Htoo Chon Education Centre

Htoo Chon Education Centre

Share

Special English & Maths Classes

Photos from Htoo Chon Education Centre's post 12/06/2026

အများကြီး ဝမ်းသာ ဂုဏ်ယူရပါတယ် ကလေးတို့ရေ 👏👏👏
𝐁𝐢𝐠 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬, 𝐇𝐂𝐄𝐂 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 🎉

𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚 အခြေစိုက် 𝐊𝐨𝐚𝐥𝐚 𝐎𝐥𝐲𝐦𝐩𝐢𝐚𝐝 𝐄𝐱𝐚𝐦 𝟐𝟎𝟐𝟔 စာမေးပွဲကြီးတွင် 𝐇𝐭𝐨𝐨 𝐂𝐡𝐨𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 မှ ဖြေဆိုသူ (၉၉) ယောက်လုံး ဆုတွေ ကိုယ်စီရရှိခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက် ဂုဏ်ယူမိရပါသည်ရှင် 😊

💛 𝐊𝐨𝐚𝐥𝐚 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐎𝐥𝐲𝐦𝐩𝐢𝐚𝐝 (𝐊𝐄𝐎)
💯 𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐒𝐜𝐨𝐫𝐞 (𝟏𝟓) ယောက်
🥇 𝐆𝐨𝐥𝐝 𝐀𝐰𝐚𝐫𝐝 (𝟐𝟑) ယောက်

❤️ 𝐊𝐨𝐚𝐥𝐚 𝐌𝐚𝐭𝐡𝐬 𝐎𝐥𝐲𝐦𝐩𝐢𝐚𝐝 (𝐊𝐌𝐎)
💯 𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐒𝐜𝐨𝐫𝐞 (𝟏𝟏) ယောက်
🥇 𝐆𝐨𝐥𝐝 𝐀𝐰𝐚𝐫𝐝 (𝟐𝟔) ယောက်
🥈 𝐒𝐢𝐥𝐯𝐞𝐫 𝐀𝐰𝐚𝐫𝐝 (𝟏𝟓) ယောက်
🥉 𝐁𝐫𝐨𝐧𝐳𝐞 𝐀𝐰𝐚𝐫𝐝 (𝟑) ယောက်
🎖️ 𝐌𝐞𝐫𝐢𝐭 (𝟏) ယောက်

🩷 𝐊𝐨𝐚𝐥𝐚 𝐀𝐫𝐭 𝐎𝐥𝐲𝐦𝐩𝐢𝐚𝐝 (𝐊𝐀𝐎)
💯 𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐒𝐜𝐨𝐫𝐞 (𝟏) ယောက်
🥇 𝐆𝐨𝐥𝐝 𝐀𝐰𝐚𝐫𝐝 (𝟐) ယောက်
🥈 𝐒𝐢𝐥𝐯𝐞𝐫 𝐀𝐰𝐚𝐫𝐝 (𝟐) ယောက်

ဖြေဆိုသူများအားလုံး ၁၀၀% ဆု ဆွတ်ခူးရရှိခဲ့ပါသည်ရှင်
အထူးသဖြင့် 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာမေးပွဲကို အမှတ်ပြည့်ဆုများ နှင့် ရွှေတံဆိပ်ဆုများ အားလုံး ဆွတ်ခူးပေးခဲ့ကြလို့ ဝမ်းသာ ပီတိဖြစ်ရပါသည်

စာမေးပွဲကြီးကို ကြိုးစားဖြေဆိုပြီး ဆုတွေ ဆွတ်ခူးပေးခဲ့ကြတဲ့ သားသား မီးမီးများ နှင့် ယုံကြည်စွာ အပ်နှံပြီး သင်ကြားခွင့်ပေးတဲ့ မိဘများ ၊ အတူ ကြိုးစားသင်ကြားလေ့ကျင့်ပေးခဲ့ကြသည့် HCEC မှ တီချယ်များ အားလုံးကို အထူးကျေးဇူးတင်ရှိရပါသည် 🙏🙏🙏

11/06/2026

💙 BIG CONGRATULATIONS TO YOU ALL 💙

🟦Koala Art Olympiad (KAO) 2026 Heat Round (Myanmar Region)🇲🇲 Results are proudly announced.

🟦2026 May (29/30/31)တွင် ကျင်းပပြီးစီးခဲ့သော Australia 🇦🇺အခြေစိုက် Koala Excellence Olympiad (KEO) 2026 Heat Round တွင် PERFECT SCORE AWARD🏆/ GOLD AWARD🥇/ SILVER AWARD 🥈/ BRONZE AWARD🥉/ HONORABLE MENTION AWARD ရရှိကြသော မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူများစာရင်းကို ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်။ [ဆုရ Candidate Name များကို Exam Centre Name ရဲ့ Alphabetical အလိုက်
အပေါ်အောက် စီစဥ်ထားခြင်းဖြစ်ပါသည်။]

🟦 💯 Perfect Score (100% Marks) ရရှိထားသော ကျောင်းသား၊ကျောင်းသူများသည် July 4-5, 2026 တွင် Macau တွင် ကျင်းပမယ့် Global Finals ကို သွားရောက်ဖြေဆိုပါက US$ 140 သက်သာခွင့် ရရှိပါမည် (သို့မဟုတ်) July 4-5, 2026 တွင် ကျင်းပမယ့် Global Finals (Online) ကို ဝင်ရောက်ဖြေဆိုပါက 50% Off ခံစားခွင့် ရရှိပါမည်။

🟦KAO 2026 Heat Round တွင် PERFECT SCORE AWARD🏆/ GOLD AWARD🥇/ SILVER AWARD 🥈/ BRONZE AWARD🥉 ရရှိထားကြသူများ Global Finals ကို ဖြေဆိုခွင့်ရရှိကြပါတယ်။

🟦Global Finals

⭐Offline in Macau : 4-5 July 2026
🟢Online : 4-5 July 2026

⭐Register before 15 June (For Offline)
🟢Register before 25 June (For Online)

🟦Global Finals ဖြေဆိုလိုသူများ -
Tr Moh ထံသို့ ဆက်သွယ် စာရင်းသွင်းနိုင်ပါပြီ။

09/06/2026

🙋‍♀️ သင်ဟာ စာသင်ကြားခြင်းကို နှစ်သက်သူ တစ်ယောက်လား?

🙋‍♀️ ကလေးတွေကို ချစ်မြတ်နိုးသူ တစ်ယောက်လား?

🙋‍♀️ မိမိ အလုပ်အပေါ်မှာ စိတ်ရှည်ပြီး ကြိုးစား လေ့လာ သင်ယူချင်သူ တစ်ယောက်လား?

🙋‍♀️ ဒီအချက် (၃) ချက် အတွက် အဖြေက အားလုံး "Yes" ဆိုရင်တော့ Tr Daw Moh Moh Lwin ဦးစီးတဲ့ HCEC TEAM နဲ့ အခုပဲ လက်တွဲလိုက်ပါ

👇 ခန့်ထားမည့်ရာထူးများ –

♦️ English Teacher (Female ၁ ဦး)
♦️ Maths Teacher (Female ၁ ဦး)
♦️ Science Teacher (Female ၁ ဦး)
♦️ Assistant Teachers (Female ၅ ဦး)

လိုအပ်သော အရည်အချင်းများ –

✅ B.A. / M.A. / B.Ed. / M.Ed. / B.Sc. / M.Sc. / B.E / M.E ဘွဲ့ရရှိထားသူများ

✅ TESOL / TKT / ECCD/ Child Psychology အစရှိသည့် သက်ဆိုင်ရာ Diploma ရရှိထားသူများ

✅ အခြေခံပညာ အထက်တန်းအဆင့်ပြီးဆုံး အောင်မြင်ထားသူများ

လျှောက်ထားလိုသူများသည် မိမိတို့ ကိုယ်ရေးအချက်အလက်များပေးပို့၍ အောက်ပါအတိုင်း လျှောက်ထားနိုင်ပါသည်

📧 Email - [email protected]
📩 Viber - 09-2024343
💌 Address - Htoo Chon Education Centre, No (11), 39th street, between 80th and 81st street, Mahar Aung Myae Township, Mandalay

Photos from Htoo Chon Education Centre's post 31/05/2026

HCEC မှ ကျောင်းသား ကျောင်းသူပေါင်း (၉၉) ယောက် English, Maths, Art (၃) ဘာသာကို စံချိန်တင် ဝင်ယောက်ဖြေဆိုခဲ့ကြတဲ့ Australia အခြေစိုက် Koala Olympiad Exam အောင်မြင်စွာ ကျင်းပပြီးစီး

ကြိုးစားဖြေဆိုခဲ့ကြတဲ့ ကလေးများအားလုံး ဆုကြီးများ ဆွတ်ခူးနိုင်ကြပါစေ 🥰

26/05/2026

Congratulations, SIMSO 2026 Winners 🥇🥈🥉

🎖️May (3) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော SIMSO 2026 စာမေးပွဲကြီးကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ယူစွာ ကြေညာပေးလိုက်ပါတယ်ရှင်

🥇Gold (၁၀) ဆု
🥈Silver (၁၀) ဆု
🥉Bronze (၁၀) ဆု
ဖြေဆိုသူများအားလုံး ၁၀၀% ဆု ဆွတ်ခူးရရှိခဲ့ပါသည်ရှင်

စာမေးပွဲကြီးကို ကြိုးစားဖြေဆိုပြီး ဆုတွေ ဆွတ်ခူးပေးခဲ့ကြတဲ့ သားသား မီးမီးများ နှင့် ယုံကြည်စွာ အပ်နှံပြီး သင်ကြားခွင့်ပေးတဲ့ မိဘများ ၊ အတူ ကြိုးစားသင်ကြားလေ့ကျင့်ပေးခဲ့ကြသည့် HCEC မှ တီချယ်များ အားလုံးကို အထူးကျေးဇူးတင်ရှိရပါသည် 🙏🙏🙏

24/05/2026

𝗛𝘂𝗴𝗲 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝘁𝗼 𝗢𝘂𝗿 𝗛𝗶𝗽𝗽𝗼 𝟮𝟬𝟮𝟲 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗙𝗶𝗻𝗮𝗹𝗶𝘀𝘁𝘀 🇲🇲🇲🇲🇲🇲🥇🥈🥉

𝗛𝗶𝗽𝗽𝗼 𝗣𝗿𝗲𝗹𝗶𝗺𝗶𝗻𝗮𝗿𝘆 𝗥𝗼𝘂𝗻𝗱

𝗛𝗖𝗘𝗖 မှ ဖြေဆိုသူ (၂၈) ယောက်

အောင်မြင်သူ (၁၅) ယောက်

၁ ပုဒ်လောက်မှားလိုက်တာကြောင့် ၁ မှတ် ၂ မှတ် လေးလျော့တာနှင့် 𝗦𝗲𝗺𝗶 𝗙𝗶𝗻𝗮𝗹 𝗥𝗼𝘂𝗻𝗱
သို့ မပါရှိကြတာမို့ အလွန်ခက်ခဲသော စာမေးပွဲကို အောင်မြင်ကြသူ ကလေးများအားလုံး Congratulations ပါရှင် 👏👏👏

𝗦𝗲𝗺𝗶 𝗙𝗶𝗻𝗮𝗹 𝗥𝗼𝘂𝗻𝗱 နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပေမဲ့ ကြိုးစား ဖြေဆိုပေးကြသော ကလေးများ၏ အားထုတ်မှုကိုအသိအမှတ်ပြုပြီး အတူ ကြိုးစားသင်ကြားလေ့ကျင့်ပေးခဲ့ကြသည့် HCEC မှ တီချယ်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိရပါသည်ရှင် 🥰

𝗣𝗿𝗲𝗹𝗶𝗺𝗶𝗻𝗮𝗿𝘆 𝗥𝗼𝘂𝗻𝗱 တွင် အမှတ်ပြည့်ရရှိခဲ့သူများကို အဝါရောင် 🟡

𝗦𝗲𝗺𝗶 𝗙𝗶𝗻𝗮𝗹 𝗥𝗼𝘂𝗻𝗱 တက်လှမ်းနိုင်ခဲ့သူများကို အစိမ်းရောင် 🟢
ပြထားပေးပါသည်ရှင်

‼️ အထူးသတိပြုရန်မှာ 𝗦𝗲𝗺𝗶 𝗙𝗶𝗻𝗮𝗹 𝗥𝗼𝘂𝗻𝗱 သို့ ဆက်ဖြေမှသာ ရွှေ ငွေ ကြေး ဆုများရရှိမည် ဖြစ်ပါသည်

*******************************************
⭐ နိုင်ငံတကာတွင် ယခုနှစ် 𝟮𝟬𝟮𝟲 ၌မနှစ်ကထက်အလွန်ပိုမိုများပြားသောပြိုင်ပွဲဝင်များပါဝင်ယှဉ်ပြိုင်ကြပြီး နိုင်ငံ‌ပေါင်း 73 နိုင်ငံမှ ကျောင်းသားကျောင်းသူစုစု‌ပေါင်း 555,314 ယောက် ပါဝင်ယှဉ်ပြိုင်ကြပါသည်။ ⭐

✨ထို Hippo Preliminary Round 𝟮𝟬𝟮𝟲 တွင် မြန်မာနိုင်ငံမှ 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗙𝗶𝗻𝗮𝗹𝗶𝘀𝘁𝘀 = 𝟭𝟮𝟭 ယောက်ပေါ်ထွက်ခဲ့ပါသည်။ 🏆👏👏👏

✨ ပြိုင်ဆိုင်ရသည်မှာအလွန် competitive ဖြစ်ပြီး အလွန်ခက်ခဲ‌သောစာမေးပွဲကြီးတွင် National Finalist အဖြစ်ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူ *𝟭𝟮𝟭* ယောက်တွင် ပါဝင်ခဲ့သော HCEC မှ ကျောင်းသား ကျောင်းသူ (၁၅) ယောက်အား အား အထူး‌ပင်လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။🎉

🌐 အသေးစိတ်ကြည့်ရှုလေ့လာနိုင်ရန်
https://hippo-thecontest.org/results/

📆 𝗛𝗜𝗣𝗣𝗢 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗙𝗶𝗻𝗮𝗹𝘀 𝟮𝟬𝟮𝟲 (Myanmar) will be held 𝗢𝗡𝗟𝗜𝗡𝗘 𝗼𝗻𝗹𝘆 on 𝟳 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲 (Sunday) for all categories.

ℹ️ ယခုကျင်းပပြီးစီးခဲ့သော Preliminary Round တွင်အောင်မြင်ခဲ့ကြသူများသည် အနယ်နယ်အရပ်ရပ်ရှိ ကျောင်းအသီးသီးမှ ကျောင်းသူကျောင်းသားများပါဝင်သည့်အတွက် ယခုလက်ရှိအခြေအနေများအရ ထပ်မံဖြေဆိုရမည့် National Finals ကို အဆင်ပြေစေရန် 𝗢𝗡𝗟𝗜𝗡𝗘 𝗢𝗡𝗟𝗬 သာကျင်းပသွားမည်ဖြစ်ပါသည်။
(ယခင်နှစ်များတွင် ရန်ကုန် နှင့် မန္တလေးနှစ်နေရာတွင်သာ ကျင်းပခွင့်ပြုခဲ့ပါသည်။)

📋 Registration Fees = 90,000 ကျပ် (Same as Preliminary Round)

⏰ နောက်ဆုံးစာရင်းသွင်းရက် = 𝟭.𝟲.𝟮𝟬𝟮𝟲

🇮🇹 National Finals မှ Final Round သို့တိုက်ရိုက်ရွေးချယ်ခံရသူများသည် Spoleto, Italy တွင်ကျင်းပမည့် Final Round accomodation အတွက် Global Hippo Organisation မှကျခံပေးမည်ဖြစ်ပါသည်။ (Air tickets, Insurance fees and Visa fees မပါဝင်ပါ။)

🇹🇭 Qualifier Round တစ်ဆင့်ခံဖြေဆိုရမည့်သူများသည် Phuket, Thailand သို့သွားရောက်ဖြေဆိုရာတွင် Air tickets, Accommodation Fees, Insurance fees ကိုမိမိဖာသာကျခံရမည်ဖြစ်ပါသည်။

✏️ The National Finals categories remain the same. (e.g. HIPPO 2 students remain HIPPO 2 students) but the level of difficulty is higher (CEFR Level in the Preliminary round for HIPPO 2 was CEFR A1 and in the semi-final round is CEFR A2). The tests consist of a test of reading and a test of writing.

📝 Preliminary Round တွင်ဖြေဆိုခဲ့သော candidate number များအတိုင်းဖြစ်ပါသည်။

💬 National Final Information များကို comment တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

🏆 𝟳 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲 ရက်နေ့တွင်ကျင်းပသော National Finals သို့ဝင်ရောက်ဖြေဆိုပြီးလျှင် သက်ဆိုင်ရာရမှတ်များအလိုက် Gold, Silver, Bronze ဆုများရရှိမည်ဖြစ်ပါသည်။ National Finals တွင်ဝင်ရောက်ဖြေဆိုခြင်းမရှိပါက Merit ရရှိပါမည်။ ကျန်ရှိသော Preliminary Round တွင်ဖြေဆိုသူများအားလုံးသည် Certificate of Participation ရရှိပါမည်။

💬 Hippo National Finals ကိုနိုင်ငံတကာမှ ကျောင်းသားများနှင့် ဆက်လက်ယှဉ်ပြိုင်မည့် National Finalists များသည် Tr Moh ဆီသို့ June 1 ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။

✅ Preliminary Round တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်လေးအနည်းငယ်ပွတ်ကာသီကာဖြင့် National Finalists မဖြစ်ခဲ့ကြသော သားသားမီးမီးတို့လည်း နောက်လာမည့်နှစ် စာမေးပွဲတွင် အားမာန်အပြည့်ဖြင့်ထပ်မံဆုံတွေ့ကြပါစို့ 💪
A big thank you to all the students who participated in the preliminary round of 𝗛𝗜𝗣𝗣𝗢 𝟮𝟬𝟮𝟲 🙇

Let's move forward so that success is inevitable 💪

🎊🏆 𝐌𝐚𝐲 𝐭𝐡𝐢𝐬 𝐬𝐮𝐜𝐜𝐞𝐬𝐬 𝐥𝐞𝐚𝐝 𝐭𝐨 𝐚 𝐠𝐫𝐞𝐚𝐭𝐞𝐫 𝐚𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭 𝐢𝐧 𝐭𝐡𝐞 𝐲𝐞𝐚𝐫𝐬 𝐭𝐨 𝐜𝐨𝐦𝐞. 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐟𝐨𝐫 𝐩𝐫𝐞𝐬𝐞𝐧𝐭 𝐚𝐧𝐝 𝐮𝐩𝐜𝐨𝐦𝐢𝐧𝐠 𝐬𝐮𝐜𝐜𝐞𝐬𝐬𝐞𝐬 🎊🏆

Photos from Htoo Chon Education Centre's post 19/05/2026

𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 သားသား
✨ 𝗠𝘆𝗮𝘁 𝗕𝗵𝗼𝗻𝗲 𝗞𝗵𝗮𝗻𝘁 @ 𝗪𝗶𝗹𝗹𝗶𝗮𝗺 ✨
🏆 𝗧𝗜𝗠𝗢 𝗙𝗶𝗻𝗮𝗹 𝗥𝗼𝘂𝗻𝗱 🏆
🥉 𝗕𝗿𝗼𝗻𝘇𝗲 🥉
🎊 𝗚𝗿𝗮𝗱𝗲- 𝟰🎊

Photos from Htoo Chon Education Centre's post 15/05/2026

🌷 သိန်း (၁၀၀) Essay ပြိုင်ပွဲကြီးတွင် ဇကာတင် Top 3 Finalists ၌ ဝင်ရောက်ခဲ့ပေမဲ့ Winner ဆု သိန်း (၁၀၀) ကျပ်ဆုကြီးကို တီချယ်မို့ရော တီချယ်မို့ တပည့် သားသား Travis ပါ (၂) ယောက်စလုံး လွဲချော်ခဲ့ရသော အမှတ်တရ

🌷Dagun International School မှ ကြီးမှူးကျင်းပသည့် Essay Competition ကျောင်းပေါင်းစုံ ပြိုင်ပွဲကြီးတွင် ကျောင်းမှ တာဝန်ရှိသူများက ပြိုင်ပွဲဝင်ရောက်ရန် ဖိတ်ခေါ် ကမ်းလှမ်းပါသဖြင့် တီချယ်မို့တပည့်များ၊ သားငယ် ရွှေတီး နှင့် တီချယ်မို့ ကိုယ်တိုင်ပါဝင်ပြီး Student Cateory နှင့် Parent Category အသီးသီး၌ IB Education for All ခေါင်းစဉ်ဖြင့် အားတက်သရော ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပါသည်

🌷 Parent Category တွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော ကျမ တီချယ် မို့မိုလွင် နှင့် Student Category (age 9-11) တွင်ပါဝင်ယှဉ်ပြိုင်ခဲ့သော သားငယ် Thu Ta Htoo @ Travis တို့သည် မိမိတို့ ဖြေဆိုသည့် Category အသီးသီး၌ Top 3 Performers အဖြစ် ရွေးချယ်ခြင်း ခံရသော်လည်းပဲ အဆင့်တစ်ခုခြင်းစီတွင် Winner ဆုတစ်ဆုကိုသာ ပြန်လည် ရွေးချယ်ခဲ့သောကြောင့် ထိုဆုကြီးနှင့် ဆရာ တပည့်နှစ်ယောက်လုံး လွဲခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိပါသော်လည်းပဲ Top 3 Finalists တွင် ပါဝင်ခွင့်ရရန်မှာ မလွယ်ကူလှပါသဖြင့် ဖိတ်ကြားထားသော ဆုပေးပွဲတွင် ဂုဏ်ယူစွာဖြင့် မိမိရရှိသော ဆုကို တက်ရောက်ယူခဲ့ခြင်းဖြစ်ပါသည်ရှင်

🌷 Category (၃) ခုအတွက် Top 3 (၃) ယောက်စီ ရွေးသောကြောင့် စုစုပေါင်း Top Performers (၉) ယောက်တွင် Category (၂) ခု၌ Htoo Chon Education Centre မှ (၂) ယောက်တောင်ပါဝင်ခဲ့လို့ Htoo Chon ကတော်လိုက်ကြတာ (၉) ယောက်မှာ (၂)ယောက်တောင်ပါတယ်လို့ ချီးကျူးခံရတာကြောင့် ဆုနှင့်လွဲခဲ့သော်လည်းပဲ ထပ်ကြိုးစားဖို့ အားဖြစ်ရပါတယ်

🌷 Top Performers တွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး ကျောက်စီပန်းချီကား အမှတ်တရ လက်ဆောင်ချီးမြှင့်သည့်အတွက် Dagun International School မှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိရပါသည်

Photos from Htoo Chon Education Centre's post 09/05/2026

HIPPO English Olympiad 2026
Preliminary Round Exam
အောင်မြင်စွာ ကျင်းပပြီးစီး 😊

08/05/2026

Congratulations, SASMO 2026 Winners 💯🥇🥈🥉

🎖️April (5) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော SASMO 2026 စာမေးပွဲကြီးကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ယူစွာ ကြေညာပေးလိုက်ပါတယ်ရှင်

🇲🇲 မြန်မာပြည် ပထမ သင်္ချာရာပြည့်ဆုရ သားငယ် သုတထူး နှင့် သားငယ် မင်းရဲရင့်လွင် အပါအဝင်
💯 Perfect Scorer (၂) ဆု
🥇Gold (၂) ဆု
🥈Silver (၅) ဆု
🥉Bronze (၁၂) ဆု
🎖️Merit (၆) ဆု ဆွတ်ခူးရရှိခဲ့ပါသည်ရှင်

ဆုရရန်မလွယ်ကူ ခက်ခဲလှတဲ့ စာမေးပွဲကြီးကို ကြိုးစားဖြေဆိုပြီး ဆုတွေ ဆွတ်ခူးပေးခဲ့ကြတဲ့ သားသား မီးမီးများ နှင့် ယုံကြည်စွာ အပ်နှံပြီး သင်ကြားခွင့်ပေးတဲ့ မိဘများ ၊ ဆုနှင့် လွဲချော်ခဲ့သော်လည်း အကောင်းဆုံးကြိုးစားပေးခဲ့ကြသည့် ကလေးများ၊ အတူ ကြိုးစားသင်ကြားလေ့ကျင့်ပေးခဲ့ကြသည့် HCEC မှ တီချယ်များ အားလုံးကို အထူးကျေးဇူးတင်ရှိရပါသည် 🙏🙏🙏

SASMO စာမေးပွဲ၏ အမှတ်ပေးပုံမှာ minus system ပါဝင်သည့်အပြင်
Top 8% - Gold
Next 12% - Silver
Next 20% - Bronze
Next 10% - Honorable Mention ဖြင့် အမြင့်ဆုံး 40% ကိုသာဆုချီးမြှင့်ခြင်းဖြစ်ပါသည်ရှင်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay