01/06/2026
မိဘများကိုယ်တိုင် ကလေးတို့၏ အသံထွက်မှန်ကန်မှု၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန် အိမ်မှာပဲ လွယ်ကူစွာ ပံ့ပိုးပေးနိုင်ဖို့အတွက် နားလည်လွယ်ကူပြီး အသုံးဝင်တဲ့ နည်းလမ်းများကို သင်ကြားပေးသွားမယိ့ Free Phonics Class for Parents ပါရှင့် 🍀💙
Free Phonics Class for Parents - Clover’s 5th Anniversary 🍀
🍀 ကျွန်မတို့ Clover-Education Center မှ ၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မိဘများအတွက် FREE Phonics Class ကို အထူးစီစဉ်ပေးထားပါတယ်။
🍀 ဒီသင်တန်းဟာ မိဘများကိုယ်တိုင် ကလေးတို့၏ အသံထွက်မှန်ကန်မှု၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန် အိမ်မှာပဲ လွယ်ကူစွာ ပံ့ပိုးပေးနိုင်ဖို့အတွက် နားလည်လွယ်ကူပြီး အသုံးဝင်တဲ့ နည်းလမ်းများကို သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
📍 Class Details
Class Day - Every Saturday
Class Time - 9:00 am - 10:30 am
Duration - 1 month (4 weeks)
Start Date – June 6, 2026
🍀 မိဘနဲ့ကလေး အတူတူ တိုးတက်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုဖြစ်လို့ ပါဝင်လိုပါက
1️⃣ ဒီ Post ကို Like လုပ်ပါ။
2️⃣ Like လုပ်ပြီးပါက အခြားမိဘများပါသိစေရန် postကို Share လုပ်၍ မျှဝေပေးပါ။
3️⃣ Like & Share လုပ်ထားသော Screenshot ကို Page သို့ပို့ပေးပါ။
‼️ လူဦးရေကန့်သတ်ထားသောကြောင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော်။
‼️ Clover ရဲ့ Class များနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက📩 Page Chat Box မှတဆင့် သို့မဟုတ်📞 09759923781 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
🍀 Clover Education Center
29/05/2026
🏆 Harmony’s Sports Day ✨
ကျွန်မတို့ Harmony Education Center တွင် တက်ရောက်နေသော သားသား၊မီးမီး Harmonizers တို့အတွက်
✨ ပျော်ရွှင်စရာ အမှတ်တရများ
✨ Teamwork & Confidence
✨ Participation & Sportsmanship
တို့ကို လေ့လာခံစားနိုင်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲကို စီစဉ်ပေးခဲ့ပါတယ်ရှင့် ✨
ယခုအားကစားပွဲတွင်
🏅 Olympiad Mathematics Competitions များတွင် ဆုရရှိခဲ့ကြသော ကျောင်းသားများ နှင့်
🏅 Regular အတန်းများ နှင့် Summer အတန်းများတွင် Excellence Award ရရှိခဲ့ကြသော ကျောင်းသားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပါတယ်ရှင့် 💙
သားသားမီးမီးတို့ရဲ့ ကြိုးစားမှု၊ တိုးတက်မှုနှင့် အောင်မြင်မှုအခိုက်အတန့်လေးများကို မြင်တွေ့ရတဲ့အတွက် ကျွန်မတို့ Harmony မှ အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင့် ✨
ကျွန်မတို့ Harmony ကနေ
📘 Academic Excellence
📘 Confidence in Learning
📘 Happy Learning Environment
တို့ကို အဓိကထားပြီး သားသား၊မီးမီးတိုင်း တိုးတက်နိုင်ရန် ဆက်လက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင့် 💙
ယခုကျင်းပခဲ့တဲ့ အားကစားပွဲတွင်လည်း ကြိုးစားပါဝင်ခဲ့တဲ့ သားသား၊မီးမီးများနှင့် ပံ့ပိုးပေးခဲ့ကြသော ဖေဖေ၊မေမေတို့ကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင့် 💙
‼️ Online ကနေ တက်ရောက်နေတဲ့ သားသား၊မီးမီးတို့အတွက် ဆုများကို Delivery ဖြင့်ပို့ပေးပါ့မယ်ရှင့်။
16/05/2026
📌
Hello dear kids 😊
Here comes 𝗛𝗼𝗻𝗴 𝗞𝗼𝗻𝗴 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝗮𝗹 𝗢𝗹𝘆𝗺𝗽𝗶𝗮𝗱 𝟮𝟬𝟮𝟲 (𝗛𝗞𝗜𝗠𝗢 𝗖𝗼𝘂𝗻𝘁𝗿𝘆 𝗥𝗼𝘂𝗻𝗱 𝟮𝟬𝟮𝟲) again!!
ကလေးတို့ရေ
OCEC ကနေ မြန်မာနိုင်ငံမှာ နဝမအကြိမ်ကျင်းပမယ့် HKIMO 2026 Country Round Exam ကို 𝟮𝟴.𝟲.𝟮𝟬𝟮𝟲 (𝗦𝘂𝗻𝗱𝗮𝘆) မှာ 𝗕𝗼𝘁𝗵 𝗢𝗳𝗳𝗹𝗶𝗻𝗲 𝗮𝗻𝗱 𝗢𝗻𝗹𝗶𝗻𝗲 ကျင်းပသွားမှာဖြစ်ပါတယ်။
မိမိရဲ့သင်္ချာစွမ်းရည်ကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့ တိုင်းတာနိုင်တဲ့အပြင် ပါဝင်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်တာ၊ အချိန်ကိုအကျိုးရှိရှိသုံးလာတာတွေနဲ့တင် ကိုယ်ပိုင်အရည်အသွေးတွေ တိုးတက်မြင့်မားလာနိုင်ပါတယ်။
www.hongkongimo.com
📆 𝗘𝘅𝗮𝗺 𝗗𝗮𝘁𝗲
1. 🇲🇲 Country Round - 𝟮𝟴.𝟲.𝟮𝟬𝟮𝟲 (Both ONLINE & OFFLINE)
2. 🇭🇰 Final Round - 𝟮𝟮.𝟴.𝟮𝟬𝟮𝟲 (Both ONLINE & OFFLINE, Hong Kong)
📋 𝗘𝘅𝗮𝗺 𝗙𝗲𝗲𝘀 - 𝟴𝟱,𝟬𝟬𝟬 ကျပ်
✏️ 𝗘𝗹𝗶𝗴𝗶𝗯𝗶𝗹𝗶𝘁𝘆 - သူငယ်တန်း မှ ဒသမတန်းအထိ (𝗞𝗚 𝘁𝗼 𝗦𝗲𝗻𝗶𝗼𝗿 𝗦𝗲𝗰𝗼𝗻𝗱𝗮𝗿𝘆)
📚 𝗘𝘅𝗮𝗺 𝗙𝗼𝗿𝗺𝗮𝘁 - English + မြန်မာ
ℹ️ အတန်းသတ်မှတ်ပုံ
𝗣𝗔𝗦𝗧 𝗚𝗥𝗔𝗗𝗘 (ပြီးခဲ့သော 2025-26 ပညာသင်နှစ်အတန်း) ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အသက်နှင့်အတန်းကွာဟချက် +/- one year သာလက်ခံပါမည်။ Registration ပြုလုပ်ရာတွင် အသက်နှင့် အတန်းအထောက်အထား ပြသရန် လိုအပ်ပါသည်။ (ဥပမာ - မွေးစာရင်း၊ ကျောင်းသားကဒ်၊ မှတ်ပုံတင် etc.,)
⏰ 𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗗𝗲𝗮𝗱𝗹𝗶𝗻𝗲 - 14.6.2026 (Sunday) အထိ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပါသည်။
💬 ဖြေဆိုရန်စိတ်ဝင်စားသူများသည် Partner Schools များ (သို့မဟုတ်) UAT ၏ Viber Phone Number 09260206305 (or) Messenger/Chat Box မှမေးမြန်းစုံစမ်းနိုင်ပါသည်။
⭐ 𝐄𝐯𝐞𝐫𝐲𝐛𝐨𝐝𝐲 𝐢𝐬 𝐚 𝐠𝐞𝐧𝐢𝐮𝐬
𝐋𝐞𝐭'𝐬 𝐮𝐧𝐥𝐞𝐚𝐬𝐡 𝐲𝐨𝐮𝐫 𝐢𝐧𝐧𝐞𝐫 𝐬𝐩𝐚𝐫𝐤𝐥𝐞 ⭐
15/05/2026
Regular Classes Starting This June ✨
ဖေဖေ၊မေမေတို့ရှင့်။
ကျွန်မတို့ Harmony Education Center မှ Regular Classes များကို လာမယ့် June လမှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင့်။
📌 Singapore Math & Olympiad Foundation
ဒီအတန်းမှာ Singapore Math ကို အဓိကထားသင်ကြားပေးမှာဖြစ်တဲ့အတွက် သားသား၊မီးမီးတို့ ကျောင်းသင်ခန်းစာများကို အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် Olympiad Math အခြေခံကိုလည်း ထည့်သွင်းသင်ကြားပေးမှာဖြစ်တဲ့အတွက် သားသား၊မီးမီးတို့ရဲ့ Thinking Skill ကိုလည်း တိုးတက်စေမှာပါရှင့်။
📌 Olympiad Math Training
Olympiad Exam များ ဖြေဆိုရန်စိတ်ဝင်စားတဲ့ သားသား၊မီးမီးတို့အတွက် သင့်လျော်တဲ့အတန်းဖြစ်ပါတယ်ရှင့်။ Exam Old Question များက်ို အဓိကထားပြီး လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။
📌 English Four Skills & Grammar
သားသား၊မီးမီးတို့ Level အလိုက် လိုအပ်သော Speaking, Reading, Listening, Writing အပြင် Grammar ပါ ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်တဲ့အတွက် သားသား၊မီးမီးတို့ English Skill တိုးတက်ရုံသာမက ကျောင်းသင်ခန်းစာများအတွက်လည်း အထောက်အကူဖြစ်မယ့် အတန်းဖြစ်ပါတယ်ရှင့်။
📍 Math အတန်းများမှာ June တွင်တက်ရောက်ရမယ့် Grade ပေါ်မူတည်ပြီး တက်ရောက်ရမှာဖြစ်ပြီး English အတန်းများကို တက်ရောက်လိုပါက placement test ဖြေပေးရန် လိုအပ်ပါတယ်ရှင့်။
📍 အတန်းချိန် နှင့် သင်တန်းကြေးကို အောက်ပါပုံများတွင် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်ရှင့်။ သင်တန်းကြေးကို လစဉ်ပေးသွင်းလို့ရပါတယ်ရှင့်။ အတန်းအလိုက် သက်ဆိုင်ရာ စာအုပ်များ ထပ်မံဝယ်ယူရန် လိုအပ်ပါတယ်ရှင့်။ June လအတွက် သင်တန်းကြေး နှင့် စာအုပ်ကြေးကို သင်တန်းစတင်အပ်နှံစဉ်မှာ ကြိုတင်ပေးသွင်းရန် လိုအပ်ပြီး ကျန်လများအတွက် သင်တန်းကြေးကို လစဉ် (၁ ရက်နေ့မှ ၇ရက်နေ့အတွင်း) ပေးသွင်းလို့ ရပါတယ်ရှင့်။
‼️ အတန်းတစ်တန်းတွင် ကျောင်းသားဦးရေ (၁၀)ဦးဝန်းကျင်သာ လက်ခံသင်ကြားပေးမှာဖြစ်ပြီး Waiting List ပေးထားတဲ့ ကျောင်းသားများလည်းရှိတဲ့အတွက် စောစီးစွာ အပ်နှံဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။
☎️ အတန်းများအကြောင်း သိရှိလိုပါက 09 785 026 071 သို့ ဆက်သွယ်စုံစမ်းမေးမြန်းအပ်နှံနိုင်ပါတယ်ရှင့်။
🏠 Magway Campus
သစ္စာလမ်း (ပြည်တော်သာလမ်း နှင့် မဲထီးလမ်းကြား)၊ မြင်သာရပ်ကွက်၊ မကွေးမြို့