K Talk

K Talk

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K Talk, Language school, Seoul.

လုပ်ငန်းခွင်ထဲ စကားမရလို့ ကိုယ့်ကိုယ်ကို တိုးတက်ချင်သူတွေ၊ ဗီဇာပြောင်းပြီး မိသားစုခေါ်ချင်သူတွေအတွက် K Talkနဲ့ တွေ့ရင် အဆင်ပြေသွားပါလိမ့်မယ် 🍀
Topik & KIIP နဲ့ လုပ်ငန်းခွင်စကားပြောဆို K Talk ကို သတိရလိုက်ပါ 💚

16/06/2026

ကိုရီးယားမှာ အလုပ်လုပ်ရင်း နားချိန်ရတိုင်း
စကားပြောတိုးတက်ဖို့ ကြိုးစားနေပေမဲ့
ဘာကြောင့် အခုထိ မတိုးတက်သေးတာလဲ❓

ကိုရီးယားရောက်ပြီးနောက်ပိုင်း….

လုပ်ငန်းခွင်မှာ ပိုအဆင်ပြေအောင်
“ဘာသာစကား တိုးတက်ရမယ်” လို့ ရည်ရွယ်ပြီး

အားလပ်ချိန်မှာ
You Tube နဲ့ ကိုရီးယား ဇာတ်လမ်းတွဲ တွေကြည့်ရင်း

မသိတဲ့ ‌မီးနင်းတွေ၊ စကားလုံးတွေ အလွတ်ကျက်ပေမဲ့
ထင်သလောက် တိုးတက်မလာဘဲ... 😓

တကယ် စကားပြောရမယ့် အချိန်ရောက်လာရင်

👉🏻"ဘာပြောရမလဲ မသိတာ

👉🏻"နားလည်ပေမယ့် ပြန်မပြောနိုင်တာ

👉🏻"မှားသွားရင် မှာကြောက်လို့ ခေါင်းညိတ်၊ ခေါင်းခါပဲ လုပ်နေရတုန်းလား.....🤔

တကယ်တော့ ‘စကားပြော’ တိုးတက်ဖို့ ဆိုတာ
❌ထိုင်ကျက်နေရုံ၊ နားထောင်နေရုံနဲ့ မရပါဘူး။

✅ကိုယ်တိုင် ပါးစပ်ကနေ အမြဲ လေ့ကျင့်မှ ရမှာပါ။

ဒါကြောင့်

K Talk မှာ အချိန် (3)လ အတွင်း
ကိုရီးယားဘာသာစကားကို ထိထိရောက်ရောက်နဲ့ တိုးတက်လာအောင်

1️⃣သိထားပြီးသား Vocabulary နဲ့ Grammar တွေကို မမေ့အောင် ပြန်နွှေးပေးပါတယ်။

2️⃣လုပ်ငန်းခွင်မှာ 사장님 (သူဌေး) နဲ့ လုပ်ဖော်ကိုင်ဖက်တွေကြား တကယ်အသုံးဝင်စေမဲ့ “နေ့စဉ်စကားပြော” တွေကိုပဲ သင်ပေးပြီး

3️⃣သဘာဝကျကျနဲ့ ရဲရဲဝံ့ဝံ့ နှုတ်သွက်လျှာသွက် ပြောထွက်လာအောင် လေ့ကျင့်ပေးပါတယ်။

ဒါတင်မကသေး

4️⃣ဗီဇာကိစ္စ အဝဝကိုပါ ဆွေးနွေးလမ်းညွှန်ပေးပါသေးတယ်။

အလုပ်မအားလို့ စိတ်ပူနေသူတွေ အတွက်

▪️ စနေ၊ တနင်္ဂနွေအတန်း မလို့ အလုပ်ပိတ်ရက်မှာ အေးဆေးတက်ရုံပါပဲ။

▪️Zoom Live မတက်ဖြစ်လဲ အဆင်ပြေတဲ့အချိန် ပြန်ကြည့်ဖို့ Recording ရှိပြီး

▪️ သင်ရိုးအသစ်နဲ့ တီချယ်ကိုယ်တိုင် အသံထွက်ကအစ အနီးကပ်ပြင်ပေးချင်လို့ လူဦးရေ ကန့်သတ်ထားပါတယ်ရှင်။

ဒါ့‌ကြောင့်
တစ်ယောက်တည်း အချိန်အကြာကြီး လေ့လာပြီး
‘ခရီးမပေါက်’ ဖြစ်နေတာထက်
စနစ်တကျ သေချာလေ့ကျင့်နိုင်ဖို့

K Talk မှာ အခုပဲ အတန်းအပ်နှံလိုက်တော့နော်။

⏰𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 အတန်းချိန်
📆𝐒𝐭𝐚𝐫𝐭 𝐝𝐚𝐭𝐞 - 𝐉𝐮𝐧𝐞 𝟐𝟕

🕗𝐒𝐚𝐭 & 𝐒𝐮𝐧 𝟖:𝟑𝟎 𝐏𝐌 ~𝟏𝟎:𝟑𝟎 𝐏𝐌 (𝐊𝐒𝐓)
💻 𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 - 𝟑 𝐦𝐨𝐧𝐭𝐡𝐬

With Love,
K Talk 💚

15/06/2026

📍ဒီလထဲမှာ ဖွင့်မဲ့ KIIP နဲ့ လုပ်ငန်းခွင်စကားပြောအတန်းအတွက် သင်တန်းကြေး discount က ဒီနေ့ Jun-15 ထိပဲနော် 🥰🍀

Photos from K Talk's post 13/06/2026

Topik result တွေပဲ တင်တာများတော့ KIIP ကျောင်းသားတွေရဲ့ အောင်လက်မှတ်လေးတွေကို သိပ်မတင်ဖြစ်တော့ ဘက်လိုက်တယ်ထင်မှာစိုးလို့ ရှိသမျှလေး တင်လိုက်ရပါတယ်။ တကယ်က ဖြေရတဲ့ပုံစံ၊ ဒိတ်လေးတွေကွာတော့ တခါတလေ သူတို့အောင်လက်မှတ်လေးတွေ တကူးတက လာပြရင် မက်ဆင်ဂျာမှာပဲ 축하해 လုပ်ဖြစ်လိုက်ပြီး page ပေါ်ရောက်လာဖို့ မေ့သွားတဲ့ အခါတွေလည်းရှိတယ်။ ဘာလို့လဲဆိုတော့.... 🤔🤔

🍃KIIP က Topik လိုမျိုး ဖြေရတဲ့အချိန်၊ စာမေးပွဲပုံစံ တခုတည်း သတ်မှတ်ထားတာမဟုတ်ဘဲ PBT (စာရွက်နဲ့ဖြေတာ)၊ CBT (ကွန်ပျူတာနဲ့ဖြေတာ)ဆိုပြီး သတ်မှတ်ထားပြီး PBT တလ တကြိမ်လောက်ရှိပြီး (တခါတလေကျလည်း တလခြား) ရှိတတ်ပြီး CBT က တလကို ၂ကြိမ်လောက် အမြဲရှိတတ်တာမို့ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ဝင်ဖြေကြတော့ Topik လိုမျိုး တပြိုင်တည်း result တွေ အတူတူ မထွက်ကြတာဖြစ်တယ်။

🍃ဗီဇာလျှောက်ဖို့၊ သက်တမ်းတိုးဖို့၊ ကျောင်းလျှောက်ဖို့ ကိုရီးယားစာလက်မှတ်ကလည်း အရေးတကြီး လိုနေတယ်။ Topik ကလည်း ၇လပိုင်းအတွက် ဖောင်တင်တာမမှီလိုက်တော့ ၁၀လပိုင်းထိစောင့်ရပါမယ်။ ဒီကြားထဲမှာ ဖြေချင်တဲ့သူတွေအတွက် KIIP (level test) ကို ဖြေလို့ရတယ်နော်။ Level test ဖြေဖို့ကတော့ ဟုတ်ပါပြီ၊ ဘယ်က ဘယ်လို စလုပ်ရမလဲမသိဘူး၊ အကောင့်ဖွင့်တာ၊ ဖောင်တင်တာတွေလည်း နားမလည်ဘူးဆို ဒါတွေ အားလုံးကို လမ်းညွှန်ဖြေရှင်းပေးတဲ့ ဒီလ Jun-27 မှာ ဖွင့်မဲ့ K Talk ရဲ့ KIIP (사전평가) အတန်းလေးရှိပါတယ်။ အသေးစိတ်ကို comment, messenger မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင် 🍀

With Love,
K Talk Team 💚

11/06/2026

ကိုရီးယားလုပ်ငန်းခွင်မှာ
사장님 ပြောတာကို နားလည်ပေမဲ့ ကိုယ့်အလှည့်ကျမှ စကားလုံးတွေက လည်ချောင်းဝမှာ တစ်နေတာမျိုးခံစားရဖူးလား ❓

စက်ရုံထဲမှာ သူဌေးက
တစ်ခုခု လာမေးရင် ခေါင်းထဲမှာတော့ Grammar တွေ၊ စကားလုံးတွေတန်းစီနေပေမဲ့.....😔

ပြန်ဖြေဖို့ နှုတ်ခမ်းဝနားရောက်မှ
အသံက ထွက်မလာတော့ဘဲ
"ခေါင်းငုံ့၊ ခေါင်းညိမ့်" ပဲ
လုပ်ပြလိုက်ရတဲ့ အကြိမ်တွေ
ဘယ်လောက်တောင် များနေပြီလဲ။ 😥

💁🏻‍♂️အလုပ်ထဲမှာ ဘယ်လောက်ပဲ သစ္စာရှိရှိ ကြိုးစားပါစေ၊
💁🏻‍♂️အချိန်ပို (Overtime) တွေပဲ ဆင်းပေးပါစေ...

စကားမပေါက်တော့ သူဌေးအမြင်မှာ
အလုပ်မတွင် ဖြစ်ရသလို...

👉🏻ကိုယ်က ပိုလုပ်ပေးရပြီး စကားကျွမ်းကျင်တဲ့သူကပဲ နေရာရသွားတာမျိုး ကြုံရတဲ့အခါ...
စိတ်ရောလူပါ ပင်ပန်းရပါတယ်။😢

ဒါ့ကြောင့်
K Talk ရဲ့ Speaking Class မှာဆိုရင်

📍အချိန်(၃)လအတွင်း
ကိုရီးယားဘာသာစကားကို စာအုပ်ကြီးအတိုင်းမဟုတ်ဘဲ

✅တကယ့်လက်တွေ့မှာ စပြီးပြောရဲဆိုရဲလာအောင်

✅အထက်လူကြီးနဲ့ ယဉ်ယဉ်‌ ကျေးကျေး ဆက်ဆံတတ်အောင်

✅လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အဆင်ပြေလာအောင်

စနစ်တကျ သင်ကြားပေးသွားမဲ့အပြင်

❌Vocabulary နဲ့ Grammar တွေကို မမေ့အောင်

✅အခြေခံကနေ အရင် ပြန်နွှေးပေးပြီးမှသာ
'စကားပြော'ကို အဆင့်ဆင့်
လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မကဘဲ

📋လုပ်ငန်းခွင်ထဲမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးလမ်းညွှန်ပေးသွားမှာအုံးမှာပါ။

K Talk မှာ
(၃)လတာ Speaking Class တက်ပြီးသွားတဲ့သူတွေအနေနဲ့

💁🏻‍♂️လုပ်ငန်းခွင်သုံး အခြေခံစကားပြောတွေကို
သဘာ၀ကျကျ နှုတ်သွက်လျှာသွက်နဲ့ပြောနိုင်လာမယ်။

💁🏻‍♂️사장님 နဲ့ ဆက်သွယ်ရတာ အဆင်‌ပြေလာတဲ့အတွက်
အလုပ်လုပ်ရတာ ပိုပျော်ရွှင်လာပြီး ယုံကြည်မှုတိုးလာနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်

💻 Zoom တိုက်ရိုက် Class ဖြစ်တဲ့အတွက်
နားမလည်တာတွေကို ချက်ချင်းမေးနိုင်သလို

အချိန်မအားလပ်သူများအတွက်လည်း recording တွေ ပြန်တင်ပေးမှာမလို့..အဆင်ပြေမဲ့ အချိန်မှာ
ပြန်လေ့လာလို့ရပါတယ်ရှင်။

🎁 အထူးအခွင့်အရေးအနေနဲ့

🗓️ June လ 15ရက်‌နေ့အထိ
📍ပထမဆုံးအပ်နှံမယ့် ( 5 ) ဦးကို 10% discount ပေးသွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့်
ဘာသာစကားအခက်အခဲကြောင့်
“ကြိုးစားသလောက် အရာမထင်”တာမျိုး မဖြစ်စေဖို့
K Talk ရဲ့ Speaking Class မှာ လေ့လာလိုက်ကြစို့။✨

⏰𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 အတန်းချိန်
📆𝐒𝐭𝐚𝐫𝐭 𝐝𝐚𝐭𝐞 - 𝐉𝐮𝐧𝐞 𝟐𝟕
🕗𝐒𝐚𝐭 & 𝐒𝐮𝐧 𝟖:𝟑𝟎 𝐏𝐌 ~𝟏𝟎:𝟑𝟎 𝐏𝐌 (𝐊𝐒𝐓)
💻 𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 - 𝟑𝐦𝐨𝐧𝐭𝐡𝐬

With Love,
K Talk 💚

08/06/2026

𝐄-𝟗 ဗီဇာသက်တမ်း ကုန်တော့မှာမလို့
စိတ်ပူနေရတဲ့ ညတွေကို 𝐊 𝐓𝐚𝐥𝐤 ရဲ့ 𝐊𝐈𝐈𝐏 𝐂𝐥𝐚𝐬𝐬 မှာ စာလေ့လာရင်း အဆုံးသတ်လိုက်ပါ။

E-9 ဗီဇာ သက်တမ်း ကုန်တော့မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့
အိပ်မပျော်တဲ့ ညတွေ ရှိနေပြီလား…❓

▫️“ကိုရီးယားမှာ ဆက်နေချင်သေးတယ်…”

▫️“မိသားစုကိုလည်း တရားဝင် F-3 ဗီဇာနဲ့ ခေါ်ချင်သေးတယ်…”

ဒါပေမဲ့

💁‍♀️ဘယ်ကနေ စရမလဲ မသိဘဲ စိတ်ပူနေတဲ့
ရွှေမြန်မာတွေအတွက်

အထိရောက်ဆုံးဖြတ်လမ်းကတော့
KIIP Level Test ကို အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုနိုင်ဖို့ပါပဲ ရှင်။

ဘာကြောင့် KIIP က အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေတာလဲ❓❓

💁‍♀️E-9 ကနေ E7- 4 / E7-4R /F2-R ဗီဇာ
ပြောင်းလဲ လျှောက်ထားတဲ့အခါ

Points System နဲ့ အမှတ်ပေးသတ်မှတ်တာဖြစ်ပြီး
KIIP Level Test မှာ (၄၁) မှတ်အထက် ရရှိရုံနဲ့
ဗီဇာလျှောက်ထားမှု အခွင့်အလမ်း ပိုမိုမြန်ဆန်လာမှာပါ။

ဒါပေမယ့်…
▫️အလုပ်တစ်ဖက်နဲ့ စာလေ့လာဖို့ အချိန် သီးသန့်မပေးနိုင်ဘူး❗️

▫️စာမေးပွဲ ဘယ်လိုဖြေရမလဲ မသိဘူး ❗️

▫️ဘယ်အပိုင်းကို အဓိက လေ့ကျင့်ရမလဲ မသေချာဘူး ❗️

ဆိုရင်တော့
K Talk မှာ KIIP Class ရှိပါတယ် ရှင်။🥰

💁‍♀️K Talk က ဆိုရင်

KIIP Level Test မှာ (41) မှတ် အထက်ရနိုင်စေဖို့…

✅မေးခွန်းဟောင်းများကို
သေချာလေ့ကျင့်ပေးပြီး အမှတ်များများရအောင် ဖြေနိုင်မဲ့ နည်းလမ်းကောင်းများကို မျှဝေပေးပါတယ်။

✅ Listening, Reading, Writing, Speaking စွမ်းရည် (၄) မျိုးလုံးကို ထိရောက်စွာ သင်ကြားပေးပါတယ်။

✅စာမေးပွဲပုံစံ ရှင်းပြပြီး အမှတ်များများရအောင် ဖြေဆိုနိုင်မဲ့ နည်းလမ်းတွေကို မျှဝေပေးပါတယ်။

✅Zoom Class နဲ့ သင်ကြားပေးတာ ဖြစ်လို့ ဆရာမနဲ့ အပြန်အလှန် ဆွေးနွေး မေးမြန်းနိုင်မဲ့ အပြင်

✅သင်ထားပြီးသမျှကို
အချိန်မရွေးပြန်လေ့လာလို့ရမဲ့ Zoom Recording လည်း ပေးထားမှာဖြစ်ပါတယ်။

✅ KIIP Exam နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို K Talk က စုံစုံလင်လင် သင်ကြားပေးသွား
မဲ့အပြင် ဗီဇာကိစ္စ အဝဝကိုလဲ ဆွေးနွေးတိုင်ပင်ပေးအုံးမှာ ဖြစ်ပါတယ်။

💁‍♀️အချိန် (၂) လခွဲလောက် သေချာကြိုးစားပြီး
တီချယ် သင်‌ပေးသမျှကို တစ်နေ့စာ တစ်နေ့‌ သေချာလိုက်လုပ်မယ်ဆိုရင်တော့
KIIP 사전평가 (41)မှတ်အထက်ကို ရရှိမှာ အသေအချာပါပဲ။

ဒါကြောင့်

E-9 ဗီဇာသက်တမ်းအတွက် စိတ်ပူနေရတဲ့ ညတွေကို အဆုံးသတ်ပြီး
ကိုရီးယားမှာ ရေရှည် နေထိုင်ခွင့် ရရှိမဲ့ အခွင့်အရေးကို K Talk နဲ့ အတူ စတင်လိုက်ကြရအောင်ပါ။💚🍀

𝐊𝐈𝐈𝐏 𝐂𝐥𝐚𝐬𝐬 𝐃𝐞𝐭𝐚𝐢𝐥

🗓️𝐒𝐭𝐚𝐫𝐭 𝐝𝐚𝐭𝐞 - 𝐉𝐮𝐧𝐞 𝟐𝟕
🕙𝐒𝐚𝐭 & 𝐒𝐮𝐧 (𝟏𝟎:𝟑𝟎 𝐀𝐌 ~𝟏𝟐:𝟑𝟎 𝐏𝐌)
⏰𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧- 𝟐.𝟓 𝐦𝐨𝐧𝐭𝐡𝐬

With Love,
K Talk 💚

Photos from K Talk's post 07/06/2026

ဘဝကို အေးဆေးနေဖို့ စဥ်းစားထားပေမဲ့ တတ်သည့်ပညာ မနေသာဆိုသလိုပဲ sharing လုပ်ပေးလိုက်ပါဦးမယ်။ တခါတလေ စဥ်းစားမိတယ်။ ကိုယ်ဟာ ဆရာမ မလုပ်ဘဲ ရှေ့နေ၊ တရားသူကြီး ဖြစ်ခဲ့ရမှာဆိုပြီး...

အခုနောက်ပိုင်း E7-4, E7-4R, F2R ပြောင်းပြီးတဲ့ ကျောင်းသားလေးတွေက မိသားစုဖိတ်ခေါ်တာလေးတွေ ခပ်စိပ်စိပ်တွေ့လာရတယ်။ အဲဒီမှာ agency တွေ အပ်ကြတော့ ဝန်ဆောင်ခ စရံငွေသာ ယူထားတယ် ဗီဇာဝင်ရမဲ့ ဒိတ်တောင် ယူပေးမထားတာတွေ၊ လိုအပ်တဲ့ အချက်အလက် သေချာလမ်းမညွှန်ထားတာတွေ တွေ့ရ၊ ကြားရတာ သိပ်အူယားတာပဲ။ အရင်ကတော့ ကိုယ်လည်း အဲဘက်ကို သေချာဖိဖိစီးစီးမလုပ်နိုင်တော့ လိုအပ်တာ စာတွေ့လောက်ပဲ လမ်းညွှန်ပေးနိုင်တယ်။ အခုတော့ လက်တကမ်းက ကျောင်းသားတွေကို တစ်ယောက်စ၊ နှစ်ယောက်စ ကူညီလုပ်ကိုင်ပေးရင်းက ဗီဇာရသွားပြီး အဆင်ပြေတဲ့ သူလေးတွေရှိလာရင်း လက်တွေ့ detail process တွေပါ သိလာရတော့ sharing လုပ်ပေးချင်တာနဲ့ ပို့စ်လေး ပြင်လိုက်ပါတယ် 👩‍💻

E74, E7-4R, F2R ဗီဇာတွေနဲ့ မိသားစုတွေ ခေါ်တဲ့အခါ မြန်မာမှာရှိတဲ့ ကိုရီးယားသံရုံးမှာ ဗီဇာလျှောက်ရပါတယ်။ E7-4နဲ့ ခေါ်တဲ့အခါ F3 visa (မှီခိုဗီဇာ) ချက်ချင်းလျှောက်ရပြီး၊ E7-4R, F2R နဲ့ ခေါ်တဲ့အခါ C3 (အလည်ဗီဇာ)နဲ့ လာပြီးမှ ဒီဘက်ရောက်မှ F3 (မှီခိုဗီဇာ) ပြန်ပြောင်းရပါတယ်။ ဒီဗီဇာတွေလျှောက်ဖို့အတွက် ဒိတ်ယူရာမှာ C3 ဒိတ်ပေးတာ မြန်ပြီး ဒိတ်ယူပြီး ၂ပတ်လောက်နေတာနဲ့ ဗီဇာဝင်ရတတ်ပြီး၊ F3 ကတော့ ဒိတ်ယူပြီး တလ၊ တလခွဲလောက်ကြာမှ ဗီဇာဝင်ရတတ်ပါတယ် 🗒️🧾

အဓိကလိုအပ်ချက်တွေက
🍀ဖိတ်ခေါ်မဲ့ အမျိုးသားဘက်က ၆လ ဘဏ်စာရင်း ဝမ် သိန်း ၁၅၀ (ပိုများရင် ပိုကောင်းပါတယ်)
🍀လက်ထပ်စာချုပ် (တရားသူကြီးလက်မှတ်နဲ့ ဖြစ်ရပါမယ်)
🍀အိမ်ထောင်စုဇယားအတူရှိရပါမယ်

ဒီအချက်အလက်တွေ ရှိနေမှ ကျန်တဲ့လိုအပ်ချက်တွေ ဆက်ပြင်လို့ ရမှာဖြစ်လို့ ဒီအချက်တွေ မပြည့်စုံဘဲနဲ့ စရံငွေ အရင်ယူထားရင် တခုခုတော့ လွဲနေပါပြီ။ သံရုံးဝင်တဲ့နေ့မှာ ဗီဇာကြေးက C3 က $ 40နဲ့ F3 က $60 သံရုံးကို ပေးရပါတယ်။ ကိုယ်တွေ မြန်မာတွေဟာ ရိုးသားကြတယ်၊ အားနာတတ်ကြတယ်၊ ဂျင်းမှန်း သိလည်းပဲ ထားလိုက်ပါ မပြောတော့ဘူးပဲ နေလိုက်ကြတယ်။ မဟုတ်မခံတဲ့ ကိုယ့်အတွက် ဒီလိုတွေ တွေ့ရတာ အဆင်မပြေလို့ လက်တကမ်းကသူတွေအတွက် အကူအညီဖြစ်စေဖို့ စေတနာရှေ့ထားပြီး တင်ပေးလိုက်ပါတယ် 🥰

ဒီလို စေတနာထားပြီး သေချာပြင်ပေးပေမဲ့လည်း လက်ရှိ နိုင်သလောက် ကူညီလျှောက်ထားပေးတဲ့အထဲက ရှေ့က ဗီဇာရထားတဲ့ သူတွေက လေယာဥ်တက်တဲ့နေ့ တောင် မြန်မာတာဝန်ခံက လေယာဥ်ကွင်းထိလိုက်ပို့တော့ ကျေးဇူးတင်စကားတွေ အထပ်ထပ်ကြားရတဲ့အခါလည်းရှိသလို denied ထိသွားတဲ့သူတွေကလည်း ကိုယ်တွေကို စိတ်ခုသွားတာမျိုးလည်း ရှိတာပါပဲ။ (ဒါမျိုးတွေက ရိုးနေပါပြီ) လက်ရှိထိတော့ ၁၀ယောက်မှာ ၈ယောက်လောက်တော့ ဗီဇာရခဲ့ပြီး ၂ယောက်လောက်တော့ denied ထိခဲ့ပါတယ်။ Denied ဖြစ်ခဲ့တဲ့သူတွေက နောက် ၆လဆိုပြန်လျှောက်လို့ရပါမယ်။ စာရှည်သွားပြီဆိုတော့ နောက်ပို့စ်တွေမှာ အခြား sharing လေးတွေ ထပ်ပြောပေးပါဦးမယ်။

With Love,
K Talk 💚

Photos from K Talk's post 06/06/2026

ဒီရက်ပိုင်း ဘယ်လိုမှ မအားလို့ page လေးလည်း ပစ်ထားသလိုဖြစ်ပြီး Ktalkers လေးတွေရဲ့ ဒီတခေါက် စာမေးပွဲ results လေးတွေတောင် အခုမှ Congrats လုပ်ပေးဖြစ်ရတော့တာပါပဲ 🥰🍀☘️

다들 수고했어요. ☺️

With Love,
K Talk 💚

30/05/2026
29/05/2026

ဖောင်တင်လည်း တိုးရ၊ result ကြည့်တော့လည်း တိုးရဆိုတော့ ဟုတ်တော့ မဟုတ်သေးဘူး

ကျောင်းသားတွေကလည်း ကိုယ်ဖြေထားတာတွေ သိချင်ကြတာ

Website ကလည်း ဝင်ရခက်
ငါလည်း အိပ်ငိုက် 🤭

Want your school to be the top-listed School/college in Seoul?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Seoul