01/06/2026
We welcome 2026-2027 Academic Year together in unity, harmony, respect, discipline & mutual understanding ✍️ Thanks so much for choosing us 💫 Let’s study together! Let’s enjoy together & have fun together!! Warmly Welcome to ABC 🏫 Our contact numbers are 0943071517 & 09790833937.
29/05/2026
Grade 5 နှစ်ဆုံးစာမေးပွဲ ကျောင်းသားတစ်ဦးချင်းရမှတ်အဆင့်များကို ကျောင်းမှာလာကြည့်လို့ရပါပြီခင်ဗျာ 👋 Congratulations 🎉 Class of 2025 - 2026 👏💫👍
စုစုပေါင်း ဖြေဆိုသူကျောင်းသားဦးရေ - ၁၃၆ ယောက်
ALL A ရရှိသော ကျောင်းသားဦးရေ - ၈၄ ယောက်
Average A ရရှိသော ကျောင်းသားဦးရေ - ၁၁၃ ယောက်
Average B ရရှိသော ကျောင်းသားဦးရေ - ၂၂ ယောက်
Average C ရရှိသော ကျောင်းသားဦးရေ - ၁ ယောက်
မြန်မာစာ
အဆင့် A ရရှိသော ကျောင်းသားဦးရေ - ၁၀၂ ယောက်
အဆင့် B ရရှိသော ကျောင်းသားဦးရေ - ၃၄ ယောက်
အဂ်လိပ်စာ
အဆင့် A ရရှိသော ကျောင်းသားဦးရေ - ၁၁၅ ယောက်
အဆင့် B ရရှိသော ကျောင်းသားဦးရေ - ၁၈ ယောက်
အဆင့် C ရရှိသော ကျောင်းသားဦးရေ - ၃ ယောက်
သချ်ာ
အဆင့် A ရရှိသော ကျောင်းသားဦးရေ - ၁၁၅ ယောက်
အဆင့် B ရရှိသော ကျောင်းသားဦးရေ - ၁၇ ယောက်
အဆင့် C ရရှိသော ကျောင်းသားဦးရေ - ၄ ယောက်
သိပ္ပံ
အဆင့် A ရရှိသော ကျောင်းသားဦးရေ - ၁၁၈ ယောက်
အဆင့် B ရရှိသော ကျောင်းသားဦးရေ - ၁၈ ယောက်
လူမှုရေး
အဆင့် A ရရှိသော ကျောင်းသားဦးရေ - ၁၁၃ ယောက်
အဆင့် B ရရှိသော ကျောင်းသားဦးရေ - ၂၀ ယောက်
အဆင့် C ရရှိသော ကျောင်းသားဦးရေ - ၃ ယောက်
ABC ကျောင်းတော်မှ ဆရာ၊ ဆရာမများအားလုံးက Grade 5 ဖြေဆိုခဲ့သည့် သားများ၊ သမီးများအားလုံးကို လှိုက်လှဲစွာဂုဏ်ယူဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ ✍️အကောင်းဆုံးသင်ပြလမ်းညွှန်ပံ့ပိုးပေးပါသော ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ကြီးကြပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်သင် ဆရာကြီး၊ ဆရာမကြီးများ၊ လက်ထောက်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🎉 နောင်လာမည့်အတန်းများတွင်လည်း အဆင့်ဆင့်တက်လှမ်းနိုင်ပြီး ရလဒ်ကောင်းများနှင့် ကျောင်းဂုဏ်ဆောင်နိုင်ပါစေကြောင်း အကောင်းဆုံးဆုတောင်းခြင်းများနှင့်အတူ 🎊
ချစ်ခြင်းများစွာဖြင့်
Student Support Team 🏫
25/05/2026
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ၂၅-၅-၂၀၂၆ မှ ၃၁-၅-၂၀၂၆ ထိ (နံနက် ၉:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအတွင်း) လက်ခံဆောင်ရွက်ပေးနေပါတယ်ရှင့် ✍️ ချစ်ရတဲ့သားများ၊သမီးများ၏ပညာရေးခရီးတွင် စိတ်အားထက်သန်စွာဖြင့် အားစိုက်ကာ ပူးပေါင်းပါဝင်ပေးကြပါသော မိဘအုပ်ထိန်းသူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာဖော်ပြလျက် 🙏 Thanks so much for choosing us 📚 Welcome back to School 🏫
10/05/2026
ဘာသာရပ်သင်ဆရာ၊ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်း 🎉 ကျောင်းသားများအတွက် အဘက်ဘက်မှ ပိုမိုကောင်းမွန်သော သင်ယူလေ့လာမှုနယ်ပယ်များဖန်တီးပေးနိုင်ရန် ABC မှ အမြဲတမ်းအကောင်းဆုံးကြိုးစားလျက်ရှိပါတယ် … ABC ကျောင်းတော်မှ ဆရာ၊ ဆရာမများ၏ အုပ်ထိန်းသူများနှင့် ကျောင်းသားများအပေါ်တွင်ထားသော သဘောထား၊ အလုပ်အပေါ်တွင်ထားသော စေတနာနှင့် ဘာသာရပ်ကျွမ်းကျင်မှုတို့ကို စဉ်ဆက်မပျက်လေ့ကျင့်မြှင့်တင်ပေးလျက်ရှိပါကြောင်း ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါရစေ ✍️📒🏫
08/05/2026
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” (A Global Call for Climate Action) ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ(အလယ်တန်းအဆင့်) ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကျောင်းသားများအနေနှင့် အုပ်ထိန်းသူ (သို့) ကျောင်းသားကိုယ်တိုင် ကျောင်းတွင်လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။ ၈ - ၅-၂၀၂၆ ညနေ ၆ နာရီနောက်ဆုံးထား၍ လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။ (လိုင်စင်ဓာတ်ပုံ ၃ ပုံ တပါတည်းယူဆောင်လာပါရန်)
ပြိုင်ပွဲကျင်းပမည့်ရက်၊ အချိန် နှင့် နေရာ
၁၄ - ၅ - ၂၀၂၆ (ကြာသပတေးနေ့)
နံနက် ၉:၀၀ နာရီမှ ၁၁:၀၀နာရီထိ
အလက(ရဲ)၊ မကွေးမြို့
ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၉၄၃၀၇၁၅၁၇၊ ၀၉၇၉၀၈၃၃၉၃၇
02/05/2026
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (၂၈) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကျောင်းသားများ(မူလတန်းအဆင့်၊ အလယ်တန်းအဆင့်) အနေနှင့် အုပ်ထိန်းသူ (သို့) ကျောင်းသားကိုယ်တိုင် ကျောင်းတွင်လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။ ၃-၅-၂၀၂၆ နေ့လယ် ၁၂ နာရီနောက်ဆုံးထား၍ လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။
ကျောင်းတွင်ပြိုင်ပွဲကျင်းပမည့်ရက်နှင့် အချိန်
၃ - ၅ - ၂၀၂၆ (တနဂ်နွေနေ့)
ပန်းချီ/ ပိုစတာ - နေ့လယ် ၃:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီ
ကာတွန်း - နေ့လယ် ၃:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ
ကွန်ပျူတာပန်းချီ - နေ့လယ် ၃:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီ
ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၉၄၃၀၇၁၅၁၇၊ ၀၉၇၉၀၈၃၃၉၃၇
26/04/2026
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ABC ကိုယ်ပိုင်ကျောင်းနှင့်လက်တွဲလုပ်ကိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော ဆရာ/မ များ အောက်ဖော်ပြပါအတိုင်း အလိုရှိပါသည်။
➢ မူလတန်း၊ အလယ်တန်း လက်ထောက် ဆရာ/မ များ (၁၅) ဦး
- ဘွဲ့ရရှိထားသူဖြစ်ရမည်။
- သင်ကြားရေးကို စိတ်ဝင်စားသူဖြစ်ရမည်။
- ကလေးများအပေါ် စိတ်ရှည်ကြင်နာတတ်သူဖြစ်ရမည်။
အထက်ပါနေရာများအတွက် လျှောက်ထားလိုပါက
၁။ Master ဘွဲ့ရပြီးသူများလည်း လျှောက်ထားနိုင်ပါသည်။
၂။ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၃။အမှုအခင်းကင်းရှင်းသူဖြစ်ရမည်။
၄။အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
၅။အနည်းဆုံး ပညာသင်နှစ်တစ်နှစ်လုပ်ကိုင်ပေးနိုင်သူ ဖြစ်ရမည်။
၆။စဉ်ဆက်မပျက်လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
၇။ကျောင်းစည်းကမ်းများကိုလိုက်နာနိုင်သူဖြစ်ရမည်။
စိတ်ဝင်စားသူများအနေနှင့် CV Form ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ပညာရေးအထောက်အထားလက်မှတ်များ မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူနှင့်အတူ ကျောင်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ - ၀၉၄၃၀၇၁၅၁၇၊ ၀၉၇၉၀၈၃၃၉၃၇
Warmly Welcome to ABC Private School 🏫
22/03/2026
မြန်မာစာဆရာကြီးဦးကြည်တင်နှင့် ဆုရတပည့်များ၏ စာအုပ်အသစ် 📖 ကျောင်းက သားတွေ သမီးတွေရဲ့ မဂ်လာမောင်မယ်မှာပထမဆုရထားတဲ့လက်ရာတွေပါတွေ့ရတော့ ပိုပြီးဂုဏ်ယူရပါတယ်ရှင့် ✍️ ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီးရှင့် 🙏 သားတွေ သမီးတွေလည်း ပိုမိုအောင်မြင်တိုးတက်ပါစေ 💫