ရောတတ်သော Preposition များ
Happy Learning English
Video class, Zoom class, One-on-one zoom class များရှိပြီး PDF File များလည်း ဝယ်ယူနိုင်ပါတယ်။
A dedicated English teacher
"Happen to V1" အသုံးပြုပုံ
ဒီမှာ "Happen" က "ဖြစ်ပွားသည်" လို့ အဓိပ္ပာယ်မရပါ။
Happen to+V1 ကို ၂နေရာမှာ သုံးပါတယ်။
1. Questionမေးရာမှာ ယဉ်ကျေးအောင် ထည့်ပြီး မေးလေ့ရှိပါတယ်။
Do you+V1..? ထက် "Do/Would you happen to V1?" တို့က ပိုယဉ်ကျေးပါတယ်။
Eg. Do you happen to know how to get to the market?
ဈေးကို ဘယ်လို သွားရမလဲ သိပါသလား ခင်ဗျာ။
Eg. Would you happen to have a pen?
မင်းမှာ ဘောပင်တစ်ချောင်းလောက်ရှိလား။
(Would you happen to က Do you happen to ထက် ပိုယဉ်ကျေးပါတယ်)
2. Subject+happen to+V1
တစ်ခုခုကို မမျှော်လင့်ပဲ၊မထင်မှတ်ပဲ ကြုံရတဲ့အခြေအနေမျိုးကို ပြောချင်ရင် သူံးပါတယ်။
(By chance/Unexpectedly ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်)
Eg. She happened to be in the same hotel.
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမနဲ့ hotel တစ်ခုထဲမှာ တည်းဖြစ်ခဲ့တယ်။
Eg. I happened to meet a close friend in the supermarket.
ကျွန်တော် စူပါမားကဒ်ထဲမှာ ကျွန်တော်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်။(မမျှော်လင့်ထားပဲ ကြုံတာမျိုး)
See you in the next post ❤️
For fear of နဲ့ In case နှစ်ခုစလုံးဟာ "တစ်ခုခုဖြစ်မှာစိုးလို့" ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးပေမဲ့ ဘာကွာသွားတာလဲ ❓
ကျွန်တော် လုပ်ထားတဲ့ Speaking patterns 1000 ကျော်ပါတဲ့ PDF file မှာ ဒီလို အသေးစိတ် Explanation တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားရင် CB လာရောက် စုံစမ်းနိုင်ပါတယ်ဗျာ။
Money နှင့် ပတ်သတ်သော Idiomatic expressions 5ခု
1. Throw money at sth
တစ်ခုခုကို ပိုက်ဆံပစ်ပေးပြီး ဖြေရှင်းတာမျိုးကို ပြောတဲ့အခါ သုံးပါတယ်။
(ပြသနာရဲ့ ရင်းမြစ်ကို သေချာမစုံစမ်းပဲ ပိုက်ဆံပုံပေးပြီးရှင်းတာ သို့ ပြသနာတွေကို ပိုက်ဆံနဲ့ ပစ်ပေးပြီး ဖုံးဖိ ဖြေရှင်းတာမျိုးမှာ သုံးပါတယ်။
Eg. They tried to throw money at the accident to avoid a police complaint.
သူတို့က ရဲစခန်းမှာ အတိုင်ခံရတာကို ရှောင်ဖို့အတွက် မတော်တဆမှုကို ပိုက်ဆံပစ်ပေးပြီး ရှင်းဖို့ ကြိုးစားခဲ့တယ်။
2. Pay money out of sb's own pocket
ပိုက်ဆံ ကိုယ့်အိတ်စိုက်ရှင်းရတာမျိုးကို
ပြောချင်ရင် သုံးပါတယ်။
Eg. I had to pay for the broken window out of my own pocket.
ကျွန်တော်က ပြတင်းပေါက် ကျိုးသွားတာကို ကိုယ့်အိတ်စိုက်ပြီး ရှင်းပေးခဲ့ရတယ်။
3. Put money on sth
ပိုက်ဆံနဲ့ လောင်းကြေးထပ်၊အလောင်းကစားလုပ်တာမျိုးကို ပြောချင်ရင် သုံးပါတယ်။
Eg. Don't put your money on that black horse. I don't think it will work for you.
အမဲရောင်မြင်းဘက်ကို လောင်းကြေးမထပ်နဲ့။ ငါတော့ အဲ့တာ အလုပ်ဖြစ်မယ် မထင်ဘူး။
4. Pour money into sth
အမြတ်ရနိုင်ချေများတဲ့ လုပ်ငန်းတွေမှာ ပိုက်ဆံအမြောက်အများ ရင်းနှီးမြှုပ်နှံ (invest) တာမျိုး လုပ်ခဲ့အခါ သုံးပါတယ်။
Eg. They decided to pour money into real estate.
သူတို့က အိမ်ခြံမြေလုပ်ငန်းမှာ ပိုက်ဆံတွေ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
5. Sink money into sth
အမြတ်ရမယ်မျှော်လင့်ပြီး ပိုက်ဆံ အများကြီး ရင်းနှီးလိုက်ပေမဲ့ အရှုံးပေါ်သွားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ပြောချင်ရင် သုံးပါတယ်။
Eg. Don't sink your money into this project without knowing whether it would be profitable or not.
အမြတ်ရမလား၊မရဘူးလားမသိဘဲနဲ့ အဲ့projectမှာ ပိုက်ဆံအရှုံးခံပြီး မရင်းနှီးလိုက်ပါနဲ့။
See you in the next post 💗
"Overlook" အသုံးပြုပုံ 4 မျိုး
Busybody= အလုပ်များတဲ့ခန္ဓာကိုယ် ❎
သူများကိစ္စထဲ စပ်စပ်စုစု ဝင်ပါတဲ့သူ ✅
Eg. I hate such a busybody.
Dogsbody = ခွေးရဲ့ ခန္ဓာကိုယ် ❎
လူတကာခိုင်းဖတ် ✅
Eg. When I first joined the company,I was just a dogsbody.
Homebody= အိမ်ကိုယ်ထည် ❎
အိမ်တွင်းပုန်း ✅
Eg. Being a homebody is not my thing.
စကားပြောမှာ အရမ်းအသုံးများတဲ့ "From now on" ဆိုတဲ့ Phrase လေးကို Example sentences တွေနဲ့ တစ်ကွ လေ့လာကြည့်ရအောင်ဗျာ။
"Without" နှင့် တွဲသုံးသော Collocations များ
"ရှားပါး"တာကို English လို ဘယ်လိုပြောကြလဲ။
1. Rare (adj)
Rare ကို မြင်ရ၊တွေ့ရခဲတဲ့အရာတွေကို ဖော်ပြမှာရာ သုံးပါတယ်။
Eg. It is rare to see such honesty.
ဒီလို ရိုးသားမှုမျိုးက တွေ့ရခဲတယ်။ (ရှားပါးတယ်)
Eg. A rare disease = တွေ့ရခဲတဲ့၊ရှားပါးတဲ့ ရောဂါ
Eg. A rare diamond = ရှားပါးစိန်
2. Few and far between (idiomatic adjective phrase)
အရမ်းရှားပါးတယ်၊ Very rare ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
Eg. Good opportunities are few and far between.
အခွင့်အရေးကောင်းတွေက အရမ်းရှားပါတယ်။
Eg. Friends like you are few and far between.
မင်းလို သူငယ်ချင်းမျိုးက အရမ်းရှားပါတယ်။
3. One in a million (idiomatic adjective phrase)
ရှာမှရှား၊ special ဖြစ်တဲ့အရာတွေကို ပြောရာမှာ သုံးပါတယ်။
Eg. A teacher like him is one in a million.
သူ့လိုမျိုးဆရာက ရှာမှရှားပဲ။
Eg. This painting is one in a million.
ဒီပန်းချီကားက ရှာမှရှားပဲ။
4. Scarce (adj)
မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရှားပါးတာမျိုးကို ဖော်ပြရာမှာ သုံးပါတယ်။
များသောအားဖြင့် Resources (အရင်းအမြစ်) တွေနဲ့
တွဲသုံးလေ့ရှိပါတယ်။
Eg. Teachers are scarce in our village.
ကျွန်တော်တို့ရဲ့ရွာမှာ ဆရာ/ဆရာမတွေ ရှားပါးပါတယ်။ (မလုံလောက်တာကို ပြောချင်တာပါ)
Eg. Water scarcity = ရေရှားပါးမှု
See you in the next post ❤️
"Think" ဟာ မြန်မာလို "တွေးသည်၊ထင်သည်၊စဉ်းစားသည်" ဖြစ်ပါတယ်။
ဒီမှာ တစ်ခု ကွဲသွားတာက I think နဲ့ I am thinking of/about ပါ။
I think ရဲ့ အဓိပ္ပာယ်က "ထင်သည်" ဖြစ်ပါတယ်။
Continuous tense သုံးလေ့မရှိပါဘူး။
Eg. I think that Yangon is the right place to settle if you want to do business.
မင်း စီးပွားရေးလုပ်ချင်တယ်ဆိုရင် ရန်ကုန်ဟာ အခြေချဖို့အတွက် သင့်တော်တဲ့နေရာဖြစ်တယ်လို့ ငါထင်တယ်။
I am thinking of/about ရဲ့ အဓိပ္ပာယ်ကတော့ တွေးသည်၊စဉ်းစားသည် ဖြစ်ပါတယ်။ (Continuous tense အနေနဲ့ အသုံးများပါတယ်)
Eg. I am thinking of buying a new car.
ငါ ကားအသစ်တစ်စီးဝယ်ဖို့ စဉ်းစားနေတာ။
Eg. I am thinking about holding down a steady job.
ငါ အလုပ်တစ်ခုကို အတိအကျနဲ့ ဇောက်ချလုပ်ဖို့ တွေးနေတာ။
Eg. I am thinking of you every day.
ငါ မင်းအကြောင်း အမြဲတွေးနေတာ။(ငါမင်းကို သတိရနေတာ)
See you in the next post 💗
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay