IMCM College-Mandalay

IMCM College-Mandalay

Share

IMCM Vision is to build a professional platform for consultants and clients to help develop Myanmar economy and education.

24/06/2026

🤖 ခေတ်ဟောင်းအတိုင်းပဲ အရောင်းရှာမလား? ဒါမှမဟုတ် AI နည်းပညာသုံးပြီး သင့်ရဲ့ Sales & Marketing ကို အရှိန်မြှင့်တင်မလား?
အခုခေတ်စီးပွားရေးလောကမှာ AI ကို မသုံးတတ်ရင် နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ခေတ်သစ် AI Tools တွေကို အသုံးချပြီး အရောင်းမြှင့်တင်ဖို့နဲ့ မားကတ်တင်းဗျူဟာတွေ ချမှတ်နိုင်ဖို့ IMCM College ရဲ့ DSMM (UK Diploma in AI Powered Sales & Marketing Management) ဇူလိုင်တန်းခွဲသစ်ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ 👋✨

ဒီသင်တန်းဟာ ကုန်ပစ္စည်းတွေကို အရင်ကထက် အဆပေါင်းများစွာ ပိုရောင်းရအောင် AI နဲ့ ဘယ်လို မောင်းနှင်ရမလဲဆိုတာကို လက်တွေ့ကျကျ သင်ကြားပေးသွားမှာပါ။

🌧️ Monsoon Promotion + Early Bird အထူးအခွင့်အရေး:
လက်မနှေးရအောင် Discount: ပုံမှန်သင်တန်းကြေး ၃ သိန်းကျပ်ထဲကနေ အခုအပ်နှံမယ့် Early Bird ကျောင်းသားတွေအတွက် (၅) သောင်းကျပ် ချက်ချင်းလျှော့ပေးမှာမို့ ၂ သိန်းခွဲကျပ် တည်းနဲ့ တက်ရောက်နိုင်မှာပါ။

လစဉ်သွင်းရုံပဲ ပေါ့ပေါ့ပါးပါး: သင်တန်းကြေး အားလုံးကို တစ်ခါတည်းပေးစရာမလိုဘဲ အတိုးမဲ့ အရစ်ကျ (Installment) စနစ်နဲ့ လစဉ် ၅ သောင်းကျပ်မှစ၍ စိတ်အေးချမ်းသာစွာ ပေးသွင်းနိုင်ပါတယ်။

‼️July Intake Date & Time Details

🧑‍🎓Diploma in AI Powered Sales & Marketing Management

🗓️Date -5-July-2026
🕰️Time-1:00pm to 3:00pm
⏳Duration-4 months
💵Price-300,000 Lakhs
🏛️Teaching type-ln person/Online

🌍 Global Career အတွက် အခွင့်အလမ်း:
UK စာမေးပွဲကို ဖြေဆိုပြီး နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရယူလိုသူများအတွက် Exam ကြေး $100 ဖြင့် တိုက်ရိုက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
💼 သင့်ရဲ့ Business လမ်းကြောင်းကို အဆင့်မြှင့်တင်ဖို့ အချိန်မဆွဲဘဲ အခုပဲ ကျောင်းအပ်နှံလိုက်ပါ။ လူဦးရေကန့်သတ်ထားတာမို့ လက်မနှေးဖို့တော့ လိုမယ်နော်..

စာမေးပွဲဖြေဆိုမှုပုံစံကတော့ Attendance +Assignment ဖြစ်တဲ့အတွက် စာပုံမှန်လုပ်သွားမယ်ဆိုရင် စာမေးပွဲအောင်မြင်ဖို့အတွက်လွယ်ကူမှာဖြစ်ပါတယ်။👍🏻

🎓စာမေးပွဲအောင်မြင်ပါက နိုင်ငံတကာအဆင့်မီအဆင့်မြင့်ဟိုတယ်ကြီးမှာ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚 များကိုဘွဲ့နှင်းသဘင်အခမ်းအနားနဲ့ပေးအပ်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

📞သင်တန်းအကြောင်း အသေးစိတ်စုံစမ်းမေးမြန်းလိုပါ
က ဖုန်းနံပါတ် - 09882251100 ဆက်သွယ်နိုင်ပါတယ်။

ကျောင်းလိပ်စာကတော့ -

🏢 IMCM College Yangon( Institute of Management Consultants Myanmar )
12 Floor , Classic Strand Condo , Strand Road ,Pabedan Township , Yangon

#𝘐𝘔𝘊𝘔𝘊𝘰𝘭𝘭𝘦𝘨𝘦

20/06/2026

💡 လူတွေကို စီမံခန့်ခွဲရတာ ဝါသနာပါပြီး ကုမ္ပဏီတိုင်းရဲ့ အရေးပါဆုံးသော "ဦးနှောက်နဲ့ နှလုံးသား" အစိတ်အပိုင်းတစ်ခု ဖြစ်လာချင်ပါသလား။
လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ်လိုအပ်ပြီး ရာထူးတိုးတက်မှု အမြန်ဆုံးဖြစ်တဲ့ HR Professional တစ်ယောက် ဖြစ်လာဖို့ IMCM College ရဲ့ DHRM (Diploma in Human Resource Management) အတန်းခွဲသစ်ကို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ ဒီသင်တန်းဟာ နေရာဒေသမရွေးဘဲ Online ရော Campus မှာပါ စိတ်ကြိုက်တက်ရောက်နိုင်လို့ ဝန်ထမ်းများ၊ ကျောင်းသားများအားလုံးအတွက် အဆင်ပြေဆုံး ဖြစ်မှာပါရှင့်။

🌧 Monsoon Promotion + Early Bird အထူးအခွင့်အရေး📢

ငွေကြေးအတွက် စိတ်မပူရအောင် ပုံမှန်သင်တန်းကြေး ၃ သိန်းကျပ်ကနေ အခုအပ်နှံရင် (၅) သောင်းကျပ် ချက်ချင်း Discount ရမှာမို့ ၂ သိန်းခွဲကျပ်သာ ကျသင့်တော့မှာဖြစ်ပါတယ်ရှင့်။
သင်တန်းကြေးအားလုံးကို အရစ်ကျ (Installment) စနစ်ဖြင့် အဆင်ပြေပြေ ခွဲသွင်းနိုင်ပါတယ်ရှင့်။

‼️ July Intake - Details
🗓 Start Date: 5 - July - 2026
🕰 Time: 10:00 AM to 12:00 PM (Sunday only)
⏳ Duration: 4 Months
💵 Course Fee: 250,000 MMK (Promotion Price)
🏛 Learning Mode: In-Person (On-Campus) / Online

🌍 International Certified ဖြစ်ချင်သူများအတွက်: ယူကေ (UK) အခြေစိုက် ATHE အသိအမှတ်ပြု Diploma ပါ တစ်ပါတည်း ရယူလိုပါက စာမေးပွဲကြေး Exam Fees $100 သီးသန့်ဖြင့် ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

📲 အလုပ်မအားလို့၊ ကျောင်းမလာနိုင်လို့ စိတ်ပူစရာမလိုပါဘူး ရှင့် ကျောင်းမလာနိုင်တဲ့ ရက်တွေမှာလည်း Online ကနေ လွယ်ကူစွာ တက်ရောက်နိုင်ပါတယ်။ သင်ကြားပေးတဲ့ သင်ခန်းစာတွေမှာ နားမလည်တာရှိရင်လည်း အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်လို့ ထိရောက်မှုအပြည့် ရှိစေရမယ်နော်။

📝 စာမေးပွဲ ဖြေဆိုမှုပုံစံ: Attendance + Exam စနစ်ဖြစ်တဲ့အတွက် အတန်းမှန်မှန်တက်ပြီး စာပုံမှန်လုပ်သွားရုံနဲ့ အောင်မြင်ဖို့ ရာနှုန်းပြည့် လွယ်ကူပါတယ်။ 👍🏻

🎓 ဘွဲ့နှင်းသဘင် အခမ်းအနား: သင်တန်းအောင်မြင်ပြီးဆုံးပါက နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ဟိုတယ်ကြီးမှာ Professional Executive Diploma များကို ဘွဲ့နှင်းသဘင်အခမ်းအနား (Graduation Ceremony) ဖြင့် ခမ်းခမ်းနားနား ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

🚀 ကုမ္ပဏီကြီးတွေက အပြိုင်အဆိုင် ခေါ်ယူနေရတဲ့ HR Leader တစ်ယောက်ဖြစ်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ Early Bird အတွက် လူဦးရေ ကန့်သတ်ထားတာမို့ လက်ဦးမှု ရယူဖို့တော့ လိုမယ်နော်။ 😉

📞 သင်တန်းအသေးစိတ် စုံစမ်းမေးမြန်းရန်: 09 882251100/09 427180699

🏢 ကျောင်းလိပ်စာ: IMCM College Yangon (Institute of Management Consultants Myanmar) အမှတ်-၂၅၈/၂၆၂၊(၁၂) လွှာ၊ Classic Strand Condo၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

19/06/2026

🎯 ကိုယ်ပိုင် Business လုပ်နေသူပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ Manager ဘဝကို အမြန်ဆုံးတက်လှမ်းချင်သူပဲဖြစ်ဖြစ်...
စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေကို နည်းစနစ်တကျနဲ့ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ UK Diploma in Business Management (DBM) သင်တန်းကို July 5 ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ IMCM College ကနေ သင့်ရဲ့ စီးပွားရေးအမြင်ကို ပြောင်းလဲပေးမယ့် အတန်းတစ်ခုပါ။

☔ Rainy Season အထူးသက်သာခွင့် အစီအစဉ်:
အထူး Discount: အခုဇူလိုင်တန်းခွဲအတွက် အမြန်ဆုံးအပ်နှံသူ (Early Bird) တွေကို ပုံမှန်သင်တန်းကြေး ၃ သိန်းကျပ်ထဲကနေ (၅) သောင်းကျပ် အတိအလင်း လျှော့ပေးသွားမှာဖြစ်လို့ ၂ သိန်းခွဲကျပ်သာ ကျသင့်ပါတော့မယ်ရှင်..
လူတိုင်းတက်နိုင်မယ့် အရစ်ကျစနစ်: သင်တန်းကြေး အားလုံးကို တစ်ခါတည်းပေးသွင်းစရာမလိုဘဲ အရစ်ကျစနစ်နဲ့ စိတ်အေးချမ်းသာစွာ ပေးသွင်းနိုင်ပါတယ်။

‼️July Intake Date & Time Details

🧑‍🎓Diploma in Business Management

🗓️Date -5-July-2026
🕰️Time-10:00am to 12:00pm
⏳Duration-4 months
💵Price-300,000 Lakhs
🏛️Learning Mode-ln person/(On Campus)/Online

🌍 Global Career အတွက် အခွင့်အလမ်း:
UK စာမေးပွဲကို ဖြေဆိုပြီး နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရယူလိုသူများအတွက် Exam Fees $100 ဖြင့် တိုက်ရိုက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

💼 သင့်ရဲ့ Business လမ်းကြောင်းကို အဆင့်မြှင့်တင်ဖို့ အချိန်မဆွဲဘဲ အခုပဲ ကျောင်းအပ်နှံလိုက်ပါ။ လူဦးရေကန့်သတ်ထားတာမို့ လက်မနှေးဖို့တော့ လိုမယ်နော်..

စာမေးပွဲဖြေဆိုမှုပုံစံကတော့ Attendance +Assignment ဖြစ်တဲ့အတွက် စာပုံမှန်လုပ်သွားမယ်ဆိုရင် စာမေးပွဲအောင်မြင်ဖို့အတွက်လွယ်ကူမှာဖြစ်ပါတယ်။👍🏻

🎓စာမေးပွဲအောင်မြင်ပါက နိုင်ငံတကာအဆင့်မီအဆင့်မြင့်ဟိုတယ်ကြီးမှာ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚 များကိုဘွဲ့နှင်းသဘင်အခမ်းအနားနဲ့ပေးအပ်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

📞သင်တန်းအကြောင်း အသေးစိတ်စုံစမ်းမေးမြန်းလိုပါ
က ဖုန်းနံပါတ် - 09882251100 /09-427180699 ကိုဆက်သွယ်နိုင်ပါတယ်။

ကျောင်းလိပ်စာကတော့ -

🏢 IMCM College Yangon( Institute of Management Consultants Myanmar )
12 Floor , Classic Strand Condo , Strand Road ,Pabedan Township , Yangon

#𝘐𝘔𝘊𝘔𝘊𝘰𝘭𝘭𝘦𝘨𝘦

17/06/2026

Happy Birthday Tr. Nilar Win 🎁🎊🎉🎉🎈🎈

ဒီ​နေ့မှာကျရောက်တဲ့မွေးနေ့ရှင်လေးကတော့ ကျွန်တော်တို့ IMCM COLLEGE မှာ MBA သင်ကြားပေးနေသော Tr. Nilar Win ရဲ့မွေးနေ့လေး ဖြစ်ပါတယ်။

မွေးနေ့မှစ အမြဲပိုမိုပျော်ရွှင်နိုင်ပါစေ…
အစစအရာရာအကုန်အဆင်ပြေပါစေ…☺️☺️

တီချယ် မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများဖြင့် မိသားစုနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်ပါစေလို့ IMCM မှ ဆရာ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် IMCM COLLEGE မှ ဝန်ထမ်းများမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျ 😍😍

14/06/2026

Stage of Team Development⁉️

လုပ်ငန်းခွင်တိုင်းမှာ Team တွေရှိနေကြပါတယ် ။ အဖွဲ့အစည်းတစ်ခုရဲ့ ဒေါက်တိုင်အဖြစ် တည်ဆောက်ကြတဲ့အခါ Teamတစ်ခုဖြစ်ဖို့ဆိုတာအရေးကြီးသလို အဲ့ဒိဖွဲ့စည်းလိုက်တဲ့ Team ကလည်း တကယ်ထိရောက်ပြီးအကျိုးဖြစ်ထွန်းစေတဲ့အဖွဲ့အစည်းအတွက် ဒေါက်တိုင်လေးတစ်ခုဖြစ်နေဖို့လိုပါတယ်။
အဲ့လို Teamလေးတွေဖွဲ့စည်းထားတဲ့ များစွာလှသောTeamများပေါင်းစုပြီး အဖွဲ့အစည်းတစ်ခုလုံးဖြစ်တဲ့ Organization Development ဖြစ်စေဖို့အတွက်ဆောင်ရွက်ရတာဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ် ။
ဒီတော့ Team ဆိုတဲ့ အဓိပ္ပါယ်လေးကိုတစ်ချက်ကြည့်ရအောင်
Team ဆိုတဲ့ စကားလုံးလေးကို တစ်လုံးချင်းအနက်ဖွင့်ရင် –
T – Together
E –Everyone
A – Achieve
M – More
လို့ဆိုပြီး အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းက ပိုပြီးအောင်မြင်မှုကိုရရှိနိုင်တယ်ဆိုတဲ့အချက်အဖြစ်ဖွင့်ဆိုချင်ပါတယ်။
ဒီတော့ လူတစ်ဦးချင်းတစ်ယောက်ချင်းစီ ဆောင်ရွက်နေရတဲ့လုပ်ငန်းခွင်တွေမှာ ပူးပေါင်းဆောင်ရွက်ရတဲ့အခါ ပိုပြီးထိရောက်တဲ့စွမ်းဆောင်ရည်ကိုရရှိအောင် Teamအဖြစ် ဆောင်ရွက်သလို Team ကိုလည်း Developmentဖြစ်အောင် ဆောင်ရွက်ပေးရတဲ့အပိုင်းကလည်း အရေးကြီးတဲ့အပိုင်းဖြစ်လာပါတယ်။
နောက်တစ်ချက်ကတော့ Team work နဲ့ပတ်သက်တဲ့ Theory တစ်ခုဖြစ်တဲ့ Synergy Theory အရ 1+1>2 ဖြစ်တဲ့အတွက် တစ်ယောက်ချင်းစီလုပ်ရတဲ့အခါထက် နှစ်ယောက်ပေါင်း လုပ်ဆောင်ကြတဲ့အခါ (၂) ဦးထက်ပိုမိုတဲ့စွမ်းဆောင်ရည်မျိုးရရှိနိုင်တယ်ဆိုတာ အသေအချာပါပဲ။
ဒါပေမဲ့ အဲ့ဒီဖွဲ့စည်းထားတဲ့ Teamကလည်း တကယ်ထိရောက်ပြီး Effectiveဖြစ်စေဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ ပြောနေကျစကားတွေအရ (၂) ယောက်ရှိရင် (၃) ဖွဲ့ကွဲတယ်ဆိုတာမျိုးကတော့ အောင်မြင်တဲ့ အသင်းအဖွဲ့ တစ်ခုဖြစ်စေမှာမဟုတ်ပါဘူး။
ဆက်ပြီးတော့ အသင်းအဖွဲ့တစ်ခုတည်ဆောက်ကြတဲ့အခါ ဒီလိုမျိုးမဖြစ်စေဖို့ လိုအပ်တဲ့ Team Development နဲ့ပတ်သက်တဲ့ အဆင့်လေးတွေကိုတစ်ဆင့်ချင်းတည်ဆောက်ရင်း မိမိ အဖွဲ့အစည်းကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ဖို့လိုပါတယ် ။ တကယ်လို့ ဒီအဆင့်တွေအတိုင်းသာ အဆင့်ဆင့်ပြောင်းလဲသွားမယ်ဆိုရင် အောင်မြင်တဲ့ Team Developmentတစ်ခုဖြစ်မယ်ဆိုတာကိုအသေအချာပါပဲ။
(Stage 1: Forming)
ဒီအဆင့်ကတော့ ပထမဆုံးအသင်းအဖွဲ့တွေ စတင်တည်ထောင်တဲ့အခါမှာ ဘာတွေကိုပြင်ဆင်သတ်မှတ်သင့်သလဲဆိုတာကို ဖော်ပြထားရမယ့်အဆင့်ပါ။ ကြိုးစားတည်ဆောက်ရတဲ့ အခြေအနေ ပထမအဆင့်မှာ လူတွေကိုပါ၀င်ပတ်သက်စေကို အစပိုင်းအဆင့်အနေနဲ့ ဆောင်ရွက်ရပါတယ်။ တစ်ဦးချင်းရဲ့ မတူညီတဲ့ အရည်အချင်းတွေ ၊ ကျွမ်းကျင်မှုတွေကို စုပေါင်းဆောင်ရွက်နိုင်ဖို့ တည်ဆောက်ရတဲ့အဆင့်ဖြစ်ပါတယ်။ Team တစ်ခုရဲ့ အစပိုင်းကိုတည်ဆောက်ရတဲ့အဆင့်အခြေအနေမှာ ပါ၀င်သူများအကြားစုစည်းတည်ဆောက်ရတဲ့အချိန်ဖြစ်ပါတယ်။ မိမိအသင်းအဖွဲ့အတွက် ကနဦးချမှတ်ထားရမယ့် Vision ,Mission တွေကို ချမှတ်အကောင်အထည်ဖော်ရမယ့်အဆင့်ပါ။ ရှေ့လုပ်ငန်းစဉ်များအတွက် တိကျတဲ့လမ်းညွန်ချက်တွေ ၊ ဖွဲ့စည်းပုံတွေကို သေချာစွာပြင်ဆင်ရေးဆွဲရမယ့်အဆင့်ဖြစ်ပါတယ်။
(Stage 2: Storming)
ဒုတိယအဆင့်ကတော့ မိမိတို့ အသင်းအဖွဲ့ရဲ့ချမှတ်ထားတဲ့ မူဝါဒတွေ ၊ Vision , Mission တွေအပေါ်မှာ သဘောထားကွဲလွဲမှုတွေ စဉ်ဆက်မပြတ်ဖြစ်တတ်တဲ့အချိန်ပဲဖြစ်ပါတယ် ။ တစ်ဦးအပေါ်တစ်ဦး ပိုပြီးနားလည်စေတတ်ဖို့နဲ့ တစ်ယောက်ဆီကနေနောက်တစ်ယောက်က အပြန်အလှန်လေ့လာသင်ယူစေတတ်စေဖို့ ပေါင်းစပ်ဆောင်ရွက်မှုတွေဖြစ်ကြတဲ့အဆင့်လို့ပြောလို့ရပါတယ် ။ ရင်းနှီးစွာဆက်ဆံရေးရှိကြပြီး အပြန်အလှန်နားလည်နိုင်မှုတွေကိုပြုနိုင်ကြတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်စေလာနိုင်သလို ၊ ဒီအခြေအနေမှာပဲ တစ်ချို့Team Member တစ်ချို့ နှုတ်ထွက်သွားတတ်လာလည်း ကြုံတွေ့ရနိုင်ပါတယ်။
(Stage 3: Norming)
ဒီအဆင့်ကိုရောက်လာရင်တော့ ယုံကြည်ချက်၊ မသိစိတ်တွန်းအားတွေနဲ့ ဖြစ်စေ မိမိအဖွဲ့အစည်း တိုးတက်ရေးအတွက် လုပ်ငန်းခွင်အတွင်းမှာ ဆက်သွယ်ရေးတစ်ခုထားရှိက စံချိန်းစံညွှန်းတစ်ခုကို သဘောတူတည်ဆောက်ပြီး ဆောင်ရွက်ကြတဲ့အခြေအနေတစ်ခုဖြစ်တတ်ပါတယ်။
(Stage 4: Performing)
ဒီအဆင့်ကတော့ Real work of the team is progressing လို့ဆိုလိုရပါတယ်။ ဒီအဆင့်မှာ လုပ်ငန်းခွင်အတွင်းက ဆက်ဆံရေးတွေ၊ လုပ်ငန်းဆောင်ရွက်ချက်တွေကောင်းမွန်ထိရောက်အောင် အသင်းအဖွဲ့ တစ်ခုရဲ့ မူလရည်ရွယ်ချက်ကို အတူတကွပူးပေါင်းဆောင်ရွက်ကြရတဲ့အဆင့်ဖြစ်သလို ဆောင်ရွက်ရတဲ့အပိုင်းဖြစ်ပါတယ် ။ တက်ညီလက်ညီလုပ်ဆောင်နေကြတဲ့ အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။
(Stage 5: Adjourning or Transforming)

13/06/2026

လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ နိုးကြားတက်ကြွမှုမရှိတာ ဘာကြောင့်လဲ⁉️

လုပ်ငန်းခွင်အတွင်းမှာ Performance ကျဆင်းခြင်း ရဲ့ အကြောင်းအရင်းတွေကို အရင်တစ်လက ရေးသားခဲ့ပြီးပါပြီ။
ဒီတစ်ပတ်မှာတော့ Cause of the Performance Problems ရဲ့ တစ်ခုဖြစ်တဲ့ Low Motivation နဲ့ဆက်စပ်လို့
ဘာကြောင့်လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွနိုးကြားမှု မရှိကြတာလဲ
အဲ့လိုဖြစ်စေတဲ့ အကြောင်းအရင်းများကို မျှဝေပေးချင်ပါတယ်။
ကျွန်မတို့ ကြားကြားနေရတဲ့ လုပ်ငန်းခွင်ထဲက စကားလုံးတစ်ခုကတော့ “Motivation” ဆိုတဲ့ စကားပါပဲ
လုပ်ငန်းခွင်တွေမှာ နိုးကြားတတ်ကြွမှုနဲ့ လုပ်ငန်းလုပ်ကိုင်လိုစိတ် ရှိခြင်းက အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့အချက်တစ်ခုဖြစ်ပါတယ်။
Motivation နဲ့ပတ်သက်ပြီး ပြောချင်တာကတော့ –
Motivation ဆိုတာက အလုပ်အောင်မြင်ဖို့ တစ်ခုတည်းသော ဖြေဆေးမဟုတ်ပါ
လုပ်ချင်တဲ့စိတ်ရှိတာတင်မက၊
ဘယ်လိုလုပ်ရမယ်ဆိုတာကို နားလည်ထားဖို့လည်း အရေးကြီးပါတယ်။
ဒုတိယအချက်ကတော့ –
Motivation ဟာ Short-term ဖြစ်တတ်ပြီး၊
Engagement ကောင်းကောင်း ရှိမှသာ ရေရှည်အောင်မြင်မှု ရနိုင်ပါတယ်။ ( Engagement ပိုင်းကိုတော့ သီးခြားတင်ပြပေးပါဦးမယ်။)
ဘယ်လိုပင်ဖြစ်စေ –
Employees Motivation ရှိနေရခြင်းက အဖွဲ့အစည်းအတွက် အရေးကြီးတဲ့အချက်ပါ။
ဒါကြောင့် မိမိဝန်ထမ်းတွေမှာ Motivation လျော့နည်းသွားတာ ဘာကြောင့်ဖြစ်နေလဲဆိုတာကို အောက်မှာဖော်ပြလိုက်ပါတယ်။
⸝
Micromanagement
အသေးစိတ်အထိစီမံခြင်းက ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။
လုပ်ငန်းတစ်ခုကို ကိုယ်တိုင်ဦးဆောင် လုပ်နိုင်ဖို့ အခွင့်အလမ်းမပေးဘဲ၊
အစိတ်အပိုင်းတိုင်းကို ထိန်းချုပ်တာဟာ Motivation လျော့စေပါတယ်။
Job Insecurity
အလုပ်အကိုင်တည်မြဲမှု မရှိခြင်းက ဝန်ထမ်းတွေကို စိတ်ပျက်စေနိုင်ပါတယ်။
အာမခံမှုမရှိတဲ့ပတ်ဝန်းကျင်မှာတော့ တက်ကြွမှု ရှိနေဖို့ခက်ပါတယ်။
Non-career Development Vision
တိုးတက်ရေး မရှိတဲ့အလုပ်မှာ ဝန်ထမ်းတွေက ရည်မှန်းချက်မဲ့ ဖြစ်လာနိုင်ပါတယ်။
အနာဂတ်မမြင်ရတဲ့ အလုပ်က Motivation လျော့စေနိုင်ပါတယ်။
No Confidence in Leadership
ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ ယုံကြည်မှု မရှိတော့တဲ့အခါ –
ဝန်ထမ်းတွေမှာ စိတ်ဓာတ်ကျခြင်းများလာနိုင်ပါတယ်။
အတွေးအခေါ် ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်တွေအပေါ် အားကိုးမှုလိုအပ်ပါတယ်။
Poor Communication
ဆက်သွယ်မှုမကောင်းခြင်းက များသောအားဖြင့်
Motivation နဲ့အတူ Performance လည်း ကျဆင်းစေနိုင်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ အရေးကြီးပါတယ်။
အခြားအချက်အလက်များကို ဆက်ပြီးရေးရင်တော့ များစွာရှိနိုင်ပါတယ်။ ဒီအကြောင်းအရာလေးတွေနဲ့အတူ မိမိအဖွဲ့ဝင်များရဲ့ Motivation ကို နားလည်စွာဖြင့် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်
Shwe Yee Goldie Kyaw

12/06/2026

AI နဲ့အပြိုင် ရှင်သန်ဖို့ ဘာလိုအပ်လဲ⁉️

05/06/2026

-အချိန်ပို ဆင်းနေရပြီလား⁉️

-အလုပ်တွေများလို့နေ့တိုင်းလိုလို Over Time အချိန်ပိုဆင်းနေရပြီလား ⁉️

-သူများတွေ ရုံးပြန်တိုင်း ကိုယ်က နောက်ကျပြီးမှ မကြာခဏ ပြန်နေရပြီလား ⁉️

ဒါဆိုရင် မိမိ အလုပ်မှာ အချိန်ကို စီမံခန့်ခွဲနိုင်မှု အားနည်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘာကြောင့် အချိန်ပိုအလုပ်ဆင်းနေရတယ် ၊ ရုံးပြန်အမြဲလိုလို နောက်ကျနေတယ် ဆိုရင် စီမံခန့်ခွဲသူများအနေနဲ့ ဘာကြောင့်ဆိုတဲ့ အဖြေမျိုးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အချိန်ပို ဆင်းနေရတယ် ဆိုတာ အလုပ်ရှင်အနေနဲ့ကလည်း အချိန်ပိုလုပ်ခ ပေးရတာဖြစ်သလို ၊၀န်ထမ်းနေနဲ့လည်း မိမိ ကိုယ်ပိုင်အချိန်ထဲက အလုပ်အတွက် ထုတ်နုတ်ရတာဖြစ်လို့ နှစ်ဦးနှစ်ဖက် စလုံးက အတွက် အလုပ်ချိန်ထဲ မှာပဲ ပြီးစီးအောင် ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပါ။
အချိန်ပို အကြောင်းနဲ့ ဆက်စပ်ပြီး ဥပဒေဆိုင်ရာ အကြောင်းတွေ ဖြည့်စွက်ပြောရရင် ၀န်ထမ်းတစ်ယောက် အနေနဲ့ တစ်ပတ်အလုပ်ချိန် အလုပ်လုပ်ရမယ့် အလုပ်ချိန်နာရီစုစုပေါင်း (၄၄) နာရီ (၄၈) နာရီအားဖြင့် ခွဲထားထားပါတယ် ။ ၁၉၅၁ အလုပ်ရုံများ ဥပဒေ အောက်မှ အကျုံး၀င်တဲ့ ၀န်ထမ်းတိုင်း (၄၄) နာရီ ၊ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ အောက်မှာ အကျုံး၀င်တဲ့ ၀န်ထမ်းတိုင်း (၄၈) နာရီ အများ ဆုံး သတ်မှတ်နိုင်ပါတယ် ၊ အလုပ်ရှင်က သဘောတူညီရင် ဒိထက်နည်းလည်း ရပါတယ် ၊ ဥပဒေအရ အများဆုံး သတ်မှတ်နိုင်တဲ့ ပမာဏကို ဖော်ပြထားတယ် ဆိုတာကိုတော့ နားလည်စေချင်ပါတယ် ။
ဒီလိုသတ်မှတ်ချိန်တွေထက် ကျော်လွန်ပြီး အလုပ်လုပ်ရမယ့်ဆိုရင်တော့ အချိန်ပိုအဖြစ်သတ်မှတ်ပြီး အချိန်ပိုလုပ်အား သတ်မှတ်ပေးရမှာဖြစ်ပါတယ် ။ အချိန်ပိုဆင်းရတဲ့အခါ အလုပ်သမားရဲ့ သဘောတူညီမှု ကို ရရှိရ မှာဖြစ်ပြီး အချိန်ပို ဆင်းမယ့် အလုပ်သမားတွေရဲ့ စာရင်းကိုလည်း သက်ဆိုင်ရာ အလုပ်သမားရုံးကို ပေးပို့ရမှာဖြစ်ပါတယ် ။ တစ်ဆက်စပ်တည်း အလုပ်ချိန် (၅) နာရီ ပြည့်အောင် ထမ်းဆောင်တဲ့ ၀န်ထမ်းကိုလည်း အနားယူဖို့ (၃၀) မိနစ်မပေးပဲ အချိန်ပို ဆက်လက် ဆောင်ရွက်လို့မရကြောင်း ဥပဒေအရ သတ်မှတ်ထား တာလည်း ရှိပြန်ပါတယ်။
ဆက်ပြီး ဘာကြောင့် အချိန်ပိုတွေ ဆင်းရတာလဲဆိုတာကို လေ့လာကြည့်မိတော့…



ရုံးချိန်အတွင်း ၀န်ထမ်းနှစ်ယောက်လုပ်ရမယ့် အလုပ်ကို တစ်ယောက် ထဲခိုင်းမယ် ၊ အချိန်ပိုလုပ်ခပေးပြီး ကျန်တဲ့ အလုပ်တွေကို လုပ်စေတာလည်းဖြစ်နိုင်ပါတယ်။ အလုပ်ရှင်အနေနဲ့ ၀န်ထမ်းနှစ်ယောက် လောက်လည်း မလိုအပ်ဘူးလို့ ယူဆတဲ့ အလုပ်တွေမှာ တစ်ယောက်တည်းကို ရုံးချိန်အပြည့်ခိုင်းမယ်၊ မပြီးသေးရင် OT ဆက်လုပ်ပေးပါ ၊ အချိန်ပိုလုပ်ခ ထပ်ဆောင်းပေးထား တာတွေ လည်းရှိပါတယ် ။ ဒါကြောင့် တစ်ချို့၀န်ထမ်းတွေက အမြဲတမ်းလိုလို OT ဆင်းနေရတာပါ။
ဥပမာ – ၀န်ထမ်းတစ်ယောက် တစ်သိန်း ဆိုရင် နှစ်ယောက် (၂) သိန်းပါ။ ဒီတော့ တစ်ယောက်တည်းကို (၁)သိန်း အချိန်ပိုလုပ်အားခ (၅) သောင်း ဆိုရင် (၁) သိန်းခွဲ ဆိုရင် သက်သာလာမယ့် ငွေကြေးကုန်ကျမှုကိုတွက်ပြီး တာ၀န်ပေးတာတွေရှိလာပါတယ်။ ၀န်ထမ်းကလည်း ပိုရလာတဲ့ အကျိုးအမြတ်ကို တွက်ပြီး ဆောင်ရွက်နိုင်ပေမဲ့ ရေရှည်မှာ၀န်ထမ်းက နှစ်ယောက်စာကို OT ဆင်းပြီး အမြဲလုပ်နေရတဲ့အတွက် လုပ်ငန်းခွင်အတွင်း စိတ်ဖိ စီးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေဖြစ်ပေါ်လာပြီး အလုပ်ထဲမှာ စွမ်းဆောင်ရည်ကျတတ်ပါတယ်။ ပုံမှန်ရုံးချိန်အတွင်းမှာ အချိန်ကို သေချာစွာစီမံခန့်ခွဲပြီး ပြီးစီးအောင်လုပ်နိုင်ရင် နှစ်ဖက်စလုံးအတွက် တကယ်အကျိုးရှိပါတယ်။



တစ်ချို့လုပ်ငန်းတွေက ပုံမှန်ရုံးချိန်ကျော်လွန်ပြီးမှ လုပ်ရတာမျိုးတွေရှိပါတယ်၊ အများပြည်သူ သွားလာနေရတဲ့ နေရာတွေ ၊ စျေး၀ယ် စင်တာတွေ ၊ အပန်းဖြေ ဥယျာဉ်တွေလို နေရာမျိုးတွေမှာ ရုံးဆင်းချိန် ရုံးသုံးပစ္စည်း ပြင်ဆင် တပ်ဆင်မှုတွေ ရှိလာခဲ့ရင် ရုံးချိန်ပြင်ပ လုပ်ဆောင်ရတာတွေပါ။ တော်တေ်ာများများက ရုံးသုံး ပစ္စည်းတွေ ပြင်ဆင်တပ်ဆင်ရတဲ့ အလုပ်တွေပါ ၊ ဥပမာ – ဘဏ်လိုနေရာမျိုးမှာ ရေ၊မီး ၊ အဲကွန်း အစရှိတာတွေ တပ်ဆင်တဲ့အခါ ၀န်ထမ်းတွေ ရုံးပြန်ချိန်ကို အလုပ်လုပ်ရတာပါ ။ဒီလို ဆောင်ရွက်တဲ့အခါ အလုပ်ရှင်တွေက ၀န်ထမ်းလိုအပ်ချက်ကြောင့် တနေ့လုံး အလုပ်လုပ်နေသူကိုပဲ တာ၀န်ပေးတာမျိုးတွေရှိပါတယ်၊တကယ်လို့များ ရုံးဆင်းချိန်လုပ်ရမယ့်အလုပ်အတွက် တစ်နေ့လုံး အလုပ်ဆင်းသူကို မခိုင်းပဲ အနားပေးထားတာမျိုး ၊ ရုံးမလာ ခိုင်းပဲ ညနေရုံဆင်းချိန်မှ လုပ်ဆောင်မယ့် လုပ်ငန်းကို စေခိုင်းတာမျိုးလုပ်သင့်ပါတယ်။
တစ်ခါတစ်ရံဆို ပြသာနာမရှိပေမဲ့ ရေရှည်လုပ်ရမယ့် လုပ်ငန်းမျိုးဆိုရင် ၀န်ထမ်းတာ၀န်ခွဲဝေမှုကို ဆောင်ရွက်သင့်ပါတယ်။ တစ်နေ့ကုန် အလုပ်လုပ်ရသူက ညနေပါ အချိန်ပိုဆက်ဆင်းရင် လုပ်ငန်းခွင်အတွင်း အန္တာရယ် ရှိနိုင်သလို ၊ စွမ်းဆောင်ရည်အပြည့်အ၀ရှိဖို့လည်း မသေချာပါဘူး ။အလုပ်ချိန်အတွင်း အပြည့်အ၀ မလုပ်နိုင်တာ
ဒါက ၀န်ထမ်းရေးရာ ပြသာနာတစ်ခုပါပဲ ၊ ပုံမှန်ရုံးချိန်အတွင်း သတ်မှတ်ထားတဲ့ လုပ်ငန်းတွေကို အပြည့်အ၀ မလုပ်ကိုင်နိုင်တဲ့အတွက် မပြီးစီးတာတွေ ဖြစ်လာတာပါ ။ ဒါဆိုရင် ၀န်ထမ်းအနေနဲ့ သူနေ့စဉ်လုပ်ရမယ့် ပုံမှန် အလုပ်တွေကို အချိန်ပိုလုပ်ရတဲ့အထိ ဆောင်ရွက်နေရမယ် ဆိုရင် လိုအပ်တဲ့ ကျွမ်းကျင်မှုကို ပံ့ပိုးပေးဖို့ လိုလာပါပြီ ။ ဘာတွေလိုအပ်နေသလဲ ? ထည့်သွင်းပေးရမယ့်အရည်အချင်း တွေက သေချာစွာ သုံးသပ် ဖြည့်ဆည်း ပေးနိုင်မှသာ မိမိ လုပ်ငန်းခွင်အတွင်း လိုအပ်ချက်ကြောင့်အချိန်ပိုဆင်းရတဲ့၀န်ထမ်းနည်းသွားမှာပါ။



လုပ်ငန်းခွင်ထဲမှာ ရှိတတ်ပါတယ် ၊ တစ်နေကုန်တော့ အလုပ်လုပ်နေတာပဲ ၊ ညနေပိုင်းဆိုအလုပ်တွေ မပြီးသေးလို့ OT ဆင်းဆင်းနေရတယ်ဆိုတာမျိုးပါ ။ တကယ်ကြည့်လိုက်ရင်လည်း မပြီးနိုင်သေးဘူး ဖြစ်နေတာတွေ ဆိုရင် ၀န်ထမ်းအနေနဲ့ ကိုယ်ပိုင်အလုပ်တွေ ၊ အလုပ်ချိန်ထဲမှာ လုပ်နေတာလားဆိုတာ သံသယ ဖြစ်စရာပါ။ လုပ်ငန်းအတွင်း လိုအပ်တဲ့ စွမ်းဆောင်ရည်လည်း ရှိ လုပ်နိုင်ပါရက်နဲ့ မပြီးနိုင်လို့ OT ဆင်းနေရတဲ့ ၀န်ထမ်းတွေမှာအဖြစ်များပါတယ်။
ဒါကိုလည်းအဖွဲ့အစည်းအနေနဲ့ကြတ်မတ်ဆောင်ရွက်လို့ ရပါတယ်။
၀န်ထမ်းတစ်ယောက်ရဲ့ တစ်နေ့အလုပ်လုပ်နိုင်အား ကို တွက်ချက်သတ်မှတ်ထားတာပါ ။ Daily Work done ထားရှိပြီး ရုံးတွင်း /ရုံးပြင် အလုပ်ချိန်များအတွက် နေ့စဉ် သတ်မှတ်ချက် တစ်ခုထားရှိရပါမယ်။ ကျွန်တော်လုပ်ခဲ့တဲ့ နေရာမှာဆိုရင် အင်ဂျင်နီယာ တစ်ယောက်က တစ်နေ့ အနည်းဆုံး အဲကွန်း (၃) လုံး အသစ်တပ်ဆင်ပြီးရမယ့်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီလိုသတ်မှတ်ချက်တွေက ပါ၀င်တဲ့ ၀န်ထမ်းအင်အား ၊ သွားလာရေး ၊တပ်ဆင်မယ့် နေရာ အခက်အခဲ သတ်မှတ်ချက်တွေကို တွက်ချက်ပြီး သတ်မှတ်ထားပါတယ်။ တစ်နေကုန်လို့ဒီသတ်မှတ်ချက် မပြည့်ဘူးဆိုရင် လုပ်ငန်းခွင်ထဲမှာ စွမ်းဆောင်ရည် အပြည့်အ၀ မထည့်ဘူးလို့ ယေဘုယျ သတ်မှတ်လို့ရပါတယ်။



တစ်ချို့၀န်ထမ်းတွေက အလုပ်များချင်သယောင် လုပ်ကြတာတွေ ကိုယ်တွေ့ရှိပါတယ်။ ရုံးချိန်ပြန်တာ နောက်ကျတာ ၊ အချိန်ပိုအလုပ်ဆင်းပြီး အလုပ်လုပ်တာ တွေ ကို ကြိုက်နှစ်သက်တဲ့ အထက်လူကြီးတွေ ရှိတဲ့ ရုံးမှာ ဆိုရင် ပိုပြီးအဖြစ်များပါတယ် ၊ အလုပ်ကို အချိန်ဆွဲပြီးလုပ်တယ် ဒါမှ လူကြီးက အလုပ်လုပ်တယ် ၊အလုပ်ကြိုးစားတယ် ထင်တယ် ဆိုတာမျိုးတွေက တွေ့နေရတာများပါတယ်။ တကယ်ကော အလုပ်များ နေသလား ? အလုပ်များချင်ယောင်ဆောင်နေသလား ဆိုတာကတော့ ကိုယ်တိုင်ရော ၊လုပ်ဖော် ကိုင်ဖက်များပါ သိရှိပါတယ်။
၀န်ထမ်းတစ်ယောက် တကယ်အလုပ်လုပ်ရင်
နေ့စဉ်ဆောင်ရွက်ရမယ့် လုပ်ငန်းသတ်မှတ်ချက်တွေပြီးစီးနိုင်ပါ တယ်။ မိမိအလုပ်ချိန်ထဲကနေတစ်ခြားကိစ္စအပြင်ကို သွားလာတာတွေ၊အလုပ်ချိန်ထဲမှာ စွမ်းဆောင်ရည်အပြည့် အ၀ မလုပ်နိုင်တာ ၊ မလုပ်ချင်တာတွေကြောင့် OT ဆင်းရတာတွေများပါတယ် ။ လုပ်ငန်းလိုအပ်ချက်ကြောင့် လုပ်ရတဲ့ အချိန်ပိုဆင်းရတာတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာတွေလည်း စီစဉ်ထားဖို့လိုပါတယ်။ အချိန်ပိုအလုပ်ဆင်းခြင်းက ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေ အချိန်ကြာလာတဲ့အမျှ ဖြစ်လာတတ်တာကြောင့် အလုပ်ချိန်အတွင်းမှာ စီမံခန့်ခွဲပြီး လုပ်ငန်းပြီးမြောက်စေဖို့ လုပ်ဆောင်သင့်ပါတယ်။

Over Time လုပ်ရတဲ့အခါ ဘာတွေဖြစ်လာတတ်သလဲဆိုရင် –
– Stress (စိတ်ဖိစီးမှု)
– Lower levels of performance (စွမ်းဆောင်ရည်နိမ့်ကျမှုတွေ)
– Fatigue-related errors (ပင်ပန်းနွမ်းနယ်မှုကြောင့်ဖြစ်လာတဲ့ အမှားအယွင်းတွေ)
– Workplace injuries (လုပ်ငန်းအတွင်း ထိခိုက်ဒဏ်ရာဖြစ်တာတွေ)
– Sickness (မကြာခဏ ဖျားနာခြင်း)
– Work / life imbalance (အလုပ်နဲ့ ဘ၀အချိုး မညီမျှမှု) တွေဖြစ်လာတတ်ပါတယ်။
ဒါဆိုရင်မလိုအပ်ပဲ အချိန်ပိုမဆင်းရအောင် ၊လျော့နည်းသွားအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ မျိုးကိုလည်း အကြံပြုချက်တစ်ချို့ တင်ပြချင်ပါတယ်။

✅Check your shift schedules

မိမိရဲ့အလုပ်အချိန်ဇယားကိုသေချာပြန်စစ်ဖို့လိုပါတယ်။ တကယ် အလုပ်တွေ များနေတာလား? အလုပ်နဲ့အချိန်နဲ့မမျှမတဖြစ်နေတာလား ဆိုတာကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဘယ်အလုပ်ကို ဘယ်အချိန်မှာ ဆောင်ရွက်မလဲဆိုတဲ့ Time Management လုပ်ဖို့ပါ။

✅Match Staffing Levels with Work Demand

လုပ်ငန်းခွင် အတွင်းက ၀န်ထမ်းအခြေအနေနဲ့ အလုပ် လိုအပ်ချက် ကို အမြဲ နှိုင်းယှဉ် ချိန်ဆနေဖို့ပါ ။ အလုပ်တွေက များပြီး ၀န်ထမ်းတွေလိုနေသလား ? လုပ်နေတဲ့ ၀န်ထမ်းတွေကကော တွဲဖက်တာ၀န်ယူနိုင်တာ ဘာရှိလဲ ? လက်ရှိအလုပ်အပြင် လူထပ်လိုသေးတာလား အစရှိတာတွေကို စီမံခန့်ခွဲသူက ချိန်ဆနေဖို့ပါ။

✅Closely Monitor Absenteeism

အလုပ်ပျက်ကွက်မှုကြောင့် တစ်ခြား ၀န်ထမ်းတွေ အချိန်ပို ဆင်းရတာ လည်း ရှိပါတယ် ။ အလုပ်လည်း မပိုဘူုး ၊လူလည်း မလိုဘူး ဆိုပေမဲ့ တစ်ယောက်မလာလို့ ကျန်တဲ့သူ OT ဆင်းရတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါမျိုးတွေကို စီမံဖို့စဉ်းစားထားပါ။

✅Emphasize cross-training

Cross Training လိုမျိုး ကိုအားပေးဖို့လိုပါတယ်။ ငွေစာရင်းက Admin အလုပ်ကို လိုအပ်ရင် လုပ်နိုင်ဖို့ သင်တန်းပေးထားမယ် ဆိုတာမျိုးပါ ။ ဒါက လူနည်းပြီး လုပ်ငန်းသေးတဲ့ နေရာမှာအတိုင်းအတာ တစ်ခုအထိ အသုံး၀င်ပါတယ် ။

✅Prepare independent contractor (or) Outsource

၀န်ထမ်းထပ်ခန့်ဖို့လည်းမလိုဘူး ။ အလုပ်ကလည်း များနေတယ်ဆိုရင်တော့ အပြင်က Outsource တွေကို ခေါ်သုံးဖို့ပြင်ဆင်ထားတာ အကောင်းဆုံးပါ။ ဒါဆိုရင် အချိန်ပို ဆင်းပြီးလုပ်ရမယ့် အလုပ်တွေအတွက် အဆင်ပြေစေနိုင်ပါမယ်။

✅Watch the Overtime hours

အချိန်ပိုလုပ်ကိုင်ရတဲ့ အချိန်တွေကို စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ တကယ်ရော လိုအပ်လို့ ဆင်းရရဲ့လား ? စွမ်းဆောင်ရည် ပြည့်ပြည့်၀၀ လုပ်ကိုင်နိုင်ရဲ့လား ဆိုတာကို စောင့်ကြည့် အကဲဖြတ်ဖို့ပါ ။ တစ်ချို့၀န်ထမ်းတွေက ငွေကြေးအတွက် OT ဆင်းပြီး အလုပ်ကို ထိရောက်စွာ မလုပ်ကြတာတွေလည်း ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။
ဒါကြောင့် OT Hours တွေကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ်။အချိန်ပိုလုပ်ငန်းချိန်တွေကို စီမံခန့်ခွဲတဲ့အခါ ကိုယ့်လုပ်ငန်းနဲ့ အဆင်ပြေသလို စီမံခန့်ခွဲနိုင်ပါသေးတယ်။ တကယ်တမ်း မဖြစ်မနေအချိန်ပိုဆင်းရမယ် ဆိုရင်တော့ ဥပဒေပါအတိုင်း အချိန်ပိုလုပ်အားပေးဖို့ကလည်း အရေးကြီးပါသေးတယ်။ နှစ်ဦးနှစ်ဖက် မျှမျှတတ အဆင်ပြေစေဖို့ ဆောင်ရွက်နိုင်ကြရင်း လုပ်အား လေလွင့်ခြင်းများ ကင်းဝေးနိုင်ကြစေဖို့ ….

Ref : : http://www.circadian.com /-how-to-reduce-overtime
ရေးသားသူ – Htain Lin Kyaw (HR)

03/06/2026

Skill လား ? Talent လား ?

ဒီတစ်ပတ်အတွက်တော့ Skill နဲ့ Talent အကြောင်းလေးကို အနည်းငယ်ကွဲပြားအောင် တင်ပြချင်ပါတယ် ။ ဒီတလော Talent ဆိုတဲ့ အသုံးအနှုန်းလေးလည်း တော်တော် သုံးလာကြတော့ တွေ့တော့ တူသလိုလိုနဲ့ ကွဲပြားတဲ့ Skill နဲ့ Talent အကြောင်းကို တင်ပြချင်ပါတယ်။ လုပ်ငန်းတွေမှာ အရင်တုန်းက သုံးခဲ့ကြတဲ့ Skillful Employee ဆိုတာထက် Talent Employee ဆိုတာကို ပိုပြီး လိုအပ်လာကြသလို ၊တကယ်လည်း Talent Management & Talent Development ပိုင်းကို ဦးစားပေးသွားနေရတဲ့ အချိန်မို့ မိမိ၀န်ထမ်းက Skill Level လား Talent ရှိသူလားဆိုတာကို စီမံအုပ်ချုပ်သူတွေအနေနဲ့ ကွဲပြားစွာ သိရှိ အသုံးပြုနိုင်ဖို့လိုပါတယ်။
Talent မှာတောင် ခွဲခြားထားတာတွေရှိပါသေးတယ် ၊ နယ်ပယ်အလိုက်ဖြစ်စေ ၊ မိမိကျွမ်းကျင်ရာ နယ်ပယ် အ ပြင် တစ်ခြားနယ်ပယ်တစ်ခုခုပါ ထပ်မံ ကျွမ်းကျင်ခြင်းကိုပါ ခွဲခြားသတ်မှတ်ထားတာ ရှိပါတယ် ။ ဒီတော့ သက် ဆိုင်ရာ မိမိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ နယ်ပယ်မှာအားလုံးကို နှံ့စပ်ကျွမ်းကျင်တယ် ဆိုရင် ဒါကို Unidimensional Talent လို့ခေါ်ပါတယ် ။ဥပမာ HR ပိုင်းမှာ Unidimensional Talent ရှိသူဆိုပါစို့ HR ပိုင်းနဲ့ပတ်သတ်ပြီး အားလုံးကို နှံ့စပ်ကျွမ်းကျင်သူ ဖြစ်ပြီး သက်ဆိုင်ရာ Sector အားလုံးမှာ ကျွမ်းကျင်တတ်မြောက် ဆောင် ရွက်နိုင်သူလို့ ဆိုရပါမယ် ။
နောက်ထပ် Talent တစ်ခုကတော့ Multidimensional Talent ဖြစ်ပါတယ် ။ မိမိသက်ဆိုင်ရာနယ်ပယ်အပြင် တစ်ခြားနယ်ပယ်တစ်ခုမှာပါ Talent ရှိသူဖြစ်တာကြောင့် Multidimensional Talent လို့ သုံးပါတယ် ။ အထက်က ဥပ မာနဲ့ ပြောရရင် HR ပိုင်းအပြင် Marketing ပိုင်းမှာပါ Talent ရှိတယ် ၊ ပန်းချီဆွဲတာ ၊ ဂီတ အစရှိတာတွေမှာ ထူးချွန်သူတွေဆိုရင်တော့ ဒီလိုသုံးလို့ရပါတယ် ။ ဒီတော့ ၀န်ထမ်းတွေကို အရည်အချင်းပိုင်း ဆိုင်ရာ အဆင့်ဆင့်သတ်မှတ်ထားတာတွေ မှာ Skill နဲ့ Talent ကို ဘယ်လို အဆင့်ဆင့် သတ်မှတ်ထားသလဲ ဆိုတာကို သိဖို့လိုပါတယ် ။
ဒါတွေကတော့
၁။ Multidimensional Talent
၂။ Unidimensional Talent
၃။ Highly Skill
၄။ Skilled
၅။ Semi – Skill
၆။ Unskilled ဆိုပြီး ရှိပါတယ် ။
အရင်ဆုံး Talent အကြောင်းကို ဆက်သွားရအောင် McKinsey ရဲ့ အဆိုအရ Talent မှာ ရှိတဲ့ အချက်တွေကို တင်ပြချင်ပါတယ် ။
ဒါတွေကလည်း
Abilities
Intrinsic gifts
Skill, Knowledge, experience
Intelligence
Judgment, attitude, character, drive
Ability to learn and grow
ဒီအချက်တွေနဲ့ ပြည့်စုံပါ၀င်မှသာ ထိုက်သင့်တဲ့ Talent လို့ သတ်မှတ်လို့ရနိုင်မယ်လို့ဆိုထားပါတယ် ။ ဒီထဲမှာလည်း Skill ဆိုတာ ပါ၀င်လာတာမို့ Skill ဆိုတာကို လည်း သေချာစွာရှင်းပြဖို့လိုပါတယ်။ လုပ်ငန်းတစ်ခုလုပ်ကိုင်တဲ့ အခါ ကျွမ်းကျင်တတ်မြောက်နိုင်မှုအတွက် လေ့ကျင့်သင်ကြားရတာတွေ လုပ်ရပါတယ် ။
ဒီလို လေ့ကျင့်သင်ယူ တတ်မြောက်ခြင်းကနေ ရလာတဲ့ ကျွမ်းကျင်မှု ကို တနည်းအားဖြင့် Skill လို့ ခေါ်လို့ရပါတယ် ။ ဥပမာ – ကွန်ပျူတာ စာစီစာရိုက် လေ့ကျင်တယ်ဆိုပါစို့ ၊နေ့စဉ် အသုံးများသူက အချိန်ကြာလာတာနဲ့ အမျှ ပိုပြီး ကျွမ်းကျင်တတ်မြောက်လာမယ် ၊မြန်ဆန်တိကျလာမယ် ၊အမှားနည်းလာမယ် ဒါဆိုရင် သူက ဒီအပိုင်းမှာ Skill တစ်ခုရှိနေပြီလို့ ဆိုလို့ရပါတယ် ။
နောက်တစ်ခုက အားကစား သမားတစ်ယောက် အနေနဲ့ Skill ကို လေ့ကျင့် သင်ကြားမှုကနေ ရလာနိုင်ပါတယ် ။ ဒိထက်ပိုပြီး ကျွမ်းကျင်မှု ဖြစ်လာပြီဆိုရင်တော့ အထက်က တင်ပြခဲ့တဲ့ အချက်တွေပါ ထပ်ပေါင်းထည့်နိုင်ရင် Talent အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
လုပ်ငန်းခွင်တော်တော်များများမှာ Talent Employee တွေရှိတတ်ပါတယ် ။ ဒါကို ၀န်ထမ်းရေးရာ တာ၀န်ရှိသူတွေ ၊ သက်ဆိုင်ရာ Line Manager တွေနဲ့ စီမံခန့်ခွဲသူတွေက တွေ့မြင်ဖို့လိုအပ်ပါတယ် ။ ၀န်ထမ်းက လက်ရှိလုပ်ငန်းမှာ ကျွမ်းကျင်မှု မရှိဘူးဖြစ်နေတယ် ဆိုတာ အချက် (၃) ချက်အပေါ် အခြေခံပြီးစဉ်းစားလို့ ရပါတယ် ။
၁။ စိတ်ပါ၀င်စားမှု
၂။ သင်ယူလေ့လာလိုစိတ်
၃။ ကျွမ်းကျင်မှု နည်းပါးခြင်း ဆိုတဲ့ (၃)ချက်ပါ ။
တကယ်လို့ ဒီသုံးချက်ပြည့်စုံရင် Skill ရှိသူဖြစ်ပြီး ဒီကတစ်ဆင့် Talent အထိသွားလို့ရပါတယ် ။ဒီတော့ Talent ဆိုတာကလည်း ရှိနိုင်ဖို့ Result , Improve, Practice ဆိုတာတွေ မပါပဲဖြစ်နိုင်တာကြောင့် Talent ရှိသူကို ဒီအချက် တွေနဲ့ နှိုင်းယှဉ် ဆုံးဖြတ်လို့ရနိုင်ပါတယ် ။ ဒီလိုဆိုရင်တော့ Skill & Talent ကို အနည်းငယ် ကွဲပြားပြီလို့ ထင်ပါတယ် ။
ရေးသားသူ – Htain Lin Kyaw (HR)

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Between 102/71A Street, 3th Floor, Chin Corp Office Tower
Mandalay