PCC-Precious Children Center

PCC-Precious Children Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PCC-Precious Children Center, School, Mandalay.

Photos from PCC-Precious Children Center's post 12/06/2026

မူကြိုမှသည် G-5အထိ ပျိုးထောင်ခွင့်ရရှိခဲ့ပါသော အဖိုးတန်သမီးရတနာလေးများဖြစ်ကြတဲ့ မအမရာကိုကို၊မအိမ့်မြင့်မိုရ်တို့မှ မွေးနေ့အထိမ်းအမှတ်အဖြစ် အမရာကိုကိုမှ ရေခဲမုန့်နှင့် အိမ့်မြင့်မိုရ်မှ နွားနို့နှင့်မုန့်တို့ကို ကျွေးမွေးခဲ့မှုအတွက် ကျေးဇူးပါသမီးလေးတို့ရေ🥰🥰လူ့သက်တမ်းစေ့ ဘဝတစ်လျှာက်လုံး စိတ်၏ပျော်ရွှင်ခြင်း၊အေးချမ်းခြင်း၊ကိုယ်၏ကျန်းမာခြင်း၊ချမ်းသာခြင်းများဖြစ်ကြပါစေ၊ချစ်ရတဲ့မိဘများအတွက် အဖိုးမဖြတ်နိုင်အောင် ဂုဏ်ယူဝံ့ကြွားရမယ့် သမီးရတနာလေးများ ဖြစ်ကြပါစေကွယ်🥳🥳

Photos from PCC-Precious Children Center's post 09/06/2026

မွေးနေ့ရက်လေးမှာ သူငယ်ချင်းတွေနှင့် ဆရာမများအား ဒံပေါက်ထမင်းကျွေးခြင်း၊အအေးတိုက်ခြင်းများဖြင့် ပြုလုပ်ကျင်းပပေးခဲ့ပါသော ချစ်စရာသားလေး အောင်ပြည့်စုံဦး🥳🥰အမြဲပြုံးရွှင်စွာနေတက်ပြီး သူငယ်ချင်းတွေကိုအရမ်းချစ်တက်သူ စကားကြွယ်တဲ့သားလေး အမည်နဲ့လိုက်ဖက်သောဘဝဖြစ်တဲ့ အရာရာအောင်မြင်ပြည့်စုံပြီး​ ကောင်းသောဖြစ်ရပ်တိုင်းကို ဦးဆုံးရရှိပါစေ၊မိဘဆွေမျိုးများ အားထားရတဲ့၊ဂုဏ်ယူဝံ့ကြွားရတဲ့ အဖိုးတန်သားကောင်းရတနာလေးတစ်ယောက် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရပါတယ်ကွယ်🥰🥳

Photos from PCC-Precious Children Center's post 05/06/2026

အေးဆေးလေးနေတက်ပေမယ့် သူငယ်ချင်းတွေကိုအရမ်းချစ်တက်သူ၊အမည်ဆန်းဆန်းလှလှလေးနဲ့ ချစ်စရာကောင်းသူသမီးလေး မိုင်သွန်းနဒီမင်း ရဲ့ ပျော်စရာမွေးနေ့ပုံရိပ်လေးများ🥳သမီးမိုင်သွန်းလေး မွေးနေ့ချိန်ခါမှစ၍ နှစ်ဆယ်စုနှစ်များစွာတိုင်အောင် အေးချမ်း ပျော်ရွှင်သာယာပြည့်စုံတဲ့ ဘဝကို ရရှိပိုင်ဆိုင်ပြီး မိဘအားထားရတဲ့ အထူးဂုဏ်ယူဝံ့ကြွားရတဲ့ အဖိုးတန်သမီးရတနာလေးတစ်ယောက် ဖြစ်ပါစေကွယ်🥰

Photos from PCC-Precious Children Center's post 22/05/2026

KG မှ G-5 အထိ စာရင်းပေးသွင်းထားသူများနှင့် ကျောင်းသား၊ကျောင်းသူဟောင်းများ
-ကျောင်းဝင်ခွင့် ပုံစံဖြည့်ခြင်း၊
-ကျောင်းလခ ပေးသွင်းခြင်း၊
-ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့်ကျောင်းဝတ်စုံများ ဝယ်ယူခြင်း များအား ၂၅.၅.၂၆ မှ ၃၁.၅.၂၆ ရက်နေ့အတွင်း နံနက် ၉ နာရီမှ ၃ နာရီအထိ ကျောင်းအပ်ခြင်း လက်ခံမည် ဖြစ်ပါသည်။

21/05/2026

သမီးလေးဂျူလိုင်သင်း(G-4)၏ကျေးဇူးရှင်ချစ်မေမေကွယ်လွန်ခြင်းအတွက်မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်

Photos from PCC-Precious Children Center's post 19/05/2026

ချစ်စဖွယ်အမူအယာလေးတွေ ပြုမူတက်ပြီး ချစ်စရာမျက်နှာလေးနဲ့သားလေး မင်းဟိန်းခန့် ပျော်စရာမွေးနေ့ပါကွယ်🥳ဘုန်းကြီး၍အသက်ရှည်ပါစေ၊စိတ်ချမ်းသာ၍ကိုယ်ကျန်းမာပါစေ၊မိဘအထူးအားထားဂုဏ်ယူရသော အဖိုးတန်သားရတနာလေးတစ်ယောက် ဖြစ်ပါစေကွယ်🥳

Photos from PCC-Precious Children Center's post 11/05/2026

အမည်လေးနဲ့လိုက်အောင် ဝိုင်းပြည့်တဲ့မျက်နှာလေးနဲ့ အရမ်းချစ်တက်သူချွဲစိန်လေး 👸ပျော်စရာမွေးနေ့ပါသမီးဆန်းစသော်တာရေ 🥰ချစ်ရတဲ့မိသားစုတွေနှင့် အတူကျန်းမာ၊အေးချမ်း၊ပြည့်စုံ၊ပျော်ရွှင်တဲ့ နေ့ရက်ပေါင်းများစွာ၊နှစ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ မိဘဂုဏ်ယူဝံ့ကြွားရတဲ့ အဖိုးတန်သမီးရတနာလေးတစ်ယောက် ဖြစ်ပါစေကွယ်🥳

Photos from PCC-Precious Children Center's post 23/04/2026

ဂျပန်မလေးနဲ့တူတဲ့မျက်နှာလေးနဲ့ ချစ်စရာသမီးငယ်လေး သံသာရွှန်းလဲ့ ပျော်စရာမွေးနေ့ပါကွယ်🥳 ပျော်စရာမွေးနေ့မှစလို့ ဘဝသက်တမ်းတစ်လျှောက်လုံး သမီးချစ်ရသော၊သမီးကိုချစ်သော သူများနှင့်အတူ ပျော်ရွှင်အေးချမ်းပြည့်စုံကျန်းမာစွာ နေသွားနိုင်ပါစေ၊မိဘဂုဏ်ယူဝံ့ကြွားရသော အဖိုးတန်သမီးရတနာလေး ဖြစ်ပါစေကွယ်🥳

Photos from PCC-Precious Children Center's post 22/04/2026

အမည်လေးကချမ်းမြေ့သလို အေးချမ်းစွာနေတက်သူ၊သဘောကျစရာတွေရှိရင် ပြုံးသွားတက်တဲ့ ချစ်စရာသမီးလေး ချမ်းမြေ့ရတီကျော် ပျော်စရာမွေးနေ့ပါကွယ်🎉၇နှစ်ပြည့်မွေးနေ့မှသည် နောင်ဆယ်ဆုနှစ်များစွာတိုင်အောင် ချစ်ရတဲ့မိသားစုများနှင့်အတူ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၊ပြည့်စုံကြွယ်ဝစွာဖြင့် ပျော်ရွှင်စွာနေထိုင်နိုင်ပါစေ၊မိဘက ဂုဏ်ယူဝံ့ကြွားရသော အဖိုးတန် သမီးရတနာလေးတစ်ဦး ဖြစ်ပါစေကွယ်🎉

Photos from PCC-Precious Children Center's post 21/04/2026

သွက်လက်ထက်မြတ်ပြီးဖြူစင်တဲ့အပြုံးလေးတွေနဲ့ချစ်စရာသမီးလေး သော်သော်နန်းစံ ပျော်စရာမွေးနေ့ပါကွယ်🎉ပျော်ရွှင်ဖွယ်ရာနေ့ရက်များစွာကို ချစ်ရတဲ့မေမေ၊ဖေဖေတို့နှင့်အတူ နှစ်ပေါင်းများစွာ ဖြတ်သန်းပြီး မိဘများအရမ်းကိုဂုဏ်ယူဝံ့ကြွားရသော အဖိုးတန်သမီးလေးတစ်ဦးအဖြစ် ကြီးပြင်းလာပြီး ထူးချွန်ထက်မြတ်သော၊အဖိုးတန်သမီးရတနာလေးဖြစ်ပါစေကွယ်🎉

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay