KNC NYC

KNC NYC

Share

စိတ်ကောင်းရှိဖို့ ပထမ

28/05/2026
Photos from BBC Burmese's post 09/05/2026

ခြိမ့်ကေကိုပါထည့်ရမှာ

Photos from KNC NYC's post 30/04/2026
07/04/2026

🌙 ၁၃၈၈ ခုနှစ်၊ တနင်္လာနေ့ဖွားများအတွက် တစ်နှစ်စာ ဟောကိန်း ( 17.4.2026-16.4.2027)

​၁၃၈၈ ခုနှစ်အတွင်း တနင်္လာနေ့ဖွားများသည် ဘဝ၏ အခြေအနေတစ်ခုမှတစ်ခုသို့ အပြောင်းအလဲများ ကြုံတွေ့ရမည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ စိန်ခေါ်မှုအသစ်များ များပြားလာတတ်ပြီး ထိုအပြောင်းအလဲများကို လိုက်လျောညီထွေ လက်ခံလုပ်ကိုင်နိုင်မှသာလျှင် အဆင်ပြေတိုးတက်မှု ရရှိပါလိမ့်မည်။ အမျိုးသမီးကြီးကဲများနှင့် သဘောထားကွဲလွဲခြင်း၊ ခရီးစဉ်များ ကမောက်ကမဖြစ်ခြင်းနှင့် မိသားစုအရေး အခက်အခဲများကို ဖြေရှင်းရတတ်သဖြင့် သတိရှိရန် လိုအပ်ပါသည်။

​💰 ငွေကြေးကံဇာတာ
​ငွေကြေးသုံးစွဲမှု အလွန်များပြားနိုင်သည့် ကာလဖြစ်ပါသည်။ လောဘကို ရှေ့တန်းတင်၍ စွန့်စားလုပ်ကိုင်ခြင်းမျိုးကို အထူးရှောင်ကြဉ်သင့်ပြီး စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပါသည်။ အထူးသဖြင့် မိသားစုရေးကိစ္စများကြောင့် ငွေကုန်ကြေးကျ မြင့်မားတတ်ပါသည်။

​💼 လုပ်ငန်းနှင့် ရာထူးကံ
​လုပ်ငန်းခွင်တွင် ဖိအားများပြားမှုကြောင့် စိတ်ဓာတ်ကျခြင်း၊ အလုပ်လုပ်ချင်စိတ် ကုန်ခမ်းခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ စိတ်ရှည်သည်းခံနိုင်မှသာလျှင် အဆင်ပြေမည်ဖြစ်ပြီး စိတ်လိုက်မာန်ပါ လုပ်ဆောင်ပါက အလုပ်လက်မဲ့ ဖြစ်ရတတ်ပါသည်။ သို့သော် ရပ်ဝေးမြေခြားသို့ သွားရောက်လုပ်ကိုင်မည့်သူများအတွက်မူ အခွင့်အလမ်းကောင်းများ ရရှိပါလိမ့်မည်။

​🏥 ကျန်းမာရေးနှင့် ဘေးအန္တရာယ်
​ရောဂါဟောင်းများ ပြန်လည်ပေါ်ပေါက်တတ်ပြီး ဖျားနာပါက နာတာရှည်တတ်သဖြင့် ဂရုစိုက်ပါ။ အထူးသဖြင့် ကျောက်ကပ်၊ ဆီးရောဂါနှင့် နှလုံးပိုင်းဆိုင်ရာ ဝေဒနာများကို သတိပြုပါ။ ကိုယ်တိုင် ယာဉ်မောင်းနှင်ရာတွင်လည်း ပေါ့ဆမှုမရှိဘဲ အထူးသတိထား သွားလာသင့်ပါသည်။

​❤️ အချစ်ရေးနှင့် အိမ်ထောင်ရေး
​အချစ်ရေး: အင်မတန် စန်းပွင့်မည့်နှစ် ဖြစ်ပါသည်။ ချစ်သူရည်းစားသစ် ရရှိတတ်ပြီး မေတ္တာရေးကိစ္စများတွင် ထူးထူးခြားခြား အဆင်ပြေ အောင်မြင်မှုများ ကြုံတွေ့ရပါလိမ့်မည်။
​အိမ်ထောင်ရေး: အိမ်ထောင်ဘက်၏ ကံဇာတာ တိုးတက်အောင်မြင်မှုကြောင့် စိတ်ချမ်းမြေ့ရတတ်ပါသည်။ ရင်သွေးရတနာ ယူမည့်သူများအနေဖြင့် မိခင်နှင့်ကလေး ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

​🤝 လူမှုရေးနှင့် ပညာရေး
​လူမှုရေး: မိတ်ဆွေကောင်းများ၏ ဖေးမကူညီမှုကို ရရှိပါလိမ့်မည်။ ဘာသာရေးပုဂ္ဂိုလ်များ၊ မြင့်မြတ်သူများနှင့် ဆုံစည်းရတတ်သော်လည်း လူမျိုးခြား၊ ဘာသာခြားများနှင့် ဆက်ဆံရာတွင် အဆင်မပြေမှုအချို့ ရှိတတ်ပါသည်။

🧑‍🎓​ပညာရေး: ကြိုးစားသလောက် ထွန်းပေါက်မည့်နှစ် ဖြစ်ပါသည်။ ပညာရပ်အသစ်များ ဆည်းပူးခွင့်ရခြင်းနှင့် ထူးခြားသော သင်တန်းများ တက်ရောက်ခွင့်ရခြင်းတို့ ကြုံတွေ့ရပါလိမ့်မည်။

​🚗 ခရီးကံ
​ခရီးကံ အလွန်ကောင်းမွန်ပါသည်။ ဘုရားဖူးခရီးစဉ်များ၊ မြင့်မြတ်သော ခရီးစဉ်များ သွားလာရတတ်ပြီး နိုင်ငံခြားခရီးနှင့် ရပ်ဝေးခရီးများအထိ သွားရောက်ရတတ်မည်။

​✨ ကံပွင့်စေသော ကုသိုလ်ယတြာ
​တနင်္လာနေ့ဖွားများ အညံ့များပြေပျောက်၍ ကံကောင်းခြင်းများ ရရှိစေရန် -
​တနင်္လာနေ့ နံနက် (၉:၃၀) နာရီမှ (၁၀:၀၀) နာရီအတွင်း မြတ်စွာဘုရားရှင်အား သီဟိုဠ်စေ့ကြော် ဖြူးထားသော ဆွမ်း နှင့် သစ်သီးဖျော်ရည် (၁) ခွက် ကပ်လှူပူဇော်ပါ။
​(ဤယတြာကို တစ်လလျှင် တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အခက်အခဲများ ကျော်လွှားနိုင်ပါလိမ့်မည်။)

#ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
#ဆရာလင်းဝေအောင်
(​ကူးယူဖော်ပြခြင်းခွင့်မပြုပါ
မူရင်းပို့စ်ကို လွတ်လပ်စွာ Share နိုင်ပါသည်)
#၇.၄.၂၀၂၆

01/04/2026

Pink Fullmoon Alignment
(Zoom Session)

Date - 1 April 2026
Time - 7:00 PM (MMT)
Zoom ID - 765 571 0772
Passcode - libra

See you soon!

ဂဏန်းဗေဒ

31/03/2026

🍀မိမိရဲ့ဖုန်း Wallpaper နိမိတ်အပေါ်ယုံကြည်သက်ဝင်တဲ့သူတွေအတွက်

🗓️1.4.2026 မှ 29.4.2026 အတွင်း ငွေကြေးကံကောင်းခြင်း စီးပွားပွင့် ကံမြင့်စေမဲ့ wallpaper နိမိတ်ပုံကိုဖော်ပြပေးလိုက်ပါတယ်။

🌌မနက်ဖြန် တန်ခူး လပြည့်နေ့ ဗုဒ္ဓဟူးနေ့ (1.4.2026) မနက် (သို့မဟုတ်) ည ၉နာရီကနေ ၁၀ခွဲအတွင်း မိမိတို့ဖုန်းရဲ့ wallpaper အဖြစ်တင်ထားနိုင်ပါတယ်။(မေ့တတ်သူတွေကတော့ phone alarm ကြိုပေးထားလို့ရပါတယ်)

🗓️29.4.2026 နေ့ထိ ထားလို့ရပါတယ်။

🎉ကံကောင်းပျော်ရွှင်ခြင်း ငွေကြေးဓနတိုးတက်ပွင့်လန်းခြင်းတို့နဲ့ ပြည့်စုံကြပါစေသော်....🍀💵

&Share
#ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
#ဆရာလင်းဝေအောင်
#31.3.2026

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


Mandalay