YIXIN CHINESE-Chinese Language Class

YIXIN CHINESE-Chinese Language Class

Share

the best choice to fulfill your dream that can speak chinese as a native language

14/06/2026

အေးဆေးပဲ🙂‍↔️

13/06/2026

Speakingလေ့ကျင့်ဖြစ်တာလေး
#တရုတ်စာသင်တန်း #ထိုင်ဝမ်စာသင်တန်း

Photos from YIXIN CHINESE-Chinese Language Class's post 13/06/2026

大家好久不見了
TOCFL courseလေ့ကျင့်ပေးဖြစ်တာလေး

23/05/2026

三心二意 (အာရုံများခြင်း၊ စိတ်မတည်ငြိမ်ခြင်း)
အလုပ်တစ်ခုခုလုပ်တဲ့အခါ အာရုံမစိုက်ဘဲ အာရံုများ၊ဟိုတွေးဒီတွေး ဖြစ်နေခြင်းကို ဆိုလိုပါတယ်။ ဒွိဟဖြစ်ပြီး ဆုံးဖြတ်ချက် မပြတ်သားတဲ့ အခြေအနေမျိုးမှာလည်း သုံးပါတယ်။
ဥပမာ

快考试了,复习时千万不要三心二意。(Simplified)
快考試了,復習時千萬不要三心二意。(Traditional)
(Kuài kǎoshì le, fùxí shí qiānwàn búyào sānxīn-èryì.)
စာမေးပွဲနီးနေပြီမို့လို့ စာကျက်တဲ့အခါ အာရုံမများပါနဲ့

他工作總是三心二意,換來換去,結果什麼也沒做好。(traditional)
他工作总是三心二意,换来换去,结果什么也没做好。
(Simplified)
Tā gōngzuò zǒngshì sānxīn-èryì, huàn lái huàn qù, jiéguǒ shénme yě méi zuò hǎo.
သူက အလုပ်တစ်ခုကို ဇောက်ချမလုပ်ဘဲ ခဏခဏပြောင်းနေတော့ ဘာမှဖြစ်ထွန်းမလာဘူး။

既然做出了决定,就不要再三心二意了。(Simplified)
既然做出了決定,就不要再三心二意了。(Traditional)
Jìrán zuò chū le juédìng, jiù búyào zài sānxīn-èryì le.
မင်း တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် ဒွိဟဖြစ်မနေနဲ့တော့၊ ပြတ်ပြတ်သားသားပဲ လုပ်ပါ။

#ထိုင်ဝမ်စာသင်တန်း #တရုတ်စာသင်တန်း

Photos from YIXIN CHINESE-Chinese Language Class's post 20/05/2026

လွယ်ပါတယ် အေးဆေးပေါ့

19/05/2026

• HSK က တရုတ်ပြည်မကြီး (China) က ကျင်းပတာ ဖြစ်ပြီး တရုတ်ပြည်မကြီးမှာ ကျောင်းတက်ဖို့ ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့ သုံးပါတယ်။
• TOCFL ကတော့ ထိုင်ဝမ် (Taiwan) က ကျင်းပတာ ဖြစ်ပြီး ထိုင်ဝမ်မှာ ပညာသင်ဆု လျှောက်ဖို့နဲ့ ကျောင်းတက်၊ အလုပ်လုပ်ဖို့အတွက်သုံးပါတယ်။

• HSK မှာ တရုတ်ပြည်မကြီးသုံး Simplified Chinese ကို အဓိက သုံးပါတယ်။
• TOCFL မှာတော့ ထိုင်ဝမ်သုံး Traditional Chinese ကို အဓိက သုံးပါတယ်။ (စာမေးပွဲမှာ Simplified Chinese နဲ့ ဖြေဖို့ ရွေးချယ်ခွင့် ပေးထားပေမဲ့ မေးခွန်းပုံစံနဲ့ သင်ရိုးတွေကတော့ Traditional Chinese အပေါ် အခြေခံပါတယ်။)

• HSK က ကျွန်တော်တို့ အသုံးများတဲ့ အင်္ဂလိပ်စာလုံးတွေနဲ့ မှတ်ရတဲ့ Pinyin စနစ်တစ်ခုတည်းကိုပဲ သုံးပါတယ်။
• TOCFL ကတော့ Pinyin အပြင် ထိုင်ဝမ်တုန်းက သုံးတဲ့ သင်္ကေတအသံထွက်စနစ်ဖြစ်တဲ့ (Zhuyin) ကိုပါ တွဲပြီး သုံးပါတယ်။

• HSK က Level 1 ကနေ Level 9 အထိ ရှိပြီး ကိုယ်ဖြေမယ့် Level တစ်ခုချင်းစီအတွက် မေးခွန်း သီးသန့်စီ ရှိပါတယ်။
• TOCFL ကတော့ Band A, Band B, Band C ဆိုပြီး အုပ်စုကြီး ၃ ခုပဲ ခွဲထားပါတယ်။ အဲဒီ Band တစ်ခုထဲမှာမှ ကိုယ်ရတဲ့ အမှတ်အနည်းအများပေါ် မူတည်ပြီး Level ၁ ကနေ ၆ အထိ အဆင့် ပြန်ခွဲပေးတာ ဖြစ်ပါတယ်။

• HSK က သတ်မှတ်ထားတဲ့ စကားလုံး (Vocabulary) တွေကို အလွတ်ကျက်ပြီး ဖြေရတာမို့လို့ ပုံသေကားချပ် ပိုဆန်ပါတယ်။
• TOCFL ကတော့ စာပိုဒ်တွေ ပိုရှည်ပြီး Grammar သုံးစွဲပုံနဲ့ လက်တွေ့အသုံးချနိုင်စွမ်းကို ပိုစစ်တာမို့လို့၊ ပုံမှန်အားဖြင့် အဆင့်တူချင်းယှဉ်ရင် TOCFL က HSK ထက် အနည်းငယ်
ခက်တယ်လို့ထင်ရပါတယ်။

One by one classလေးတွေLaoshiနဲ့အတန်းချိန်ညှိပြီးသင်လို့ရပါတယ်
By one classအတွက်တိကျတဲ့အချိန်မပေးနိုင်တဲ့သူတွေအတွက်
Video classမှာ
HSK 1 to 6
Hanyu 1 to 12
Speaking 1 to 4အထိရွေးချယ်တက်ရောက်နိုင်ပါတယ်

သင်တန်းစံုစမ်းရန်
Phone:09676622868,09777168019
WeChat:liyixin238
Telegram:09777168019/yixinchinese
Viber:09777168019
Email:[email protected]
#တရုတ်စာသင်တန်း #တရုတ်စကားလေ့လာကြမယ် ာသင်တန်း

18/05/2026

一年之计在于春 (Yī nián zhī jì zài yú chūn),
一日之计在于晨 (Yī rì zhī jì zài yú chén)
ဒီတရုတ်စကားပုံက ဘဝနှင့် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန် အလွန်တန်ဖိုးရှိသော သင်ခန်းစာကို ပေးတဲ့ လူသိများသော ဆိုရိုးစကားတစ်ခု ဖြစ်ပါတယ်။

၁။ 一年之计在于春 (Yī nián zhī jì zài yú chūn)
တစ်နှစ်တာအတွက် အစီအစဉ်/အလုပ်တွေကို နွေဦးရာသီမှာ စတင်ပြင်ဆင်ရမယ်လို့ဆိုလိုတာပါ။
တရုတ်နိုင်ငံရဲ့စိုက်ပျိုးရေးနှင့် ရာသီဥတုအရ နွေဦးရာသီ (Spring)က တစ်နှစ်တာရဲ့ပထမဆုံးရာသီ ဖြစ်ပြီး မျိုးစေ့ချ စိုက်ပျိုးရမည့် အချိန်ဖြစ်တယ်။ နွေဦးမှာ သေချာပြင်ဆင်ပြီး ကြိုးစားမှသာ ဆောင်းဦးမှာ ကောင်းမွန်တဲ့ ရလဒ်ဖြစ်တဲ့(ကောက်ပဲသီးနှံ) တွေကို ရိတ်သိမ်းနိုင်မှာပါ။
ဆိုလိုတဲ့အဓိပ္ပာယ်က ဘယ်အလုပ်မဆို အစအဦးမှာကတည်းက သေချာပြင်ဆင်ပြီး စနစ်တကျ အစီအစဉ်ချလုပ်ဆောင်ဖို့အရေးကြီးကြောင်း ဆိုလိုခြင်း ဖြစ်ပါတယ်။

၂။ 一日之计在于晨 (Yī rì zhī jì zài yú chén)
တစ်နေ့တာအတွက် အစီအစဉ်/အလုပ်တွေကို နံနက်ခင်းမှာ စတင်ပြင်ဆင်ရမယ်
နံနက်ခင်းဆိုတာကတစ်နေ့တာလုံးမှာစိတ်ရွှင်လန်းတက်ကြွမှုအရှိဆုံး၊ အားအင်အပြည့်ဆုံးနှင့် အာရုံစူးစိုက်မှုအကောင်းဆုံး အချိန်ဖြစ်ပါတယ်။နံနက်ခင်းအချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မှသာ တစ်နေ့တာလုံး အလုပ်တွင်ကျယ်ပြီး အောင်မြင်မှု ရနိုင်မှာဖြစ်တယ်။
အချိန်ကို တန်ဖိုးထားဖို့နှင့် နေ့ရက်တစ်ရက်ကို စောစောစီးစီး တက်တက်ကြွကြွ စတင်ဖို့တိုက်တွန်းခြင်း ဖြစ်ပါတယ်။

အနှစ်ချုပ်အဓိပ္ပာယ်ကတစ်နှစ်တာရဲ့ အောင်မြင်မှုဟာ နွေဦး (အစဦးပြင်ဆင်မှု) ပေါ်မှာ မူတည်ပြီး၊ တစ်နေ့တာရဲ့ အောင်မြင်မှုဟာ နံနက်ခင်း (စောစောစီးစီး ကြိုးစားမှု) ပေါ်မှာ မူတည်ပါတယ်။

ဒီစကားပုံကမြန်မာစကားပံု”အစကောင်းမှ အနှောင်းသေချာမည်"ဆိုတာနဲ့ဆင်တူပါတယ်။ အရာရာကိုကြိုတင်ပြင်ဆင်မှု ရှိရန်၊ အချိန်ကို အလဟဿမဖြုန်းတီးရန်နှင့် ဘဝကို စောစောစီးစီး စနစ်တကျ စတင်ကြိုးစားရန်အတွက် အလွန်ကောင်းမွန်သော လမ်းညွှန်ချက် ဖြစ်ပါတယ်။

One by one classလေးတွေLaoshiနဲ့အတန်းချိန်ညှိပြီးသင်လို့ရပါတယ်
By one classအတွက်တိကျတဲ့အချိန်မပေးနိုင်တဲ့သူတွေအတွက်
Video classမှာ
HSK 1 to 6
Hanyu 1 to 12
Speaking 1 to 4အထိရွေးချယ်တက်ရောက်နိုင်ပါတယ်

သင်တန်းစံုစမ်းရန်
Phone:09676622868,09777168019
WeChat:liyixin238
Telegram:09777168019/yixinchinese
Viber:09777168019
Email:[email protected]
#တရုတ်စာသင်တန်း #တရုတ်စကားလေ့လာကြမယ် ာသင်တန်း

18/05/2026

TOCFL ဆိုတာ Test of Chinese as a Foreign Language ရဲ့ အတိုကောက်ဖြစ်ပြီး တရုတ်စာကို မိခင်ဘာသာစကားအဖြစ် မပြောဆိုကြတဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး စစ်ဆေးတဲ့ ထိုင်ဝမ် (Taiwan) နိုင်ငံသုံး တရုတ်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ ဖြစ်ပါတယ်။
အမျိုးအစားတူ နှိုင်းယှဉ်ရရင် တရုတ်ပြည်မကြီး (China) က ကျင်းပတဲ့ HSK စာမေးပွဲနဲ့ ပုံစံတူပြီး၊ ထိုင်ဝမ်မှာ ပညာသင်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် TOCFL အောင်လက်မှတ်ကို အဓိက အသုံးပြုကြပါတယ်။

TOCFL စာမေးပွဲမှာ ထိုင်ဝမ်သုံး Traditional Chinese ကော၊ တရုတ်ပြည်မကြီးသုံး Simplified Chinese ကိုပါ ရွေးချယ်ပြီး ဖြေဆိုခွင့် ရှိပါတယ်။ (ဒါပေမဲ့ ထိုင်ဝမ်မှာ ပညာသင်မှာမို့လို့ Traditional နဲ့ပဲ လေ့ကျင့်ပြီး ဖြေဆိုတာ ပိုအဆင်ပြေပါတယ်။)

TOCFL ကို အဓိကအားဖြင့် Band ၃ ခု ခွဲထားပြီး၊ Band တစ်ခုစီမှာ Level ၂ ခုစီ ထပ်ခွဲထားတဲ့အတွက် စုစုပေါင်း အဆင့် ၆ ဆင့် ရှိပါတယ်။

အဓိကအားဖြင့် အပိုင်း ၄ ပိုင်း ရှိပေမဲ့ ပုံမှန်အားဖြင့်တော့ အောက်ပါ ၂ ပိုင်းကို အဓိကထား ဖြေဆိုကြပါတယ်။
• Listening
• Reading
(Speaking နဲ့ Writing စာမေးပွဲများကိုတော့ သီးသန့်ဖြေဆိုလိုက ဖြေဆိုနိုင်ပါတယ်။)

• ထိုင်ဝမ်ပညာသင်ဆု (Scholarships): ထိုင်ဝမ်အစိုးရပညာသင်ဆု (Taiwan Scholarship) သို့မဟုတ် ထိုင်ဝမ်တက္ကသိုလ်တွေကပေးတဲ့ ကျောင်းလခfree ပညာသင်ဆုတွေ လျှောက်ထားတဲ့အခါ TOCFL အောင်လက်မှတ်က အဓိက လိုအပ်ပါတယ်။
• ကျောင်းဝင်ခွင့်: ထိုင်ဝမ်တက္ကသိုလ်တွေမှာ တရုတ်လိုသင်ကြားတဲ့ မေဂျာတွေ တက်ရောက်ဖို့အတွက် TOCFL Level အလိုက် သတ်မှတ်ချက်တွေ ရှိပါတယ်။
• အလုပ်အကိုင်: ထိုင်ဝမ်ကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့ ဗီဇာလျှောက်တဲ့အခါ ဒါမှမဟုတ် ထိုင်ဝမ်အခြေစိုက် လုပ်ငန်းတွေမှာ အလုပ်လျှောက်တဲ့အခါ ဘာသာစကားအရည်အချင်းပြသဖို့ သုံးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း TOCFL စာမေးပွဲကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ သတ်မှတ်ထားတဲ့ စာစစ်ဌာနတွေမှာ နှစ်စဉ် ပုံမှန်ကျင်းပပေးလေ့ ရှိပါတယ်။

ဒီတစ်လအတွက်by one classညနေပိုင်း၂ချိန်ရပါသေးတယ်

Video classမှာ
HSK 1 to 6
Hanyu 1 to 12
Speaking 1 to 4အထိရွေးချယ်တက်ရောက်နိုင်ပါတယ်

သင်တန်းစံုစမ်းရန်
Phone:09676622868,09777168019
WeChat:liyixin238
Telegram:09777168019/yixinchinese
Viber:09777168019
Email:[email protected]
#တရုတ်စာသင်တန်း #တရုတ်စကားလေ့လာကြမယ် ာသင်တန်း

17/05/2026

"大吉大利"(Dà jí dà lì)ဆိုတာ တရုတ်လူမျိုးတွေ အလွန်အသုံးများပြီး မင်္ဂလာရှိလှတဲ့ ဆုတောင်းစကားပုံ (成语 - Chéngyǔ) တစ်ခု ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ “ကံကောင်းခြင်းတွေ အကြီးအကျယ် ဖြစ်ထွန်းပါစေ၊ အရာရာ အဆင်ပြေချောမွေ့ပြီး အကျိုးအမြတ်တွေ ရရှိပါစေ" လို့ အဓိပ္ပာယ်ရပါတယ်။
စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ရှင်းပြရရင်
大 (Dà)ဆိုတာကြီးမားသော / အကြီးအကျယ်
吉 (Jí)ဆိုတာကံကောင်းခြင်း / မင်္ဂလာရှိခြင်း
大 (Dà)ကြီးမားသော
利 (Lì)ဆိုတာအဆင်ပြေချောမွေ့ခြင်း / အကျိုးအမြတ် ရရှိခြင်း
စကားပုံအဓိပ္ပာယ်ကိုအပြည့်အစုံပြောပြရရင် ကံကောင်းခြင်းတွေတင်မကဘဲ လုပ်ဆောင်သမျှ အလုပ်အကိုင်တွေမှာပါ အောင်မြင်မှုနဲ့ အကျိုးအမြတ်တွေ အဆင်းအတိုး ရရှိပါစေကြောင်း ဆုတောင်းပေးတာ ဖြစ်ပါတယ်။

နှစ်သစ်ကူးတဲ့အခါ အချင်းချင်း နှုတ်ခွန်းဆက် ဆုတောင်းစကား (吉利话) အဖြစ် အသုံးအများဆုံး စကားလုံး ဖြစ်ပါတယ်။
နောက်ထပ် လုပ်ငန်းခွင်/ဆိုင်ဖွင့်ပွဲ (Grand Opening)ဆိုင်သစ်ဖွင့်တဲ့အခါ၊ ကုမ္ပဏီအသစ် ထောင်တဲ့အခါမှာ "စီးပွားရေးတွေ ဒီထက်မက အောင်မြင်ဖြစ်ထွန်းပါစေ" ဆိုပြီး ဆုမွန်ကောင်းတောင်းတဲ့နေရာမှာ သုံးပါတယ်။ မင်္ဂလာဆောင်တာ၊ အိမ်တက်မင်္ဂလာ ပြုလုပ်တာတွေမှာလည်း စာသားအနီရောင်လေးတွေနဲ့ ရေးသားပြီး အလှဆင်လေ့ ရှိကြပါတယ်။

တရုတ်ယဉ်ကျေးမှုမှာ လိမ္မော်သီး (桔子 - júzi) ရဲ့ အသံထွက်က 吉 (jí - ကံကောင်းခြင်း)နဲ့ အသံဆင်တူပါတယ်။ ဒါကြောင့် တရုတ်နှစ်သစ်ကူးလို ပွဲတော်ရက်တွေမှာ အချင်းချင်း လိမ္မော်သီး လက်ဆောင်ပေးရင်း “祝你大吉大利!"(မင်းအတွက် အစစအရာရာ ကံကောင်းအဆင်ပြေပါ
စေ) လို့ ဆုတောင်းပေးလေ့ ရှိကြပါတယ်။

12/05/2026

ဝိတ်မချနဲ့၊zhubajie(ဝက်)ကမိုင်ပေါင်း၁၈၀၀၀လောက်လမ်းလျှောက်တာတောင်မပိန်ခဲ့ဘူးတဲ့🥲

ဒီလအတွက်by one classအတန်းချိန်ညပိုင်း၂ချိန်ရပါဦးမယ်ရှင်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay