31/03/2026
MMC UK မှ ကျင်းပသော Eid Celebration 2026 ကို လူငယ်များစုပေါင်းအားဖြင့် အောင်မြင်စွာ ပြုလုပ်
နိုင်ခဲ့ပါသည်။
လူကြီးများမှလည်း တတ်နိုင်သည့်ဘက်မှ ပါဝင်အားဖြည့်ကူညီပေးခဲ့ကြပြီး၊ အားလုံး၏ ပူးပေါင်းပါဝင်မှုကြောင့် ပွဲလေးမှာ အောင်မြင်ပြီး အမှတ်တရကောင်းများစွာ ဖန်တီးနိုင်ခဲ့ပါသည်။
ယခုလို လာရောက်ပါဝင်ပေးကြသော မိတ်ဆွေများအားလုံးနှင့် အားစိုက်ကူညီပေးခဲ့သော လူငယ်ညီအကို မောင်နှမများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
28/02/2026
ဒီမင်္ဂလာရှိသော ဦးပုဒ် ရမာဒန်လအတွင်း၊ အီဖ်တာ အစာစားပွဲများ စီစဉ်နိုင်ရန် လိုအပ် နေသော ရန်ကုန်မြို့တွင်းရှိ ပလီများကို ဟယ်လင်ဖိုး ကူညီပံ့ပိုးနိုင်ခဲ့ခြင်းကို ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
အသိုင်းအဝိုင်းကို ကူညီပံ့ပိုးခြင်းနှင့် လူမျိုးဘာသာမရွေး စည်းလုံးညီညွတ်မှု တိုးတက်စေခြင်းသည် MMC UK ရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါသည်။ ဤလှူဒါန်းမှုများမှတစ်ဆင့် လူတိုင်းအတွက် သာယာချမ်းမြေ့မှုနှင့် ကောင်းချီးမင်္ဂလာများ ရရှိပါစေကြောင်း ဆုတောင်းပါသည်။
During this blessed month of Ramadan, we are honored to support local mosques within Yangon by contributing donations to help provide Iftar meals for those breaking their fast.
Giving back and strengthening our community is at the heart of what we do. We pray that these efforts bring comfort, unity, and blessings to all.
28/01/2026
Big shout out to my newest top fans! 💎
Zaw M Naing, Maung Adi Maung
Drop a comment to welcome them to our community, fans
24/01/2026
Myanmar Muslim Community
(UK) food fundraiser မှ ရရှိသော အလှူငွေများဖြင့်အနာဂတ်ကြယ်ပွင့်လေးများ ဂေဟာရှိ
ကျောင်းသားကျောင်းသူ
ကလေးငယ်များအတွက်
စာအုပ် ဘော့ပင် ခဲတံ ပေတံ သင်ထောက်ကူ
၁၅ စုံနှင့် အလှူရှင်မရှိသော နေ့များအတွက်
၁၁ ရက်စာ ၇ သိန်း ၇ သောင်းကျပ်အား
လှူဒါန်းပံ့ပိုးသော မှတ်တန်းများ
21/01/2026
လိုအပ်နေသော ကလေးသူငယ်များ၊ special needs ကလေးများအတွက် MMC UK မှ အလှူဒါန…
Myanmar Muslim Community
(UK) မှ
အနာဂတ်ကြယ်ပွင့်လေးများ ဂေဟာရှိ
ကျောင်းသားကျောင်းသူ
ကလေးငယ်များအတွက်
စာအုပ် ဘော့ပင် ခဲတံ ပေတံ သင်ထောက်ကူ
၁၅ စုံနှင့် အလှူရှင်မရှိသော နေ့များအတွက်
၁၁ ရက်စာ ၇ သိန်း ၇ သောင်းကျပ်အား
မျှဝေသွားပါသည်။
အလှူရှင် အဖွဲ့ နှင့်
၇ ရက်သားသမီးများအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး
အလှူရေစက် လက်နဲ့မကွာ လှူနိုင်ပါစေ...
ဘေးရန်သောက ကင်းပါစေ..
စီးပွားရတနာတွေ ဒီရေအလားတိုးပွားပါစေ..
ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ပါစေ..
အစစ အရာရာအဆင်ပြေ အောင်မြင်ပါစေကြောင်း
ဆုမွန်ကောင်းများ ပို့သအပ်ပါတယ်ခင်ဗျာ..