Emily’ Sharing Education Centre

Emily’ Sharing Education Centre

Share

Sharing is our Priority

23/06/2026

🌍 စစ်အေးတိုက်ပွဲ(Cold War)က ကမ္ဘာကြီးကို ဘယ်လိုတွေ ပြောင်းလဲစေခဲ့တာလဲ❄️🔥

၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားပေမယ့် ကမ္ဘာကြီးက ငြိမ်းချမ်းသွားခဲ့တာတော့ မဟုတ်ပါဘူးရှင်။

စစ်ပွဲအပြီးမှာ အမေရိကန်နိုင်ငံနဲ့ ဆိုဗီယက်ယူနီယံနိုင်ငံတို့ဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံနှစ်နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်နိုင်ငံဟာ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအယူအဆတွေမှာ သဘောထားမတူကြပါဘူးရှင်။

အမေရိကန်က ဒီမိုကရေစီနဲ့ အရင်းရှင်စနစ် (Capitalism) ကို ထောက်ခံခဲ့ပြီး၊ ဆိုဗီယက်ယူနီယံကတော့ ကွန်မြူနစ်စနစ် (Communism) ကို ထောက်ခံခဲ့တာဖြစ်ပါတယ်။💂🏼‍♂️

ဒီသဘောထားကွဲလွဲမှုတွေကြောင့် နှစ်ဖက်စလုံးဟာ တိုက်ရိုက်တော့ စစ်မဖြစ်ခဲ့ကြပေမယ့်အပြိုင်အဆိုင် ယှဉ်ပြိုင်မှုတွေက ဆက်တိုက်
ဖြစ်ပေါ်လာခဲ့ပြီးတော့ ဒီကာလကို Cold War(စစ်အေးတိုက်ပွဲ) လို့ ခေါ်ကြတာ ဖြစ်ပါတယ်ရှင်။⚔️

ဒါဆို Cold War က ဒီနေ့ထိကမ္ဘာကြီးကို ဘယ်လိုတွေပုံဖော်ခဲ့တာလဲ⁉️

🏛️ 1. ကမ္ဘာကြီးကို အင်အားစုနှစ်စုအဖြစ် ကွဲသွားစေခဲ့ပါတယ်

နိုင်ငံအများစုဟာ အမေရိကန်ဦးဆောင်တဲ့ အုပ်စု ဒါမှမဟုတ် ဆိုဗီယက်ယူနီယံဦးဆောင်တဲ့ အုပ်စုတစ်ခုခုကို ရွေးချယ်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်ရှင်။

🚀 2. သိပ္ပံနဲ့ နည်းပညာ တိုးတက်မှုတွေကို မြန်ဆန်စေခဲ့ပါတယ်

နှစ်ဖက်စလုံး အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြတဲ့အတွက် အာကာသနည်းပညာ၊ ကွန်ပျူတာနည်းပညာနဲ့ သိပ္ပံပညာတွေက အလျင်အမြန်ပဲ တိုးတက်လာခဲ့ပါတယ်။

🛰️ 3. Space Race ကို ဖြစ်ပေါ်စေခဲ့ပါတယ်

ဆိုဗီယက်ယူနီယံက ပထမဆုံး ဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပြီး အမေရိကန်ကလည်း လပေါ်ကို လူစေလွှတ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုးအပြိုင်အဆိုင်တွေကြောင့် အာကာသစူးစမ်းလေ့လာရေးဟာလည်း အလွန်တိုးတက်လာခဲ့ပါတယ်ရှင်။

☢️ 4. နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေခဲ့တယ်

နှစ်ဖက်စလုံးဟာ အင်အားကြီးနျူကလီးယားလက်နက်တွေ တည်ဆောက်ခဲ့ကြတဲ့အတွက် ကမ္ဘာကြီးဟာ နျူကလီးယားစစ်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။

🎯 အတိုချုပ်ပြောရရင်…

Cold War ဟာ တိုက်ရိုက်ကမ္ဘာစစ်ကြီးတစ်ခု မဖြစ်ပွားခဲ့ပေမယ့် ယနေ့ကမ္ဘာ့နိုင်ငံရေး၊ နည်းပညာ၊ အာကာသစူးစမ်းလေ့လာရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို အကြီးအကျယ် ပုံဖော်ပေးခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်ရှင်။

ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းတွေပါဝင်တဲ့ GED Social Studiesကို Emily’ Sharingမှာ ဘယ်လိုမျိုး စိတ်ဝင်စားစရာကောင်းကောင်းနဲ့ အမှတ်ကောင်းကောင်းရအောင် သင်ကြားပေးမလဲဆိုတာကိုသိရအောင် အမြန်ဆုံး ကျောင်းလာအပ်လိုက်တော့နော်🎉

Reference link: https://www.britannica.com/event/Cold-War

မိမိရဲ့ GED ခရီးလမ်းမှာ အမှားအယွင်းမရှိ စနစ်တကျနဲ့ အမှတ်ကောင်းကောင်း ရရှိအောင်မြင်ချင်တယ်ဆိုရင်တော့ Emily’ Sharing မှာ လာရောက်အပ်နှံ နိုင်ပါပြီရှင့်။ 🥰✨
Emily’ Sharingမှာ အတန်းလေးတွေအပ်ချင်ရင်တော့~
☎️ 09 259 273 757
09 975 482 878 သို့လည်း ဆက်သွယ်နိုင်သလို
🏠 55A*106လမ်းထောင့်၊မန္တလေးမြို့ Emily’ Sharing Education Centre သို့လည်းလာရောက်ပြီး အတန်းများအပ်နှံနိုင်ပါပြီရှင့်။🤍
’Sharing

Studies
-School-Diploma
-is-our-priority
-sharing

22/06/2026

IGCSEမှာ စာတွေများလို့ စိတ်ညစ်နေရပြီလား⁉️
Emily’ Sharingမှာ IGCSEဘာသာရပ်တွေကို ကျူရှင်အနေနဲ့ တက်ရောက်လို့ရနေပြီနော်🎉

Onlineရော On campusရောရှိပြီးတော့ Class type အနေနဲ့ကလည်း Group class, one on one class, customized classဆိုပြီး ၃မျိုးတောင်ရှိတာမလို့ မိမိကြိုက်တဲ့အတန်းကို ရွေးချယ်တက်ရောက်ရုံပဲနော်😱

A*ရထားတဲ့ ကျောင်းသားတွေကိုလည်း မွေးထုတ်ပေးခဲ့တဲ့အပြင် ဝါရင့်ဆရာ/မတွေက သင်ကြားပေးတာမလို့ ယုံယုံကြည်ကြည်နဲ့ လာရောက်အပ်နှံနိုင်ပြီနော်🎉🎊

55A 106လမ်းထောင့်ကို လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်သလို

ကျောင်းကိုလာဖို့ အခက်အခဲရှိနေရင်လည်း
09259273757, 09975482878ကို ဖုန်းလေး တစ်ချက်ဆက်လိုက်ရုံပါပဲရှင်🤳




20/06/2026

Happy birthday ပါ Shwe Yee Phyo Aung 🎉🎂




19/06/2026

အနန္တော အနန္တ (၄)ပါးကယ်တော်မူပါ
ကျန်တဲ့တစ်ပါးက စာဘဲမေးနေလို့ပါ
Crd

17/06/2026

What is GED⁉️
နိုင်ငံတကာတက္ကသိုလ်တွေကို အမြန်ဆုံးတက်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရှာဖွေချင်တာပဲဖြစ်ဖြစ် အချိန်တွေအကြာကြီး ပေးနေစရာမလိုတော့ပါဘူးရှင်။🙇🏻‍♀️🫶🏻
GED ဆိုတာကတော့ အမေရိကန်နိုင်ငံက တရားဝင်အသိအမှတ်ပြုထားတဲ့ အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှတဲ့ လက်မှတ်ပဲဖြစ်ပြီးတော့ နိုင်ငံတကာ တက္ကသိုလ်များနှင့် အဖွဲ့အစည်းများစွာက လက်ခံအသုံးပြုတဲ့ High School Diploma တစ်ခုပဲဖြစ်ပါတယ်။🎓
၁၆ နှစ်ပြည့်ပြီးသူတိုင်းတက်လို့ရပြီးတော့ အထက်တန်းအောင်လက်မှတ် မရရှိသေးသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်ရှင်…
ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအပေါ်မူတည်ပြီးတော့ လပိုင်းနဲ့တင် အထက်တန်းအောင်လက်မှတ်ဖြစ်တဲ့ GED Diploma ကို ရယူနိုင်မှာပဲဖြစ်ပါတယ်📄
စာတွေကို အလွတ်ကျက်နေရမဲ့အစား ကိုယ်တိုင်တွေးခေါ်နိုင်မှု (Critical Thinking) နဲ့ လက်တွေ့ပြဿနာဖြေရှင်းနည်းတွေကို အဓိကဦးစားပေးတဲ့ စနစ်ဖြစ်လို့ ကလေးတို့ရဲ့ အရည်အချင်းကို အပြည့်အဝ မြှင့်တင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။🫂
အထက်တန်းအောင်လက်မှတ်မရှိသေးတဲ့သူတွေနဲ့ အထက်တန်းအောင်ပြီး နိုင်ငံခြားတန်းသွားချင်သူတွေအတွက် အလွန်အသုံးဝင်တဲ့ လက်မှတ်တစ်ခုပဲဖြစ်ပါတယ်။🎓
Emily’ Sharing မှာဆိုရင်တော့ GED ဘာသာရပ်တွေကို အခြေခံကစပြီး Exam မှာ high score ရသည်အထိ အနီးကပ် လမ်းညွှန်သင်ကြားပေးမယ့် ဝါရင့်ဆရာ၊ ဆရာမများလည်း ရှိနေပါတယ်ရှင်။ 📝✅
အတန်းလေးတွေစုံစမ်းလိုပါက-
🏠 55A 106ထောင့် Emily’ Sharing Education Centreသို့ လူကိုယ်တိုင်လာရောက်စုံစမ်းနိုင်သလို…
☎️ 09 259273757 သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ GEDဖြေဆိုသူကျောင်းသားတိုင်း အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုအောင်မြင်နိုင်ဖို့အတွက် Emily’ Sharingမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်~🤍
Reference Link: https://dictionary.cambridge.org/us/dictionary/english/ged?
’Sharing

-School-Diploma
-is-our-priority
-sharing

16/06/2026

🏫✨ ဒီနေ့တော့ Emily' Sharing Education Centre ရဲ့ စာသင်ခန်းလေးတွေနဲ့ သင်ယူမှုပတ်ဝန်းကျင်လေးကို လိုက်ကြည့်ကြရအောင်နော် 💛
'Sharing



13/06/2026

𝗘𝗺𝗶𝗹𝘆' 𝗦𝗵𝗮𝗿𝗶𝗻𝗴 ရဲ့ 𝗜𝗚𝗖𝗦𝗘 𝗖𝗹𝗮𝘀𝘀𝗲𝘀 တွေနဲ့ပတ်သတ်ပြီး ကျောင်းသားတွေ သိချင်နေကြတဲ့ မေးခွန်းများ🫶

Ph- 09 259 273 757
Address -55A×106st, Mandalay





11/06/2026

A brighter future begins with focused learning. ✨📚

လူနည်းနည်း ကျစ်ကျစ်လစ်လစ်နဲ့ထိ‌ရောက်မှုရှိအောင်သင်ကြားပေးတယ်‌နော်

ဒါ့ကြောင့်အခုပဲ Guide အတန်းလေးတွေမှာ
စာရင်းသွင်းလိုက်တော့နော်🫶

Ph- 09 259 273 757
Address -55A×106st, Mandalay





10/06/2026

🤝 𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠ရဲ့ IGCSE intensive classတွေနဲ့ အတူ 𝐀* ယူ 🌟

Emily' Sharingမှာ2026 Oct/Nov exam IGCSE Intensive classတွေဖွင့်နေပြီနော်🎉

𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 မှာဆို 𝐈𝐆𝐂𝐒𝐄 intensive class‌ တွေ‌‌အတွက် ဘာသာရပ်တွေထဲက ကိုယ့်အတွက် 𝐒𝐭𝐫𝐮𝐠𝐠𝐥𝐞 ဖြစ်စေတဲ့ ဘာသာရပ်တစ်ခုချင်းစီအတွက်ပါ ရွေးချယ် တက်ရောက်လို့ ရအောင် စီစဥ်ပေးထားတာမလို့ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ် တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞ရဲ့ IGCSE intensive class ကို ဘယ်လိုအချက်တွေကြောင့် ရွေးချယ်သင့်တာလဲ။

🟨 ဝါရင့် စီနီယာ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် လူနည်းနည်းနဲ့ ကျစ်ကျစ်လစ်လစ် သင်ကြားပေးခြင်း။
🟨 ဘာသာရပ်အများအပြား တစ်နေရာတည်းမှာ သင်ယူလေ့လာနိုင်ခြင်း။
🟨 𝐆𝐫𝐨𝐮𝐩 𝐂𝐥𝐚𝐬𝐬 / 𝐎𝐧𝐞 𝐨𝐧 𝐎𝐧𝐞 𝐂𝐥𝐚𝐬𝐬 / 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 အစရှိသဖြင့် 𝐂𝐥𝐚𝐬𝐬 𝐒𝐢𝐳𝐞 ရွေးချယ် တက်ရောက်နိုင်ခြင်း။
🟨 past papersများကို စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်း
🟨CIE/Edexcel သင်ရိုးနှစ်ခုလုံးသင်ကြားပေးခြင်း
🟨examဖြေရာတွင် လွယ်ကူချောမွေ့စေနိုင်ဖို့အတွက် tips and tricksများပြောပြပေးခြင်း

အစရှိတဲ့ အချက်တွေနဲ့တင် မျက်စိစုံမှိတ် ရွေးချယ်လိုက်လို့ ရနေပါပြီရှင်။

✅ ရွေးချယ်တက်ရောက်နိုင်သော ဘာသာရပ်များအနေဖြင့်

English
Maths
Business
Economics
ICT
CS
Bio
Physics
Chemistry
Accounting စတဲ့ဘာသာရပ်တွေ သင်ကြားပေးနေပါတယ်။

ဒါ့ကြောင့် 𝐃𝐞𝐬𝐢𝐫𝐞 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭 ကို 𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 မှာ လာရောက် အကောင်အထည်ဖော်လိုက်ပါနော်။🫶

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးမယ့် သဘောကောင်းတဲ့ 𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐀𝐝𝐦𝐢𝐧 𝐓𝐞𝐚𝐦 လည်းရှိနေတာမလို့ သိချင်တာတွေကို အားမနာတမ်း မေးမြန်းနိုင်ပါပြီရှင်။

🟨 ဒီစာကိုဖတ်ပြီး ဆက်သွယ်မေးမြန်းဖို့ စိတ်အားထက်သန်နေတဲ့ သူတွေအတွက်

☎️ဖုန်းနံပါတ် 𝟎𝟗 𝟐𝟓𝟗 𝟐𝟕𝟑 𝟕𝟓𝟕 ကို ဖုန်းဆက်ပြီး ဆက်သွယ်လို့ရသလို
လူကိုယ်တိုင်မှ လာရောက်စုံစမ်းလိုတဲ့ သူတွေဆိုလျှင်လည်း

🏠𝟓𝟓𝐀×𝟏𝟎𝟔 လမ်း မန္တလေးမြို့ကို လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Corner Of 55A Street & 106 St, Aung Pin Lal
Mandalay
05041