Wise Move Chess Centre

Wise Move Chess Centre

Share

♟️မျိုးဆက်သစ်တို့အတွက် သင်တန်းများနှင့်ပြိုင်ပွဲများကို လုပ်ဆောင်ပေးလျှက်ရှိပါသည်။♟️

21/06/2026

♔ ပျော်ရွှင်ဖွယ် အဖေများနေ့ ♔

စစ်တုရင်ခုံပေါ်က ဘုရင်တစ်ပါးလိုပဲ...
အဖေဟာ ကျွန်တော် တို့ဘဝရဲ့ လမ်းပြကြယ်၊
အားထားရတဲ့ ခွန်အားနဲ့
အမြဲကာကွယ်ပေးတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်။

ဘဝရဲ့ စစ်မှန်မှု တွေကို သင်ကြားပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ် အဖေ။
အဖေဟာ အကောင်းဆုံး ဆရာ၊
အခိုင်မာဆုံး အားကိုးရာ၊
ထာဝရ ချန်ပီယံ ဖြစ်ပါတယ်။

Happy Father's Day ❤️

21/06/2026

တိတ်တိတ်လေး စဉ်းစားနေတဲ့ ဒီမျက်နှာလေးတွေရဲ့ နောက်ကွယ်မှာ…

👉🏻အာရုံစူးစိုက်မှု
👉🏻စိတ်ရှည်မှု
👉🏻အနာဂတ်အောင်မြင်မှုအတွက် အိပ်မက်လေး
တွေ ရှိနေပါတယ်။ ♟️✨

♟️Wise Move Chess Centre မှာ
♟️Weekday -Weekend-အတန်းလေးတွေ ပုံမှန်
အတိုင်း ဖွင့်လှစ်ထားပါတယ် ခင်ဗျာ🤝




☎️ 09772399626

17/06/2026

🏆 Tr. Chan Nyein Aung’s Birthday Cup
Online Chess Tournament 🏆

WMCC မှာ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသူ/သားများအတွက် စိတ်လှုပ်ရှားစရာ အွန်လိုင်းစစ်တုရင်ပြိုင်ပွဲ ပြန်လည်ရောက်ရှိလို့လာပါပြီ။ 🎉

ဒီနေ့ (၁၇.၆.၂၀၂၆) ရက်နေ့မှာ ကျရောက်တဲ့ Wise Move Chess Centre ရဲ့ ဆရာဦးချမ်းငြိမ်းအောင်ရဲ့ မွေးနေ့ရက်မြတ်ကနေ စတင်ပြီး နောင်နှစ်ပေါင်းများစွာတိုင် သက်ရှည်ကျန်းမာကာ ထူးချွန်ထက်မြက်တဲ့ စစ်တုရင်မျိုးဆက်သစ်ပေါင်းများစွာကို ဆက်လက်မွေးထုတ်ပေးနိုင်ပါစေကြောင်း WMCC မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ 🎂✨

ဆရာ့ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပမည့် ပြိုင်ပွဲအသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

♟️ ပြိုင်ပွဲအသေးစိတ်အချက်အလက်များ

📅 နေ့ရက်: 21.6.2026 (Sunday) (မွေးနေ့
အထိမ်းအမှတ် ပြိုင်ပွဲရက်)
⚔️ စနစ် (System): Arena
⏰ ကြာမြင့်ချိန်: ညနေ 07:00 PM မှ 08:30 PM အထိ
💻 Platform: Chess.com နှင့် Zoom Meeting
📞 စာရင်းပေးသွင်းရန်: 09 772 299 626

💰 ဆုကြေးအစီအစဉ်များ

🥇 First Prize: 10,000 MMK
🥈 Second Prize: 8,000 MMK
🥉 Third Prize: 6,000 MMK
🏅 Fourth Prize: 5,000 MMK
🏅 Fifth Prize: 4,000 MMK
🎁 Birthday Number Gifts: ??????
👧 Best Girl: 2,000 MMK
👶 Youngest Participant: 2,000 MMK
🍀 Lucky Prize: 10th, 15th, 20th, 25th စသည်ဖြင့်...

🚫 လိုက်နာရမည့် စည်းကမ်းချက်များ
1. Players အားလုံး Zoom ဝင်ရောက်ပေးရပါမည်။
2. ပြိုင်ပွဲကစားစဉ် ဆူညံ့သံများ မပြုလုပ်ရပါ။
3. ကစားပွဲတစ်လျှောက်လုံး Camera များ ဖွင့်ထားပေး
ရပါမည်။

Sponsored and Organized by Wise Move Chess Centre ❤️

#စစ်တုရင်ပြိုင်ပွဲ

Photos from Wise Move Chess Centre's post 14/06/2026

📌စဉ်းစားတွေးခေါ်မှု စွမ်းရည်တွေ တိုးတက်ဖို့ ပိတ်ရက်တိုင်းမှာ စစ်တုရင် ကစားကြမယ်။ ♟️❤️

ကလေးတို့ရဲ့ Weekend Chess Class လှုပ်ရှားမှု ပုံရိပ်လေးတွေပါခင်ဗျာ♟️♟️



☎️ 09-772299626

09/06/2026

🏆𝐔𝐩𝐜𝐨𝐦𝐢𝐧𝐠 𝐑𝐚𝐭𝐞𝐝 𝐓𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 𝐢𝐧 𝐉𝐮𝐥𝐲:
𝐊𝐨 𝐒𝐢𝐭𝐡𝐮 𝐋𝐰𝐢𝐧 & 𝐊𝐨 𝐓𝐡𝐢 𝐇𝐚𝐧 𝐒𝐨𝐞
𝐌𝐞𝐦𝐨𝐫𝐢𝐚𝐥 𝐂𝐡𝐞𝐬𝐬 𝐓𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 𝟐𝟎𝟐𝟔

မန္တလေးတိုင်းလက်ရွေးစင် ကစားသမားများဟောင်းဖြစ်ကြတဲ့ ကိုစည်သူလွင် နှင့် ကိုသီဟန်စိုး (ခ)ကိုမဲကြီး
တို့ကို ရည်စူးပြီး မိတ်ဆွေသူငယ်ချင်းများ စုပေါင်းကျင်းပပေးမည့် အမှတ်တရ စစ်တုရင်ပြိုင်ပွဲလေးကို လာမည့် ဇူလိုင်လ (July) အတွင်း မန္တလေးမြို့မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဒီပွဲလေးကတော့ သူတို့နှစ်ဦးကို သတိရအောက်မေ့တဲ့အနေနဲ့ မိတ်ဆွေတွေစုပြီး ပြုလုပ်ပေးမယ့်
အမှတ်တရပွဲလေး တစ်ပွဲ ဖြစ်ပါတယ်။

စစ်တုရင်ဝါသနာရှင်များနှင့် ကစားသမားများအနေဖြင့် ကိုစည်သူလွင်နဲ့ ကိုသီဟန်စိုးတို့ကို အတူတကွ သတိရအောက်မေ့ရင်း ပါဝင်ဆင်နွှဲနိုင်ရန်အတွက် သတင်းစကားပါးလိုက်ရပါတယ်။

ကျင်းပမည့်လ: July, 2026

ကျင်းပမည့်နေရာ: မန္တလေးမြို့ (အသေးစိတ်နေရာကို
မကြာမီ ပြောပေးပါမည်)

ပြိုင်ပွဲရက်စွဲနှင့် အသေးစိတ်အချက်အလက်များ:
[မကြာမီ ထပ်မံဖော်ပြပေးပါမည်]

ပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ထွက်လာမယ့် အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။



Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Near 78th Street And 101st Street
Mandalay