13/06/2026
ဒီနေ့ရဲ့ Kanji Quiz အဖြေမှန်က ဘယ် emoji လေး ဖြစ်မလဲ? 🤔📝
React လေးနဲ့ အဖြေလေးဖြေခဲ့ကြအုံးနော်
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn Japanese At MCube, Education Website, 41*42/82, Mandalay.
13/06/2026
ဒီနေ့ရဲ့ Kanji Quiz အဖြေမှန်က ဘယ် emoji လေး ဖြစ်မလဲ? 🤔📝
React လေးနဲ့ အဖြေလေးဖြေခဲ့ကြအုံးနော်
12/06/2026
早い & 速い (はやい) ၂ ခုရဲ့ ကွဲပြားပုံကို တကယ်ပဲ သေချာသိရဲ့လား? 🤔
JLPT စာမေးပွဲခန်းထဲမှာ အသံထွက်တူပြီး Kanji မတူတာတွေ တွေ့ရင် ဇဝေဇဝါ ဖြစ်သွားတတ်ကြပါတယ်။ အထူးသဖြင့် စာမေးပွဲမှာ မကြာခဏ ပါတတ်တဲ့ 速い နဲ့ 早い က မှားလွယ်တတ်တဲ့အထဲမှာ ထိပ်ဆုံးကပဲ။
အဓိပ္ပာယ်ချင်း ဆင်သလိုလိုနဲ့ လုံးဝကွဲပြားတဲ့ ဒီ ၂ ခုကို စာမေးပွဲမှာ မမှားရအောင် ဒီလိုလေး မှတ်ထားလိုက်ရအောင်နော် 👇
၁။ 早い (はやい) - စောသော၊မြန်သော
ဒီ 早い လေးက Time အနေနဲ့ အချိန် စောခြင်းဆိုတဲ့ သဘောနဲ့သုံးပါတယ်။
နာရီ သို့မဟုတ် ပြက္ခဒိန်အရ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုထက် "စောစီးစွာ ဖြစ်ပျက်တာ" ကို ပြောချင်ရင် သုံးပါတယ်။
💡 မှတ်နည်း: Kanji ထဲမှာ 日 - နေ ပါတဲ့အတွက် နေ့ရက်/အချိန်နဲ့ ဆိုင်ပါတယ်။
💡 れい:
① あさ早く起きます。
(မနက်စောစော ထသည်။)
② 今年は開花が早い。
(ဒီနှစ် ပန်းပွင့်တာ စောတယ်။)
၂။ 速い (はやい) - မြန်သော
Speed (အရှိန် မြန်ခြင်း)
ဒါလေးကတော့ ရွေ့လျားမှု၊ အလုပ်လုပ်နှုန်း သို့မဟုတ် တစ်ခုခု ဖြစ်ပျက်တဲ့ "အရှိန်အဟုန် မြန်ဆန်တာ" ကို ပြောချင်ရင် သုံးပါတယ်။
💡 မှတ်နည်း: Kanji ထဲမှာ လမ်းသွားတာကို ပြတဲ့ 辶 - သွားလာခြင်းသင်္ကေတ ပါလို့ အရှိန်နဲ့ ဆိုင်ပါတယ်။
💡 れい:
① 足が速い。
(ခြေလှမ်းမြန်တယ် / အပြေးမြန်တယ်။)
② 彼は仕事が速い。
(သူက အလုပ်လုပ်တာ မြန်တယ်။)
မိနစံတို့ရေ "သူက စာဖတ်တာ မြန်တယ်" ဆိုရင် ဘယ် はやい ကို သုံးမလဲ?
Comment မှာ ဖြေခဲ့ပေးဦးနော်။ 👇
皆さん、こんばんは
ဒီတစ်ခါမှာတော့ JLPT N2_2025-12မှာ မေးခဲ့တဲ့Grammar Box ပုစ္ဆာဖြေနည်းလေးကို တင်ပေးလိုက်ပါတယ် 🤗🤗🤗
မေးခွန်းဟောင်းအတန်းလည်း ဒီအပတ်ထိ အပ်လို့ ရသေးတာမို့ အမြန်ဆုံး ဆက်သွယ်လိုက်နော် 🥰
🔸သင်တန်းကြေညာ အသေးစိတ် 👇
https://www.facebook.com/share/p/175xp71Q7d/?mibextid=wwXIfr
https://www.facebook.com/share/p/18q4fAPefj/?mibextid=wwXIfr
07/06/2026
🎉 COE ရရှိပြီး Newspaper Scholarship ဖြင့် ဂျပန်အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မယ့် MCube ကျောင်းသားများအား ဂုဏ်ပြုပါတယ် 🇯🇵✨
🌸 Learn Japanese at MCube ရဲ့ ကျောင်းသား/သူများဟာ Newspaper Scholarship ကို 100% အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပြီး COE လည်း ရရှိသွားကြပါပြီ။ ဒီအောင်မြင်မှုအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
စရိတ်သက်သာပြီး အခွင့်အလမ်းတွေ အပြည့်ရှိတဲ့ သတင်းစာစကော်လာကို ရဖို့ဆိုတာ မလွယ်ကူပေမယ့် မိမိတို့ရဲ့ မလျှော့သောဇွဲ၊ MCube နဲ့အတူ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြတဲ့အတွက် ဒီနေ့မှာတော့ အောင်မြင်ခြင်း သရဖူကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပါပြီ။
💡 မိတ်ဆွေရော... အခုလို ကုန်ကျစရိတ်သက်သာတဲ့ အခွင့်အရေးနဲ့ ဂျပန်မှာ ကျောင်းတက်မယ့်အိပ်မက်ကို အကောင်အထည်ဖော်ချင်ပါသလား?
အကောင်အထည်ဖော်ချင်ရင်တော့ ဒီတစ်ခေါက် Language school နဲ့ Kaigo Scholarship တွေပါ လျှောက်ထားပေးမယ့် MCube ကျောင်းရဲ့ အစီအစဉ်လေးက မိတ်ဆွေအတွက်ပဲနော်။
"ငါရော လျှောက်လို့ရပါ့မလား?" လို့ ဝေခွဲမရဖြစ်နေရင် စိတ်မပူပါနဲ့။
စကော်လာ ဒါမှမဟုတ် Language school လျှောက်ထားဖို့ ဘာတွေပြင်ဆင်ရမလဲ၊ ဘယ်လို အခွင့်အရေးတွေ ရှိမလဲဆိုတဲ့ အသေးစိတ်အချက်အလက်အားလုံးကို Page Messenger မှာ အခုပဲ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါပြီ။ ✉️
🇯🇵 ဂျပန်မှာ ကျောင်းတက်ဖို့ အိပ်မက်ရှိတယ်ဆိုရင် အခုကတည်းက စတင်ပြင်ဆင်လိုက်ပါ။ MCube က မိတ်ဆွေရဲ့ အိပ်မက်ခရီးစဉ်ကို အတူတကွ လက်တွဲကူညီပေးဖို့ အသင့်ရှိနေပါတယ်နော်။ ✨
皆さん、こんばんは〜
ဒီတစ်ခါမှာတော့ JLPT N2_2021-07မှာ မေးခဲ့တဲ့ A-B ပုစ္ဆာဖြေနည်းလေးကို တင်ပေးလိုက်ပါတယ် 🤗🤗🤗
မေးခွန်းဟောင်းအတန်းလည်း အမြန်လေး လာအပ်လို့ရသေးတယ်နော် 😘
🔸သင်တန်းကြေညာ အသေးစိတ် 👇
https://www.facebook.com/share/p/175xp71Q7d/?mibextid=wwXIfr
https://www.facebook.com/share/p/18q4fAPefj/?mibextid=wwXIfr
30/05/2026
🙏ယနေ့ကျရောက်သော နယုန်လပြည့်နေ့ အချိန်အခါသမယတွင် ဗုဒ္ဓဘာသာ မြန်မာပြည်သူပြည်သားများအားလုံး သာသနာ့အကျိုး ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေကြောင်း MCube Team မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။🙏✨
#လပြည့်နေ့ #နယုန်
29/05/2026
မနက်ဖြန် မေးခွန်းဟောင်းတန်း စ ပါတော့မယ် 📣📣📣
28/05/2026
🥰ယနေ့ ကျရောက်သော Eid နေ့တွင် မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စရာ၊ စိတ်အေးချမ်းသာယာရှိလှတဲ့ Eid ပွဲတော်ရက်လေးကို ဖြတ်သန်းနိုင်ကြပါစေကြောင်း MCube Team မှ ဆုတောင်းပေးလိုက်ရပါတယ်ရှင့်။ 🌙✨
Mubarak
#2026
皆さん、こんにちは🌞
ဒီတစ်ခါမှာတော့ JLPT N2_2021-07မှာ မေးခဲ့တဲ့ 短文 ပုစ္ဆာဖြေနည်းလေးကို တင်ပေးလိုက်ပါတယ် 🤗🤗🤗
မေးခွန်းဟောင်းအတန်းလည်း လာမယ့်အပတ် စနေ (30-05-2026) မှာ ဖွင့်တော့မှာမို့ အမြန်လေး အတန်းလာအပ်ဖို့ လိုမယ်နော် 😘
🔸သင်တန်းကြေညာ အသေးစိတ် 👇
https://www.facebook.com/share/p/175xp71Q7d/?mibextid=wwXIfr
https://www.facebook.com/share/p/18q4fAPefj/?mibextid=wwXIfr
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |