18/06/2026
🧠 ၅ နှစ်အောက်ကလေးတွေ ဉာဏ်ကောင်းဖို့ ဘာတွေလုပ်ပေးရမလဲ?
ကလေးဉာဏ်ကောင်းဖို့ စာတွေ အများကြီး သင်ပေးဖို့ မလိုပါဘူး။
💚 ဒီအချက်လေးတွေက ပိုအရေးကြီးပါတယ်။
✅ ကလေးနဲ့ နေ့တိုင်း စကားများများပြောပါ။
✅ ပုံပြင်ဖတ်ပြပါ။
✅ ဆော့ကစားခွင့်ပေးပါ။
✅ ပုံဆွဲ၊ အရောင်ခြယ်၊ တည်ဆောက်ကစားစရာတွေ ကစားခိုင်းပါ။
✅ လုံလောက်စွာ အိပ်စက်ပါစေ။
✅ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ကျွေးပါ။
✅ ဖုန်း၊ Tablet အသုံးပြုချိန်ကို လျှော့ချပေးပါ။
ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုဟာ စာအုပ်တစ်အုပ်ပြီးတာနဲ့ မရနိုင်ပါဘူး။
🌱 နေ့စဉ် ပြောဆိုဆက်ဆံမှု၊ ကစားမှုနဲ့ ချစ်ခြင်းမေတ္တာတွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အာဟာရပါ။
18/06/2026
ပညာအမှန် ဆိုတာ IQ ရော EQရော balance ဖြစ်နေဖို့ လိုပါတယ် ကိုယ့်ကလေးတွေကို အမှန်ပညာတတ်စေချင်ရင်
ဘယ်ကျောင်းထားထားစာတော့တတ်မှာပါ
ပညာအမှန်တတ်ဖို့ဆိုရင် _မိဘကိုယ်တိုင်က IQထက် EQ တွေ ပိုကောင်းနေဖို့လိုပါတယ်
လိမ်ညာတတ်တဲ့ မိဘဆီကနေ လိမ်ညာတဲ့စိတ်သဘောကလေးမှာကူးစက်လာမယ်
အတင်းအဖျင်း မဟုတ်မမှန်ပြောတတ်တဲ့မိဘဆီကနေ အဲ့လိုကလေးမျိူးဖြစ်လာမယ်
ရန်လိုတတ်တဲ့မိဘဆီကနေ ရန်လိုတတ်တဲ့ကလေး ဖြစ်လာ မယ်
ဆဲဆိုတတ်တဲ့မိဘဆီကနေ ကလေးတွေဆဲဆိုတတ်လာမယ်
ပတ်ဝန်းကျင် နဲ့မိတ်ဆွေသူငယ်ချင်းဘယ်လောက် မကောင်းမကောင်း မိဘကောင်းရင် သားသမီးကောင်းပါတယ်
မိဘတွေအများစု ကိုယ့်သားသမီးတွေကို IQ နဲ့ဆိုင်တဲ့ ပညာရပ်(စာတွေ) မသင်ပေးပေမည့်
EQ နဲ့ဆိုင်တဲ့ (ပညာ)တွေကို နေ့စဥ်သင်ပေးနေပါတယ်
အဲ့လို EQကောင်းအောင် ကလေးတွေတက်နေတဲ့ကျောင်းက ဘယ်လောက်သင်သင်
Bad EQသင်ပေးလို့သင်ပေးနေမှန်းမသိတဲ့ မိဘတွေ ဆင်ခြင်စဥ်းစားတတ်နိုင်ဖို့
လျှပ်တပျက်အကြံပြုလိုက်ပါတယ်
16/06/2026
Happy birthday ပါ သားသားလင်းသုတအောင်
အသက် (၅)နှစ်ပြည့် သူငယ်ချင်းများကို မုန့်နှင့် ပဲနို့ဘူးကြီးများကျွေးမွေးခြင်းနှင့် ဆရာမအား ကြက်ဆီထမင်းဖြင့် ကျွေးမွေးခြင်းအတွက်အလွန်ကျေးဇူးတင်ဝမ်းသာပါတယ်
နှစ်တိုင်းနှစ်တိုင်း ကျန်းမာပျော်ရွှင်စွာနဲ့မွေးနေ့တိုင်းပြုလုပ်နိုင်ပါစေ🩷
ဖေဖေမေမေတို့အတွက် စိတ်ချမ်းသာစေရသော သားကောင်းရတနာလေးဖြစ်ပါစေ🩷
01/06/2026
Nursery to Kg1 မှthe First Day of School မှာ ပျော်နေကြပုံများ