရာမများ၏ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဆရာ၊ဆရာမဆိုသည့် အသက်မွေးဝမ်းကျောင်းကို အသိအမှတ်ပြုပြီး လုပ်ငန်းခွင်ကို ကျေနပ်မှုရရှိစေမှာ ဖြစ်ပါတယ်။
အားလုံးလက်တွဲဆောင်ရွက်မှုသည် အောင်မြင်မှု၏ သော့ချက်ဖြစ်ပြီး အတူတကွပူးပေါင်းဆောင်ရွက်မှုဖြင့်သာ တိုင်းပြည်၏ အနာဂတ်ပညာရေး
ကို စဉ်ဆက်မပြတ် ရေရှည် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အိမ်အိမ်တို့ရဲ့ နွေဦးတော်လှန်ရေး၊ ကြားကာလစဥ်ဆက်မပြတ်ပညာရေး အကောင်အထည် ဖော်တဲ့ နေရာမှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပညာရေးအသွင်ပြောင်းလဲမှုအတွက် အထက်မှာ ပြောပြထားတဲ့ အရာများကလည်း အခရာကျနေပါတယ်။ အိမ်အိမ်တို့နိုင်ငံရဲ့ ပြည်သူ့ဘက်တော်သား CDM ဆရာ၊ဆရာမများ၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးအတွက် ခွန်အားဖြစ်ပေးခဲ့သော ပညာရေးစေတနာ့ဝန်ထမ်းများအဖြစ် သင်ကြားပေးနေကြ တဲ့ ဆရာ၊ ဆရာမများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ အုပ်ထိန်းသူ/မိဘများ၊ ကျောင်းတွင် တာဝန်ရှိသူများ၊ ပညာရေးလုပ်ငန်းတွင် တာဝန်ယူလုပ်ဆောင်နေသူများ နဲ့အတူ သင်ကြားသင်ယူရေးကို ပိုမိုကောင်းမွန်စေသော ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြားကာလစဥ်ဆက်မပြတ်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေကြပါတယ်။
မြေပြင်ပြည်သူ့ပညာရေးကျောင်းများ၊ အွန်လိုင်းဖက်ဒရယ်ကျောင်းများစသည်ဖြင့် နေရာစုံကနေ ပြည်သူ့ပညာရေးကို ဖော်ဆောင်ပေးနေကြတာကိုလည်း အိမ်အိမ်တို့ ဝမ်းသာဂုဏ်ယူစွာ တွေ့မြင်နိုင်ပါတယ်။
အိမ်အိမ်တို့ နွေဦးတော်လှန်ရေးကြီးမှာ အသက်ပေးဆပ် တိုက်ပွဲဝင်သွားကြတဲ့ ကျဆုံး ဆရာ၊ဆရာမများ၊ မတရားဖမ်းဆီးနှိပ်စက် အကျဉ်းချခံနေကြရတဲ့ ဆရာ၊ဆရာမများ၊ CDMပြုလုပ်ရင်း အာဏာရှင်ကို ကာယ၊ ဥာဏ စွမ်းအားနှစ်ဖြာနဲ့ အစွမ်းကုန် တွန်းလှန်နေကြတဲ့ဆရာ/ဆရာမများ၊ ဆရာအင်အားလိုအပ်မှု ပြဿနာကို အဖြေရှာရင်း တော်လှန်ပညာဖြင့်တိုက်ပွဲဝင်နေကြတဲ့ ပညာရေးစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအားလုံးကို ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အိမ်အိမ်တို့အားလုံးက အတူတကွ ဂုဏ်ယူလေးစားစွာဖြင့် အလေးအနက် ဂါရ၀ထား ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။