Prana Healing Myanmar

Prana Healing Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Prana Healing Myanmar, Mandalay.

Prana Healing Myanmar
​စိတ်စွမ်းအားတွေကို နိုးထစေပြီး ပိုမိုကောင်းမွန်တဲ့ ဘဝသစ် အတွက် Reiki နှင့် Chakra Healing သင်တန်းများ၊ ကုထုံးများကို လေ့လာနိုင်ပါသည်။
🕊️ မေတ္တာစွမ်းအင်ဖြင့် ကုစားခြင်း။
"နုပျိုလန်းဆန်းသော စွမ်းအင်များဖြင့် အလှဆင်ပါ"
Ashwin Kumar

Photos from Prana Healing Myanmar's post 08/06/2026

မိသားစုတို့ရေ...

စစ်မှန်တဲ့ ဉာဏ်ပညာ (Intelligence) ဆိုတာ စာအုပ်တွေထဲက ရတာမဟုတ်ဘဲ တရားဘာဝနာ (Meditation) အားဖြင့် အတွင်းစိတ် နိုးကြားပြောင်းလဲလာမှုကနေသာ ရရှိနိုင်တာ ဖြစ်ပါတယ်။

အဲဒီလို အတွင်းစိတ် နိုးကြားလာခြင်း သို့မဟုတ် Spiritual Awakening ဖြစ်လာတဲ့သူတွေဟာ အရာရာကို အရှိကိုအရှိတိုင်းအမှန်ကိုအမှန်အတိုင်း မြင်နိုင်တဲ့ စစ်မှန်တဲ့ ဉာဏ်ပညာရှင် (Intelligence) တွေ ဖြစ်လာကြပါတယ်။

ဒီလို Spiritual Awakening ဖြစ်ဖို့နဲ့ မိမိရဲ့ စစ်မှန်တဲ့ ဉာဏ်ပညာတွေကို ပွင့်လန်းလာစေဖို့အတွက် Prana Healing Myanmar ရဲ့ Reiki အဆင့်ဆင့်သော သင်တန်းတွေဟာ အကောင်းဆုံး လမ်းပြမြေပုံ ဖြစ်ပါလိမ့်မယ်။

ဒီလမ်းစဉ်ကို အတူတူ လျှောက်လှမ်းနိုင်ဖို့ အဆင့် (၄) ဆင့်နဲ့ အားပေးစကား ပါးလိုပါတယ် -

Step 1: စွမ်းအင်သန့်စင်ခြင်း (Purification)

ပထမဆုံးအဆင့်မှာ မိမိတို့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ခန္ဓာထဲက ပိတ်ဆို့နေတဲ့ စွမ်းအင်အညစ်အကြေးတွေကို တရားဘာဝနာနဲ့ Reiki ရဲ့ အလင်းစွမ်းအင်တွေနဲ့ အရင်ဆုံး သန့်စင်ရပါမယ်။ အမှိုက်တွေ ရှင်းပြီးမှသာ အလင်းတွေဝင်လာနိုင်မှာ ဖြစ်ပါတယ်။

Step 2: အတွင်းစိတ် နိုးကြားလာခြင်း (Spiritual Awakening)

စွမ်းအင်တွေ စီးဆင်းမှု မှန်ကန်လာတဲ့အခါမှာ မိမိတို့ရဲ့ Chakras (ချက်ကရာ စင်တာများ) ပွင့်လန်းလာပြီး၊ စိတ်ဟာ အတိတ်နဲ့ အနာဂတ်ရဲ့ အနှောင်အဖွဲ့တွေကနေ ရုန်းထွက်ကာ Spiritual Awakening စတင် ဖြစ်ပေါ်လာပါလိမ့်မယ်။

Step 3: မှန်တစ်ချပ်ကဲ့သို့ ပွင့်လန်းလာခြင်း (Developing Intelligence)

အတွင်းစိတ် နိုးကြားလာတဲ့အခါမှာတော့ ဦးနှောက်က လာတဲ့ အပေါ်ယံ အချက်အလက်တွေ (Intellect) နောက်ကို မလိုက်တော့ဘဲ၊ ကြုံတွေ့ရတဲ့ ဘဝရဲ့ စိန်ခေါ်မှုတွေကို "မှန်တစ်ချပ်" လို အရှိအတိုင်း ရိုးရှင်းစွာ မြင်ပြီး အကောင်းဆုံး တုံ့ပြန်နိုင်တဲ့ စစ်မှန်တဲ့ ဉာဏ်ပညာ (Intelligence) တွေ ပွင့်ထွက်လာကြမှာဖြစ်ပါတယ်။

Step 4: အဆင့်မြင့် အသိအမြင်သို့ ကူးပြောင်းခြင်း (Transformation)

Reiki အဆင့်ဆင့်ကို လေ့ကျင့်ရင်းနဲ့ မိမိကိုယ်တိုင် ကုသနိုင်ရုံသာမက မိမိပတ်ဝန်းကျင်ကိုပါ အလင်းပြောင်းလဲပေးနိုင်တဲ့ ဘဝရဲ့ မြင့်မြတ်တဲ့ အသွင်ကူးပြောင်းမှုကြီး (Total Transformation) ကို ပိုင်ဆိုင်သွားကြရမှာ ဖြစ်ပါတယ်။

ဆရာ Ashwin ရဲ့ အားပေးစကား:

"အသင့်ရ အဖြေတွေနဲ့ပဲ အသက်ရှင်နေတဲ့ ကြက်တူရွေး ဘဝကနေ၊ အမှန်တရားအရှိကိုအရှိအတိုင်း ထင်ဟပ်စေတဲ့ မှန်တစ်ချပ်လို ဘဝမျိုး ဖြစ်ဖို့ဆိုတာ Spiritual Awakening ဖြစ်ခြင်းကနေပဲ စတင်ပါတယ်။

Prana Healing Myamar ရဲ့ Reiki သင်တန်းတွေဟာ မိသားစုတို့ရဲ့ အတွင်းက ဉာဏ်ပညာအလင်းကို နှိုးဆွပေးမယ့် ခရီးစဉ်တစ်ခု ဖြစ်တာမို့ အတူ လျှောက်လှမ်းကြဖို့ ဖိတ်ခေါ်ပါတယ်..."

Namastae🙏🌹

Ashwin Kumar
Founder of Prana Healing Myanmar

Photos from Prana Healing Myanmar's post 07/06/2026

Prana Healing ( မြတ်သောဒါန ) ၏ ပဲ့ကိုင်ရှင်
ဆရာ Ashwin Kumar အား အမှူးထား၍

🍃 (၆-၆-၂၀၂၆) စနေနေ့တွင် 🍃

Prana Healing Mandalay Center (2) ၌
🙏 ဆရာ့‌‌ မေ တ္တာများအားခံယူ၍

🌷 Healer များ စုပေါင်း၍ Chakra meditation
& Energy work ဆောင်ရွက်ခြင်း

🌷 မေတ္တာ Healing ခံယူလိုသူများအတွက်
Healing ပေးခြင်းတို့ကို ကုသိုလ်ပြုဆောင်ရွက်
ခဲ့ကြပါသည်။

🙏 မေတ္တာ healing လာရောက်ကုသိုလ်ပြုသူ
Healers ( ၂၀ )ဦး

🙏 Healing လာရောက်ခံယူသူ Clients ( ၁၉ ) ဦး

စုစုပေါင်း (၃၉) ဦးတို့မှ မေတ္တာ healing ပေးခြင်း၊ မေတ္တာ healing ခံယူခြင်းများကို မြတ်သောဒါန ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြပါသည်။

ဆရာနှင့်တကွ Prana Healing မိသားစုဝင်များအနေဖြင့် ထပ်တူပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။

ဆရာနှင့်ထပ်တူ မြတ်ကုသိုလ် ရနိုင်ကြပါစေ 🙏

" မြတ်သောဒါန " အစီအစဉ်ဖြစ်မြောက်အောင် စုပေါင်းကူညီ ဆောင်‌ရွက်‌ပြုလုပ်ပေးကြပါ‌သော
တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည် 🙏

"ဣဒံ မေပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု" 🙏🙏🙏

Namaste 🙏

Admin
Religion to Responsibility

#မြတ်သောဒါန #သစ္စာအမြင်

Photos from Prana Healing Myanmar's post 07/06/2026

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့်💚💚💚

🎗Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍
ရန်ကုန်မြို့ Healing Center-2 (Kamaryut Township )၌
✨🌷 ( 7. 6. 2026 ) တနင်္ဂနွေနေ့တွင်

✅ ဆရာ့မေတ္တာများအားခံယူ၍ မေတ္တာ Healing ခံယူလိုသူများအတွက် Healing ပေးခြင်းတို့ကို ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်

🤝 လာရောက်ကူညီသူ Healers 11 ယောက်

👥 Healing လာရောက်ခံယူသူ Clients 12 ယောက်

✅ စုစုပေါင်း 23 ယောက်တို့မှ မေတ္တာပေးခြင်း မေတ္တာခံယူခြင်းများကိုပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြပါတယ်🙏🙏🙏

🌷✨မြတ်သောဒါန ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည် 🙏

Prana Healing မိသားစုဝင်များအနေဖြင့် ဆရာနှင့်ထပ်တူ ပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။

ဆရာနှင့်ထပ်တူ မြတ်ကုသိုလ် ရနိုင်ကြပါစေ 🙏

မြတ်သောဒါန အစီအစဉ်ဖြစ်မြောက်အောင် ဦးဆောင်ပြုလုပ်ပေးသူများနှင့် လာရောက်အား
ဖြည့်ကူညီပေးကြပါသော တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါသည် 🙏

🏠Center နေရာအား ကူညီပေးသောမိသားစုများအားလည်း ကျေးဇူးအထူးတင်ရှိပါတယ်

"ဣဒံ မေပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု" 🙏🙏🙏

Namaste 🙏
Admin
Religion to Responsibility

Photos from Prana Healing Myanmar's post 07/06/2026
Photos from Prana Healing Myanmar's post 07/06/2026

🪷 ဓမ္မပူဇာ အလှူတော် 🪷

🍂 သဒ္ဓမ္မဇောတိကဓဇ ဝိမုတ္တိဉာဏဓမ္မ ဆရာတော် ဘဒ္ဒန္တကုသလ ဦးဆောင်ညွှန်ပြတော်မူသည့်

🍀 ယောဂီသစ်၊ ယောဂီဟောင်း (၁၅) ရက်တာ Zoom Online တရားစခန်းပွဲအတွက်

🌹ဆရာ Ashwin နှင့် Prana Healing မိသားစုများမှ စုပေါင်း၍

✨ဓမ္မပူဇာအလှူတော်ငွေ (၁၀ သိန်း) ကျပ်ကို သဒ္ဓါကြည်လင်စွာဖြင့် လှူဒါန်းပူဇော်အပ်ပါသည်။ 🙏

ဆရာတော်ဘုရား၏ တရားဓမ္မအဆုံးအမများကို အောက်ပါ Zoom Link မှတစ်ဆင့် ဝင်ရောက်နာယူ ကြည်ညိုအားထုတ်နိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင် 🙏

🖥️ တရားစခန်း ဝင်ရောက်ရန်

Zoom ID : 2397874089

Passcode : 123456

"ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု"

Namaste 🙏
Religion to Responsibility

04/06/2026

💚 ချစ်သော Prana Healing Myanmar မိသားစုဝင်များရှင့်💚

🙏 Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထားပြီး ဆရာ့ကျေးဇူးကိုဆပ်သောအားဖြင့် 🙏
ရန်ကုန်ဧရိယာအတွင်: Healing Center- 2 ( Kamaryut Township ) မှ

💚💚💚 စိတ်ပင်ပန်းမှုများ၊ ဘဝအမောများကို ပြေပျောက်စေရန်အတွက် မေတ္တာ Healing ခံယူလိုသော Clients များနှင့် မေတ္တာများစွာဖြင့် Energy များကိုဖြန့်ဝေလိုပါသော Healers များကို နွေးထွေးစွာဖြင့်ကြိုဆိုပါရစေရှင့်💚💚💚

( 7. 6. 2026 )တနင်္ဂနွေနေ့ တွင်
✅ ဆရာ့မေတ္တာများအားခံယူ၍Healers များ စုပေါင်း Chakra meditation & Energy work ဆောင်ရွက်ခြင်း

✅ မေတ္တာ Healing ခံယူလိုသူများအတွက် မေတ္တာ Healing ပေးခြင်းတို့ကို ကုသိုလ်ပြု ဆောင်ရွက် မည်ဖြစ်ပါသည်။

✨သို့ပါ၍ Healing ခံယူလိုသူများမှ
ဆရာလေးပညာစာရီ - 9767288835/09420182842
မသန်းသန်းစိုး - 09797221617
ထံသို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ရှင့် 🙏
✅ စာရင်းကို ( 6. 6. 2026) နောက်ဆုံး ကြိုတင်စာရင်းပေးခြင်းဖြင့် ထပ်ဆင့်မေတ္တာရယူလိုက်ပါရှင့်....
Address for Location 👇
R4CC+R24 Yangon
https://goo.gl/maps/GtqLMKDJDSuTow5o6

တိုက် ၇၉/၈၀ အခန်း ၄၀၁
အောင်သုခလမ်း၊ (၅)ရပ်ကွက်
ကမာရွတ်မြို့နယ်
(* ဆင်မလိုက်ဈေးနောက်ကျော၊ ၃ထောင်ကွေ့မီးပွိုင့်
ဟံသာရိပ်မွန် အိမ်ရာဝန်းအနီး *)

Namaste 🙏
Admin
Religion to Responsibility


03/06/2026

🌹 Parana Healing (မြတ်သောဒါန) မိသားစုဝင်များရှင့်

🙏 Prana Healing ( မြတ်သောဒါန ) ၏ ပဲ့ကိုင်ရှင် ဆရာ Ashwin Kumar အား အမှူးထား၍

🍂 Mandalay Healing Center 2 တွင်

🗓 ( 6-June-2026 ) Saturday ၌

🕰 နံနက် (၉:၃၀) မှ ညနေ (၄) နာရီအထိ

မေတ္တာ healing ကုသိုလ် ဆောင်ရွက် ပြုလုပ်မည်ဖြစ်ပါသည်။

🌷မြတ်သောဒါန ကုသိုလ်ပြု အစီအစဥ်ဖြစ်ပါသည်။

🌷 Healing ခံယူလိုသူ မည်သူမဆို စာရင်းပေး လာရောက်နိုင်ပါသည်။

မေတ္တာ Energy ဖြင့် ကုသိုလ်အားဖြည့်ပါဝင်မည့် Healers များကိုလည်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်ရှင့်

🌹 Healers များ စုပေါင်း Chakra meditation & Energy work ဆောင်ရွက်ခြင်း

🌹 မေတ္တာ Healing ခံယူလိုသူများအတွက် Healing ပေးခြင်းတို့ကို ကုသိုလ်ပြုဆောင်ရွက်မည်ဖြစ်ပါသည်။

🔸 သို့ပါ၍ Healing ခံယူလိုသူများ ၊
ကုသိုလ်ပြုလိုသော Healer များနှင့်
လက်တွေ့ healing ပေးခြင်းကို လေ့ကျင့်ဆောင်ရွက်လိုသူများအနေဖြင့်

တော်ဝင်သဇင် 09- 2546 15642
09- 959 326 192,

မမေခန့် 09- 751 555 322 ထံသို့

ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ရှင့် 🙏

🏡 ကုသိုလ်ပြုမည့် လိပ်စာ -

Mandalay Healing Center 2

အမှတ် (၁/၃၀)၊ ၆၃(A) ၆၃-၆၄ လမ်းကြား၊ ၂၀-၂၁ လမ်းကြား၊ သမ္မစိတ္တလမ်း ၊
နေလဝါယာရိမ်းနဲ့မျက်စောင်းထိုး၊
အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

https://maps.app.goo.gl/GwDvkptFQ5hmMfAU9?g_st=atm

Namaste 🙏🌷

Prana Healing
Religion to Responsibility

02/06/2026

ချစ်သော Parana Healing (မြတ်သောဒါန) မိသားစုဝင်များရှင့် 💙

🎗Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍

ရန်ကုန်ဧရိယာအတွင်း၌

🪷 Healing Center - 8
( Pazundaung Township )
Healing ကုသိုလ် ပြုခြင်း

🤗 Healing ခံယူလိုသော Clients များနှင့် မေတ္တာ Energy များကို ဖြန့်ဝေလိုပါသော Healers များကိုနွေးထွေးစွာဖြင့်ကြိုဆိုပါရစေရှင့်

🗓 (6.6.2026) စနေနေ့တွင်
⏰️ နံနက် ၁၀နာရီ မှ ညနေ ၃နာရီ အထိ

🙌 ဆရာ့မေတ္တာများအားခံယူ၍ Healers များ စုပေါင်း Chakra meditation & Energy work ဆောင်ရွက်ခြင်း

🤗 မေတ္တာ Healing ခံယူလိုသူများအတွက် မေတ္တာ Healing ပေးခြင်းတို့ကို ကုသိုလ်ပြုလုပ်ဆောင်ရွက် မည်ဖြစ်ပါသည်။

💫👐 သို့ပါ၍ Healing ခံယူလိုသူများမှာ

🌸 Sweet 📲 09 885545554 ထံသို့ဖုန်းဆက်၍သော်၄င်း၊
Telegram acc t.me/EmpressCho သို့လည်းစာပို့စာရင်းပေးဆက်သွယ်နိုင်ပါတယ်ရှင်🤗

✅ စာရင်းကို (5.6.2026) နောက်ဆုံး ထားပြီးစာရင်းပေးနိုင်သလို၊
ကြိုတင်စာရင်းပေးခြင်းဖြင့် ထပ်ဆင့်မေတ္တာရယူလိုက်ပါရှင့်....

လိပ်စာအပြည့်အစုံ
🏡 အမှတ် (၂၀၉) ၉လွှာ ဘယ်၊ ဗိုလ်တထောင်ဘုရားလမ်း၊
အနော်ရထာ နှင့် ဗန္ဓုလလမ်းကြား။

လမ်းညွှန်》》 သည်းအူအသည်းဆေးခန်းအနီး၊ Future Top Preschool နှင့်ကပ်လျှက်ဝင်ပေါက်မှတက်လာခဲ့ပါရှင်👋

Namaste 🙏
Admin
Religion to Responsibility

Photos from Prana Healing Myanmar's post 29/05/2026

💦​အမည်မဖော်လိုတဲ့ တပည့်သမီးတစ်ယောက်ရဲ့ ကိုယ်စား “ကာလဒါန” အလှူတော်အဖြစ် သွားရောက်လှူဒါန်းပေးခဲ့တဲ့ ကြည်နူးဖွယ်ရာ အလှူမှတ်တမ်း။ 🙏✨

​တပည့်သမီးဖြစ်သူတဦးမှ ပါးပါးဆရာ့လက်ကနေတစ်ဆင့် ယုံကြည်စွာ လှုဒါန်းခိုင်းတာကြောင့်မန္တလေးမြို့ စိတ္တပါလရွှေပျိုးခင်းစာသင်တိုက် သို့ သွားရောက်ပြီး မိသားစုဝင်များနဲ့အတူ ဝိုင်းဝန်းကာ အလှူဒါန ပြုလုပ်ပေးခဲ့ပါတယ်။👏

​လှူဒါန်းခဲ့သည့် အလှူဝတ္ထုစုစုပေါင်း -
​ဝါဆိုဝါတွင်းကာလနှင့် ကိုက်ညီမည့် ကာလဒါန ထီး (၃၆) ချောင်း
​သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာလေးများအတွက် ဆွမ်းအလှူ
​ကပ္ပိယသင်္ကန်း အလှူ
​မိသားစုဝင်များမှ ဝိုင်းဝန်းလှူဒါန်းကြသည့် စာရေးကိရိယာများနှင့် ပညာဒါနစာအုပ်များ👏

​အလှူရှင် တပည့်သမီးမိသားစုဝင်တစ်ဦးချင်းစီနှင့်တကွ ယခုအလှူကို မြင်တွေ့ရသူ အပေါင်းသူတော်ကောင်းများအားလုံး သာသနာပြုနိုင်ကြပါစေ၊ သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကုသိုလ်အမျှ ပေးဝေလိုက်ရပါတယ်။
​သာဓု... သာဓု... သာဓု ပါခင်ဗျာ။ 🙏🌹

Ashwin Kumar

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


Mandalay