Hnyune Life's Chapter

Hnyune Life's Chapter

Share

Chapters of my Life

17/06/2026

ကျွန်မရဲ့ Film Club လေးကို ဝင်ရောက် Join ဖို့ စိတ်ဝင်တစား လျှောက်ထားပေးကြတဲ့သူတွေဟာ ၂၄ နာရီတောင် မပြည့်ခင်မှာပဲ သတ်မှတ်ထားတဲ့ ဦးရေရဲ့ သုံးဆကျော်အထိ ရောက်ရှိလာခဲ့တာကြောင့် Registration Form ကို ပိတ်လိုက်ပါပြီရှင်။

တစ်ကြိမ်လုပ်တိုင်း တစ်ကြိမ်ဆိုသလောက် ထိရောက်ပြီး အရည်အသွေးရှိတဲ့ Session တစ်ခု ဖြစ်စေချင်တာကြောင့် ဒီတစ်ခေါက်မှာတော့ Participant (၅) ဦးကိုသာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။

လျှောက်ထားသူများထဲမှ အရွေးချယ်ခံရတဲ့ (၅) ဦးကို ၂၄ နာရီအတွင်း Email မှတဆင့် အကြောင်းကြားပေးသွားပါမယ်။ Email ဝင်စာကို စစ်ဆေးပြီး Reply ပြန်ပေးကြပါနော်။

(၅) ပတ်တာလုံး မပျက်မကွက် တက်ရောက်ပေးမယ့်သူတွေအတွက် အမှန်တကယ် အကျိုးရှိတဲ့ Session တစ်ခု ဖြစ်စေဖို့ ကြိုးစားထားပါတယ်။

ဒါ့အပြင် နောက်ဆုံး Session မှာ Dongguk University ရုပ်ရှင်မေဂျာမှာ လက်ရှိ သင်ကြားနေတဲ့ Professor တစ်ဦးအပါအဝင်၊ ကျွန်မထက် အတွေ့အကြုံပိုများပြီး Professional ပိုဆန်တဲ့ ပုဂ္ဂိုလ်တချို့နဲ့ Panel Discussion အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။

ဒါကြောင့် ရွေးချယ်ခံရသူများအနေနဲ့ (၅) ပတ်လုံး မပျက်မကွက် ပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ်ရှင်။

နောက်ဆုံးအနေနဲ့ Film Club အကြောင်းကို ဝိုင်းဝန်း Share ပေးကြတဲ့ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏🎬

Photos from Hnyune Life's Chapter's post 16/06/2026

ကိုရီးယားနိုင်ငံက ရုပ်ရှင်တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ နည်းလမ်းအတိုင်း ရုပ်ရှင်ကြည့်ကြရအောင်။

Parasite ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ B**g Joon-ho ဟာ ဒါရိုက်တာမဖြစ်ခင်က ဝါသနာတူတဲ့သူတွေ စုပြီး ရုပ်ရှင်အကြောင်း လေ့လာဆွေးနွေးခဲ့ကြတယ်ဆိုတာကို Yellow Door: '90s Lo-fi Film Club Documentary မှာ ကြည့်လိုက်ရပါတယ်။

အဲဒီအချိန်ကတည်းက ကိုယ်လည်း အလားတူ Film Club လေးတစ်ခု လုပ်ချင်ခဲ့ပေမယ့် ကိုယ်တိုင်တောင် “ရုပ်ရှင်ကို ဘယ်လိုကြည့်ရမလဲ” ဆိုတာကို အသေးစိတ် မသိသေးခဲ့ပါဘူး။

ဒါပေမယ့် အခု ရုပ်ရှင်မေဂျာမှာ သင်ယူနေရင်း၊ အတန်းထဲက လေ့လာမှုတွေနဲ့ Professor တွေဆီက သင်ကြားမှုတွေကြောင့်

“သြော်... ရုပ်ရှင်ဆိုတာ ဒီလိုမျိုး ကြည့်ရတာပါလား” ဆိုတာကို နားလည်လာခဲ့ပါတယ်။

ဒါကြောင့် ရုပ်ရှင်ကို အတူတူကြည့်ပြီး၊ အဲဒီရုပ်ရှင်ရဲ့ Story, Character, Camera, Sound, Theme စတာတွေကို အတူတူ ဆွေးနွေးမယ့် Zoom Session လေးတစ်ခု စီစဉ်ထားပါတယ်။

ပြည်တွင်းသာမက နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုး မည်သူမဆို အခမဲ့💯 ပါဝင်နိုင်ပါတယ်။

(သို့သော် ပထမဆုံး လျှောက်ထားသူ ၅ ယောက်ကိုသာ ရွေးချယ်သွားပါမည်။)

📅 Schedule
ကြည့်မယ့်ရုပ်ရှင် : La La Land (or) Parasite
ကာလ : 2026 Jul 1 မှ Jul 29 အထိ
နေ့ရက် : အပတ်စဉ် ဗုဒ္ဓဟူးနေ့
အချိန် : ကိုရီးယားစံတော်ချိန် ညနေ 6:00 – 7:30
Platform : Zoom

⚠️ Session ၅ ကြိမ်စလုံး မပျက်မကွက် တက်ရောက်နိုင်သူများသာ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(စာသင်မယ့် သင်တန်းလုံးဝ လုံးဝ မဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားကို ကြည့်ပြီး သူ့အမြင်ကိုယ့်အမြင် ဖလှယ်ပြီး ဆွေးနွေးကြမှာပါ)

ရုပ်ရှင်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ချင်သူများ၊ ဒါရိုက်တာ၊ စာရေးဆရာ၊ Cinematographer ဖြစ်ချင်သူများ သို့မဟုတ် ရုပ်ရှင်ချစ်သူ မည်သူမဆို ကြိုဆိုပါတယ်။

ရုပ်ရှင်ကြည့်ရုံမဟုတ်ဘဲ ရုပ်ရှင်ကို ပညာရပ်တစ်ခုလို ဖတ်ရှုတတ်အောင် အတူတူ လေ့လာကြရအောင်။

ဒီဖောင်ကို ဖြည့်ပြီး လျှောက်ထားပေးပါရှင့်(ကျွန်မရဲ့ Film Club လေးကို ဝင်ရောက် Join ဖို့ စိတ်ဝင်တစား လျှောက်ထားပေးကြတဲ့သူတွေဟာ ၂၄ နာရီတောင် မပြည့်ခင်မှာပဲ သတ်မှတ်ထားတဲ့ ဦးရေရဲ့ သုံးဆကျော်အထိ ရောက်ရှိလာခဲ့တာကြောင့် Registration Form ကို ပိတ်လိုက်ပါပြီရှင်။)
https://docs.google.com/forms/d/e/1FAIpQLSc6gBuTUJeVXijVFrv2THNpIbIi9LlppwEeijyoC1kHyCV_MQ/viewform?usp=header

25/05/2026

မိုးကိုမေးပေးဦး တခြားရက်မရွာဘဲ ဗုဒ္ဓဟူးနေ့ ချည်းရွေးရွာတာ ဘာသဘောလဲလို့
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ရှုတင်ပျက်ထားပြီးပြီ
အခုလည်း ရွာဦးမယ် ဒင်းက 😒

17/05/2026

ရိုက်ကူးရေးလုပ်ဖို့ ကားငှါးချင်လို့ပါ။
Edit - ကားရသွားပါပြီ။
(ဝိုင်းshare ပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်)
မင်းသားစီးတဲ့ ကားအဖြစ်ထည့်ရိုက်ချင်တာပါ။
ကားမောင်းတဲ့အခန်း မဟုတ်ပါဘဲ ကားပေါ်ကဆင်းပြီး ကားဘေးမှာ စကားခဏရပ်ပြောပြီး ကားပေါ်ပြန်တက်တဲ့ Scene ရိုက်ချင်တာပါ။

ရိုက်ကူးနေ့က လာမယ့် ၂၀ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့ မနက် ၉နာရီကနေ ၁၂နာရီအထိပါ။
ရိုက်မယ့်နေရာက နမ်းဆမ်းတာဝါအောက်က Dongguk University ကျောင်းဝင်းထဲမှာပါအဆင်ပြေတဲ့ ကားပိုင်ရှင်များ
ကျသင့်တဲ့ ကားဌားခနှုန်းနဲ့ အတူ
CB ကိုဆက်သွယ်ပေးကြပါနော်။

16/05/2026

🎬 "ကိုရီးယားမှာ ရုပ်ရှင်ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲ?" 🎥
(စာနည်းနည်း ရှည်ပါမယ်နော်)
ကိုရီးယားမှာ ရုပ်ရှင်ပညာကို တကယ်ထိထိရောက်ရောက်နဲ့ အဆင်ပြေပြေ သင်ယူချင်တယ်ဆိုရင် "ကိုရီးယားဘာသာစကား Level 6" နဲ့ "ရုပ်ရှင်ပညာ အခြေခံကျွမ်းကျင်မှု" ဒီနှစ်ခုစလုံး မဖြစ်မနေ တတ်မြောက်ပြီးသား ဖြစ်မှသာ ပိုအဆင်ပြေနိုင်မှာပါ။
တခြားကျောင်းတွေတော့ မသိဘူး၊ ကျွန်မတို့ကျောင်းမှာတော့ နိုင်ငံခြားသားအတန်း (International Class) နဲ့ ကိုရီးယားသားအတန်း (Korean Class) ဆိုပြီး သပ်သပ်စီ ခွဲထားပါတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက်နဲ့ ဘာလို့ Level 6 နဲ့ အခြေခံရှိဖို့ လိုတာလဲဆိုတာ ပြောပြမယ်နော်။

၁။ နိုင်ငံခြားသားအတန်း (International Class)
• အခြေအနေ: တရုတ်လူမျိုးတွေ အများဆုံးဖြစ်ပြီး ကိုရီးယားစကား သိပ်မပြောတတ်ကြပါဘူး။
• စာသင်ကြားမှု: ပါမောက္ခတွေက Lecture တွေကို နှေးနှေးသင်ပေးတာ၊ နားလည်လွယ်အောင် ပြန်ရှင်းပြတာမျိုး အခွင့်အရေးပေးတတ်ကြပါတယ်။
• အားနည်းချက်: အတူတူ Teamwork ရိုက်ကူးရေးလုပ်တာ၊ Presentation လုပ်တဲ့အခါ ကိုရီးယားလိုရော အင်္ဂလိပ်လိုပါ အချင်းချင်း ကောင်းကောင်း Communication မလုပ်နိုင်ကြလို့ Communication Gap အရမ်းကြီးပြီး အလုပ်မတွင်ပါဘူး။

၂။ ကိုရီးယားသားအတန်း (Korean Class)
• အခြေအနေ: TOPIK Level 5, 6 ရှိတဲ့ နိုင်ငံခြားသားတွေပဲ ဝင်တက်ခွင့်ရှိပါတယ်။ (တချို့အတန်းတွေက စကားကောင်းကောင်းပြောတတ်ပြီး Level 5 ရှိရင်တောင် ပေးမတက်ပါဘူး။ ကြိမ်းသေ Level 6 ရှိမှသာ စိတ်ချရတာပါ)
• စာသင်ကြားမှု: ပါမောက္ခတွေက စကား အရမ်းပြောမြန်ပါတယ်။ Presentation၊ Assignment နဲ့ Discussion တွေကို တစ်ယောက်ချင်းစီ လူစေ့ ခိုင်းတာပါ။ မလုပ်လို့ကို မရပါဘူး။
• အားသာချက်:
• "နိုင်ငံခြားသားမလို့ နားလည်ပေးတယ်" ဆိုတာမျိုး လုံးဝမရှိဘဲ ကိုရီးယားကျောင်းသားတွေနဲ့ တန်းတူ အကုန်လုပ်ရပါတယ်။ ဒီအတန်းထဲမှာ လာတက်တဲ့ နိုင်ငံခြားသားတွေက ဘာသာစကား ရပြီးသားသူတွေမလို့ Communication Gap လုံးဝမရှိဘဲ အလုပ် ပြီးမြောက်မှု ရှိပါတယ်။
• နောက်ပြီး ပါမောက္ခတွေက Group Project တွေ ပေးတဲ့အခါ နိုင်ငံခြားသားတွေချည်းပဲ သပ်သပ်ခွဲမထားဘဲ ကိုရီးယားကျောင်းသားတွေနဲ့ ရောပြီး အဖွဲ့ဖွဲ့ပေးတတ်တာမလို့ Local တွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို တိုက်ရိုက်လေ့လာခွင့်ရသလို Networking လည်း ပိုရစေပါတယ်။

TOPIK Level 6 ရဖို့ထက် ပိုအရေးကြီးတဲ့အရာ
ဘာသာစကားအပြင် ပိုအရေးကြီးတာက ရုပ်ရှင်နဲ့ ပတ်သက်သမျှ Pre-Production ကစလို့ Post-Production အထိ အကုန် အခြေခံရပြီးသားဖြစ်ဖို့ လိုအပ်တာပါ။
ကျွန်မတို့ကျောင်းက ကိုရီးယားကျောင်းသား တော်တော်များများဟာ "အနုပညာအထက်တန်းကျောင်း (Art High School)" က လာကြသူတွေ များပါတယ်။
• သူတို့က တက္ကသိုလ်မတက်ခင်ကတည်းက အနည်းဆုံး Short Film တစ်ခုမှာ ပါဝင်ဖူးကြတယ်။
• ရိုက်ကူးရေး အတွေ့အကြုံ၊ တည်းဖြတ် (Editing) အတွေ့အကြုံတွေ အကုန်ရှိပြီးသားပါ။
သူတို့ တက္ကသိုလ်လာတက်တယ်ဆိုတာ အခြေခံလာသင်တာမဟုတ်ဘဲ Advanced (အဆင့်မြင့်) ပိုင်းကို လေ့လာဖို့နဲ့ လုပ်ငန်းခွင်အတွက် Networking လာတည်ဆောက်တဲ့ သဘော ဖြစ်ပါတယ်။

📌 နိဂုံးချုပ် အကြံပြုချင်တာက
ကိုရီးယားမှာ ရုပ်ရှင်ကျောင်းလာတက်ပြီး မျက်နှာမငယ်ချင်ဘူး၊ အလုပ်တွေ တန်းတူ လိုက်လုပ်နိုင်ချင်တယ်ဆိုရင်တော့-
1. TOPIK Level 6 အထိ ရအောင် ကြိုးစားထားပါ။
2. ကျောင်းမလာခင်ကတည်းက ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အခြေခံ Technical ပိုင်းတွေကို ပိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ခဲ့ကြပါလို့ အကြံပြုချင်ပါတယ်ရှင်။

15/05/2026

ကိုယ့်ဇာတ်ညွှန်းရော
သူများဇာတ်ညွှန်းရော သေချာဖတ်ပြီး
ဆယ်ယောက်တစ်ဖွဲ့ Discussion လုပ်ခဲ့ရတဲ့ တစ်နေ့တာ အမှတ်တရပေါ့နော်။

အမြင်မတူတာတွေကို Feedback ပေးပြီး
ငြင်းခုန်ရတာတောင် ရန်မဖြစ်ကြပဲ
နွေးနွေးထွေးထွေး ခံစားခဲ့ရပြီး
စိတ်ကြည်နူးခဲ့ရတဲ့နေ့တစ်နေ့ဖြစ်ခဲ့ရတာမျိုး

14/05/2026

Short Film ပဲရိုက်ရိုက်၊ Freature Film ပဲရိုက်ရိုက်
Script Reading (ဇာတ်ညွှန်းဖတ်ခြင်း)ကို ကြိမ်းသေလုပ်ဖို့ လိုပါတယ်။
တခြားလူတွေ ဘာလို့ လုပ်လဲမသိပေမယ့် ကျွန်မကတော့ ဒီ အချက်တွေကြောင့် လုပ်ဖြစ်ပါတယ်။
(စာရှည်ပါမယ်....)

🍀ဒါရိုက်တာရဲ့ ခေါင်းထဲမှာရှိတဲ့ "ပုံရိပ်"၊ ဇာတ်ညွှန်းရေးဆရာရဲ့ "ဆိုလိုရင်း" နဲ့ သရုပ်ဆောင်ရဲ့ "ခံစားမှု" ဆိုတဲ့ အမြင်သုံးခုကို တစ်ထပ်တည်းကျအောင် ညှိယူတာပါ။ ဒီနေရာမှာ သရုပ်ဆောင်ရဲ့ ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ဆိုချက် (Interpretation) ကို ဒါရိုက်တာက နားထောင်ခွင့်ရပြီး ပိုကောင်းတဲ့ ရလဒ်တွေ ထွက်လာတတ်ပါတယ်။

🍀စာရွက်ပေါ်မှာ ရေးထားတဲ့ "နေကောင်းလား" ဆိုတဲ့ စကားတစ်ခွန်းဟာ အခြေအနေပေါ်မူတည်ပြီး အဓိပ္ပာယ် မျိုးစုံထွက်နိုင်ပါတယ်။ Script Reading လုပ်တဲ့အခါမှသာ အဲဒီစကားလုံးရဲ့ နောက်ကွယ်က တကယ့်ခံစားချက် (Subtext) ကို သရုပ်ဆောင်က ဒါရိုက်တာနဲ့ ဆွေးနွေးပြီး တိတိကျကျ ပုံဖော်နိုင်မှာပါ။

🍀သရုပ်ဆောင်တွေအတွက် ဒါဟာ စိတ်ကူးသက်သက်တင်မဟုတ်ဘဲ သူတို့ရဲ့ Emotions (စိတ်ခံစားမှု) ကို စတင်နှိုးဆွပေးတာပါ။ စာဖတ်ရင်းနဲ့ပဲ ဇာတ်ကောင်ရဲ့ နာကျင်မှု၊ ပျော်ရွှင်မှုတွေကို ကြိုတင် "ခံစား" ကြည့်ခွင့်ရတဲ့အတွက် ရိုက်ကွင်းပေါ်ရောက်တဲ့အခါ အပိုအလိုမရှိဘဲ သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့ အများကြီး အထောက်အကူပြုပါတယ်။

🍀ဇာတ်ညွှန်းကို အသံထွက်ဖတ်ကြည့်တဲ့အခါ စကားပြောခန်းတွေရဲ့ အနှေးအမြန် (Rhythm) ကို သိလာရပါတယ်။ ဒါဟာ ရုပ်ရှင်ရဲ့ အရှိန်အဟုန်ကို ထိန်းကျောင်းပေးတဲ့အတွက် ဒါရိုက်တာအတွက်ရော သရုပ်ဆောင်အတွက်ပါ အရေးကြီးတဲ့ အပိုင်းပါ။

10/05/2026

သူများတွေ Pulling လုပ်တုန်းက
Movement တွေက နှေးနှေးလေးတွေ
ကိုယ်ကိုင်တဲ့ နေ့မှ
မင်းသမီးက ပြေးရတဲ့ အခန်း
မြန်ချက်ဆိုတာ
Focus မမိမှာကြောက်လို့ အသက်တောင်မရှုရဲဘူး😅

Want your school to be the top-listed School/college in Seoul?

Click here to claim your Sponsored Listing.

Location

Telephone

Address


Seoul