01/06/2026
စာသင်နှစ်သစ် မှသည် အောင်မြင်မှုအသစ်များဆီသို့... 💕
ကျောင်းသား၊ ကျောင်းသူလေးများအားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်။"🌟
ကျောင်းဖွင့်ရက် ပထမဆုံးနေ့လေးမှာ သားတို့သမီးတို့အားလုံး ပျော်ရွှင်စရာနေ့ရက်လေး ဖြစ်ပါစေ။🏫❤️
စာသင်ခန်းလေးတွေထဲမှာ သူငယ်ချင်းအသစ်တွေ၊ သင်ခန်းစာအသစ်တွေနဲ့ အတူ ပျော်ရွှင်စရာ ကောင်းမွန်တဲ့ ပညာသင်နှစ်သစ်တစ်ခုကို အတူတူ စတင်လိုက်ရအောင်နော်။ သားတို့ သမီးတို့ရဲ့ အိပ်မက်တွေကို အကောင်းဆုံး ပုံဖော်ပေးဖို့ ဆရာ၊ ဆရာမများအားလုံးက အမြဲ အဆင်သင့်ပါ။ 🥰🫶❤️
30/04/2026
ကဆုန်လပြည့် ဗုဒ္ဓနေ့ (Kasone Full Moon Day) ဟာ မြန်မာဘာသာဗုဒ္ဓဘာသာဝင်များအတွက် အရေးကြီးဆုံးနေ့တစ်နေ့ဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာဘုရား၏
🌸 မွေးဖွားခြင်း
🌸 ဘုရားအဖြစ်တော်မူခြင်း
🌸 ပရိနိဗ္ဗာန်ပြုခြင်း
တို့ကို တစ်နေ့တည်းမှာပဲ သတိရအောက်မေ့ကြတဲ့နေ့ဖြစ်ပါတယ်။ 🙏🙏🙏
12/04/2026
မင်္ဂလာရှိသော နှစ်သစ် အချိန်အခါသမယပါ။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများ ပြည့်စုံကြပါစေ။ 🙏🙏🙏
13/03/2026
MEA Summer School နဲ့အတူ ပျော်ရွှင်စရာ နွေရာသီကို ဖြတ်သန်းကြစို့! ☀️📚
ချစ်ခင်လေးစားရပါသော မိဘအုပ်ထိန်းသူများရှင် -
ကလေးတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်ရှည်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချရင်း ဗဟုသုတသစ်တွေ ရှာဖွေနိုင်ဖို့အတွက် MEA Summer School ကို မကြာခင်မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဒီနှစ် Summer Program မှာဆိုရင် -
English Language Skills: စာသင်ခန်းပြင်ပက လက်တွေ့စကားပြောလေ့ကျင့်ခန်းများ
Creative Arts & Crafts: တီထွင်ဖန်တီးမှုစွမ်းရည် မြှင့်တင်ပေးမည့် အနုပညာသင်ခန်းစာများ
Fun & Games: ပျော်ရွှင်စရာ ကစားနည်းများနှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုများ
Special Activities: ကလေးတို့ စိတ်ဝင်စားမည့် ထူးခြားသော အစီအစဉ်များစွာ ပါဝင်မှာ ဖြစ်ပါတယ်။
ကလေးတို့အတွက် ပျော်ရွှင်စရာတွေ၊ သူငယ်ချင်းအသစ်တွေနဲ့ သင်ယူမှုအတွေ့အကြုံသစ်တွေကို MEA မှာ အတူတူ ဖန်တီးလိုက်ရအောင်နော်။
📍 MEA Secondary School (ILBSM)
Mandalay Campus
အမှတ် ၄ A, ၆၄လမ်းနဲ့ ၃၁ လမ်းထောင့်၊ စီပီလိုင်း၊ ချမ်းအေးသာဇံမြို့နယ်|မန္တလေးမြို့။
☎️ 09953068899 , 09953078899
05/03/2026
"တာဝန်သိမှုနှင့် ပုံဖော်ပေးခြင်း 🥰
မိဘတို့ စိတ်အေးချမ်းစေမည့် ကျောင်းတော်ကြီး"
ကလေးတစ်ယောက်ရဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်ပေးတဲ့အခါ မိဘတွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိတတ်စမြဲပါ။
ကျောင်းတော်ကြီးရဲ့ တာဝန်က အဲဒီစိုးရိမ်မှုတွေကို ယုံကြည်မှုအဖြစ် ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။
မိဘတွေ ဖြစ်စေချင်တဲ့ အနာဂတ်မျိုးဆက်သစ်တွေ ဖြစ်လာဖို့ -
💕အရည်အချင်းကို စနစ်တကျ မြှင့်တင်ပေးခြင်း။
💕မိဘတို့ရဲ့ လိုလားချက်ကို ဦးထိပ်ထားခြင်း။
💕လူတော်လူကောင်းဖြစ်အောင် ဝိုင်းဝန်းပြုစုခြင်း။
အစရှိတဲ့ တာဝန်တွေကို ကျောင်းတော်ကြီးက အပြည့်အဝ တာဝန်ယူထားပါတယ်။
မိဘတို့ရဲ့ စိတ်ကူးအိမ်မက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနေတဲ့ ခိုလှုံရာ ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်။ ❤️
💢 Welcome to MEA- MANDALAY Private Secondary School
📍 MEA Secondary School (ILBSM)
Mandalay Campus
အမှတ် ၄ A, ၆၄လမ်းနဲ့ ၃၁ လမ်းထောင့်၊ စီပီလိုင်း၊ ချမ်းအေးသာဇံမြို့နယ်|မန္တလေးမြို့။
☎️ 09953068899 , 09953078899