Study In India With Yin

Study In India With Yin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Study In India With Yin, College & University, Delhi.

13/06/2026

တစ်ပတ်စာ စျေးဝယ်ထွက်နေရပါပြီ ဟင်ဒီမတတ်တော့လည်း ကိုယ်ပြောတာ သူနားမလည် သူပြောတာ ကိုယ်မသိနဲ့ 🥲🥲🤣

13/06/2026

ကိုယ့်နဲ့ တစ်ခြားကျောင်းသားအသစ်လေးတွေအတွက် အိမ်ရှာနေရပါပြီလို့ 🥲

12/06/2026

အထက်တန်းပညာရေးကို လမ်းကြောင်းအမျိုးမျိုးကနေ ပြီးမြောက်ထားသူတွေအတွက် တက္ကသိုလ် ပညာရေးကို တက်လှမ်းနိုင်မယ့် Sharda University

ကျောင်းလျှောက်ထားရန် လိုအပ်သည့် စာရွက်စာတမ်းများ
၁) စနစ်ဟောင်း ဆယ်တန်းအောင်လက်မှတ် (or) စနစ်သစ် ၁၂ တန်းအောင်လက်မှတ် (or) GED
၂) အမှတ်စာရင်း
၃) passport or refugee card

ဘယ်ဘာသာရပ်တွေ လျှောက်ထားလို့ရလဲ
ဆေးကျောင်း ကလွဲလို့ တစ်ခြား course ပေါင်း ၂၀၀ ကျော်ကို လျှောက်ထားနိုင်ပါတယ်။ သူနာပြုနဲ့ တစ်ခြား ဆေးဘက်ဆိုင်ရာဘာသာရပ်အတွက်ဆိုရင် Grade 10 + Grade 12 အောင်လက်မှတ်နှစ်ခုစလံုးကို သီးခြားစီ ပြရပါတယ်။

ကျောင်းက ဘယ်တော့စဖွင့်မလဲ။
First Year တွေ July 27 မှာ အတန်းစဖွင့်တော့မှာဖြစ်လို့ အမြန်ဆံုး ကျောင်းလျှောက်ထားဖို့ လိုအပ်ပါတယ်။

ကျောင်းလခနဲ့ တစ်ခြား သိချင်တာတွေကို page messenger or +919667588151 (WhatsApp) မှာ ဆက်သွယ်စံုစမ်းနိုင်ပါတယ်။

02/06/2026

🚀 Web Development ကို အခြေခံကနေ စတင်လေ့လာပြီး Web Developer တစ်ယောက်ဖြစ်ဖို့ အခွင့်အရေး!
နည်းပညာကို စိတ်ဝင်စားပြီး Website Development, Frontend Development, HTML, CSS, JavaScript တို့ကို အခြေခံကနေ စတင်လေ့လာချင်သူတွေအတွက် Padoma Online Learning Platform မှ အခမဲ့ Online Course တစ်ခုကို ယူဆောင်လာပါပြီ။
👨‍🏫 Instructor - Tr. Su Thadar Htet
📚 Course Title: Web Development for Beginners
💯 Course Fee: FREE
🌐 Web Development for Beginners ဆိုတာဘာလဲ?
ဒီ Course ဟာ Web Development လောကထဲကို စတင်ဝင်ရောက်ချင်သူတွေ၊ ကိုယ်ပိုင် Website တစ်ခု ဖန်တီးချင်သူတွေ၊ Frontend Development ကို လေ့လာချင်သူတွေအတွက် အထူးသင့်တော်တဲ့ Beginner Level Course တစ်ခု ဖြစ်ပါတယ်။
သင်ခန်းစာများအတွင်း Web Development ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့
✅ HTML
✅ CSS
✅ JavaScript
တို့ကို လက်တွေ့ကျကျ သင်ကြားပေးမှာဖြစ်ပြီး Course ပြီးဆုံးချိန်မှာ ကိုယ်ပိုင် Portfolio Website တစ်ခု တည်ဆောက်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🎯 Course Outcome
Course ပြီးဆုံးသွားတဲ့အခါမှာ
✨ HTML, CSS, JavaScript ကို နားလည်အသုံးချနိုင်မယ်
✨ Responsive Web Page များ တည်ဆောက်နိုင်မယ်
✨ Portfolio Website တစ်ခု ကိုယ်တိုင် ဖန်တီးနိုင်မယ်
✨ Web Development Career လမ်းကြောင်းကို စတင်နိုင်မယ်
🏆 Final Project
Build Your Own Portfolio Website with HTML, CSS & JavaScript
👥 ဒီ Course ကို ဘယ်သူတွေ တက်သင့်လဲ?
🔹 IT & Tech ကို စိတ်ဝင်စားတဲ့ လူငယ်များ
🔹 Web Developer ဖြစ်ချင်သူများ
🔹 Website တစ်ခု ကိုယ်တိုင် ဖန်တီးချင်သူများ
🔹 Programming ကို အခြေခံကနေ စတင်လေ့လာချင်သူများ
🔹 Digital Skills ကို မြှင့်တင်လိုသူများ
📌 ဘယ်လိုလေ့လာရမလဲ?
အရင်ဆုံး Padoma Online Learning Platform မှာ အခမဲ့ Account ဖွင့်ပြီး မိမိအဆင်ပြေတဲ့ အချိန်တိုင်းမှာ Online Learning စနစ်နဲ့ လေ့လာနိုင်ပါတယ်။
🌐 Register Here:
www.padomalearn.com
📱 Anytime, Anywhere
📖 Learn at Your Own Pace
🎓 100% Free Course
🔥 Web Development Career ကို စတင်ဖို့ အကောင်းဆုံး အချိန်က အခုပါပဲ!
အခမဲ့ Join လုပ်ပြီး HTML, CSS, JavaScript ကို လေ့လာကာ ကိုယ့်ရဲ့ ပထမဆုံး Portfolio Website ကို တည်ဆောက်လိုက်ပါ။

28/05/2026

Padoma Online Learning Platform နှင့် ကျွန်တော့်အိပ်မက်များထဲက တစ်ခု
လူလတ်တန်းစား မိသားစု (အဖေ စျေးရောင်း၊ အမေ ကျောင်းဆရာမ) ကနေ ဆင်းသက်လာတဲ့ ကျွန်တော့်ကို မိတ်ဆက်ရရင် ပညာရေးအတွက် ငွေကြေးအများကြီးမတတ်နိုင်တဲ့သူ၊ ဒါပေမယ့် ပညာရေးမှာ ထူးချွန်တယ်လို့ အယူဆခံရတဲ့သူ တစ်ယောက်အနေနဲ့ ပံုဖော်ခံရတဲ့သူပါ။ မြန်မာနိုင်ငံရဲ့ ခေတ်ကောင်းလို့ဆိုကြတဲ့ ၂၀၁၂ အလွန် ခေတ်ကို မျက်မြင်ခံစားရတဲ့သူမို့ နိုင်ငံတကာရဲ့ တိုးတက်နေမှုအခြေအနေတွေ၊ ကိုယ့်နိုင်ငံရဲ့ အစစအရာရာနိမ့်ကျမှုတွေကို နှိုင်းယှဉ်သိမြင်ခဲ့ရသူမို့ တစ်နေရာရာမှာတော့ ထူးချွန်အောင်လုပ်ပြီး မိသားစုအတွက် ရော ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက်ပါ တစ်ထောင့်တစ်နေရာမှာ ကူညီဆောင်ရွက်လိုစိတ်က ဟိုးငယ်ငယ်လေးကတည်းက ရှိပါတယ်။
လူငယ်ပီပီ တက်ကျမ်းတွေ ဖတ်ပြီး ဘာကြီးတွေ လုပ်မယ် ညာကြီးတွေ လုပ်မယ်ဆိုတဲ့ အိပ်မက်တွေလည်း ရှိခဲ့ ရှိနေဆဲပါပဲ။ နည်းပညာလမ်းကြောင်းကို မရည်ရွယ်ဘဲ ရောက်လာတဲ့ ကျွန်တော် (တက္ကသိုလ်တက်တုန်းက ယူတဲ့ ဘာသာရပ်က တစ်ခြား၊ ကျောင်းလည်း မပြီးလိုက်) နည်းပညာနဲ့ပဲ ပညာရေးကဏ္ဍမှာ အထောက်အကူပြုနိုင်အောင် ဆောင်ရွက်မယ်ဆိုတဲ့ စိတ်နဲ့ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက ဟိုဟာလေး စမ်း ဒီဟာလေး စမ်းနဲ့ အမျိုးမျိုးလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ထင်သလောက် အရာမထင်ခဲ့။ Yinn Academy ဆိုပြီး YouTube မှာ င်္သချာ course လေးတွေ အားရင်အားသလိုတင်ခဲ့တဲ့သူကလည်း ကျွန်တော်ပါပဲ။
အခုတော့ Padoma Online Learning Platform ကို ဖန်တီးနိုင်ခဲ့ပါပြီ။ စလုပ်ထားတာ သိပ်မကြာသေးတဲ့အတွက် လေ့လာစရာ ဘာသာရပ်တွေ နည်းနေသေးပေမယ့် မကြာမီ ပိုမိုများပြားစံုလင်လာအောင် ကြိုးစားလျက်ရှိပါသေးတယ်။ အနောက်နိုင်ငံတွေမှာ Coursera တို့ Udemy တို့လို online learning platform တွေ ရှိသလို မြန်မာပြည်မှာလည်း Padoma Online Learning Platform တစ်ခုရှိနေတာဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက် အစိတ်အပိုင်းတစ်ခုပါ။ AI ခေတ်မှာ မြန်မာလူငယ်တွေ ခေတ်ရှေးမပြေးရင်တောင် အမီလိုက်နိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားပါဉီးမယ်။

www.padomalearn.com မှာ ဝင်ရောက်ကြည့်ရှုပြီး အကြံဉာဏ်များလည်း ပေးသွားနိုင်ပါတယ်ဗျ။

24/05/2026

ဆယ်တန်း ဒါမှမဟုတ် Grade 12 ပြီးသွားလို့ တက္ကသိုလ်တက်ဖို့ ပြင်နေတဲ့ ကျောင်းသားလေးတွေ "ငါ ဘာ Major ရွေးရမလဲ" ဆိုတာကြီးက အကြီးမားဆုံး ခေါင်းခဲစရာ ဖြစ်နေပြီဟုတ်? 🤔💭

လူတိုင်းက "ကိုယ်ဝါသနာပါတာလုပ်" လို့ ပြောကြပေမယ့် တကယ်တမ်း ခေါင်းထဲမှာ ဘာရွေးရမှန်းမသိဘဲ ေ၀ခွဲမရ ဖြစ်နေတာ သဘာဝပါပဲ။ အခု အိန္ဒိယက Sharda University မှာ B.Tech IT တက်နေတဲ့ ကိုယ့်ရဲ့ အတွေ့အကြုံအရ Major ရွေးတော့မယ်ဆိုရင် သေချာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်! 👇

1. ဝါသနာ နဲ့ အလုပ်အကိုင် အခွင့်အလမ်း (Passion vs. Job Market) ⚖️
ကိုယ်ရူးသွပ်တဲ့အရာ (Passion) ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာ အဲဒီ Major က ကိုယ့်ကို ပြန်ထမင်းကျွေးနိုင်မယ့် Job Market ရှိလားဆိုတာကိုပါ တွက်ရပါမယ်။ ဝါသနာတစ်ခုတည်းကိုပဲ ဇွတ်မှိတ်မလိုက်ဘဲ ကိုယ်ဝါသနာပါတဲ့အရာနဲ့ အပြင်လောကက အလုပ်အကိုင်လိုအပ်ချက် ဘယ်နားမှာ ထပ်တူကျလဲဆိုတာကို ရှာဖွေကြည့်ပါ။

2. ကိုယ်ပိုင် အရည်အချင်းနဲ့ အားသာချက် (Strengths and Skills) 💪
"သူများတွေ တက်လို့၊ ခေတ်စားလို့" ဆိုပြီး လိုက်တက်ရင် လမ်းခွဲမှာ တိုင်ပတ်တတ်ပါတယ်။ ကိုယ်က သင်္ချာနဲ့ logic ပိုင်း အားသန်တာလား? စာရေးရတာ၊ ဖန်တီးရတာ ဝါသနာပါတာလား? စီးပွားရေး လုပ်ချင်တာလား? Design ပိုင်းအားသာတာလား? ဒါမှမဟုတ် နိုင်ငံရေးသဘောတရားတွေကို စိတ်ဝင်စားတာလား? ကိုယ့်ရဲ့ အားသာချက်ကို သိရင် Major ရွေးရတာ ပိုလွယ်သွားပါလိမ့်မယ်။ (ဥပမာ- ကိုယ်က Problem solving ကို သဘောကျလို့ IT ဘက်ကို ရွေးခဲ့တာမျိုးပေါ့!)

3. အနာဂတ် ခေတ်ရေစီးကြောင်း (Future Trends) 🚀
နောက် ၄ နှစ်၊ ၅ နှစ် ကိုယ်ကျောင်းပြီးတဲ့အချိန်အထိ ဒီမေဂျာက အသုံးဝင်နေဦးမလားဆိုတာ ကြိုတွက်ရပါမယ်။ အခုခေတ်မှာ IT, AI, Data Science နဲ့ Digitalization ပိုင်းတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ တဟုန်ထိုး တိုးတက်နေတာမို့ လုံးဝ မျက်ကွယ်ပြုထားလို့မရတဲ့ အနာဂတ် အလားအလာရှိတဲ့ နယ်ပယ်တွေပဲ ဖြစ်ပါတယ်။ အဲ... ဒါပေမယ့် ကိုယ်က ဒါတွေမှ စိတ်မဝင်စားဘူးဆိုရင်တော့ ဇွတ်အတင်း လိုက်လုပ်နေစရာမလိုပါဘူး။ ကိုယ့်ရဲ့ နယ်ပယ်ကို ကိုယ်အရင်ဆုံးရှာဖွေကြည့်ရမှာပါ။

ကဲ ဆိုတော့ ဘယ် parameters တွေသုံးပြီး ကိုယ့်အကြောင်းကိုယ် လေ့လာကြမလဲ?
၁) လွန်ခဲ့တဲ့ ၆လ ၁နှစ်ကနေ စပြီး ဘယ်ဟာတွေ လေ့လာဖြစ်လဲ။ Youtube တို့ မှာ ဘယ်သင်ခန်းစာတွေတော့ နားထောင်ဖြစ်လဲ
၂) ဘယ်ဟာတွေကိုတော့ လုပ်နေရရင် စိတ်အားထက်သန်မှုရှိလဲ
၃) နောက် ၅ နှစ်နေရင် ကိုယ်က ဘယ်လို career ရှိတဲ့ လူဖြစ်မလဲဆိုတာ မြင်ယောင်ကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။

ဒါတင်ဘဲလားဆိုတော့ နောက်တစ်ခုလုပ်ကြည့်ရမယ့် အရေးကြီးတဲ့ အချက်ကတော့ major တစ်ခုကို မရွေးခင်မှာ အဲ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ online course တစ်ခုကို တစ်လလောက် စမ်းပြီး လေ့လာကြည့်ကြည့်ပါ။ Youtube မှာလည်း free course လေးတွေ ရှိပါတယ်။ Vlog တွေ ဘာတွေလည်း ရှာဖွေကြည့်ပြီးတော့ ကျောင်းပြီးရင် ဘာတွေ လုပ်ရလဲဆိုတာကို အခုကတည်းက လေ့လာကြည့်ပေါ့ဗျာ

ဒီလောက်ဆို နည်းနည်းတီးမိခေါက်မိရောပေါ့။ ပိုင်း

17/05/2026

Sharda University မှာ B.Tech CSE/IT, BCA, Computer Science တို့ ယူမယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ပြောပြပေးပါ့မယ်။

B.Tech သမားတွေ ဆိုရင်တော့ first year မှာ Mathematics, Physics နဲ့ Electronics ဘာသာရပ်တစ်ခုစီကို ယူရပါတယ်။
သင်္ချာမှာ Calculus, Probability & Statistics တို့ကို ကြိုတင်လေ့လာထားသင့်ပါတယ်။
Physics မှာဆိုရင် Eletric Field တွေ အကြောင်း၊ Laser အကြောင်းနဲ့ Modern Physics အပိုင်းတို့ကို အခြေခံလောက်တော့ နားလည်အောင် ကြိုတင်ဖတ်ရှုထားသင့်ပါတယ်။
Motor, transformer တွေနဲ့ circuit တွေအကြောင်းလည်း အခြေခံလောက် ပြန်ဖတ်ထားသင့်ပါတယ်။

B.Tech ရော BCA, B.Sc CS ရောတို့က ကျောင်းမတက်ခင်မှာ programming language တစ်ခုခုကို အခြေခံလေ့လာထားဖို့ လိုအပ်ပါတယ်။ Python, C, C++, Java, Javascript, C # တို့ထဲက တစ်ခုခုကို ကြိုတင်သင်ယူထားရင် ကောင်းပါတယ်။

13/05/2026

🏥 Sharda University မှာ Nursing & Paramedical Course တွေကို တက်လို့ရနေပါပြီ။

ဘယ်သူတွေ လျှောက်လို့ ရပါသလဲ⁉️
Sharda University ဟာ flexible ဖြစ်တဲ့ကျောင်းဖြစ်တာနဲ့အညီ နိုင်ငံကူးလက်မှတ် (passport) နဲ့ လာမည့်ကျောင်းသားတွေကို လက်ခံတဲ့အပြင် နိုင်ငံရေးစစ်ရေးကြောင့် နယ်စပ်ကို ထွက်ခွာလာကြတဲ့ စစ်ဘေးရှောင်တွေအတွက် UNHCR ကတ်နဲ့လည်း ကျောင်းတက်ခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံသားတွေကို up to 25% scholarship လည်းပေးထားပါတယ်။

ကျောင်းဝင်ခွင့်အတွက်

(၁) Passport or UNHCR card
(၂) Grade 10 အောင်လက်မှတ် နဲ့ Grade 12 အောင်လက်မှတ် — နှစ်ခုလုံး ရှိရပါမယ်။ မြန်မာနိုင်ငံမှာက Grade 10 နဲ့ 12 ဆိုပြီး အောင်လက်မှတ် နှစ်ခုမထုတ်ပေးတဲ့အတွက် ကိုယ်တက်ခဲ့တဲ့ကျောင်းမှာ Grade 10 ပြီးဆံုးကြောင်းလက်မှတ်ကို ပြန်တောင်းရပါမယ်။ India က Examboard တစ်ခုခုကနေ ပြီးထားတဲ့သူဆိုရင်လည်း Grade 10 နဲ့ 12 အောက်လက်မှတ်နှစ်ခုစလံုး လိုအပ်ပါတယ်။​ Physics, Chemistry, Biology (PCB) subject တွေ ယူထားတဲ့သူဖြစ်ရပါမယ်။
(၃) အမှတ်စာရင်း
တို့ လိုအပ်ပါတယ်။

Sharda University ဆိုတာ ဘယ်လိုကျောင်းလဲ⁉️

Sharda University ဆိုတာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ အနီးမှာရှိတဲ့ Greater Noida မှာ တည်ရှိပါတယ်။ အိန္ဒိယအစိုးရ အသိအမှတ်ပြု (UGC Recognized) private university တွေထဲမှာ ranking မြင့်တဲ့ ကျောင်းဖြစ်တဲ့အပြင် နိုင်ငံတကာ ကျောင်းသားအများဆုံး ကျောင်းလည်း ဖြစ်ပါတယ်။
⏩ India နိုင်ငံမှာ International students အများဆုံး private university ကျောင်းဖြစ်ပါတယ်
⏩ အာရှရဲ့ ထိပ်တန်းတက္ကသိုလ် 4% မှာ Sharda University ပါဝင်ပါတယ်
⏩ India ရဲ့ National Assessment Accreditation Committee ရဲ့ အဆင့်သတ်မှတ်ချက် A+ ရရှိထားတဲ့ ကျောင်းဖြစ်ပါတယ်

Nursing & Paramedical မှာ ဘာတွေ တက်လို့ ရလဲ⁉️
🔹 B.Sc. Nursing — ၄ နှစ်
🔹 B.Sc. Post Basic Nursing — ၂ နှစ်
🔹 M.Sc. Nursing (Community Health / Obstetrics & Gynecology / Child Health / Medical Surgical / Psychiatric) — ၂ နှစ်စီ
🔹 M.Sc. Medical Anatomy / Biochemistry / Microbiology / Pharmacology / Physiology — ၃ နှစ်
🔹 Ph.D. Nursing / Ph.D. Medical — အနည်းဆုံး ၃ နှစ်
Bachelor, Master, PhD အဆင့်သုံးဆင့်လုံး တက်ရောက်နိုင်ပါတယ်။

ကျောင်းလခက ဘယ်လောက် ရှိလဲ⁉️
ဘာသာရပ်အလိုက် အနည်းငယ်ကွာခြားမှု ရှိပြီး USD $3,200 မှ $5,000 ဝန်းကျင် ရှိပါတယ်။ ဒါပေမယ့် 25% Scholarship အထိ ရရှိနိုင်ပါတယ်။

Sharda Hospital ဆိုတာ ဘာလဲ⁉️
ဒါကတော့ Sharda University ရဲ့ အကြီးမားဆုံး အားသာချက်ပဲ ဖြစ်ပါတယ်။ တက္ကသိုလ် ဝင်းထဲမှာပင် ကိုယ်ပိုင် Sharda Hospital ကြီး ရှိတာမို့ Nursing ကျောင်းသားတွေဟာ textbook ထဲကသာ မဟုတ်ဘဲ လက်တွေ့ ဆေးရုံမှာ လူနာတွေနဲ့ ထိတွေ့ကာ Clinical Training ရနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဘွဲ့ပြီးချင်းဆိုသလို အလုပ်အကိုင် ရှာဖွေရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။

ဘွဲ့ရပြီးရင် ဘာတွေ လုပ်နိုင်မလဲ⁉️

🇮🇳 အိန္ဒိယ — Sharda Hospital အပါ ဆေးရုံကြီးများမှာ Internship ဆက်လက်လုပ်ကိုင်နိုင်ပြီး India Nursing Council (INC) Registration ရယူကာ တရားဝင် Nurse အဖြစ် လုပ်ကိုင်နိုင်ပါတယ်
🇲🇲 မြန်မာ — ပြည်ပဘွဲ့နဲ့ WHO, MSF, ICRC, IRC, Save the Children လို နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများမှာ ဝင်ရောက်ခွင့် ပိုမိုလွယ်ကူပြီး လစာလည်း ပိုမိုများပြားပါတယ်
🌍 Gulf / UK / Australia — B.Sc. Nursing ဘွဲ့ဖြင့် UAE, Saudi Arabia, Qatar, UK, Australia တို့မှာ Registered Nurse အဖြစ်လုပ်ကိုင်နိုင်ပါတယ်။
🇹🇭🇸🇬 ASEAN ဒေသ — ထိုင်း၊ စင်္ကာပူ၊ မလေးရှားတို့မှာလည်း Nurse, Lab Technician, Medical Imaging Specialist အဖြစ် အလုပ်ခန့်မှု တိုးမြင့်လာနေပါတယ်

⚠️ တစ်ချက် သတိပေးချင်တာ ရှိပါတယ်
Sharda University ဟာ Nursing & Paramedical အတွက် နိုင်ငံစံုက International Student ၅၀ ဦး သာ လက်ခံမှာ ဖြစ်ပြီး အခုဆို အယောက် ၃၀ အပ်ထားပြီးပြီသိရပါတယ်။ ကျန်ရှိသည်မှာ ၂၀ နေရာ သာ ဖြစ်ပါတယ်။ “နောက်မှ လျှောက်မယ်” ဆိုရင် နောက်ကျသွားနိုင်ပါတယ်။

ဘယ်ကို ဆက်သွယ်ရမလဲ⁉️
အသေးစိတ်သိချင်ရင် ဒီ Page Messenger မှာဖြစ်ဖြစ် +919667588151 (WhatsApp / Viber) မှာဖြစ်ဖြစ် ဆက်သွယ်စံုစမ်းနိုင်ပါတယ်။

#ပညာသင်ဆု #ကျန်းမာရေးပညာ

13/05/2026

Top 3 takeaways for future Shardans….

12/05/2026

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ 2026 July Intake အတွက် ကျောင်းတက်ဖို့ စဉ်းစားနေပါသလား⁉️ဒါဆိုရင်တော့ ဒါတွေ သိထားဖို့ လိုပါတယ်။

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ဘယ်သူတွေ လက်ခံလဲ⁉️
Sharda University ဟာ ဘယ်လိုကျောင်းလဲဆိုတာမပြောခင် ဘယ်သူတွေ တက်လို့ရလဲဆိုတာကို အရင်ပြောပြပါမယ်။ Sharda University ဟာ flexible ဖြစ်တဲ့ကျောင်းဖြစ်တာနဲ့အညီ နိုင်ငံကူးလက်မှတ် (passport) နဲ့ လာမည့်ကျောင်းသားတွေကို လက်ခံတဲ့အပြင် နိုင်ငံရေးစစ်ရေးကြောင့် နယ်စပ်ကို ထွက်ခွာလာကြတဲ့ စစ်ဘေးရှောင်တွေအတွက် UNHCR ယာယီကတ်နဲ့လည်း ကျောင်းတက်ခွင့်ပြုထားပါတယ်။ တရားမဝင် ဝင်ခွင့်ပြုထားတာမျိုးမဟုတ်ဘဲ အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ဝင်ခွင့်ပြုတာဖြစ်လို့ ကျောင်းဘက်ကလည်း အပြည့်အဝ အာမခံချက်ပေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို up to 50% scholarship လည်းပေးထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်အတွက်
(၁) Passport or UNHCR card
(၂) စနစ်ဟောင်း ဆယ်တန်းအောင်လက်မှတ် (or) စနစ်သစ် Grade 12 လက်မှတ် (or) GED (or) IGCSE A level
(၃) အမှတ်စာရင်း တို့လိုအပ်ပါတယ်။ Visa လျှောက်မယ့်သူတွေအတွက်က bank statement လို အခြား documents တွေ ထပ်ပြင်ဆင်ရပါတယ်။

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ဆိုတာ ဘယ်လိုကျောင်းလဲ⁉️
Sharda University ဆိုတာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ အနီးမှာရှိတဲ့ Greater Noida ဆိုတဲ့ ပညာရေးမြို့မှာ တည်ရှိပါတယ်။ အိန္ဒိယအစိုးရအသိအမှတ်ပြု private university တွေထဲမှာ ranking မြင့်တဲ့ ကျောင်းဖြစ်တဲ့အပြင် နိုင်ငံတကာ ကျောင်းသားအများဆုံးကျောင်းလည်းဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ စာကြည့်တိုက်ကြီးရယ်၊ AC အပြည့်နဲ့ စာသင်ခန်းကျယ်ကြီးတွေရယ်၊ အမျိုးအစားစုံလင်လှတဲ့ အားကစားကွင်းတွေရယ်၊ ကျယ်ဝန်းလှတဲ့ campus ကြီးတွေက Sharda University ရဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေ ဖြစ်ပါတယ်။
⏩Sharda University ဟာ India နိုင်ငံမှာ International students အများဆုံး private university ကျောင်းဖြစ်ပါတယ်။
⏩အာရှရဲ့ ထိပ်တန်းတက္ကသိုလ် 4% မှာ Sharda University ပါဝင်ပါတယ်။
⏩နိုင်ငံတကာတက္ကသိုလ်ပေါင်း ၃၀၀ ခန့်နဲ့လည်း academic partnership ထူထောင်ထားပါတယ်။
⏩India ရဲ့ National Assessment Accreditation Committee ရဲ့ အဆင့်သတ်မှတ်ချက် A+ ရရှိထားတဲ့ ကျောင်းလည်းဖြစ်ပါတယ်။

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ဘာတွေ တက်လို့ရလဲ ⁉️
Sharda University ဟာ major ပေါင်းများစွာ တက်ရောက်နိုင်တဲ့ comprehensive university ဖြစ်ပါတယ်။ Health Science, IT, Computer Science, Business Management, Political Science, Law, Architecture, Civil Engineering, International Relations, Environmental Science, Social Sciences, Blockchain Technology, Cyber Security, IoT, Robotics, Electrical engineering, Biotechnology, Microbiology, Food Science စတဲ့ ဘာသာရပ်တွေအပြင် အခြားအခြားသော ဘာသာရပ်မျိုးစုံကို Bachelor, Master, PhD တက်ရောက်သင်ကြားနိုင်ပါတယ်။

ကျောင်းလခက ဘယ်လောက်ရှိလဲ ⁉️
ကိုယ်တက်ချင်တဲ့ ဘာသာရပ်အလိုက် အနည်းငယ်ကွာခြားမှု ရှိပြီးတော့ ကျောင်းလခ (tuition fee) က USD 1600 - 2100 ဝန်းကျင် ရှိပါတယ်။ ပထမနှစ် စဝင်ဝင်ချင်း admission fees USD 500 သွင်းရပြီးတော့ ကျန်တဲ့နှစ်တွေမှာ USD 250 သွင်းရပါတယ်။ ကိုယ်က ကျောင်းအဆောင်မှာနေချင်တယ်ဆိုရင်တော့ ကျောင်းက စီစဉ်ပေးတဲ့ အဆောင်ကြီးတွေမှာ နေလို့ရပါတယ်။ ဒါပေမယ့် အဆောင်လခက နည်းနည်းဈေးကြီးတာမို့ ကျောင်းသားအများစုက အပြင်မှာ နေကြပါတယ်။ နေစားရိတ် စားစရိတ် ဘယ်လောက်ကုန်လဲဆိုတာကို video ထဲမှာ ပြောပြပေးထားပါတယ်။

တစ်ခြားမြန်မာတွေ အတက်များတဲ့ ကျောင်းတွေထက် အားသာချက်က ဘာလဲ⁉️
ပထမအားသာချက်က သူ့ရဲ့ တည်နေရာပါ။ နယူးဒေလီမြို့ရဲ့ အနီးအနားမှာ ရှိတာမို့လို့ C1 လို မြန်မာတွေ အများစုနေတဲ့ နေရာကို အချိန်တိုတိုအတွင်းရောက်ရှိနိုင်တဲ့အပြင် မြန်မာအစားအသောက်မျိုးစုံကိုလည်း ရရှိတာမို့လို့ cultural shock သိပ်မရပါဘူး။ နောက်တစ်ခုကတော့ campus ပါ။ facility စုံလင်တဲ့ စာသင်ခန်းတွေ lab ခန်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ Europe Dream, America Dream ရှိတဲ့သူတွေအတွက် ဒီမှာ bachelor တက်ပြီး ဟိုမှာ master သွားတက်နိုင်မည့် အခွင့်အရေးကောင်းတစ်ရပ်ရှိပါတယ်။

India မှာ ကျောင်းလာတက်တာနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ၊​ လိုအပ်ချက်တွေကို page မှာ တင်ပေးထားတာမို့ ဝင်ရောက် လေ့လာနိုင်ပါတယ်။​

Study In India With Yin page က ဘာတွေ လုပ်ဆောင်ပေးနေပါသလဲ⁉️
⏩မြန်မာပြည်ကနေ Passport နဲ့ လာမည့်သူတွေအတွက် Visa ကိစ္စ ကူညီဆောင်ရွက်ပေးခြင်း၊ လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း၊ လေဆိပ်မှာ သွားရောက်ကြိုပေးခြင်း၊ အခန်းများကြိုတင် ငှားရမ်းပေးထားခြင်း၊ ကျောင်း admission process ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
⏩အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး Mizoram ဘက်ရောက်နေကြတဲ့သူတွေအတွက်လည်း Delhi အထိ လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊ UNHCR registration ကူညီဆောင်ရွက်ပေးခြင်း၊ အခန်းငှားကြိုတင်ငှားရမ်းပေးခြင်း၊ ကျောင်း admission process ဆောင်ရွက်ပေးခြင်း စတာတွေကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဘယ်ကို ဆက်သွယ်ရမလဲ⁉️
Study In India with Yin page မှာလည်းကောင်း +919667588151 (Whatsapp or Viber) မှာ သော်လည်းကောင်း လာရောက်ဆက်သွယ်နိုင်ပါတယ်။


Want your school to be the top-listed School/college in Delhi?

Click here to claim your Sponsored Listing.

Location

Website

Address


Delhi

Opening Hours

Monday 9am - 11pm
Tuesday 9am - 11pm
Wednesday 9am - 11pm
Thursday 9am - 11pm
Friday 9am - 11pm
Saturday 9am - 11pm
Sunday 9am - 11pm