23/06/2026
"ကျနော်တို့ရဲ့ တန်ဖိုးဟာ... ကျနော်တို့ ရဲ့ပြုမူဆက်ဆံပုံတွေမှာ ရှိပါတယ်"
ဒီနေ့တော့ လူမှုပတ်ဝန်းကျင်တစ်ခုမှာ အတူနေထိုင်ကြတဲ့အခါ 'စည်း' ဆိုတာဟာ ကိုယ့်အတွက်လုံခြုံသလို၊ သူတစ်ပါးအတွက်လည်း အနှောင့်အယှက်မဖြစ်စေတဲ့ အဓိကသော့ချက်ဖြစ်ကြောင်း မိဘများအားလုံးကိုမျှဝေချင်မိပါတယ်။
လူမှုအသိုင်းအဝိုင်းတစ်ခုမှာ အတူနေထိုင်ကြတဲ့အခါ အချင်းချင်းကြားက "စည်း" ဆိုတာက အုတ်တံတိုင်းတွေထက်ပိုပြီး အရေးကြီးတဲ့ အရာတစ်ခုလို့ ကျနော်တို့အားလုံး ခံစားမိကြမှာပါ။
တစ်ခါတလေမှာတော့ ကိုယ့်အဆင်ပြေရေးကိုပဲ အဓိကထားပြီး လုပ်မိလိုက်တဲ့ အပြုအမူလေးတွေက တစ်ဖက်လူအတွက်တော့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ဖြစ်သွားတတ်ပါတယ်။
💁♂️ကျောင်းကြိုတာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်... ကားရပ်တဲ့အခါ တစ်ဖက်လူရဲ့ အချိန်နဲ့ လမ်းကြောင်းကို ထည့်သွင်းစဉ်းစားပေးပါခင်ဗျာ။
မိမိကားရပ်လိုက်လို့ သူတစ်ပါး အချိန်တွေ နောက်ကျသွားမလား၊ လမ်းပိတ်သွားမလားဆိုတာကို ကိုယ်ချင်းစာစိတ်လေးနဲ့ ချိန်ဆကြည့်စေချင်ပါတယ်။
💁♂️အိမ်ရှေ့နေရာဆိုတာ ပိုင်ဆိုင်မှုတစ်ခု မဟုတ်ပါဘူးခင်ဗျာ။
အိမ်နီးချင်းတွေရဲ့ အိမ်ခေါင်းရင်း၊ အိမ်ပေါက်ဝတွေကို ကိုယ့်ကားနဲ့ တခြားမလိုတဲ့ပစ္စည်းတွေ ခွင့်မတောင်းဘဲထားတာတွေဟာ မလုပ်သင့်တဲ့ ကိစ္စပါ။
"နည်းနည်းပါးပါးလေးပါ" ဆိုတဲ့ စိတ်က တစ်ဖက်လူအတွက်တော့ မသက်မသာ ဖြစ်စေနိုင်ပါတယ်။
💁♂️ဆက်ဆံရေးမှာ 'စည်း' ရှိပေးပါခင်ဗျာ။
ကျောင်းဆရာ/ဆရာမတွေ၊ တခြားမိဘတွေနဲ့ ဆက်ဆံတဲ့အခါ ရိုသေလေးစားမှုဆိုတာ အပြန်အလှန်ပါ။
ကိုယ့်အမြင်နဲ့ မတူတိုင်း စည်းကျော်ပြောဆိုတာ၊ ကိုယ်လုပ်ချင်တာတစ်ခုတည်းအတွက် သူတစ်ပါးအခြေအနေကို မစာနာပဲ ချက်ချင်းပဲပေးပါတောင်းဆိုပြတာမျိုးတွေဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုပဲ ထိခိုက်စေပါတယ်။
💁♂️ထိုသို့ ပြောဆိုလုပ်ကိုင်သူတို့ရဲ့ပညာတတ်မှု၊ စိတ်ဓာတ်တွေကိုပါ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။
စကားလုံးလှလှလေးတွေနဲ့ ယဉ်ကျေးစွာ ဆက်ဆံခြင်းကပဲ လူတစ်ယောက်ရဲ့ အရည်အချင်းကို အကောင်းဆုံး ဖော်ပြတာပါ။✅
မိဘများခင်ဗျာ...
ကျနော်တို့ရဲ့ အပြုအမူတိုင်းကို နောက်ကွယ်ကနေ ကလေးတွေက အမြဲကြည့်နေပြီး အတုယူနေကြပါတယ်။
မိဘဆိုတာ ကလေးတွေရဲ့ ပထမဆုံးသော "စံပြကျောင်းဆရာ/မ" တွေပါ။
ကျနော်တို့ရဲ့ ကလေးတွေကို "ယဉ်ကျေးဖို့၊ သူတစ်ပါးကို စာနာဖို့" အမြဲသွန်သင်ပေးနေပေမယ့်၊ ကိုယ်တိုင်က အပြင်မှာ စည်းမရှိ၊ စာနာမှုမရှိ ပြုမူနေမယ်ဆိုရင်... သူတို့ ဘာကို သင်ယူသွားကြမလဲ?
ကလေးတွေကို "ယဉ်ကျေးရမယ်၊ စည်းကမ်းရှိရမယ်" လို့ သင်ပေးနေတဲ့ ကျနော်တို့ကိုယ်တိုင်က အပြင်မှာ စည်းမရှိရင် ကလေးတွေအတွက် ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ။
"ကိုယ့်အိမ်ရှေ့မှာ သူများမလုပ်စေချင်တဲ့အရာကို၊ သူများအိမ်ရှေ့မှာ ကိုယ်ကိုယ်တိုင် မလုပ်ခြင်း" ဟာ အခြေခံအကျဆုံး လူမှုကျင့်ဝတ်ပါ။
ကျနော်တို့ရဲ့ အပြုအမူတွေက ကိုယ့်အကြောင်းကို ပြောပြနေတဲ့ စာအုပ်တွေပါ။
တခြားသူရဲ့ အချိန်ကို တန်ဖိုးထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းပါပဲ။
လူတစ်ယောက်ရဲ့ အလှပဆုံး အရည်အချင်းကတော့ အနိုင်ကျင့်ပြခြင်းမဟုတ်ဘဲ၊ သူတစ်ပါးအပေါ် စာနာနားလည်ပေးတတ်တဲ့ "ကိုယ်ချင်းစာတရား" ပါပဲ။
ကျနော်တို့အားလုံး ပိုမိုလှပပြီး ရိုသေလေးစားမှုရှိတဲ့ ပတ်ဝန်းကျင်လေးတစ်ခုကို အတူတူ တည်ဆောက်ကြရအောင်ပါ။
ကျနော်တို့အားလုံး တစ်ယောက်နဲ့တစ်ယောက် "မေတ္တာထားပြီး နေထိုင်ကြမယ်၊ အပြန်အလှန် လေးစားမှုတွေနဲ့ပဲ ဆက်ဆံကြမယ်" ဆိုရင် ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ အခုထက်ပိုပြီး နွေးထွေးလာမှာပါခင်ဗျာ။
မေမေတို့/ဖေဖေတို့ရေ...
ဒီလို လူမှုရေးနဲ့ ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်ရတာတွေ၊ အခက်အခဲလေးတွေ တစ်ခါတလေ ကြုံဖူးကြလားခင်ဗျာ?
ဥပမာ "ကားရပ်တဲ့ကိစ္စ" ဒါမှမဟုတ် "တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး" မှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အတွေ့အကြုံလေးတွေကို Comment မှာ ရင်ဖွင့်မျှဝေပေးကြပါဦးခင်ဗျာ။
ကျနော်တို့ Victory Learning Corner မှာ အသက်(၅)နှစ်ကစပြီး(၁၇)နှစ်အထိ ကလေးများနှင့်လူငယ်များကို Social Etiquette နဲ့ပတ်သက်ပြီးSEL Program များကို မန္တလေး In-Person နဲ့ Online Class များဖြင့် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါတယ်ခင်ဗျာ။
#ကိုယ်ချင်းစာတရားလက်ကိုင်ထား၊အတူနေထိုင်သူတို့အတွက်အဆင်ပြေစေပါ။
21/06/2026