Civil Authorize Negotiate Organization (C.A.N-Org)

Civil Authorize Negotiate Organization (C.A.N-Org)

Share

Leading Myanmar LGBTIQA+ led NGO since 2011.

We advocate for human rights, SOGIESC, and equality in Myanmar through election awareness, psychosocial support, community leadership, and global partnerships. 🏳️‍🌈🏳️‍⚧️#CANMyanmar #LGBTIQ #sogiesc “Civil Authorize Negotiate Organization(C.A.N Org)” လူထုရပိုင်ခွင့်ညှို့နှိုင်းဖော်ဆောင်ရေးအဖွဲ့ သည် ၂၀၁၁ခုနှစ် မေလ ၁၀ ရက်နေ့ တွင်မန္တလေးမြို့၌ လူ့အခွင့်အရေးနှင့်ဆက်လျှင်း၍ အများအကျိုးအတွက် ဆောင်ရွက်ရန်ဖ

Photos from Civil Authorize Negotiate Organization (C.A.N-Org)'s post 20/06/2026

(English Below)

Final Solidarity+

ဒီအသံတွေက ဒီမှာတင် မရပ်သေးပါဘူး။ 🏳️‍🌈

ဒီ Pride Month အတွင်းမှာ ကျွန်ုပ်တို့ရဲ့ LGBTQIA+ အသိုင်းအဝိုင်းဝင်များ၊ မဟာမိတ်များ၊ အနုပညာရှင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ကမ္ဘာအရပ်ရပ်က ထောက်ခံအားပေးသူများဟာ ကျွန်ုပ်တို့နဲ့အတူ ရပ်တည်ပြီး အသံထွက်ပေးခဲ့ကြပါတယ်။

အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ အားပေးမှုနဲ့ မျှော်လင့်ချက်တွေက မတရားဖမ်းဆီးခံထားရတဲ့ q***r ညီအစ်ကိုမောင်နှမတွေဆီ ရောက်ရှိနေပါတယ်။

Pride ဟာ ဂုဏ်ယူပျော်ရွှင်မှုတစ်ခုတည်း မဟုတ်ပါဘူး။ အချင်းချင်းကို မမေ့မလျော့ဘဲ အတူတကွ ရပ်တည်မယ်ဆိုတဲ့ ကတိတစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေ့နဲ့ ဒီပို့စ်ဟာ အဆုံးသတ်မဟုတ်ပါဘူး။ ဒီဟာက ကျွန်ုပ်တို့ရဲ့ ပထမတောင်းဆိုချက်—ဖမ်းဆီးခံ LGBTQIA+ များ အမြန်ဆုံး လွတ်မြောက်ရေး—အတွက် အတူတကွ အသံထွက်ခဲ့ကြတဲ့ ပထမခြေလှမ်းရဲ့ အဆုံးသတ်ဖြစ်ပါတယ်။

အခုတော့ ကျွန်ုပ်တို့ရဲ့ ဒုတိယတောင်းဆိုချက်ဆီကို ဆက်လက်လျှောက်လှမ်းကြပါမယ်။

ကျွန်ုပ်တို့ ဆုံးရှုံးခဲ့ရတဲ့ q***r ညီအစ်ကိုမောင်နှမများကို အတူတကွ သတိရကြမယ်။ သူတို့ရဲ့ အမည်တွေ၊ သူတို့ရဲ့ အိပ်မက်တွေ၊ သူတို့ရဲ့ ရုန်းကန်မှုတွေကို ဆက်လက်ရှင်သန်စေကြမယ်။

✊ ဖမ်းဆီးခံ LGBTQIA+ များကို အမြန်ဆုံး ပြန်လွှတ်ပါ။
🕯️ မြင့်မြတ်စွာကျဆုံးခဲ့သော LGBTQIA+ ညီအစ်ကိုမောင်နှမများကို သတိတရဂုဏ်ပြုအောက်မေ့ကြပါစို့။

(English Version)

Final Solidarity

The voices do not end here. 🏳️‍🌈

Throughout this Pride Month, LGBTQIA+ community members, allies, artists, human rights advocates, partner organizations, and supporters from across the world have stood together in solidarity with our campaign.

Your voices, compassion, and commitment have reminded our q***r siblings behind bars that they are not forgotten.

Pride is more than celebration. It is a promise that we will continue to stand with one another until everyone can live freely, safely, and with dignity.

This post does not mark the end of our campaign. It concludes our first collective call—the immediate release of LGBTQIA+ political detainees in Myanmar.

Now, together, we move into our second call: remembering the q***r lives lost in Myanmar’s struggle for freedom, democracy, and justice.

We will remember their names. We will honor their lives. We will carry their hopes forward.

✊ Free LGBTQIA+ Political Detainees
🕯️ Remember Our Fallen Qu**rs





19/06/2026

Burmese/Myanmar Pride 2026: NO PRIDE BEHIND BARS 🏳️‍🌈
(English Below)

International Solidarity Part - 10

မတူညီတဲ့ ရုန်းကန်မှုတွေ၊ တူညီတဲ့ လွတ်မြောက်မှုကို မျှော်မှန်းနေကြပါတယ်။ 🏳️‍🌈

Nina
အိန္ဒိယနိုင်ငံ
ဌာနေတိုင်းရင်းသား လှုပ်ရှားမှုခေါင်းဆောင်၊ သတင်းထောက်ဟောင်း

"အခုအချိန်ဟာ လူထုလှုပ်ရှားမှုတွေ အချင်းချင်း စည်းလုံးညီညွတ်ရမယ့် အချိန်ပါ။ ကျွန်မတို့တစ်ဦးချင်းရဲ့ ဖြစ်တည်မှုတွေ၊ အစုအဖွဲ့တွေရဲ့ ဖြစ်တည်မှုတွေနဲ့ ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေတွေကို အခြေခံပြီး ကိုလိုနီစနစ်ရဲ့ သက်ရောက်မှုတွေကို ဆန့်ကျင်ရုန်းကန်နေကြသလို၊ အခွင့်အရေးနဲ့ အသိအမှတ်ပြုမှုတွေအတွက်လည်း အတူတကွ ရပ်တည်ရပါမယ်။

ကျွန်မတို့ဟာ မတူညီတဲ့ မြစ်ချောင်းတွေလို ဖြစ်နိုင်ပေမယ့် လွတ်မြောက်မှုဆိုတဲ့ ပင်လယ်တစ်ခုတည်းကို စီးဆင်းနေကြတာပါ။ Q***r ဖြစ်စေ၊ ဌာနေတိုင်းရင်းသား ဖြစ်စေ၊ ကျွန်မတို့ရဲ့ ရည်မှန်းချက်က လွတ်မြောက်မှုပါပဲ။

ရုန်းကန်နေကြတဲ့ကြားထဲမှာပဲ ပျော်ရွှင်မှု၊ အနားယူမှုနဲ့ အချင်းချင်း နွေးထွေးစွာ ဂရုစိုက်ပေးမှုတွေအတွက်လည်း နေရာတစ်ခု ဖန်တီးပေးဖို့ မမေ့သင့်ပါဘူး။

ဌာနေတိုင်းရင်းသားတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အခြေခံလူ့အခွင့်အရေးများအတွက် ရပ်တည်နေကြတဲ့ မြန်မာနိုင်ငံက LGBTQIA+ အသိုင်းအဝိုင်းများနဲ့အတူ ကျွန်မ စည်းလုံးညီညွတ်စွာ ရပ်တည်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်မှ မလွတ်မြောက်သရွေ့ ကျွန်မတို့အားလုံးလည်း မလွတ်မြောက်နိုင်ပါဘူး။ ✊🏽"

---

(English Version)

Nina from India
Indigenous Movement Leader & Former Correspondent

"It is time for people's movements to create solidarity amongst ourselves in our fight for rights and recognition even as we fight colonial powers based on our individual or collective identities and geographies. We are different streams with the same goal of liberation, whether we are q***r or Indigenous.

And while we resist and reconcile, we must also remember to hold space for joy, rest, and tenderness.

As an Indigenous person, I stand in solidarity with the LGBTQI+ communities in Myanmar who are asserting their right to self-determination and the various fundamental rights that envision a collective decolonial future where everyone is free, because no one is free until everyone is free.✊🏽"




17/06/2026

Burmese/Myanmar Pride 2026: NO PRIDE BEHIND BARS 🏳️‍🌈
(English Below)

Solidarity Part - 10

Pride ဆိုတာ ဂုဏ်ယူပျော်ရွှင်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။ 🏳️‍🌈

Pride ဟာ LGBTQIA+ အသိုင်းအဝိုင်းရဲ့ ဖြစ်တည်မှု၊ လူ့ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးတွေအတွက် ဆယ်စုနှစ်များစွာ ရုန်းကန်တိုက်ပွဲဝင်လာခဲ့တဲ့ သမိုင်းကြောင်းကို အမှတ်ရစေတဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီ Pride Month မှာ ကျွန်ုပ်တို့ဟာ မတရားဖမ်းဆီးခံထားရတဲ့ LGBTQIA+ ညီအစ်ကိုမောင်နှမများ လွတ်မြောက်ရေးကို ဆက်လက်တောင်းဆိုနေသလို၊ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြတဲ့ q***r ညီအစ်ကိုမောင်နှမများကိုလည်း သတိတရ ဂုဏ်ပြုအောက်မေ့နေကြပါတယ်။

Pride ဟာ ကျွန်ုပ်တို့ရဲ့ အရောင်တွေကို ဂုဏ်ယူခြင်းသာမက အချင်းချင်းကို မေ့မထားဘဲ အတူတကွ ရပ်တည်ပေးမယ်ဆိုတဲ့ ကတိတစ်ခုလည်း ဖြစ်ပါတယ်။

✊ ဖမ်းဆီးခံ LGBTQIA+ များကို အမြန်ဆုံး ပြန်လွှတ်ပါ။
🕯️ မြင့်မြတ်စွာကျဆုံးခဲ့သော LGBTQIA+ ညီအစ်ကိုမောင်နှမများကို သတိတရဂုဏ်ပြုအောက်မေ့ကြပါစို့။

(English Version)

Pride is more than a celebration. 🏳️‍🌈

Pride is a reminder of the decades-long struggle for dignity, equality, human rights, and the freedom of LGBTQIA+ communities.

That is why, this Pride Month, we continue to call for the immediate release of LGBTQIA+ political detainees in Myanmar while remembering the q***r lives lost in the struggle for freedom, democracy, and justice.

Pride is not only about celebrating who we are, it is also a promise that we will not forget one another and that we will continue to stand together until all are free.

✊ Free LGBTQIA+ Political Detainees
🕯️ Remember Our Fallen Qu**rs




16/06/2026

Burmese/Myanmar Pride 2026: NO PRIDE BEHIND BARS 🏳️‍🌈
(English Below)

International Solidarity Part - 9

ကမ္ဘာတစ်ဖက်ခြမ်းကနေတောင် စည်းလုံးညီညွတ်မှုတွေ ရောက်လာနေဆဲပါ။ 🏳️‍🌈

Kelsey Brookes
နိုင်ဂျီးရီးယားနိုင်ငံ

“မြန်မာနိုင်ငံက ချစ်ရတဲ့ LGBTQIA+ မိတ်ဆွေများရေ…

ဒီ Pride Month က ကျွန်မတို့ဟာ အမှားတစ်ခု မဟုတ်ဘူးဆိုတာကို သတိရစေတဲ့ အချိန်တစ်ခု ဖြစ်ပါစေ။

ကျွန်မတို့ ဒီနေရာမှာ ရှိနေပါတယ်။ ကျွန်မတို့ဟာ တန်ဖိုးရှိပါတယ်။ ကျွန်မတို့အားလုံးဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ ဘဝတစ်လျှောက်လုံး ရှင်သန်နေထိုင်ခွင့် ရှိပါတယ်။”

✊ ဖမ်းဆီးခံ LGBTQIA+ များကို အမြန်ဆုံး ပြန်လွှတ်ပါ။
🕯️ မြင့်မြတ်စွာကျဆုံးခဲ့သော LGBTQIA+ ညီအစ်ကိုမောင်နှမများကို သတိတရဂုဏ်ပြုအောက်မေ့ကြပါစို့။

(English Version)

Kelsey Brookes from Nigeria

“Hello cuties in Myanmar, I want to use this opportunity to urge you to allow Pride be our reminder that we are not mistakes. We are here, we are worthy, and we deserve to live with dignity, all the days of our lives!”

✊ Free LGBTQIA+ Political Detainees
🕯️ Remember Our Fallen Qu**rs




Photos from Civil Authorize Negotiate Organization (C.A.N-Org)'s post 16/06/2026

Addressing the Protection Gap: A Critical Challenge for UNHCR in Thailand

The recent position stated by UNHCR Thailand regarding the non-registration of Myanmar individuals outside official temporary shelters raises serious concerns about international protection mechanisms.

In Thailand, a significant number of political activists, Human Rights Defenders (HRDs), youth, LGBTIQA+ community members and displaced persons are unable to reside in official camps due to various security and structural constraints. However, many international aid, including UNHCR and support organizations strictly condition their assistance on valid UNHCR registration status. By closing doors to these individuals, a severe protection gap is created, leaving the most vulnerable without access to essential life-saving support.
This systemic exclusion directly contradicts the core mandate of UNHCR. When an agency tasked with global refugee protection limits its scope to the detriment of those in active danger, it is time to critically question its institutional policies and its very efficacy on the ground.
International protection must be inclusive, proactive, and responsive to the realities of those fleeing persecution. We need accountability, not administrative technicalities.

ထိုင်းနိုင်ငံရှိ UNHCR ၏ ကြီးမားသော စိန်ခေါ်မှု

ထိုင်းနိုင်ငံအတွင်း တရားဝင် ယာယီခိုလှုံရာစခန်းများပြင်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မှတ်ပုံတင်ပေးရန် လုပ်ပိုင်ခွင့်မရှိကြောင်း UNHCR ထိုင်းနိုင်ငံ၏ မကြာသေးမီက ထုတ်ပြန်ချက်သည် အပြည်ပြည်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ယန္တရားအပေါ် ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေပါသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ လုံခြုံရေးနှင့် အခြေအနေအကြောင်းကြောင်းကြောင့် စခန်းများတွင် နေထိုင်ရန်မဖြစ်နိုင်သည့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (HRDs)၊ လူငယ်များ၊ LGBTIQA+များ နှင့် စစ်ဘေးရှောင် ဒုက္ခသည်အမြောက်အမြား ရှိနေပါသည်။ သို့သော်လည်း UNHCR အပါအဝင် အချို့သော နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်း အများစုသည် UNHCR ၏ မှတ်ပုံတင်အထောက်အထား ရှိမှသာ ကူညီပံ့ပိုးမှုပေးလေ့ ရှိကြသည်။ ယခုကဲ့သို့ စာရင်းသွင်းခွင့် ပိတ်ပင်လိုက်ခြင်းသည် အကူအညီအလိုအပ်ဆုံးသူများကို ပိုမိုအန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။
ဤကဲ့သို့ စနစ်တကျ ချန်လှပ်ထားခြင်းသည် ဒုက္ခသည်များအား အကာအကွယ်ပေးရန် ဖွဲ့စည်းထားသော UNHCR ၏ အဓိကမူဝါဒနှင့် တိုက်ရိုက်ဆန့်ကျင်နေပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်အရေး ဆောင်ရွက်ရမည့် အဖွဲ့အစည်းတစ်ခုက အန္တရာယ်ကြုံနေရသူများကို လျစ်လျူရှုပြီး လုပ်ထုံးလုပ်နည်းကိုသာ အကြောင်းပြနေမည်ဆိုပါက ၎င်းတို့၏ မူဝါဒများနှင့် မြေပြင်တွင် အမှန်တကယ် တည်ရှိနေမှု အခန်းကဏ္ဍအပေါ် ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။
နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှုဆိုသည်မှာ ကန့်သတ်ချက်များထက် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများ၏ မြေပြင်ပကတိအခြေအနေကို ရှေးရှုပြီး ပွင့်လင်းမြင်သာစွာ အကာအကွယ်ပေးနိုင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့ လိုအပ်သည်မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြောင်းပြချက်များမဟုတ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုသာ ဖြစ်သည်။

Photos from HI - Honest Information's post 15/06/2026

🔳 စောဇင်မောင်စိုး
Founder – (CAN -Myanmar)

Pride Month ဆိုတာ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ LGBTQIA + လူ့သားတွေရဲ့ လူ့ဂုဏ်သိက္ခာစုံလင်ကွဲပြားမှု မိမိကိုယ်ပိုင်ဖြစ်တည်မှုတွေအတွက် ကြံ့ခိုင်စွာရှင်သန် ကျော်ဖြတ်နေတာတွေကို လေးစားတန်ဖိုးထားပြီး အားပေးဂုဏ်ပြုတဲ့ ကာလလည်းဖြစ်ပါတယ်။

အဓိက ကတော့ မိမိတို့ရဲ့ ရပိုင်ခွင့်တွေ တန်းတူ ညီမျှမှုတွေအတွက်အမှန်တရားကိုတောင်းဆိုကြတဲ့ သမိုင်းဝင် လှုပ်ရှားမှုလလည်း ဖြစ်တယ်ပေ့ါ။

ဒီနှစ် ၂၀၂၆ ဇွန်လ Pride Month မှာတော့ Burmese /Myanmar Pride 2026 ကနေCAN Myanmar ၊ Our Rights ၊ Kings N Queens အဖွဲ့အစည်းတွေကပေါင်းပြီး “No Pride Behind Bars “ထောင်နံရံများအကြား Pride မရှိ ဒစ်ဂျစ်တယ်ကမ်ပိန်းကို လုပ်ဆောင်နေပါတယ်။ ကမ်ပိန်းမှာ အဓိက တောင်းဆိုချက် ၂ခုရှိပါတယ်။ စစ်အာဏာသိမ်းမှုအပြီး မတရားထိန်းသိမ်းဖမ်းဆီးခံရတဲ့ LGBTQIA + နိုင်ငံရေးအကျဉ်းသား ညီအကိုမောင်နှမများအားလုံး အကြွင်းမဲ့ ချက်ချင်းလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တော်လှန်ရေးကာလအတွင်းမှာ အသက်ပေး တိုက်ပွဲဝင်သွားတဲ့ LGBTQIA + ရဲဘော်များ၊ ကြယ်ပွင့်များ ရဲ့ ကြိုးပမ်းမှုကိုခိုင်လှုံစွာအသိအမှတ်ပြု လွမ်းဆွတ်တမ်းတခြင်းဖြစ်ပါတယ်။

လက်ရှိမှာပြည်သူတွေ မဟာမိတ်တွေ LGBTတွေ အားလုံးပါဝင်နိုင်အောင် ဖမ်းဆီးခံ LGBTတွေရဲ့နာမည်ကို စာရွက်ပေါ်မှာရေးပြီး ဓာတ်ပုံရိုက်တာ လူမှုကွန်ယက်တွေမှာ # တွေနဲ့ သွေးစည်းညီညွတ်မှု မျှဝေတောင်းဆိုတဲ့လှုပ်ရှားမှု လုပ်ဆောင်နေတယ်။ ဒါမှမဟုတ်လည်းမိမိပုံကို Pride မှာသုံးတဲ့ # တွေနဲ့ ပိုစ့်တင်ပြီး ကမ်ပိန်းမှာ ပါဝင်တဲ့ ကမ်ပိန်းရှိပါတယ်။ မိမိရဲ့ မျက်နှာကိုဖော်ပြီး ပါလို့မရဘူးဆိုရင်လည်း မိမိဖန်တီးထားတဲ့ အနုပညာဖြစ်စေ၊ ကွယ်လွန်သွားပြီးဖြစ်တဲ့ ထောင်သွင်းအကျဥ်းချခံရတဲ့ သက်တံ့မောင်နှမတွေကိုအောက်မေ့သတိရစေတဲ့ ပုံစံတွေနဲ့ ဖော်ထုတ်ပြီးတော့ ပါဝင်ပေးလို့ရပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အကြပ်အတည်းကာလမှာ LGBTQIA+ အသိုင်းအဝိုင်းကအခြားသူတွေထက်ပိုဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ စိန်ခေါ်မှုတွေကို အလွှာစုံမှာရင်ဆိုင်နေရပါတယ်။ မတရားမဲ့ ပစ်မှတ်ထားဖမ်းဆီးခံရခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းတွေ ၂၀၂၁နောက်ပိုင်းမှာ တော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့ကြတဲ့ LGBTQIA + လှုပ်ရှားတဲ့သူတွေ၊ ကျောင်းသားတွေ အနုပညာရှင်တွေက စစ်အုပ်စုရဲ့ ပစ်မှတ်ထားဖမ်းဆီးခြင်းကို ခံနေရတယ်။ ‘အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံရတဲ့ သူတွေက သူတို့ရဲ့ ဂျန်ဒါဖြစ်တည်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု Sexual Viloence တွေပါ ဆိုးရွားစွာ ကြုံတွေ့နေရပါတယ်။

နေရပ်စွန့်ခွာရခြင်းနဲ့ လုံခြုံမှု ကင်းမဲ့ခြင်းတွေ စစ်မီးကြောင့် စစ်ဘေးရှောင် IDP အဖြစ် တိမ်းရှောင်ရတဲ့ အခါမှာ စစ်ဘေးရှောင် LGBTIQA+ Community တွေအတွက်က သီးသန့်လုံခြုံတဲ့နေရာထိုင်ခင်းတွေ ကင်းမဲ့တာ၊ ခွဲခြားဆက်ဆံ ခံရခြင်းနဲ့ အကာအကွယ်မဲ့ခြင်းတွေကို ပိုမိုရင်ဆိုင်ရပါတယ်။ လူမှုဘဝပြိုလဲခြင်းဆိုတာနဲ့ ပြောရမယ်ဆိုရင်လည်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေကြားမှာ ဖြစ်တည်မှုပေါ် မူတည်ပြီးခွဲခြားဆက်ဆံတဲ့ အစဉ်အလာစွဲတွေကြောင့် စီးပွားရေးအရ ဖိနှိပ်ခံရဆုံး ရာခိုင်နှုန်းမှာ LGBTတွေက ဆက်လက်ပါဝင်နေဆဲဖြစ်တယ်ဆိုတာ တွေ့ရတယ်။

LGBTIQA+ တွေအတွက် အားလုံးလုံခြုံတဲ့ လူမှုအသိုင်းအဝိုင်းတခု ပေါ်ပေါက်လာဖို့ဆို စနစ်တကျဥပဒေအကြောင်း အရာအရ အကာအကွယ်ပေးမှု၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်တဲ့နေရာမှာ လူသားအားလုံးရဲ့ ဂျန်ဒါစုံလင်ကွဲပြားမှုကို အသိအမှတ်ပြုပြီး မည်သည့်ခွဲခြားဆက်ဆံမှုကိုမဆို တားဆီးအရေးယူပေးမယ့် ဥပဒေအကြောင်းအရ အကာအကွယ်ပေးမှု အခိုင်အမာရှိရပါမယ်။

နောက် ဂျန်ဒါတန်းတူညီမျှမှုနဲ့ မသန်စွမ်းမှု၊ လှုမှုအသိုင်းအဝိုင်း အတွင်းအားလုံးပါဝင်နိုင်တဲ့ ရှု့ထောင်ကိုလည်း ထည့်သွင်း စဉ်းစားနိုင်ခြင်းဖြင့် ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ တော်လှန်ရေးအင်အားစုတွေ အနာဂတ်မူဝါဒချမှတ်သူတွေ မည်သည့် လုပ်ငန်းစဉ််မှာမဆို မည်သူတဦးတယောက်မှ ချန်ထားခြင်းမရှိဘဲ LGBTIQA+ အသံတွေနဲ့ လိုအပ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရပါမယ်။

နောက်တခုအရေးကြီးတာက အစဉ်အလာစွဲများနဲ့ အမုန်းစကားများကို ဝိုင်းဝန်းတိုက်ဖျက်ခြင်းလို့လည်း ပြောလို့ရနိုင်တဲ့ လူထုအသိုင်းအဝိုင်းကြားမှာ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှု လှောင်ပြောင်မှု အစဉ်အလာအမြင်ဟောင်းတွေကို ဖယ်ရှားပြီးတော့မှ အသိပညာပေးမှုတွေ ပိုလုပ်ဆောင်ဖို့လိုအပ်တယ်။ အွန်လိုင်းဖြစ်စေ မြေပြင်မှာဖြစ်စေ ခွဲခြားနှိပ်ချတဲ့ အမုန်းစကားတွေကို ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ မီဒီယာတွေကပါ တက်ကြွစွာ ဝိုင်းဝန်းတားဆီးပေးဖို့လိုအပ်ပါတယ်။

အကြပ်အတည်းကာလမှာ LGBTIQA+ ရဲ့ပေးဆပ်မှု ခံစားနေရတဲ့ ဘေးဒုက္ခတွေကို ဘေးဖယ်မထားဘဲနဲ့ “No Pride Behind Bars” ကမ်ပိန်းကနေ ကိုယ်ပါဝင်လို့ရတဲ အနေအအထားကနေ ပူးပေါင်းပါဝင်ဖို့အရေးကြီးပါတယ်။ ဒါ့အပြင် ဒီလိုကာလမျိုးမှာ မေတ္တာရပ်ခံချင်တာက Pride Month ကာလမှာပဲ အစပြုပြီးတော့ မိမိတို့ရဲ့ အဖွဲ့အစည်းတွေ လုပ်ငန်းဆောင်တာတွေ အနီးအနားဝန်းကျင်မှာ LGBT နဲ့ပတ်သတ်တဲ့ မိတ်ဆွေတွေရှိနေပြီလား၊ မိတ်ဆွေအဆင့်၊ ခင်မင်ရုံအဆင့်မဟုတ်ဘဲ မိမိလုပ်ငန်းတွေမှာ ပါဝင်လာအောင် အလုပ်အကိုင်အခွင့်အလမ်းတွေပေးနိုင်ပြီလား စတာလေးတွေကနေ စဉ်းစားစေချင်တယ်။ သူတို့ကို သက်တန့်ညီကိုမောင်နှမတွေကို အခြားသောသူတွေနဲ့ တန်းတူ ဆက်ဆံတာအပြင် သူတို့ရဲ့အရည်အချင်းကို အသုံးပြုနိုင်ဖို့ အခွင့်အလမ်းတွေပေးတာမျိုး အစပြုပြီးတော့မှ စဉ်းစားဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

Photos from Civil Authorize Negotiate Organization (C.A.N-Org)'s post 15/06/2026

Burmese/Myanmar Pride 2026: NO PRIDE BEHIND BARS 🏳️‍🌈
(English Below)

Solidarity Part - 9

ကျွန်ုပ်တို့ အတူရှိနေဆဲပါ။ 🏳️‍🌈

LGBTQIA+ မိတ်ဆွေများနဲ့အတူ မဟာမိတ်အဖြစ် ရပ်တည်သူများဟာ ဖမ်းဆီးခံထားရတဲ့ q***r ညီအစ်ကိုမောင်နှမများအတွက် ဆက်လက်အသံထွက်ပေးနေကြသလို ဆုံးရှုံးခဲ့ရတဲ့ q***r ညီအစ်ကိုမောင်နှမများကိုလည်း သတိတရ အောက်မေ့နေကြပါတယ်။

ထောင်နံရံတွေက လူတွေကို ခွဲခြားထားနိုင်ပေမယ့် စည်းလုံးညီညွတ်မှုကိုတော့ တားဆီးထားလို့ မရပါဘူး။ ကျွန်ုပ်တို့ရဲ့ အသံတွေ၊ မျှော်လင့်ချက်တွေနဲ့ တောင်းဆိုချက်တွေဟာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။

✊ ဖမ်းဆီးခံ LGBTQIA+ များကို အမြန်ဆုံး ပြန်လွှတ်ပါ။
🕯️ မြင့်မြတ်စွာကျဆုံးခဲ့သော LGBTQIA+ ညီအစ်ကိုမောင်နှမများကို သတိတရဂုဏ်ပြုအောက်မေ့ကြပါစို့။

---

(English Version)

We are still standing together. 🏳️‍🌈

Our LGBTQIA+ community members and allies continue to raise their voices for q***r detainees while remembering those we have lost.

Walls may separate people, but they cannot stop solidarity. Our voices, hopes, and demands for freedom and justice continue to live on.

✊ Free LGBTQIA+ Political Detainees
🕯️ Remember Our Fallen Qu**rs




Photos from Civil Authorize Negotiate Organization (C.A.N-Org)'s post 14/06/2026

LGBT ထက် "Q***r" ဆိုတဲ့ စကားလုံးကို အခုနောက်ပိုင်း ဘာကြောင့် ပိုသုံးလာကြတာလဲ? 🏳️‍🌈🤔

လူမှုကွန်ရက်ပေါ်က စကားဝိုင်းတွေ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေကြားထဲမှာ "LGBT" ဒါမှမဟုတ် "LGBTQ+" ဆိုတဲ့ စကားလုံးတွေအပြင် "Q***r" (ကွီယာ) ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြတာကို သတိထားမိကြမှာပါ။ ဒီစကားလုံးက ဘာကြောင့် ဒီလောက် ခေတ်စားလာရတာလဲ? သာမန် အတိုကောက်စာလုံးတွေနဲ့ ဘာတွေ ကွာခြားလို့လဲ? ဆိုတာကို ခြုံငုံပြီး အချက် (၄) ချက်နဲ့ အသေးစိတ် ဖော်ပြပေးချင်ပါတယ်။

ရှင်းလင်းချက် (၁) - ပုံသေသတ်မှတ်ချက် (Label) တွေကြားထဲမှာ ပိတ်မိမနေချင်လို့ 🚫🏷️
ကျွန်တော်တို့ အကျွမ်းတဝင်ရှိပြီးသား LGBT ဆိုတာ Le****ns, Gay, Bisexual, Transgender ဆိုပြီး လူတစ်ဦးချင်းစီရဲ့ Identity ကို အကွက်ချပြီး တိတိကျကျ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လူသားတွေရဲ့ စိတ်ခံစားမှု၊ ဆွဲဆောင်မှုခံရမှုနဲ့ ဖြစ်တည်မှုတွေက ရေဒီယိုလှိုင်းတွေလိုပဲ အရမ်းကို ကျယ်ပြန့်လွန်းပါတယ်။ တချို့သူတွေက ကိုယ့်ကိုယ်ကိုယ် "ငါက Les, ငါက Gay, ငါက Bi" ဆိုပြီး အတင်းကြီး Label (တံဆိပ်) ကပ်ပြီး ဘောင်ခတ်မထားချင်ကြပါဘူး။ "Q***r" ဆိုတဲ့ စကားလုံးက အဲဒီလို ပုံသေကားချပ် သတ်မှတ်ချက်တွေကနေ ရုန်းထွက်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို လွတ်လပ်စွာ ဖော်ပြခွင့်ရစေတဲ့အတွက် လူငယ်တွေ ပိုမိုနှစ်သက်လာကြတာ ဖြစ်ပါတယ်။

ရှင်းလင်းချက် (၂) - ပိုမိုကျယ်ပြန့်တဲ့ "ထီးမိုးစကားလုံး" ဖြစ်လို့ (An Umbrella Term) ☂️✨
LGBTQ+ ဆိုပြီး စာလုံးတွေ တစ်လုံးချင်းစီ တိုးတိုးလာတာကို သတိထားမိမှာပါ။ Q (Q***r/Questioning), I (Intersex), A (Asexual) စသဖြင့် အများကြီး ရှိပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ Gender Identity (ကျား/မ မည်သူမည်ဝါဖြစ်တည်မှု) နဲ့ Sexual Orientation (ဆွဲဆောင်မှုခံရမှု) က အမြဲတမ်း ပုံသေကြီး ရှိမနေဘဲ ပြောင်းလဲ စီးဆင်းနေတတ်ပါတယ် (Fluid ဖြစ်တယ်လို့ ခေါ်ပါတယ်)။အဲဒီလို ကွဲပြားစုံလင်လှတဲ့ လက္ခဏာရပ်အားလုံး၊ စာလုံးအရှည်ကြီးတွေနဲ့ လိုက်မှတ်စရာမလိုဘဲ တူညီတဲ့ လူနည်းစု Gender အားလုံးကို ခြုံငုံပြီး မိသားစုတစ်ခုတည်းအဖြစ် စုစည်းပေးနိုင်တာကတော့ "Q***r" ဆိုတဲ့ Umbrella Term (ထီးမိုးစကားလုံး) ပဲ ဖြစ်ပါတယ်။ ဒီစကားလုံးတစ်ခုတည်းနဲ့တင် အားလုံးကို လွှမ်းခြုံသွားစေနိုင်ပါတယ်။

ရှင်းလင်းချက် (၃) - ခွဲခြားဆက်ဆံမှုကို တွန်းလှန်တဲ့ သမိုင်းကြောင်း (Reclaiming the Word) ✊📜
သမိုင်းကြောင်းကို ပြန်ကြည့်ရင် "Q***r" ဆိုတဲ့ စကားလုံးဟာ အစပိုင်းမှာ positive ဖြစ်တဲ့ စကားလုံး မဟုတ်ခဲ့ပါဘူး။ အဓိပ္ပာယ်က "ထူးဆန်းသော၊ ပုံမှန်မဟုတ်သော" လို့ သက်ရောက်ပြီး LGBTQ+ အသိုင်းအဝိုင်းကို နှိမ်ချစော်ကားတဲ့နေရာမှာ သရော်စာအဖြစ် အသုံးပြုခဲ့ကြတာပါ။
ဒါပေမဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ တက်ကြွလှုပ်ရှားသူတွေက "မင်းတို့ ငါတို့ကို ဒီစကားလုံးနဲ့ နှိမ်ချလို့ မရတော့ဘူး၊ ငါတို့က ဒါကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်လည်အသုံးပြုမယ်" ဆိုပြီး စကားလုံးရဲ့ အာဏာကို ပြန်လည်သိမ်းပိုက်ခဲ့ကြပါတယ် (ဒါကို လူမှုဗေဒမှာ Reclaiming သို့မဟုတ် Semantic Bleaching လို့ ခေါ်ပါတယ်)။ ထိုအချိန်ကစပြီး ခွဲခြားဆက်ဆံမှုတွေကို တွန်းလှန်တဲ့၊ ဂုဏ်ယူဝံ့ကြွားမှုကို ပြသတဲ့ နိုင်ငံရေးအရ အားကောင်းတဲ့ စကားလုံး ဖြစ်လာခဲ့ပါတယ်။

ရှင်းလင်းချက် (၄) - လူတိုင်းအကျုံးဝင်မှုနှင့် တန်းတူညီမျှမှု (Inclusivity & Social Justice) 🤝🌍
အဖွဲ့အစည်းတွေ၊ လုပ်ငန်းခွင်တွေနဲ့ လူမှုပတ်ဝန်းကျင်တွေမှာ GEDSI (Gender Equality, Disability, and Social Inclusion) ကို အကောင်အထည်ဖော်တဲ့အခါ "ဘယ်သူ့ကိုမှ ချန်လှပ်မထားခဲ့ဖို့" (Leave No One Behind) က အဓိကကျပါတယ်။
"Q***r" ဆိုတဲ့ အသုံးအနှုန်းက "မင်းက ဘာဖြစ်လို့၊ ညာဖြစ်လို့" ဆိုပြီး စစ်ဆေးမေးမြန်းနေစရာမလိုဘဲ ကွဲပြားစုံလင်တဲ့ ဖြစ်တည်မှုရှိသူတိုင်း "ငါတို့လည်း ဒီလူ့အသိုင်းအဝိုင်းထဲမှာ တန်းတူညီမျှ ပါဝင်ခွင့်ရှိတယ်" လို့ ခံစားရစေပါတယ်။ ပိုမိုနွေးထွေးပြီး အားလုံးပါဝင်နိုင်တဲ့ (Inclusive ဖြစ်တဲ့) လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့နေရာမှာ ဒီစကားလုံးက စိတ်ပညာအရရော၊ လူမှုရေးအရပါ အင်မတန် အထောက်အကူပြုပါတယ်။

နိဂုံးချုပ်အနေနဲ့ 💡
စကားလုံးတွေက အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေမှာဖြစ်သလို၊ လူသားတွေရဲ့ ဖြစ်တည်မှုကလည်း အမြဲတမ်း ကျယ်ပြန့်နေမှာပါ။ အဓိကအကျဆုံးကတော့... ကျွန်တော်တို့ ဘယ်လို Label (အမည်နာမ) မျိုးပဲ သုံးသုံး၊ လူသားတစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ ဖြစ်တည်မှု၊ ရွေးချယ်မှုနဲ့ ရပိုင်ခွင့်တွေကို အပြန်အလှန် လေးစားတန်ဖိုးထားပေးဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

သင်ရော ဘယ်လို အကြောင်းအရာအဆန်းအပြားတွေ ကြားဖူးလဲ?
💬 Comment မှာ ပြောခဲ့ပါဦး။ ဒီ post လေးက အကျိုးရှိတယ်ဆိုရင် Like ❤️ လုပ်ပြီး သူငယ်ချင်းတွေအတွက်ပါ 🔁 Share လေး လုပ်ပေးခဲ့ဦးနော်။ 🏳️‍🌈🏳️‍⚧️🙏🙏🙏🏳️‍⚧️
🎓 LGBTIQ+ Inclusive Practice & GEDSI Sensitivity Training
📢 သင်တန်းများအတွက်ဆက်သွယ်ရန်: မိမိတို့၏ အဖွဲ့အစည်းများတွင် သင်တန်းပေးလိုပါက စာရေးသူထံသို့ လွတ်လပ်စွာ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။ 📩 🏳️‍🌈🏳️‍⚧️🏳️‍🌈🏳️‍⚧️
l

Photos from Civil Authorize Negotiate Organization (C.A.N-Org)'s post 13/06/2026

Burmese/Myanmar Pride 2026: NO PRIDE BEHIND BARS 🏳️‍🌈
(English Below)

International Solidarity Part - 8

စည်းလုံးညီညွတ်မှုတွေက နယ်နိမိတ်တွေကို ကျော်လွန်ပြီး ဆက်လက်ရောက်ရှိနေဆဲပါ။ 🏳️‍🌈

ဒီတစ်ကြိမ်မှာတော့ ကျွန်ုပ်တို့ရဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြတဲ့ Asylum Access Malaysia နဲ့ Asylum Access Thailand တို့က "No Pride Behind Bars" ကမ်ပိန်းနဲ့အတူ စည်းလုံးညီညွတ်မှုကို ပြသပေးထားပါတယ်။

LGBTQIA+ ညီအစ်ကိုမောင်နှမများရဲ့ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာနဲ့ တရားမျှတမှုတို့အတွက် အတူတကွ အသံထွက်ပေးနေကြတဲ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ မဟာမိတ်များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ကျွန်ုပ်တို့ရဲ့ q***r ညီအစ်ကိုမောင်နှမတွေ ထောင်နံရံတွေရဲ့နောက်ကွယ်မှာ ရှိနေသရွေ့၊ ကျွန်ုပ်တို့ရဲ့ တောင်းဆိုမှုတွေလည်း ဆက်လက်ရှိနေမှာပါ။

✊ ဖမ်းဆီးခံ LGBTQIA+ များကို အမြန်ဆုံး ပြန်လွှတ်ပါ။
🕯️ မြင့်မြတ်စွာကျဆုံးခဲ့သော LGBTQIA+ ညီအစ်ကိုမောင်နှမများကို သတိတရဂုဏ်ပြုအောက်မေ့ကြပါစို့။

(English Version)

Solidarity continues to cross borders. 🏳️‍🌈

In this edition, we are honored to be joined by our international partner organizations, Asylum Access Malaysia and Asylum Access Thailand, in solidarity with the our "No Pride Behind Bars" campaign.

We are grateful to our partners and allies who continue to amplify calls for freedom, dignity, and justice for LGBTQIA+ communities in Myanmar.

As long as our q***r siblings remain behind bars, our calls for their freedom will continue.

✊ Free LGBTQIA+ Political Detainees
🕯️ Remember Our Fallen Qu**rs




Photos from Civil Authorize Negotiate Organization (C.A.N-Org)'s post 12/06/2026

Burmese/Myanmar Pride 2026: NO PRIDE BEHIND BARS 🏳️‍🌈
(English Below)

Solidarity Part - 8

ကျွန်ုပ်တို့ မေ့မထားပါဘူး။ 🏳️‍🌈

LGBTQIA+ မိတ်ဆွေများနဲ့အတူ မဟာမိတ်အဖြစ် ရပ်တည်သူများဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ q***r ညီအစ်ကိုမောင်နှမများကို သတိရနေကြသလို၊ ကြွေလွင့်ကျဆုံးသွားပြီးတဲ့ q***r ညီအစ်ကိုမောင်နှမများကိုလည်း အမြဲအောက်မေ့နေကြပါတယ်။

တချို့သူတွေဟာ ထောင်နံရံများရဲ့နောက်ကွယ်မှာ ရှိနေဆဲဖြစ်ပြီး၊ တချို့သူတွေကတော့ ကျွန်ုပ်တို့နဲ့အတူ မရှိတော့ပါဘူး။ ဒါပေမယ့် သူတို့ကို မေ့မထားပါဘူး။ သူတို့ရဲ့ နာမည်တွေ၊ သူတို့ရဲ့ ရုန်းကန်မှုတွေ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဆက်လက်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

✊ ဖမ်းဆီးခံ LGBTQIA+ များကို အမြန်ဆုံး ပြန်လွှတ်ပါ။
🕯️ မြင့်မြတ်စွာကျဆုံးခဲ့သော LGBTQIA+ ညီအစ်ကိုမောင်နှမများကို သတိတရဂုဏ်ပြုအောက်မေ့ကြပါစို့။

---

(English Version)

We have not forgotten. 🏳️‍🌈

Our LGBTQIA+ community members and allies continue to stand in solidarity with q***r detainees while remembering those we have lost.

Some of our q***r siblings remain behind bars. Some are no longer with us. But we have not forgotten them. We carry their names, their struggles, and their hopes with us.

✊ Free LGBTQIA+ Political Detainees
🕯️ Remember Our Fallen Qu**rs




Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


Mandalay
05032

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30