MeraKi Japanese Language School

MeraKi Japanese Language School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MeraKi Japanese Language School, Education Website, 77Street , Bet 28*29, Mandalay.

🎌ဂျပန်စာကို အခြေခံမှစ၍ N5 မှ N1 Level အထိOne on One Class, Group Class များကို အချိန်နဲ့ နေ့ကို ညှိနှိုင်းပီးသင်ယူနိုင်ပါပီရှင်ပြည်ပနိုင်ငံမှ ကလေးများအတွက်လည်း အချိန်ကို ညှိနှိုင်းပီး သင်ယူနိုင်ပါတယ်ရှင်🎌

Photos from MeraKi Japanese Language School's post 09/06/2026

📖 Exam Pattern & Guidelines For Answering(မေးခွန်းပုံစံနှင့် ဖြေဆိုပုံလမ်းညွှန်)
🚀 JLPT N3 ကို ပထမဆုံးအကြိမ်မှာတင် အမှတ်ကောင်းကောင်းနဲ့ အပြတ်ဖြတ်ချင်လား?
N3 စာမေးပွဲဆိုတာ အခြေခံကနေ အထက်တန်း (Advanced) ကို ကူးပြောင်းတဲ့ Level ဖြစ် လို့ စာအုပ်ကြီးအတိုင်း ကျက်ရုံတင်မကဘဲ "မေးခွန်းရဲ့ လှည့်ကွက်တွေကိုသိပြီး အချိန်ကို စက္ကန့်ပိုင်းအလိုက် ခွဲဝေနိုင်ဖို့" က အောင်မြင်ခြင်းဖို့အတွက် အဓိကျတဲ့ အချက်ဖစ်ပါတယ် စာမေးပွဲခန်းထဲ ရောက်မှ အချိန်မလောက်လို့ နှမြောစရာ အမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ နောင်တ မျိုး မဖြစ်စေဖို့အတွက် N3 မေးခွန်းပုံစံတစ်ခုချင်းစီရဲ့ အသေးစိတ်ဖြေနည်း ကို အခုပဲ အပိုင်မှတ်သွားလိုက်တော့နော်! 📌
​အခြေခံကနေ အဆင့်မြင့်အတန်းကို ကောင်းမွန်စွာတက်လှမ်းပြီး စာမေးပွဲခန်းထဲကို အောင်စိတ်နဲ့ဝင်၊ အောင်လက်မှတ်နဲ့ ပြန်ထွက်လာနိုင်ဖို့ အခုကတည်းက တူတူကြိုးစားလိုက်ကြရအောင်။ 💪💥
​ဒီ Post လေးက N3 ဖြေမယ့် သူငယ်ချင်းတွေအတွက်ပါ အသုံးဝင်မယ်ဆိုရင် Like & Share လုပ်ပြီး သိမ်းထားဖို့ မမေ့နဲ့နော်။ 🌟
​

Photos from MeraKi Japanese Language School's post 06/06/2026

📚 အောင်ဖို့ မေးခွန်းဟောင်းတွေကို သေချာလေးလေ့ကျင့်ထားဖို့ လိုအပ်ပါတယ်နော်!
​N3 တက်နေတဲ့ ကျောင်းသား/သူတွေအတွက် မရှိမဖြစ် လေ့ကျင့်ရမယ့် "新にほんご500問 N3" ထဲက မေးခွန်းကောင်းတွေကို အဖြေမှန်တင်မကဘဲ "ဘာကြောင့်မှန်တယ်၊ ဘာကြောင့်မှားတယ်" ဆိုတာကိုပါ သေချာနားလည်သွားအောင် အသေးစိတ် ရှင်းပြပေးထားပါတယ်! ✨
​ဒီစာအုပ်က N3 အောင်မြင်ဖို့အတွက် အဓိကကျတဲ့ ကဏ္ဍ ၃ ခုဖြစ်တဲ့ -
🔹 文字 (ကန်ဂျီနှင့် စာလုံးအဖတ်)
🔹 語い (ဝေါဟာရ)
🔹 文法 (သဒ္ဒါ)
တွေကို နေ့စဉ်ပုံမှန် လေ့ကျင့်သွားရုံနဲ့ ၄ ပတ်အတွင်း သိသိသာသာ တိုးတက်လာစေမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။
​စာအုပ်ထဲက မေးခွန်းတွေကို ဘာသာပြန်နဲ့တကွ သဒ္ဒါတွဲစပ်ပုံတွေကို ပုံလေးတွေနဲ့တကွ တင်ပေးထားလို့ သေချာဖတ်ပြီး မှတ်ထားကြပါဦးနော်။ 🥰
​💡 မရှင်းတာရှိရင်လည်း Comment မှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
​

Photos from MeraKi Japanese Language School's post 04/06/2026

အဆင့် အဓိပ္ပာယ်တူ အသုံးပြုပုံကွဲပြားသောစကားလုံးများ N1 Tango ၃၀၀၀ လုံး အလွတ်ရနေလည်း ‘ဒီကွာခြားချက်’ ကို နားမလည်ရင် အမှတ်မရနိုင်ပါဘူး။"
​ဂျပန်စာအဆင့်မြင့်လာလေလေ စာလုံးအဓိပ္ပာယ်တွေက တစ်ခုနဲ့တစ်ခု ပိုပြီး ထပ်လာလေလေပါပဲ။ ဒါကို Dictionary ထဲက အဓိပ္ပာယ်အတိုင်းပဲ ပေါ့ပေါ့ပါးပါး မှတ်သွားရင် စာမေးပွဲမှာ အဖြေမှားကိုပဲ သွားရွေးမိပါလိမ့်မယ်။
​အခု တင်ပေးထားတဲ့ မှတ်စုကတော့ ပုံမှန်ဘာသာပြန်ရုံတင်မဟုတ်ဘဲ "ဘယ် Context မျိုးမှာ ဘယ်စာလုံးကို ဘယ်လို စနစ်တကျသုံးရမလဲ" ဆိုတာကို မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်သာအောင် ရေးသားပေးထားတာ ဖြစ်ပါတယ်။
​အလွတ်ကျက်စနစ်ကနေ ရုန်းထွက်ပြီး ဂျပန်လူမျိုးတွေလို သဘာဝကျကျ တွေးခေါ်တတ်ဖို့ ဒီ Post လေးက ကူညီပေးပါလိမ့်မယ်။ မိမိရဲ့ လေ့လာမှုမှတ်စုထဲမှာ မဖြစ်မနေ သိမ်းဆည်းထားသင့်တဲ့ အနုစိတ်ခွဲခြားမှုတွဲလုံးများ ဖြစ်ပါတယ်။ 📑🔍
​ #ဂျပန်စာမှတ်စုများ ောင်ရမယ်
​ #類義語

Photos from MeraKi Japanese Language School's post 31/05/2026

🇯🇵 JLPT N1 ကို ရည်မှန်းထားသူတွေအတွက် 📚
Note တပတ်မြောက်အခနိး ၁,၂ Note တွေကို စာရင်းလိုက် အလွတ် ကျက်ရုံနဲ့ မလုံလောက်ပါဘူး။
✅ ဘယ်အခြေအနေမှာ သုံးရလဲ
✅ ဘာအဓိပ္ပါယ်ကွာလဲ
✅ N1 Exam မှာ ဘယ်လို မေးတတ်လဲ
✅ အသုံးများတဲ့ Example တွေက ဘာတွေလဲ
ဒီ Note Series မှာ N1 Somatome Grammar ကို အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ N1 အောင်ချင်သူတိုင်း မလွတ်တမ်းကြည့်သင့်ပါတယ်။
📌 Grammar တစ်ခုချင်းစီကို လွယ်လွယ်ကူကူ နားလည်နိုင်အောင် သေချာရှင်းလင်းမြင်သာအောင် Note ထုတ်ပေးထားတာကြောင့် Self Study သမားတွေအတွက်လည်း အထောက်အကူဖစ်စေဖို့ရည်ရွယ်ပါတယ်။
N1 ကို အောင်မြင်ဖို့အတူတူ ကြိုးစားကြရအောင် 💪🇯🇵









Photos from MeraKi Japanese Language School's post 27/05/2026

🚀 ကို ပထမဆုံးအကြိမ်မှာတင် အမှတ်ကောင်းကောင်းနဲ့ အပြတ်ဖြတ်ချင်လား?
#​N4 စာမေးပွဲဆိုတာ စာအုပ်ကြီးအတိုင်း ကျက်ရုံတင်မကဘဲ "မေးခွန်းရဲ့ လှည့်ကွက်တွေကိုသိပြီး အချိန်ကို စက္ကန့်ပိုင်းအလိုက် ခွဲဝေနိုင်ဖို့" က အောင်မြင်ခြင်းရဲ့ သော့ချက်ပါ။
​စာမေးပွဲခန်းထဲ ရောက်မှ အချိန်မလောက်လို့ နှမြောစရာ အမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ နောင်တမျိုး မဖြစ်စေဖို့အတွက် N4 မေးခွန်းပုံစံတစ်ခုချင်းစီရဲ့ အသေးစိတ်ဗျူဟာကို အခုပဲ အပိုင်မှတ်သွားလိုက်တော့နော်! 📌
​💡 N4 အောင်မြင်ဖို့အတွက် အကြံပြုချက် (Gold Tip):
စာမေးပွဲခန်းထဲမှာ မသိတဲ့ပုစ္ဆာတစ်ပုဒ်ဆုံလို့ ဇဝေဇဝါဖြစ်ရင် အကြာကြီး စဉ်းစားပြီး အချိန်မဖြုန်းပါနဲ့။ အနီးစပ်ဆုံးထင်ရတဲ့ အဖြေကို ခန့်မှန်းခြစ်ခဲ့ပြီး နောက်တစ်ပုဒ်ကို ချက်ချင်းကူးပါ။ Reading မှာ အချိန်မလောက်တာမျိုး အဖြစ်များတတ်လို့ နာရီကို အမြဲကြည့်ပြီး အချိန်ဇယားအတိုင်း အမှီလိုက်ဖြေဖို့က အဓိက သော့ချက်ဖြစ်ပါတယ်။
​အခြေခံကို ဗျူဟာမြောက်ပြင်ဆင်ပြီး စာမေးပွဲခန်းထဲကို အောင်စိတ်နဲ့ဝင်၊ အောင်လက်မှတ်နဲ့ ပြန်ထွက်လာနိုင်ဖို့ အခုကတည်းက တူတူကြိုးစားလိုက်ကြရအောင်။ 💪💥
​ဒီ Post လေးက သူငယ်ချင်းတွေအတွက်ပါ အသုံးဝင်မယ်ဆိုရင် Like & Share လုပ်ပြီး သိမ်းထားဖို့ မမေ့နဲ့နော်။ 🌟
​

Photos from MeraKi Japanese Language School's post 24/05/2026

[ / ] Reading အမှတ်ကောင်းဖို့ မဖြစ်မနေ သိထားရမယ့် အဓိပ္ပာယ်တူ စကားလုံး (၂၃) တွဲ 🎯
​JLPT N2/N1 Reading (読解) ပိုင်းမှာ အမှတ်ကောင်းကောင်း ရချင်ပါသလား❓
ဒါဆိုရင် မေးခွန်းတွေထဲမှာ အမြဲလိုလိုလှည့်ပြီး မေးလေ့ရှိတဲ့ "အဓိပ္ပာယ်တူ စကားလုံးတွဲ (類義語 - Synonyms)" တွေကို စုံစုံလင်လင် သိထားဖို့ လုံးဝ လိုအပ်ပါတယ်။
​မေးခွန်းထဲမှာ စကားလုံးတစ်လုံးကို သုံးထားပေမဲ့ အဖြေမှန် Option ထဲမှာတော့ အဓိပ္ပာယ်တူတဲ့ အခြားစကားလုံးတစ်လုံးနဲ့ ပြောင်းလဲဖော်ပြတတ်တာ N2/N1 ရဲ့ အဓိက ထောင်ချောက်တစ်ခုပါ။ ဒီထောင်ချောက်ကို ကျော်လွှားနိုင်ဖို့ MeraKi Japanese Language Center မှ အဓိပ္ပာယ်တူ တွဲလုံးတွေကို အသေးစိတ် စုစည်းဝေမျှပေးလိုက်ပါတယ်။
​​💡 စာကျက်ရလွယ်ကူအောင် အခုပဲ -​Save ထားပြီး အားတဲ့အချိန် ပြန်နွှေးပါ။
​Share ထားပြီး သူငယ်ချင်းတွေကိုပါ မျှဝေပေးလိုက်ပါ။
​🎓 စာမေးပွဲအတွက် စနစ်တကျနဲ့ ယုံကြည်မှုအပြည့် ပြင်ဆင်ချင်ပါသလား။
​ဒီလို Vocabulary တွေတင်မကဘဲ Grammar, Reading, Listening ပိုင်းတွေကိုပါ ထောင်ချောက်တွေ ဘယ်လိုကျော်လွှားရမလဲဆိုတဲ့ Trick တွေနဲ့တကွ စနစ်တကျ လေ့လာချင်တယ်ဆိုရင် MeraKi Japanese Language Center မှာ အတန်းများ ဖွင့်လှစ်သင်ကြားပေးနေပါပြီ။
​အောင်ချက်ကောင်းပြီး သင်ကြားမှုအပိုင်းမှာ စေတနာအပြည့်နဲ့ သေချာ Guide လုပ်ပေးမယ့် ဆရာ/ဆရာမများက အနီးကပ် ကြီးကြပ်ပေးသွားမှာ ဖြစ်ပါတယ်။
​⚡ "အောင်မြင်မှုဆိုတာ ကြိုတင်ပြင်ဆင်မှုရှိသူတွေအတွက်ပဲ ဖြစ်ပါတယ်"
အတန်းအပ်နှံမှုနဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Page Chat Box ကနေဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
​

23/05/2026

📝 / : Star (★) Questions (စကားလုံးစီမေးခွန်း) တွေကို အပိုင်ဖြေဆိုနည်း
​စကားလုံးစီတဲ့ ကြယ်ပွင့် (★) မေးခွန်းတွေက "ဖြေနည်းမရှိဘူး၊ Grammar ရမှရမယ်" လို့ ထင်ရပေမဲ့ တကယ်တော့ သူတို့မှာ အလွယ်တကူ အမှတ်ယူလို့ရတဲ့ စနစ်ကျတဲ့ Logic ရှိပါတယ်။
​စာမေးပွဲခန်းထဲမှာ အချိန်မကုန်ဘဲ မှန်မှန်ကန်ကန် ဖြေနိုင်ဖို့အတွက် ဒီအဆင့် (၄) ဆင့်နဲ့ ဥပမာတွေကို သေချာလေ့လာကြည့်ရအောင်။
​🚀 အဆင့် (၁) - "ပုံသေမှတ်နည်းဖြင့်ဖြေဆိုခြင်း" (Find the Fixed Points)
​မေးခွန်းကို မြင်မြင်ချင်း ကွက်လပ် ၄ ခုကို လိုက်ကြည့်ပြီး ခေါင်းစားမခံပါနဲ့။
​အဓိကသော့ချက်: ဝါကျရဲ့ အစ (မေးခွန်းက ပေးထားတဲ့စကားလုံး) နဲ့ အဆုံး (အဆုံးသတ် Grammar/Verb) ကို အရင်ကြည့်ပါ။
​💡 ဥပမာ စဉ်းစားပုံ: ဝါကျအဆုံးမှာ 〜てください (ကျေးဇူးပြု၍ ... ပေးပါ) နဲ့ ဆုံးထားရင် သူ့အရှေ့က ကွက်လပ်မှာ သေချာပေါက် Verb [て-form] လာရပါမယ်။ ဒါကို သိရင် အဖြေက တဝက်မှန်နေပါပြီ။
​🧩 အဆင့် (၂) - "အတွဲရှာခြင်း" (Find the Pairs)
​စကားလုံး ၄ ခုလုံးကို တစ်ပြိုင်နက် စီဖို့မကြိုးစားပါနဲ့။ Puzzle ဆက်သလိုပဲ "သေချာပေါက် တွဲရမယ့်အတွဲ" တွေကို ၂ ခုချင်းစီ အရင်တွဲပစ်ပါ။
​Particle အတွဲ Formula: * [ Noun ] + を တွေ့ရင် နောက်မှာ သေချာပေါက် Verb (ကြိယာ) လိုက်ရမယ်။
​[ Noun ] + の တွေ့ရင် နောက်မှာ သေချာပေါက် Noun (နာမ်) လိုက်ရမယ်။
​Grammar အတွဲ Formula: * 〜わけ ရဲ့အရှေ့မှာ Verb (Plain form) ရှိရမယ်။
​〜という ရဲ့နောက်မှာ Noun ရှိရမယ်။
​💡 Tip: ၄ ကွက်လုံးကို လိုက်စဉ်းစားမယ့်အစား ၂ ခုစီကို အတွဲလိုက် (Pair) အရင်လုပ်လိုက်ရင် စီရမယ့်အပိုင်းက ၂ ပိုင်းပဲ ကျန်တော့လို့ အဖြေရှာရ အရမ်းမြန်သွားပါတယ်။
​🎨 အဆင့် (၃) - "ဘယ်သူက ဘာကို အထူးပြုသလဲ" (Modifier Logic)
​ဂျပန်စာမှာ အရှေ့ကစကားလုံးက အနောက်ကစကားလုံးကို အထူးပြု (Modify လုပ်) တာ ဖြစ်လို့ သူ့နေရာနဲ့သူ ကပ်ပေးဖို့ လိုပါတယ်။
​Noun (နာမ်) ကို အလှဆင်ချင်ရင်: Adjective / Verb (Plain form) + Noun
​ဥပမာ - [美味しい] + 料理 (အရသာရှိသော + ဟင်းလျာ)
​ဥပမာ - [私が作った] + 料理 (ကျွန်တော်လုပ်ခဲ့သော + ဟင်းလျာ)
​Verb (ကြိယာ) ကို အထူးပြုချင်ရင်: Adverb (ကြိယာဝိသေသန) + Verb
​ဥပမာ - [ゆっくり] + 話してください (ဖြည်းဖြည်း + ပြောပေးပါ)
​🧠 အဆင့် (၄) - "Meaning ထက် Structure ကို အရင်ကြည့်ပါ"
​ကျောင်းသားအများစု မှားတတ်တာက စကားလုံးတွေရဲ့ မြန်မာလိုအဓိပ္ပာယ်ကို လိုက်ပြန်ပြီး ဝါကျလိုက်ညှိတာပါ။ အဲဒါက အချိန်ကုန်သလို မှားဖို့လည်း ရာခိုင်နှုန်းများပါတယ်။
​အဓိပ္ပာယ်ထက် "ဝါကျဖွဲ့စည်းပုံ (Sentence Structure)" ကို အရင်ကြည့်ပါ။ Main နေရာမှာ ရှိနေတာက ပြုလုပ်သူ (Subject - 〜は/〜が) လား၊ ခံရသူ (Object - 〜を) လား? Level မြင့်လာရင် နောက်ဆုံးက Grammar ပုံစံက ဘာလဲ? ဒါကို အရင်ခွဲခြားပါ။
​📝 [ ဥပမာ မေးခွန်းတစ်ခုကို အတူတူ တွက်ကြည့်ရအောင် ]
​မေးခွန်း: あそこに ___ ___ _★_ ___ は、日本語の先生です。
( ပေးထားချက် ၄ ခုကိုဖြေကြည့်ရအောင် 🔽 )
​読んで
​本 を
​いる
​人
​တွက်နည်း စဉ်းစားပုံ:
​အသေမှတ်ခြင်း: ဝါကျအဆုံးမှာ 〜は、日本語の先生です ( ...ကတော့ ဂျပန်စာဆရာမ ဖြစ်ပါတယ် ) လို့ ရှိတယ်။ 〜は ရဲ့ အရှေ့မှာ သေချာပေါက် Noun (လူ/အရာဝတ္ထု) ဖြစ်ရမယ်။ ပေးထားချက်ထဲမှာ လူက နံပါတ် (၄) 人 (လူ) ဖြစ်လို့ နောက်ဆုံးကွက်လပ်မှာ (၄) ကို ကျေထည့်မယ်။
​အတွဲရှာမယ်: နံပါတ် (၁) 読んで (ဖတ်ပြီး) ဆိုတဲ့ [て-form] ရဲ့နောက်မှာ နံပါတ် (၃) いる လိုက်ရင် 読んでいる (ဖတ်နေသော) ဆိုတဲ့ အတွဲ ရမယ်။ [ 1 + 3 ] အတွဲ ရပါပြီ။
​အထူးပြုတာတွဲမယ်: 読んでいる (ဖတ်နေသော) ဆိုတာ ဘာကိုလဲ? နံပါတ် (၂) 本 (စာအုပ်) ကို ဖြစ်တဲ့အတွက် [ 2 + 1 + 3 ] ဖြစ်သွားမယ်။ 本を読んでいる (စာအုပ်ဖတ်နေသော) ဆိုတဲ့ စာကြောင်းစု ရပါပြီ။
​နောက်ဆုံး ပေါင်းစပ်မယ်: စာအုပ်ဖတ်နေသော "လူ" ဖြစ်တဲ့အတွက် 人 (၄) ရဲ့ အရှေ့မှာ ကပ်လိုက်ရင်...
​အဖြေမှန်: あそこに 2 (本を) 1 (読んで) ★ 3 (いる) 4 (人) は、日本語の先生です။
(အဖြေမှန်က နံပါတ် 3 ဖြစ်ပါတယ်။)
​💡 အနှစ်ချုပ်ပြောချင်တာက
​"စာမေးပွဲဆိုတာ ကိုယ့်ရဲ့ နားလည်မှုကို စစ်တာပါ"
​မေးခွန်းဟောင်းတွေ ဖြေကြည့်တဲ့အခါ မှားတယ်၊ ဒါမှမဟုတ် မဖြေတတ်ဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ဒါဟာ ကိုယ်က အဲဒီဝါကျထဲမှာပါတဲ့ Grammar Pattern ကို စာမကျေသေးလို့၊ နားမလည်သေးလို့ပဲ ဖြစ်ပါတယ်။
​မှားတဲ့အခါ အဖြေကိုပဲ ကျက်မသွားဘဲ "သူက ဘယ် Structure နဲ့ သွားထားတာလဲ" ဆိုတာကို အခုလို ခွဲခြမ်းစိတ်ဖြာတဲ့ အကျင့်လုပ်ပေးရင် နောက်ပိုင်း N3, N2, N1 Level မြင့်လာလည်း စကားလုံးစီမေးခွန်းတွေက အေးအေးဆေးဆေး လွယ်ကူသွားပါလိမ့်မယ်။ 👍
​

Photos from MeraKi Japanese Language School's post 22/05/2026

Special ( + ) မှာ မသိမဖစ် သိထားရမယ့် Verb + Particle တွဲဖက်မှု အသုံးများ🏅🏆
/ စာမေးပွဲမှာ အမှတ်အများဆုံး လျော့ရတဲ့ အဓိက အကြောင်းရင်း 🚨
​ဂျပန်စာလေ့လာတဲ့အခါ Verb (ကြိယာ) တွေရဲ့အဓိပ္ပာယ် ကို သိရုံနဲ့ မလုံလောက်ပါဘူး။ "ဝိဘတ် (Particle)" တွဲပုံမှားရင် အဓိပ္ပာယ် လုံးဝပြောင်းသွားတတ်ပါတယ်။
​အခုပုံထဲမှာတော့ N5/N4 စာမေးပွဲတွေမှာ သေချာပေါက်ပါပြီး ကျောင်းသားတွေ အမြဲမျက်စိလည်တတ်တဲ့ Group 1 ကြိယာ (၈) လုံးရဲ့ တွဲဖက်ပုံတွေကို တစ်စုတစ်စည်းတည်း ရှင်းပြပေးထားပါတယ်။
​✨ အထူးသဖြင့် နံပါတ် ၄၅ そぞく (လောင်းထည့်သည်) နဲ့ နံပါတ် ၄၈ かえす (ပြန်ပေးသည်) တို့လို စာလုံးတွေက Particle (၂) ခုတွဲ သုံးရတာမလို့ သေချာမှတ်ထားဖို့ လိုပါတယ်။
​

Photos from MeraKi Japanese Language School's post 21/05/2026

🎯 JLPT N2 ကို တစ်ကြိမ်တည်းနဲ့ အပြတ်ဖြတ်ကြမလား?🇯🇵
​🔥 N2 မေးခွန်းဟောင်းတွေ မြင်ရင် လန့်မသွားဘဲ အချိန်မှီ အပိုင်ဖြေနိုင်ဖို့!
​⏳ ၁၀၅ မိနစ်အတွင်း အမှတ်အများဆုံးရအောင် ဘယ်လိုဗျူဟာမြောက် ဖြေမလဲ?ဆိုတာကို စနစ်တကျနဲ့ သေချာလေး ပြောပြပေးထားပါတယ် ....စာမေးပွဲခန်းထဲကို အောင်စိတ်နဲ့ဝင်ပြီး အောင်လက်မှတ်နဲ့ ပြန်ထွက်လာနိုင်ဖို့ အခုကတည်းက သေချာစနစ်တကျ ပြင်ဆင်လိုက်ကြရအောင်။ 💪💥

Photos from MeraKi Japanese Language School's post 17/05/2026

# N2 အမှတ်ကောင်းဖို့ မသိမဖြစ် Synonym များ� ​ စာမေးပွဲမှာ အမြဲလိုလို ပြန်မေးလေ့ရှိတဲ့ (၂၀၁၀ ကနေ ၂၀၂၅ အထိ) Same Meaning (Synonyms) တွေကို စုစည်းပေးထားပါတယ်။N2 စာမေးပွဲရဲ့ 文字・語彙 (Vocabulary) ပိုင်းမှာ အမြဲတမ်း ပါလေ့ရှိတဲ့ "အဓိပ္ပာယ်တူဝေါဟာရ" (Synonyms) တွေကို (၁) ကနေ (၁၁၈) အထိ Part 1 တင်ပေးလိုက်ပါပြီ။
​၂၀၁၀ ကနေ ၂၀၂၅ အထိ မေးခွန်းဟောင်းတွေထဲက အမေးအများဆုံး စကားလုံးတွေကိုပဲ ကောက်နုတ်ထားတာမလို့ စာမေးပွဲမဖြေခင် ဒါလေးတွေကို တွဲမှတ်သွားရင် အမှတ်ပြည့်ရဖို့ သေချာသလောက်ပါပဲ။
​စာလုံးပေါင်း မှားတတ်တဲ့အသုံးအနှုန်းတွေနဲ့ မြန်မာလို သေချာနားလည်အောင် ဘာသာပြန်ပေးထားလို့ အခုပဲ Save ထားပြီး သူငယ်ချင်းတွေကိုပါ မျှဝေပေးလိုက်တော့နော်။ 😉👇
​ဝေါဟာရ အဓိပ္ပာယ်တင်မကဘဲ စာမေးပွဲမှာ လှည့်မေးတတ်တဲ့ အသုံးအနှုန်းတူ စကားလုံးတွေကိုပါ တစ်ခါတည်း တွဲမှတ်ထားမှ အမှတ်ပြည့်ရမှာ ဖြစ်ပါတယ်။ အချိန်မရလို့ အကုန်မကျက်နိုင်ရင်တောင် ဒီ စာလုံးလေးကိုတော့ သေချာလေး မှတ်သွားကြပါဦး။
​ ောင်မြင်ဖို့အတွက်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


77Street , Bet 28*29
Mandalay