19/06/2026
Korean Language Training KLT
Teacher - MA(Korean) MUFL& Teaching Methods For Advanced Teachers (고려대학교& 한림대학교)
19/06/2026
08/06/2026
အရည်အချင်းရှိတဲ့ဆရာ/ မနဲ့ သင်ချင်ရင်
ထိုက်သင့်တဲ့ ဉာဏ်ပူဇော်ကြေးကိုပေးကြရတယ်။
ဒါဟာ ဆရာ/ မရဲ့ အရည်အချင်းကို
လေးစားဂါရဝပြုခြင်းဖြစ်တယ်။
တကယ်တော့ ဆရာ/ မ ဆိုတာဟာ ပညာရှင်တွေပါ။
ပညာရှင်ဆန်တဲ့ငွေကြေးကိုယူကြရတယ်။
ဆရာ/မ ဆိုတာ တတ်လို့သင်ကြတာ။
ငတ်လို့သင်ကြတာ မဟုတ်ဘူး။
ဝါသနာပါလို့ စာသင်နေကြတာဖြစ်တယ်။
ပေါက်လို့ပဲစားတွေမှမဟုတ်တာ။
ဟင်းရွက်ကန်စွန်းရောင်းနေကြတာမဟုတ်။
ကြုံရာကျပန်းလုပ်စားနေကြတာမဟုတ်။
နှစ်များစွာကသင်လာတဲ့အတွေ့အကြုံ
ပညာနဲ့ ဘွဲ့ဒီဂရီတွေ၊ ဖတ်လာကြရတဲ့စာတွေ
ရေးလာကြရတဲ့ Thesis တွေ အားလုံးဟာ
မြုပ်နှံထားရတဲ့ မမြင်ရသောအရင်းအနှီးများပါ။
ရော့...ဟပ်ချလောင်းလာလေစမ်းလို့လုပ်မရ။
ဥုံ...ဘာညာ ဘာညာနဲ့ဂါထာရွတ်လို့မရ။
ဖတ်ဖို့စာအုပ်တွေ၊ သင်ကြားဖို့ Method နဲ့
အသုံးပြုရတဲ့ခွန်အား၊ အားစိုက်မှု
ဉာဏ်အသုံးချမှု၊ လုံ့လဝီရိယ
ဒါတွေအားလုံးသည် အရင်းအနှီးပဲ။
သဘာဝက အခမဲ့ပေးထားတဲ့လက်ဆောင်မဟုတ်။
စျေးသည်က ရောင်းချမယ့်ပစ္စည်းအတွက်
ရင်းနှီးမြုပ်နှံမှုပြုကြရသလို
ဆရာတွေက နှစ်ပေါင်းများစွာ စာဖတ်လေ့လာပြီး
အချိန်နဲ့ငွေကြေးကို ရင်းနှီးမြုပ်နှံကြရတယ်။
ဆော့ပင်လေးကိုင်လို့ Classroom ထဲမှာ
Air con နဲ့ အေးအေးဆေးဆေးစာသင်နေတာကို
တွေ့ပြီး ဆရာဆိုတာ သက်တောင့်သက်သာရှိတယ်တွေးရင် မှားပါတယ်။ ဘယ်အလုပ်မဆို စိန်ခေါ်မှု၊ ကြိုးစားရမှုနဲ့ အကြပ်အတည်းတွေရှိပါတယ်။ Stress တွေရှိတယ်။
ဆရာပဲလုပ်ချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ သက်သာလို့ဆိုပြီးပြောတဲ့သူတွေအနေနဲ့ ခဏတဖြုတ်စာသင်ခန်းဝင်ကြည့်ပါ။ ကိုယ်တိုင်ကြုံမှ ခံစားဖူးပါမယ်။
ဒီအချိန်မှာ အတွေ့အကြုံနဲ့ Subject matter
နိုင်နင်းမှုက စကားပြောလာပါလိမ့်မယ်။
လူဆိုတာကလည်း ဘာနေနေစျေးဆစ်တဲ့အမျိုး
စျေးဆစ်လိုက်ရမှကျေနပ်တယ်ဆ်ိုပေမယ့်
ဆရာမတွေက စျေးသည်မဟုတ်ပြန်ဘူး။
ဆရာတွေဟာ ကျောင်းသားတွေရဲ့
အလုပ်သမားမဟုတ်သလို
စီးပွားရေးသမားတွေရဲ့အခိုင်းခံလည်းမဟုတ်ဘူး။
ဆရာ/ မတွေအနေနဲ့လည်း မိမိကိုယ်ကို
တန်ဖိုးမဖြတ်ဖို့လိုပါတယ်။
တန်ဖိုးလျော့ချဖို့မသင့်ပါဘူး။
ကိုယ့်မှာသာအရည်အချင်းပြည့်နေရင်
တန်ဖိုးကမြင့်နေမှာအမှန်တကယ်ပါ။
#နေမင်းခန့်
06/06/2026
P 38--40 합격 레시피 책
4급 읽기 23번~24번 어휘와 표현 ( 감정 표현)
♦️감격스럽다
설명: 감동이 되다.
번역: စိတ်လှုပ်ရှားကြည်နူးရသည် / စိတ်ထိခိုက်สะတုံ့ဖြစ်ရသည်။
♦️걱정스럽다
설명: 걱정이 되다.
번역: စိုးရိမ်ပူပန်ရသည်။
♦️겁이 나다
설명: 무서워하는 마음이 생기다.
번역: ကြောက်စိတ်ဝင်သည် / ထိတ်လန့်စိုးရွံ့သည်။
♦️고맙다 ☆
설명: 감사하다.
번역: ကျေးဇူးတင်သည်။
♦️고민스럽다
설명: 고민이 되다.
번역: စိတ်ရှုပ်ထွေးသောကရောက်ရသည်။
♦️고생스럽다
설명: 어려운 점이 있다.
번역: ပင်ပန်းဆင်းရဲရသည် / အခက်အခဲရှိသည်။
♦️고통스럽다 / ㄴ 괴롭다
설명: 몸이나 마음이 괴롭고 아픈 느낌이 있다.
번역: နာကျင်ခံခက်ရသည် / ကိုယ်စိတ်နှစ်ပါး ပူလောင်ပင်ပန်းရသည်။
♦️곤란하다
설명: 상황이 매우 어렵다.
번역: အကျပ်ရိုက်သည် / အခြေအနေ အလွန်ခက်ခဲသည်။
♦️괘씸하다 / ㄴ 괘씸스럽다
설명: 예절 없는 행동에 미워하는 마음이 생기다.
번역: အမြင်ကတ်စရာကောင်းသည် / ရိုင်းစိုင်းသော အပြုအမူကြောင့် မုန်းတီးစိတ်ဖြစ်ပေါ်သည်။
♦️얄밉다
설명: 말이나 행동이 괘씸하다.
번역: အသည်းယားစရာ အမြင်ကတ်ဖို့ကောင်းသည် / စကားနှင့် အပြုအမူက စိတ်ပျက်စရာကောင်းသည်။
♦️궁금하다
설명: 알고 싶은 마음에 매우 답답하다.
번역: သိချင်ဇောပြင်းပြသည် / သိချင်လွန်း၍ စိတ်မရှည်ဖြစ်ရသည်။
♦️귀찮다
설명: 마음에 들지 않아 괴롭고 하기 싫다.
번역: စိတ်ရှုပ်ဖို့ကောင်းသည် / အလုပ်ရှုပ်ခံပြီး မလုပ်ချင်ပေ။
♦️그립다 / ㄴ 그리워하다
설명: 보고 싶은 마음이 크다.
번역: လွမ်းဆွတ်သည် / အလွန်မြင်တွေ့ချင်သည်။
♦️기쁘다
설명: 욕구가 충족되어 만족스럽다.
번역: ဝမ်းမြောက်ဝမ်းသာဖြစ်သည် / ဆန္ဒပြည့်ဝ၍ စိတ်ကျေနပ်မှုရှိသည်။
♦️긴장이 되다
설명: 마음이 편하지 않은 상태가 된다.
번역: စိတ်လှုပ်ရှားတုန်လှုပ်သည် / စိတ်မအေးမချမ်း ဖြစ်ရသည်။
♦️까다롭다
설명: 조건이 복잡하고 엄격하다.
번역: ဂျီကျသည် / စည်းကမ်းချက်နှင့် အခြေအနေများ ရှုပ်ထွေးတင်းကြပ်သည်။
♦️놀랍다
설명: ① 훌륭해서 놀란 느낌이 들다. ② 어이가 없어서 놀란 느낌이 들다.
번역: ① ပြောင်မြောက်လွန်း၍ အံ့ဩချီးကျူးမိသည်၊ ② အဓိပ္ပာယ်မရှိလွန်း၍ ဆွံ့အအံ့ဩရသည်။
♦️다행스럽다
설명: 뜻밖에 일이 잘되어 운이 좋은 것 같다.
번역: တော်သေးသည် / ကံကောင်းထောက်မစွာ ကိစ္စရပ်များ အဆင်ပြေသွားသည်။
♦️답답하다
설명: 막힌 느낌이 있다.
번역: ရင်မွမ်းကျပ်သည် / ပိတ်ဆို့နေသလို ခံစားရသည်။
♦️당황하다 / ㄴ 당황스럽다
설명: 놀라거나 다급하여 어떻게 해야 할지 모르다.
번역: ကယောင်ကတမ်းဖြစ်သည် / လန့်ဖျန့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်ရသည်။
♦️두렵다
설명: 무서워하는 마음이 불안하다.
번역: ကြောက်ရွံ့စိုးရိမ်သည် / ရင်တထိတ်ထိတ် ဖြစ်ရသည်။
♦️떨리다
설명: 추워하거나 두려워하다.
번역: တုန်ရင်သည် / အေး၍ဖြစ်စေ ကြောက်၍ဖြစ်စေ ခန္ဓာကိုယ် တုန်လှုပ်သည်။
♦️마음이 놓이다 / ㄴ 안심이 되다
설명: 안심이 되다.
번역: စိတ်အေးရသည် / စိတ်သက်သာရာရသည်။
♦️마음이 돌아서다
설명: 가지고 있던 생각이 아주 달라지다.
번역: စိတ်ပြောင်းသွားသည် / ရှိရင်းစွဲ အတွေးအခေါ် လုံးဝဥဿုံ ကွဲပြားသွားသည်။
♦️마음이 무겁다
설명: 마음이 유쾌하지 않고 우울하다.
번역: စိတ်လေးလံရသည် / စိတ်မချမ်းမြေ့ဘဲ စိတ်ဓာတ်ကျဆင်းသည်။
♦️마음이 상하다
설명: 화가 나서 마음에 들지 않다.
번역: စိတ်ဆိုးစိတ်ပျက်ရသည် / စိတ်ကောက်၍ သဘောမကျဖြစ်ရသည်။
♦️마음이 통하다
설명: 서로 생각이 같아 이해가 잘 되다.
번역: စိတ်ချင်းဆက်သွယ်သည် / အပြန်အလှန် အတွေးချင်းတူညီပြီး နားလည်မှုရှိသည်။
♦️막막하다
설명: 방향을 알 수 없게 불분명하다.
번역: လမ်းစပျောက်နေသည် / ဘာဆက်လုပ်ရမှန်းမသိအောင် ဝေဝေဝါးဝါး ဖြစ်ရသည်။
♦️만족스럽다
설명: 만족해하는 느낌이 있다.
번역: စိတ်ကျေနပ်မှု ရှိသည်။
♦️흐뭇하다
설명: 매우 만족스럽다.
번역: အလွန်တရာ ဝမ်းမြောက်ကြည်နူးပြီး စိတ်ကျေနပ်မှုအပြည့် ရှိသည်။
♦️망설이다
설명: 이리저리 생각만 하고 결정하지 못하다.
번역: ဝေခွဲမရဖြစ်သည် / ဟိုတွေးဒီတွေးဖြင့် ဆုံးဖြတ်ချက်မချနိုင်ဘဲ တွန့်ဆုတ်နေသည်။
♦️무기력하다
설명: 기운과 힘이 없다.
번역: နုံးချည့်နေသည် / အားအင်နှင့် တက်ကြွမှု လုံးဝကင်းမဲ့နေသည်။
♦️뭉클하다 / ㄴ 뭉클해지다
설명: 가슴에 무언가 꽉 찬 느낌이 있다.
번역: ရင်ထဲဆို့တက်လာသည် / နှလုံးသားထဲတွင် တစ်ခုခု ပြည့်နှက်သွားသလို ခံစားရသည်။
♦️미안하다 / 미안해하다
설명: 죄송하다.
번역: အားနာသည် / တောင်းပန်လိုသော စိတ်ရှိသည်။
♦️죄송하다 /죄송스럽다
설명: 미안한 마음이 들다.
번역: အားနာတောင်းပန်လိုသော စိတ်ဖြစ်ပေါ်သည်။
♦️민망하다 / 민망스럽다
설명: 부끄럽다.
번역: မျက်နှာပူစရာကောင်းသည် / အနေရခက်ပြီး ရှက်ကိုးရှက်ကန်းဖြစ်ရသည်။
♦️부끄럽다
설명: 창피하다.
번역: ရှက်ရွံ့သည်။
♦️창피하다
설명: 실수를 하거나 잘못해서 부끄럽다.
번역: အမှားတစ်ခုခု သို့မဟုတ် အပြစ်တစ်ခုခုကြောင့် အရှက်ရသိက္ခာကျသည်။
♦️쑥스럽다
설명: 행동이 자연스럽지 못해서 부끄럽다.
번역: အပြုအမူက မသဘာဝကျဘဲ နေရခက်၍ ရှက်ကိုးရှက်ကန်းဖြစ်ရသည်။
♦️반갑다 ☆
설명: 사람을 만나서 마음이 즐겁다.
번역: (သူငယ်ချင်း သို့မဟုတ် လူတစ်ဦးဦးနှင့်) တွေ့ဆုံရ၍ ဝမ်းသာပီတိဖြစ်ရသည်။
♦️번거롭다
설명: 일의 순서가 복잡한 느낌이 있다.
번역: လုပ်ငန်းအဆင့်ဆင့် ရှုပ်ထွေးပြီး အလုပ်ရှုပ်စရာကောင်းသည်။
♦️부담스럽다
설명: 책임을 져야 하는 느낌이 있다.
번역: တာဝန်ယူရသလို ခံစားရ၍ ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်။
♦️부럽다
설명: 남의 좋은 일을 보고 자기도 그랬으면 하는 마음이 있다.
번역: သူတစ်ပါး အဆင်ပြေနေသည်ကိုကြည့်ပြီး မိမိလည်း ထိုသို့ဖြစ်ချင်စိတ် (အားကျစိတ်) ဖြစ်ပေါ်သည်။
♦️질투를 하다 / 질투가 나다
설명: 남의 좋은 일을 보고 미워하는 마음이 생기다.
번역: သူတစ်ပါး ကောင်းစားသည်ကို မနာလိုဝန်တိုဖြစ်သည် / မနာလိုစိတ်ဝင်သည်။
♦️불만스럽다
설명: 마음에 들지 않다.
번역: သဘောမကျဖြစ်ရသည် / စိတ်တိုင်းမကျဖြစ်ရသည်။
♦️불안하다
설명: 걱정이 되어 마음이 편하지 않다.
번역: စိုးရိမ်ပူပန်ပြီး စိတ်မအေးမချမ်းဖြစ်သည်
♦️လိုအပ်ရင်ယူသုံးကြပါ
♦️လိုတာရှိရင်ဖြည့်တွေးပေးကြပါ
♦️ ပညာဒါနပြုခြင်းမျှသာ
30/05/2026
Yosei Text Book Level1-1-1-2 ပြီးအောင်သင်ပြီ
Yonsei Text 2ကို သဒ္ဒါဘဲသင်ပြီး
Master တက်ဖို့ TOPIK ll Level 3အောင်လက်မှတ်မဖြစ်မနေပြရမဲ့အတွက်
စိတ်ဖိစီးမှုတွေကြားမှာ
Trသင်ကြားမှူတွေကို ကြိုးစားသင်ယူလို့သာ အောင်မြင်တာပါ
Congratulations 🍾🎊🎉🎈 💞💞💞
29/05/2026
105회 TOPIK ll
Level 6ကို writing 76မှတ်ရလို့ပိုပျော်တယ်
congratulations 🍾🎊🎈
24/05/2026
19/05/2026
🎉KLT Zoom Online Class – ကိုရီးယားဘာသာစကား သင်တန်းသစ်များ ဖွင့်လှစ်ခြင်း 🌟
✅ကိုရီးယားဘာသာစကားနှင့် ကိုရီးယားနိုင်ငံ ပညာရေးကို စိတ်ပါဝင်စားကြသူများအတွက်
✅KLT Korean Language Class နှင့်
KLT Korean TOPIK Specialကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။
📚 သင်ကြားပေးမည့် သင်ခန်းစာများနှင့် Skills များ
✔️အခြေခံ ကိုရီးယားစာလုံး ရေးသားနည်းနှင့် အခြေခံ အသံထွက်များ။
✔️နေ့စဉ်သုံး အခြေခံစကားပြောများနှင့် ဝေါဟာရများ။
💎TOPIK Exams ဖြေဆိုနိုင်ရန်အတွက် Reading + Writing + Listening + Speaking (4 Skills) စုံလင်စွာဖြင့် အထူးလေ့ကျင့်သင်ကြားပေးခြင်း။
💎Course Books:
✔️Yonsei Korean (Level 1-6),
✔️Seoul Korean (Level 1-6),
✔️Fun Fun Korean (Level 1-6) စသည့်
စာအုပ်ကောင်းများကို အသုံးပြု၍ TOPIK Levels များနှင့် ကိုက်ညီအောင် သင်ကြားပေးသွားပါမည်။
💎 KLT Language Academy ၏ ထူးခြားချက်နှင့် အားသာချက်များ
✔️Zoom Application ကို အသုံးပြု၍ ဆရာနှင့်ကျောင်းသား မျက်နှာချင်းဆိုင် (Face-to-Face) တက်ကြွစွာ အပြန်အလှန် ဆွေးနွေးသင်ကြားနိုင်သော Online Special Language Academy ဖြစ်ပါသည်။
✔️KLT ၏ Level အလိုက်သင်ရိုးကို လေ့လာရင်း တစ်ချိန်တည်းမှာပင် ကိုရီးယားသံရုံးစာမေးပွဲနှင့် TOPIK စာမေးပွဲများအတွက်ပါ တစ်ပါတည်း လေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။
✔️Korean Language & TOPIK ၂ခုစလုံးအတွက် တစ်ခါတည်းပြင်ဆင်ပြီးသားဖြစ်ခြင်း:
💎သင်တန်းကြေး အခမဲ့ လေ့ကျင့်ပေးခြင်း:
✔️KLT တွင် တက်ရောက်နေသော ကျောင်းသား/သူများအတွက် TOPIK Exams ဖြေဆိုရန် သီးသန့်ပြင်ဆင်မှုတန်းခွဲများအတွက် သင်တန်းကြေး ထပ်မံပေးသွင်းရန် မလိုဘဲ အခမဲ့ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သဖြင့် TOPIK Exams အတွက် စိတ်ပူစရာမလိုတော့ပါ။
👩🏻💻ထိရောက်သော သင်ကြားမှုစနစ်:
ကျောင်းသားတစ်ဦးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို အပတ်စဉ် အသိပေးသွားမည့်အပြင်၊ ပျော်ရွှင်စွာ သင်ယူနိုင်ရန် Quiz များ၊ စနစ်ကျသော Teaching & Lesson Plans များဖြင့် သင်ကြားပေးပါသည်။
🏫 ဖွင့်လှစ်မည့် သင်တန်းအမျိုးအစားများ
✔️Korean Basic + Level 1-1, 1-2
✔️Korean Level 2-1, 2-2
✔️Korean Level 3-1, 3-2
✔️Korean Level 4-1, 4-2
✔️Korean Level 5-1, 5-2
✔️Korean Level 6-1, 6-2
(ကိုရီးယားနိုင်ငံတွင် ပညာတော်သင်ဆု လျှောက်ထားလိုသူများနှင့် ဗီဇာသက်တမ်းတိုးရန် TOPIK လက်မှတ် လိုအပ်သူများအတွက် အထူးသင့်လျော်ပါသည်။)
👩🏫 သင်ကြားပေးမည့် ဆရာမ၏ Profile
ကိုရီးယားဘာသာစကား သင်ကြားရေးနယ်ပယ်တွင် ၂၀၀၅ ခုနှစ်မှစတင်ကာ ၁၈ နှစ်ကျော် အတွေ့အကြုံရှိသော ဆရာမကိုယ်တိုင် ဦးဆောင်သင်ကြားပေးမည် ဖြစ်ပါသည်။
👨🎓B.A. Korean & M.A. Korean (MUFL) – မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကိုရီးယားဘာသာစကားဖြင့် မဟာဘွဲ့ရရှိထားသူ။
👩🏻💻Advanced Teacher Certificate (Korea University, Hallym University) –
ကိုရီးယားနိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များမှ Korean Language Teaching Methods for Advanced Teachers အဆင့်မြင့် အောင်လက်မှတ် ရရှိထားသူ။
✍️Korean TOPIK II အောင်မြင်ထားပြီး၊ TOPIK II သင်ကြားရေးအတွက် အထောက်အကူပြုမည့် Action Plans များကို ကိုယ်တိုင် စနစ်တကျ ရေးဆွဲထားသူ။
📢 သင်တန်းတက်ရောက်ခဲ့သူများ၏ ရလဒ်များနှင့် Reviews များကို Comment တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
☎️ သင်တန်းစုံစမ်း အပ်နှံရန်:
Page Messenger မှတစ်ဆင့်ဖြစ်စေ၊
ဖုန်းနံပါတ် 09940414256 မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
18/05/2026
🎉 KLT Korean Language Training Center 🎉
TOPIK II Writing & Listening, Reading (အထူးတန်း)
✍️ TOPIK II Writing 54번 & 53번 ကို အမှတ်မြင့်မြင့်နဲ့ စနစ်တကျ လေ့ကျင့်ပြီး အောင်မြင်ချင်သူများအတွက် အထူးသီးသန့်တန်း ဖွင့်လှစ်လိုက်ပါပြီ!
📘 သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများ
✨ 쓰기 (Writing) အပိုင်း
♦️53번 & 54번 မေးခွန်းဖွဲ့စည်းပုံများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာခြင်း
♦️중심 문장 (ဗဟိုပြုစာကြောင်း) ရေးနည်း နှင့် 그래프 (ဇယား/ဂရပ်ဖ်) ဖတ်ပြီး ရေးနည်းများ
♦️စာမေးပွဲတွင် မရှိမဖြစ်လိုအပ်သော 자주 나오는 표현 (အသုံးများသော အသုံးအနှုန်းများ)
အမှတ်ပြည့်ရ 모범답안 분석 (စံပြအဖြေလွှာများကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း)
♦️ဆရာကိုယ်တိုင် စေ့စေ့စပ်စပ် ပြင်ဆင်ပေးမည့် 실전 첨삭 (စာစီစာကုံး တိုက်ရိုက်အမှားပြင်ဆင်ပေးခြင်း)
🎧 듣기 (Listening) အပိုင်း
မကြာခဏ ပါလေ့ရှိသော မေးခွန်းပုံစံများကို လေ့ကျင့်ခြင်း
အဖြေမှန်ကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မည့် လျှို့ဝှက်နည်းဗျူဟာများ
📖 읽기 (Reading) အပိုင်း
စာပိုဒ်ရှည်ကြီးများ၏ အဓိကအကြောင်းအရာကို ချက်ချင်းသိနိုင်မည့် နည်းလမ်းများ
အချိန်တိုအတွင်း အဖြေမှန်ကို တိတိကျကျ ရွေးချယ်နိုင်ရန် အမှတ်မြင့် 전략 교안 (သင်ရိုးညွှန်းတမ်း) ပံ့ပိုးပေးခြင်း
📌 KLT သင်တန်း၏ ထူးခြားသော သင်ကြားမှုစနစ်
TOPIK 공식 채점 기준에 따라 체계적으로 지도
→ TOPIK စာမေးပွဲ၏ တရားဝင် အမှတ်ပေးစည်းမျဉ်းအတိုင်း စနစ်တကျ လေ့ကျင့်ပေးခြင်း
영역별 문제 유형 분석
→ 듣기၊ 읽기၊ 쓰기 အပိုင်းတစ်ခုချင်းစီ၏ မေးခွန်းပုံစံများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပေးခြင်း고득점 전략 제공
→ အမှတ်မြင့်ရနိုင်ရန် လိုအပ်သော အဓိကကျသည့် 전략 (နည်းဗျူဟာ) များနှင့်
시간 관리 비법 (အချိန်စီမံခန့်ခွဲမှု လျှို့ဝှက်ချက်) များကို သင်ကြားပေးခြင်း
실제 채점 기준အလိုက် 쓰기 첨삭
→ မိမိရေးသားထားသော အဖြေများကို တရားဝင် စစ်ဆေးမှုစံနှုန်းအတိုင်း သေချာပေါက် ပြင်ဆင်ပေးခြင်း
목표 점수 달성을 위한 맞춤형 지도
→ ကျောင်းသားတစ်ဦးချင်းစီ၏ ရည်မှန်းချက်အမှတ် (Level 5 / Level 6) အလိုက် သီးသန့် လမ်းညွှန်ပေးခြင်း
🏆 KLT Online Class ၏ ဂုဏ်ယူဖွယ်ရာ TOPIK II 6급 အောင်မြင်သူ၏ ရမှတ်များ
🎧 듣기 (Listening): 92점
✍️ 쓰기 (Writing): 76점
📖 읽기 (Reading): 96점
🏅 총점: 264점 / 300점
🌟 최종 등급: TOPIK II 6급 (최고 득점)
“TOPIK 고득점 합격생တွေ အမှန်တကယ် အသုံးပြုခဲ့တဲ့ Core Know-how တွေကို ဒီသင်တန်းမှာ အကုန်လုံး ချပြပေးသွားမှာပါ!”
📅 သင်တန်းအချက်အလက်များ
🗓 သင်တန်းစတင်မည့်ရက်: လူဦးရေပြည့်လျှင် စတင်ပါမည် (အချိန်ညှိနှိုင်းနိုင်သည်)
⏳ သင်တန်းကာလ: 3 Months (၃ လ)
💻 သင်ကြားမည့်ပုံစံ: Online Zoom Class
💰 သင်တန်းကြေး: 300,000 MMK
📩 ဆက်သွယ်စုံစမ်းရန်
Enroll Now – Viber / Telegram: 09-940414256
🎯 စာမေးပွဲအတွက် မိမိရည်မှန်းထားတဲ့အမှတ်ကို KLT နဲ့အတူ တက်လှမ်းလိုက်ပါ။
📢 သင်တန်းတက်ရောက်ခဲ့သူများ၏ ရလဒ်များနှင့် Reviews များကို Comment တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
18/05/2026
♦️Korean Language Advance Level 5
👩🏻💻Group Class သင်တန်း 6လပိုင်းမှာ အသစ်ဖွင့်ဖို့ရှိပါတယ်
♦️Group Class သင်တန်းတက်ချင်တဲ့သူများ စာရင်းပေးထားလို့ရပါတယ်
♦️သင်တန်းကြေး တစ်လ ၆၀၀၀၀
♦️သင်တန်းချိန်
Saturday 9:00-11:00(PM)
Sunday 9:00-11:00
Monday 9:00-11:00
❌သင်တန်းသားဦးရေ
သတ်မှတ်ထားလို့အမြန်စာရင်းပေးကြပါ
💞09940414256
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Mandalay
29/05/2026