LogiKids

LogiKids

Share

𝙏𝙝𝙞𝙣𝙠 𝙎𝙢𝙖𝙧𝙩, 𝘾𝙤𝙙𝙚 𝙁𝙪𝙣!

07/06/2026

🚀 ကလေးတိုင်း Programmer ဖြစ်ဖို့ မလိုပေမယ့် Technology ကို နားလည်ပြီး ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိတဲ့ လူငယ်တွေ ဖြစ်လာဖို့ကတော့ အရေးကြီးပါတယ်။ 💻✨

ဒီနေ့ခေတ်မှာ ကလေးအများစုဟာ ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်တွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ကြပါတယ်။ ဒါပေမဲ့... သူတို့လေးတွေဟာ နည်းပညာကို ရိုးရိုးကြည့်ရှုသူ (Consumers) အဖြစ်ပဲ ကုန်ဆုံးနေမှာလား? ဒါမှမဟုတ် နည်းပညာကို အသုံးချပြီး ကိုယ်တိုင်ဖန်တီးသူ (Creators) ဖြစ်လာမှာလား?

ဒီမေးခွန်းရဲ့ အဖြေက ကလေးတွေရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကလေးတွေကို Coding သင်ပေးရုံတင်မကဘဲ ၂၁ရာစုရဲ့ အရေးကြီးဆုံး စွမ်းရည်တွေဖြစ်တဲ့ Logic Thinking, Creativity နဲ့ Problem-Solving Skills တွေ ဖွံ့ဖြိုးလာစေဖို့ LogiKids ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ 🎓

👩‍🏫 The Face Behind LogiKids (သင်ကြားမည့် ဆရာမအကြောင်း)

LogiKids ရဲ့ သင်ခန်းစာတိုင်းကို ကလေးတွေ အလွယ်တကူ နားလည်ပြီး စနစ်တကျ သင်ယူနိုင်ဖို့အတွက် Professional Field က ဆရာမကိုယ်တိုင် ပုံဖော် သင်ကြားပေးနေတာ ဖြစ်ပါတယ်။

🔹 ခိုင်မာသော ပညာရေးနောက်ခံ: မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များမှ IT Engineering ဘာသာရပ်ဖြင့် Master Degree (မဟာဘွဲ့) ၂ ခု ဆွတ်ခူးရရှိထားသူ ဖြစ်ပါသည်။

🔹 လက်တွေ့ Field အတွေ့အကြုံ: လက်ရှိတွင် Singapore အခြေစိုက် IT Company တစ်ခု၌ Tech Project Manager အဖြစ် မြန်မာနိုင်ငံမှနေ၍ Remote (Work From Home) လုပ်ကိုင်နေပြီး Web Development ပရောဂျက်များကို စဉ်ဆက်မပြတ် ဦးဆောင်နေသူ ဖြစ်ပါသည်။

🔹 Kids Coding ကျွမ်းကျင်မှု: IT Industry အတွေ့အကြုံများအပြင် ကလေးငယ်များ၏ သဘာဝကို နားလည်ပြီး စိတ်ဝင်စားစရာကောင်းသော သင်ကြားနည်းစနစ်များဖြင့် Coding ကို လက်တွေ့ကျကျ သင်ကြားပေးလျက် ရှိပါသည်။

✨ LogiKids မှာ တက်ရောက်ခြင်းဖြင့် ကလေးတွေ ဘာတွေရရှိမလဲ?

Professional IT Field မှာ တကယ်လုပ်ကိုင်နေတဲ့ Teacher မှ တိုက်ရိုက် သင်ကြားပြသပေးမှာ ဖြစ်တဲ့အတွက် ကလေးငယ်များအနေနဲ့ —
✅ Coding အခြေခံ သဘောတရားများကို စနစ်တကျ မှန်ကန်စွာ နားလည်ခြင်း။
✅ Game တွေ၊ Animation တွေကို ကိုယ်တိုင် စိတ်ကူးဆန်းသစ် ဖန်တီးနိုင်ခြင်း။
✅ အခက်အခဲတွေကို အပိုင်းပိုင်းခွဲပြီး စနစ်တကျ တွေးခေါ်ဖြေရှင်းတတ်ခြင်း (Logical Thinking & Problem-Solving)။
✅ Recreational Screen Time (အလဟဿ ဖြစ်မည့် ဖုန်းကြည့်ချိန်) ကို ပညာရှိပြီး အကျိုးရှိမည့် သင်ယူမှုအချိန်အဖြစ် ပြောင်းလဲနိုင်ခြင်း။

နွေရာသီ ကျောင်းပိတ်ရက်ပဲဖြစ်ဖြစ်၊ ကျောင်းဖွင့်ရက် ရုံးပိတ်ရက်တွေမှာပဲဖြစ်ဖြစ် သားသားမီးမီးတို့ရဲ့ နည်းပညာအနာဂတ်ကို လမ်းမှန်ပေါ် တင်ပေးချင်တယ်ဆိုရင် LogiKids က အသင့်ရှိနေပါတယ်။ 🥰

📩 သင်တန်းအသေးစိတ်နှင့် အတန်းအချိန်ဇယားများကို စုံစမ်းလိုပါက Page Messenger မှတစ်ဆင့် အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

07/06/2026

🎉 Scratch Coding Summer Class ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။ 🎉☀️

ဒီနှစ် နွေရာသီကျောင်းပိတ်ရက် ၃ လတာကာလကို အချိန်ကို အကျိုးရှိရှိနဲ့ အားတက်သရော လေ့လာသင်ယူခဲ့ကြတဲ့ သားသားမီးမီးတို့ဟာ အခုဆိုရင် Scratch Coding Basic Course ကို အောင်မြင်စွာ တက်ရောက်ပြီးဆုံးခဲ့ကြပါပြီ။ 🚀

ဒီ Summer သင်တန်းလေးမှာ ကလေးတို့အနေနဲ့ —
✅ Coding အခြေခံ Concepts များ
✅ Animation ဆန်းဆန်းလေးတွေ ဖန်တီးခြင်း
✅ Interactive Story (ရုပ်ပြပုံပြင်) များ တည်ဆောက်ခြင်း
✅ Game Development ရဲ့ အခြေခံအုတ်မြစ်များ နဲ့
✅ Problem Solving & Logical Thinking Skills (စနစ်တကျ တွေးခေါ်မြော်မြင်နိုင်စွမ်း) တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွေ့ဆန်းသစ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

အခု မျှဝေပေးထားတဲ့ ဗီဒီယိုလေးတွေကတော့ ကလေးတွေ ဒီနွေရာသီမှာ ရရှိခဲ့တဲ့ အိုင်ဒီယာတွေနဲ့ ကိုယ်တိုင်စိတ်ကူးစိတ်သန်း ဖန်တီးထားတဲ့ Final Projects လေးတွေပဲ ဖြစ်ပါတယ်။ 👏

ပထမဆုံးနေ့က ကွန်ပျူတာနဲ့ Coding ကို မရင်းနှီးသေးတဲ့ ကလေးငယ်လေးတွေဟာ.. အခုဆိုရင် ကိုယ်ပိုင် Game နဲ့ Animation တွေကိုယ်တိုင် ဖန်တီးနိုင်တဲ့အထိ တိုးတက်လာတာကို မြင်တွေ့ရလို့ တကယ်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ❤️

ကျောင်းပိတ်ရက်မှာ ကလေးတို့ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ ကျွန်တော်တို့ကို ယုံကြည်အားကိုးပြီး ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိဘအုပ်ခြေသူများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။

🎬 ကလေးတို့ရဲ့ ရင်သပ်ရှုမောဖွယ် Summer Final Project ဗီဒီယိုလေးတွေကို ကြည့်ရှုအားပေးပြီး Comment မှာ ချီးကျူးစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။ 🥰👇

03/05/2026

ကလေးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းက ဘယ်လောက်တောင် အကန့်အသတ်မရှိလဲဆိုတာ... 🤔✨

ဒီဗီဒီယိုလေးထဲက 'မိုးရွာနေတဲ့ မြင်ကွင်း' LogiKids က ကျောင်းသားလေးတွေက မိုးစက်လေးတွေကိုယ်တိုင်ဆွဲ၊ နောက်ခံကားချပ်ကိုကိုယ်တိုင်ပုံဖော်ပြီး Code တွေနဲ့ အသက်သွင်းထားတာပါ။

Coding ဆိုတာ Programming သက်သက်တင်မဟုတ်ဘဲ 'Creation (ဖန်တီးမှု)' တစ်ခုဖြစ်ကြောင်း သက်သေပြနေတဲ့ ကျောင်းသားလေးတွေရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ 🌧️🎨

သင့်ကလေးကရော ဘယ်လိုအရာမျိုးတွေကို ဖန်တီးချင်နေတာလဲ?

"

01/05/2026

အလုပ်သမားများနေ့ (May Day)

လောကအကျိုး၊ တိုင်းပြည်အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းထမ်းဆောင်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို LogiKids မှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်။

ကလေးငယ်တွေရဲ့ အနာဂတ်ဟာ ယနေ့လူကြီးများရဲ့ ကြိုးပမ်းအားထုတ်မှုတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ခွန်အားသစ်တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ ✨

30/04/2026

ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါတော်သမနေ့တွင် စိတ်နှလုံးအေးချမ်းကြပါစေ...

ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရားရှင် ဖွား၊ ပွင့်၊ စံ ဆိုသည့် သံဝေဂလေးဌာနနှင့် ပြည့်စုံသော ထူးမြတ်သည့်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။

ဤနေ့ထူးအခါသမယမှာ မိဘပြည်သူများနှင့် ကလေးငယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း LogiKids မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ 🙏✨

#ကဆုန်လပြည့်နေ့ #နွေဦးကဆုန် #ဗုဒ္ဓနေ့

27/04/2026

ကလေးတွေအတွက် အနာဂတ် ရင်းနှီးမြှုပ်နှံမှု (Investment for the Future)

19/04/2026

ကလေးတွေအတွက် Screen Time ကလုံးဝမကောင်းဘူးလို့ထင်ရင်…မှားနေတယ်!!

17/04/2026

🌸 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးနေ့ 🌸

LogiKids မှ မိဘများနှင့် ကလေးငယ်များအားလုံးကို
ပျော်ရွှင်အေးချမ်းပြီး အောင်မြင်မှုများဖြင့် ပြည့်နှက်နေသော
နှစ်သစ်တစ်နှစ် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏

နှစ်ဟောင်းမှ အတွေ့အကြုံကောင်းများကို ယူဆောင်ပြီး
နှစ်သစ်တွင် ကလေးများအတွက်
🎮 Coding Skill
🧠 Logical Thinking
💡 Creativity
များကို ပိုမိုတိုးတက်စေရန် LogiKids မှ ဆက်လက်ကြိုးစားပေးသွားပါမယ်။

ဒီနှစ်သစ်မှာ
ကလေးများအတွက် “သင်ယူခြင်းကို ပျော်ရွှင်စေမည့်”
ခရီးစဉ်ကို LogiKids နှင့်အတူ စတင်လိုက်ပါစို့ 🚀

🌼 နှစ်သစ်မှာ ကောင်းမှုများစွာ ပြုနိုင်ကြပါစေ
🌼 စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ





12/04/2026

✈️ 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐏𝐫𝐨𝐣𝐞𝐜𝐭 – 𝐀𝐢𝐫𝐩𝐥𝐚𝐧𝐞 𝐁𝐚𝐭𝐭𝐥𝐞 𝐆𝐚𝐦𝐞 🚀
(LogiKids Scratch Class)

ဒီဗီဒီယိုက LogiKids ကျောင်းသားတစ်ယောက် ဖန်တီးထားတဲ့ Airplane Shooting Game ဖြစ်ပါတယ်။

ဒီ Game မှာ ✈️ Airplane ကို control လုပ်ပြီး
enemy plane တွေကို shoot လုပ်ရပါတယ်။
Enemy နဲ့ ထိတွေ့သွားရင် 👉 Game Over ဖြစ်ပါတယ်။

ဒီ Project မှာ ကလေးက —

🎯 Shooting mechanism (bullet system)
🚧 Collision detection (enemy touch = game over)
🎮 Player control (keyboard control)
🔁 Game flow (start / game over logic)

တွေကို ကိုယ်တိုင် စဉ်းစားပြီး Scratch blocks တွေနဲ့ ဖန်တီးထားပါတယ်။

ဒီလို Game တည်ဆောက်ခြင်းက
✔ Logical Thinking
✔ Problem Solving
✔ Creativity
✔ Game Design Thinking

တွေကို တိုးတက်စေပါတယ်။ 🚀

👏 ကျောင်းသားရဲ့ ကြိုးစားမှုကို အားပေးပေးကြပါဦး။

—
📍 LogiKids – Coding Class for Kids
Scratch Programming Class

Interested parents can message the page for class details.

11/04/2026

🤖 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐏𝐫𝐨𝐣𝐞𝐜𝐭 – 𝐑𝐨𝐛𝐨𝐭 𝐒𝐩𝐚𝐜𝐞 𝐃𝐞𝐟𝐞𝐧𝐬𝐞 🚀
(LogiKids Scratch Class)

ဒီဗီဒီယိုက LogiKids က ကျောင်းသားတစ်ယောက် ဖန်တီးထားတဲ့ Robot Space Game ဖြစ်ပါတယ်။

ဒီ Game မှာ 🤖 Robot က weapon shoot လုပ်ပြီး
အပေါ်ကနေကျလာတဲ့ obstacle တွေကို ဖျက်ဆီးရပါတယ်။
Obstacle နဲ့ robot ထိတွေ့သွားရင် 👉 Game Over ဖြစ်ပါတယ်။

ဒီ Project မှာ ကလေးက —

🎯 Shooting system (bullet create & control)
🚧 Collision detection (touch = game over)
🎮 Player control (keyboard အသုံးပြုခြင်း)
🔁 Game logic (start / end condition)

တွေကို ကိုယ်တိုင် စဉ်းစားပြီး Scratch blocks တွေနဲ့ တည်ဆောက်ထားပါတယ်။

ဒီလို Game Project တွေက Programming ကို
✔ Logical Thinking
✔ Problem Solving
✔ Creativity

နဲ့ အတူ လေ့လာနိုင်စေပါတယ်။ 🚀

👏 ကျောင်းသူ/သားလေးတွေရဲ့ ကြိုးစားမှုကို အားပေးပေးကြပါဦး။

—
📍 LogiKids – Coding Class for Kids
Scratch Programming Class

Interested parents can message the page for class details.

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Mandalay
05033

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00