ABC Deutsch

ABC Deutsch

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ABC Deutsch, Language school, Mandalay.

18/05/2026

ယာဉ်တစ်ခုခုနဲ့သွားကြမယ် (၃)

ဒီတခါတော့ ကုန်းလမ်း၊ ရေလမ်းမဟုတ်ဘဲ လေကြောင်းနဲ့ဆိုင်တဲ့ စကားလုံးတွေ လေ့လာကြရအောင်။
✈ mit dem Flugzeug fliegen
လေယာဥ်စီးသည်။

🚁 mit dem Hubschrauber fliegen
ရဟတ်ယာဥ်စီးသည်။

🇩🇪
နောက်တစ်ခုကတော့
အဂ်လိပ်ကနေ
မွေးစားထားတဲ့ မွေးစားစကားလုံး "Paragliding" ပါ။
ဒီစကားလုံးကိုကျ fliegen နဲ့မသုံးဘဲ machen သို့မဟုတ် gehen နဲ့တွဲသုံးရပါမယ်။ တကယ်လို့ ဂျာမန်စကားလုံးအနေနဲ့သုံးမယ်ဆို
mit dem Gleitschirm fliegen လို့ သုံးလို့ရပါတယ်။

🇩🇪
လေထဲမှာ ပျံဝဲတာချင်းတူပေမယ့် တချို့စကားလုံးတွေကျ fliegen နဲ့တွဲမသုံးရတာမျိုးတွေ ရှိတတ်ပါတယ်။
ဥပမာ လေထီးခုန်တာလိုမျိုးပေါ့။ ဂျာမန်လိုပြောရင်လည်း springen ခုန်သည် ဆိုတဲ့ ကြိယာနဲ့တွဲပြီး
Fallschirm springen လို့ သုံးရပါမယ်။

🇩🇪
နောက်တစ်ခု zipline စီးတာမျိုးကျ rutschen ဆိုတဲ့ကြိယာနဲ့သုံးရပါတယ်။
mit einem Seil rutschen လို့ ဂျာမန်လို သုံးပါတယ်။ der Seil ဆိုတာ ကြိုး
မူလအဓိပ္ပါယ် မြေပြိုသည်လို့ အဓိပ္ပါယ်ရတဲ့ rutschen ဆိုတဲ့ ကြိယာနဲ့တွဲသုံးပေးရပါတယ်။
ဆိုလိုတာကတော့
မြေပြိုကျသလို
ကြိုးတစ်ချောင်းနဲ့အတူ အောက်ကို ကျသွားတဲ့အနက်နဲ့ သုံးရတာပါ။
တကယ်လို့ အဂ်လိပ်မွေးစားစကားလုံးသုံးမယ်ဆိုရင်တော့ mit dem Flying Fox fahren လို့ သုံးရပါမယ်။
Zipline ကို Flying Fox နဲ့ပဲ အသုံးများကြပါတယ်။

🇩🇪
fahren ဆိုတဲ့ ကြိယာနဲ့ပဲ
လေသဘော်စီးသည် နဲ့ မီးပုံးပျံစီးသည်ကိုလည်း တွဲသုံးတတ်ပါတယ်။
ဥပမာ
mit dem Zeppelin fahren
mit dem Heißluftballon fahren

ဒီကြိယာတွေကို noun အနေနဲ့ သုံးမယ်ဆိုရင်
Flying-Fox-Fahrt
Zeppelin-Fahrt
Heißluftballonfahrt
ဆိုပြီး သုံးလို့ရပါတယ်။

ကဲ အခုဆိုရင်
ကုန်းလမ်း
ရေလမ်း
လေကြောင်းလမ်းတွေမှာသုံးတဲ့ ဝေါဟာရတွေလည်း လေ့လာခဲ့ပြီးပါပြီ။

ကုန်းလမ်း ရေလမ်းမှာ ယာဉ်တစ်ခုခုနဲ့သွားတယ်ဆိုရင် fahren ဆိုတဲ့ verb ကို
သုံးပေမယ့်
လေကြောင်းလမ်းမှာကတော့ အမြဲတမ်း fliegen မသုံးဘဲ စကားလုံးပေါ်မူတည်ပြီး တခြားသောကြိယာတွေနဲ့ တွဲသုံးတယ်ဆိုတာကိုတော့ မမေ့ကြနဲ့နော်။

🇩🇪



18/05/2026

ယာဥ်တစ်ခုခုနဲ့သွားကြမယ် (၂)

🚲 mit dem E-Bike fahren
ebike ဖြင့်သွားသည်။

🛺 mit dem Tuk-Tuk fahren
အငှားကားဖြင့်သွားသည်။

🦽 mit der (Fahrrad)Rikscha fahren
ဆိုက်ကားဖြင့်သွားသည်။

🐴 mit der Pferdekutsche fahren
မြင်းလှည်းဖြင့်သွားသည်။

🐮 mit dem Ochsenwagen fahren
နွားလှည်းဖြင့်သွားသည်။

🚗 mit dem Motorrad mit Beiwagen fahren
ဆိုက်တွဲဖြင့်သွားသည်။

🚤 mit dem Boot fahren
လှေဖြင့်သွားသည်။


18/05/2026

ယာဥ်တစ်ခုခုနဲ့ သွားကြမယ် (၁)

fahren
🚗 mit dem Auto fahren
ကားဖြင့်သွားသည်။

🚌 mit dem Bus fahren
ဘစ္စကားဖြင့်သွားသည်။

🚖 mit dem Taxi fahren
အငှားယာဥ်ဖြင့်သွားသည်။

🚂 mit dem Zug fahren
ရထားဖြင့်သွားသည်။

🛳 mit dem Schiff fahren
သဘော်ဖြင့်သွားသည်။

🏍 mit dem Motorrad fahren
ဆိုင်ကယ်ဖြင့်သွားသည်။

🛵 mit dem Motorroller fahren
ဆိုင်ကယ်ဖြင့်သွားသည်။

🚲 mit dem Fahrrad fahren
စက်ဘီးဖြင့်သွားသည်။


08/05/2026

🇩🇪 B 1.1 recorded video class
🗓 ၁၀.၀၅.၂၀၂၆ ရက်နေ့တွင်
စဖွင့်ပါမည်။
📚 Berliner Platz Neu 3 (Kursbuch und Arbeitsuch)

သင်ကြားမည့်ပုံစံ
🇩🇪
Telegram (private group) တွင် B1.1 level အတွက်
Kursbuch နှင့် Arbeitsbuch ပါ အခန်း (၆) ခန်းကို (၁၀.၀၅.၂၀၂၆) ရက်နေ့မှစ၍
တနဂ်နွေနေ့တိုင်း တစ်ပတ်လျှင် တစ်ခန်း တင်ပေးသွားပါမည်။
Kapitel 1 - 10.05.2026
Kapitel 2 - 17.05.2026
Kapitel 3 - 24.05.2026
Kapitel 4 - 31.05.2026
Kapitel 5 - 07.06.2026
Kapitel 6 - 14.06.2026

🇩🇪
Video lesson တင်ရန် သတ်မှတ်ကာလမှာ (၁) လခွဲခန့်ကြာနိုင်ပြီး လေ့လာရန် သတ်မှတ်ထားချိန်မှာ lifetime ဖြစ်သည့်အတွက် မိမိအဆင်ပြေသလို အချိန်ပေးလေ့လာနိုင်ပါသည်။
🇩🇪
Video Class ဖြင့် လေ့လာထားသည့် သင်ခန်းစာများကိုအိမ်စာထပ်နိုင်ပါသည်။
💰
သင်တန်းကြေးမှာ
(၁၅.၀၆.၂၀၂၆) ရက်နေ့အထိ ၁၀၀၀၀၀ ကျပ်သာ သတ်မှတ်ထားပါသည်။
📌
(၀၉.၀၅.၂၀၂၆) ရက်နေ့ ညနေပိုင်းမှစ၍ သင်တန်းစတင်အပ်နှံနိုင်ပြီး သင်တန်းကြေးလွှဲပြီးကြောင်း page messenger တွင်
ပြပြီးမှသာ B1.1 video class telegroup group member ဖြစ်ပါမည်။
📌
အသေးစိတ်ကို page messenger တွင်မေးမြန်းစုံစမ်းနိုင်ပါသည်။


https://www.facebook.com/share/1DR8eaAt1z/

02/05/2026

B 1.1 level Video Class
စောင့်နေကြတဲ့သူတွေအတွက်
မကြာခင်
ဖွင့်ပါတော့မယ်နော်။
အသေးစိတ်ကို
page မှာ ထပ်တင်ပေးမယ်နော်။

22/04/2026

B2.1 recorded video class ကို
၂၄.၀၄.၂၀၂၆ ရက်နေ့တွင် စဖွင့်ပါမည်။
CEFR framework အတိုင်း
ရေးဆွဲထားသည့်
Aspekte Neu Lehrwerk ဖြင့် လေ့လာရပါမည်။
Telegram (private group) တွင် B2.1 level အတွက် Lehrbuch ပါ အခန်း (၅) ခန်းစာကို တင်ပေးထားမှာဖြစ်တဲ့အတွက် မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်ပါသည်။
Arbeitsbuch ပါ သင်ခန်းစာများကိုမူ (၂၇.၀၄.၂၀၂၆) ရက်နေ့မှစ၍ တနလာ်နေ့တိုင်း တစ်ပတ်လျှင် တစ်ခန်းစာ တင်​ပေးသွားမှာပါ။
B2.1 level ​လေ့လာရန်
Aspekte Neu
Lehrbuch နှင့် Arbeitsbuch အ တွက် သင်ခန်းစာများအားလုံး
Telegram (private group) တွင် တင်ရန် သင်တန်းကာလ (၁) လခွဲခန့်ကြာနိုင်ပြီး လေ့လာရန် သတ်မှတ်ထားချိန်မှာ lifetime ဖြစ်သည့်အတွက် မိမိအဆင်ပြေသလို အချိန်ပေးလေ့လာနိုင်ပါသည်။
နောက်ထပ် အားသာချက်တစ်ခုမှာ Video Class ဖြင့် လေ့လာထားသည့် သင်ခန်းစာများကိုအိမ်စာထပ်ရန် Telegram group ထပ်ရှိပါမည်။
သင်တန်းကြေးမှာ မေလကုန်အထိ ၁၂၀၀၀၀ ကျပ်သာ သတ်မှတ်ထားပါသည်။
(၂၃.၀၄.၂၀၂၆) ရက်နေ့ ညနေပိုင်းမှစ၍ သင်တန်းစတင်အပ်နှံနိုင်ပြီး အသေးစိတ်ကို page messenger တွင်မေးမြန်းစုံစမ်းနိုင်ပါသည်။

04/04/2026

ဒီရက်ပိုင်း
တီချယ်အိရဲ့ ကျန်းမာရေးအနေအထားကြောင့်
သင်လက်စ အတန်းတွေကလွဲပြီး
သကြန်အပြီးမှာ ထပ်ဖွင့်မယ့်သင်တန်းသစ် ၂ ခုကိုတော့
လောလောဆယ်မှာ
သင်တန်းမဖွင့်ဖြစ်တော့ပါဘူး။

Beginner level A1.1 သင်တန်းအကြောင်း
page messenger နဲ့​သော်လည်းကောင်း
phone ဆက်ပြီးသော်လည်း
စုံစမ်းထားကြတဲ့သူတွေကို
သကြန်အပြီး ဖွင့်မှာပါဆိုပြီး ပြောထားတဲ့အတွက်
Page messenger မှာ
တစ်ဦးချင်း ပြန်မပြောနိုင်တာမို့
ဒီ post နဲ့ပဲ အသိပေးပါရစေ။

A1.1 level ကို အစောကြီးကတည်းက အပ်ထားကြတဲ့သူတွေကိုရော
သင်တန်းဖွင့်မယ့်ရက်ကို
တောက်လျှောက်မေးမြန်းစုံစမ်းကြတဲ့သူတွေကိုရော
ဖွင့်မယ်ပြောပြီး မဖွင့်ပေးနိုင်တဲ့အတွက် အားနာပေမယ့် ကျန်းမာရေးဖြစ်တဲ့အတွက် နားလည်ပေးကြပါနော်။

ကျန်းမာ​ရေးကောင်းလို့
သင်တန်းသစ်ဖွင့်​တော့မယ်ဆိုရင်
Page မှာ ထပ်ကြော်ညာပေးပါ့မယ်။

02/03/2026

B1.2 သင်တန်း
▪၁၉.၃.၂၀၂၆ ရက်နေ့ သင်တန်းစပါမည်။
▪သင်တန်းအကြောင်း အသေးစိတ်ကို page messenger တွင် စုံစမ်းနိုင်ပါသည်။

ABC Deutsch mit Tr. Ei

02/03/2026

A2.2 သင်တန်း
▪၁၄.၃.၂၀၂၆ ရက်နေ့ သင်တန်းစပါမည်။
▪သင်တန်းအကြောင်း အသေးစိတ်ကို page messenger တွင် စုံစမ်းနိုင်ပါသည်။

ABC Deutsch mit Tr. Ei

01/03/2026

A2.1 online zoom class
ကို ၁၄.၃.၂၀၂၆ စပါမယ်။
သင်တန်းကာလ ၂ လ ခန့်ကြာပါမယ်။
အသေးစိတ်ကို page messenger မှာ မေးနိုင်ပါတယ်။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00