Mizu

Mizu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mizu, Mandalay.

19/06/2026

ဂျပန်ကို မလာပါနဲ့!!

ရတဲ့လစာထဲကနေ
အခွန်အမျိူးမျိူးတွေဖြတ်ပါတယ်
မကြိုက်ရင်မလာပါနဲ့။

စည်းကမ်းတင်းကြပ်ပါတယ်
မကြိုက်ရင် မလာပါနဲ့။

အလုပ်မှာ
ကြိုးစားနေတယ်လို့ ကိုယ့်ဘာသာထင်ပေမယ့်
အရည်အချင်းက တိုးတက်မလာဘူးလို့
ကောက်ချက်ချခံရနိုင်ချေတွေရှိပါတယ်
အဲဒါတွေ ခံနိုင်ရည်မရှိရင် မလာပါနဲ့။

ဂျပန်စာ N3 Levelသမားတွေတောင်
ရောက်ခါစ တိုင်ပတ်တတ်လို့
ဂျပန်စကားပြော လုံးဝမရဘဲ
မလာပါနဲ့။

နားမလည်ဘဲ
နားလည်တယ် ပြောမယ်ဆို မလာပါနဲ့။

မိမိကိုယ်ကို ပြန်မသုံးသပ်တတ်ရင်
မလာပါနဲ့။

ကိုယ့်အမှားကိုယ်
မတောင်းပန်တတ်ရင်
မလာပါနဲ့။

နိုင်ငံခြားသားဖြစ်နေတဲ့အတွက်
ယုံကြည်စိတ်ချမှုခံရနိုင်ဖို့ အချိန်တွေအကြာကြီးပေးရတတ်ပါတယ်
စိတ်မရှည်ရင် မလာပါနဲ့။

နိုင်ငံခြားသားဖြစ်နေတဲ့အတွက်
ဂျပန်တွေထက် သတိထားခံရ
အာရုံစိုက်ခံရတတ်ပါတယ်
ဂျပန်တွေထက်ပိုပြီး
သတိကြီးကြီးနဲ့နေမှ
ကြိုးစားမှ
ဖြစ်မှာပါ
အဲဒါတွေလုပ်နိုင်မယ်လို့
ယုံကြည်ချက်မရှိရင်
မလာပါနဲ့။

လိမ်ပြောတဲ့သူမရှိသလောက်ရှားတယ်
ကိုယ်တခါပြောထားတာကိုလဲ
အမှန်လို့မှတ်ယူထားတတ်ကြတာမို့
အဆင်ပြေပြီးရော
မဟုတ်တာတွေ ပြောမယ်
ဖြေမယ်
အစီရင်ခံမယ်
ရှေ့စကားနောက်စကားမညီဘူးဆိုရင်
ယုံကြည်မှုနည်းပါးသွားနိုင်ပါတယ်။

ယုံကြည်မှုပြန်တည်ဆောက်ဖို့
ယူရတဲ့အချိန်နဲ့ မကာမိလို့
အဆင်ပြေသလို လိမ်ပြောတတ်တယ်ဆိုရင်
မလာပါနဲ့။

တခုခုမှားယွင်းသွားရင်
ဟုတ်တယ်
ငါမှားသွားတယ်
ငါ မေ့သွားတယ်။
တောင်းပန်ပါတယ်
နောက်တခါမဖြစ်ရအောင်
ဂရုစိုက်ပါမယ်ဆိုတာမျိူး
ပွင့်ပွင့်လင်းလင်း
ဝန်မခံတတ်ရင်
မလာပါနဲ့။

ဝန်ထမ်းအချင်းချင်း
ချစ်ချင်ခင်ခင်ရှိချိန်တွေရှိသလို
တင်းတင်းမာမာပြောဆိုခံရချိန်
မချစ်မခင်ဖြစ်ချိန်တွေလဲ
ရှိနိုင်လို့
အစကတည်းက
ကိုယ့်ဘာသာ နေတတ်အောင်နေပြီး
စည်းလေးတခုထားပြီး
နေတတ်ဖို့ လိုတယ်။
အဲလို မနေတတ်ရင်
မလာပါနဲ့။

တဖက်လူဘက်ကို
တွေးမပေးတတ်ရင်
မလာပါနဲ့။

ဂျပန်လုပ်ငန်းခွင်မှာက
လူတစ်ယောက်ရဲ့အကျင့်
အတွေးအခေါ်
ဘယ်လောက်ထိ နေရာပေးလို့ရနိုင်လဲဆိုတာကို
စောင့်ကြည့်နေတာမို့

မိမိရဲ့အပြုအမူတိုင်းကို
သတိထားဖို့ လိုပါတယ်။

ရည်မှန်းချက်ကြီးကြီးထားမယ်ဆိုရင်
စိတ်ရှည်ရှည်ထားပြီး
တနေ့ချင်းစီကို ကြိုးစားဖြတ်သန်းသွားဖို့လိုပါတယ်။

လွတ်မြောက်ရာနေရာအနေနဲ့
လာရပြီးရော
နောက်မှ
အဆင်ပြေသလို ကြည့်ကျက်လုပ်လိုက်မယ်ဆိုတဲ့
သူတွေလဲ
မလာပါနဲ့။

မတတ်သာလို့ ရလာပြီဆိုရင်လဲ
အပေါ်က အချက်တွေကို
လုပ်နိုင်မှ
ရေရှည်ပိုမို တိုးတက် အဆင်ပြေနိုင်မှာပါ။

(ပုံကတော့
စာရွက်စာတမ်းတွေလဲ အချိန်မီ ပြီးရမယ်
ပြဿနာတွေလဲ အရေးတကြီးအလိုက်ရှင်းရမယ်
ဖုန်းတွေပြောရမယ်
စာတွေ Emailတွေပို့ရမယ်
မီတင်တွေတက်ရမယ်
တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ခေါင်းကိုက်ရမယ်
အရင်လထက် ခုလ
ကိုယ့်အရည်အချင်းကိုယ်လဲ မြှင့်တင်ရ​မယ်
ဆိုသူ၏

အိမ်ပြန်ချိန်ကျော်လွန်၍
မကြာခင်ပြန်ကို ပြန်သင့်နေသူ၏
ဝရုန်းသုန်းကား အလုပ်စားပွဲ)

Mizu

15/05/2026

မစားခင် ပုံအရင်ရိုက်တဲ့ခေတ် 😛

04/05/2026

🩵💛

တကယ်လို့ မရောက်ချင်တဲ့ မနက်ဖြန်တွေရှိခဲ့ရင်

တကယ်လို့ ရင်ဆိုင်နိုင်တဲ့ အားအင်ပမာဏတွေ
မရှိခဲ့တော့ရင်

တကယ်လို့ အရှုံးကလွဲလို့ နောက်ထက်ရွေးချယ်စရာ
မယ်မယ်ရရ မရှိတော့ဘူးဆိုရင်

လက်ကျန်သတ္တိနဲ့ ကျန်သလောက်ခွန်အားနဲ့
ဖြစ်နိုင်ခြေရှိသမျှ အတတ်နိုင်ဆုံး
အကောင်းဆုံးသာ တောင့်ခံနိုင်ဖို့သာ ကြိုးစားရတော့မှာပဲ။

လူတွေရဲ့ဘဝမှာ ဆုံးရှုံးမှုတွေကလွဲလို့
ဘာမှ ထပ်ပြီး ရွေးချယ်စရာ မရှိတော့တဲ့အခိုက်အတန့်တွေ
ရှိသလို..

အမှန်တရားတစ်ခုအတွက်
မဖြစ်မနေမှားလိုက်ရမယ့် အခိုက်အတန့်တွေလည်း
ရှိကြတာပဲ ..

ကိုယ်ရထားတဲ့ဘဝ တွေအတိုင်း
ဒုက္ခတွေလည်း သူ့ထုထည်နဲ့သူ ရှိရတာပဲ ။

"ဘဝမှာ တခါတလေ အရှုံးပေးရတယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် အနားပေးခြင်းတစ်မျိုးပဲ "

အသက်ရှိနေသရွေ့ လောကဓံ နဲ့
လုံးထွေးသတ်ပုတ်နေရအုံးမှာပါ
အမြဲတမ်း လည်း အဆင်ပြေချင်လို့မရသလို
အမြဲတမ်းလည်း ဒုက္ခတွေပဲရနေမယ်လို့
သတ်မှတ်လို့ဘယ်ရမလဲ ..

ဘာပဲဖြစ်ဖြစ် ဘယ်အခြေနေရောက်ရောက်
အကောင်းဆုံး ကြိုးစားနေထိုင်ပြီး
ကိုယ့်ကိုယ်ကိုယ်လည်း
နားလည်လက်ခံပေးတတ်ဖို့လိုတယ်ပေါ့...

Thedream

21/04/2026

လုပ်ငန်းခွင်အတွေ့အကြုံ (ဂ)
(အလုပ်ဝင်ပြီး ၃နှစ်ပြည့် အမှတ်တရ)

အလုပ်စဝင်ခါစက
အသားမကျသေးတာတွေ
မသိနားမလည်တာတွေ
ဂျပန်လူမျိူးတွေရဲ့အထာကိုမသိတာတွေနဲ့
စစချင်း စိတ်တော်တော်ပင်ပန်းခဲ့တယ်
စိတ်လှုပ်ရှားတဲ့စိတ်
ငါလုပ်တာမှားနေလား
စိုးရိမ်တဲ့စိတ်
မသိဘူးပြောရမှာကို ဝန်လေးတဲ့စိတ်

စိတ်တွေက ပေါ့ပေါ့ပါးပါးမရှိ
လေးလံမှုတွေနဲ့ပေါ့

ကိုယ်က ရုံးအလုပ်လဲတခါမှမလုပ်ဖူးခဲ့တော့
တနေကုန် ကွန်ပြူတာရှေ့ထိုင်နေရတာကြီးကိုက
စစချင်း ထောင်ကျနေသလို ခံစားခဲ့ရတယ်

မသိတဲ့ဂျပန်စာလုံးရှာချင်ရင်
ဒါလေးတောင်မသိလို့
ငါ့ကိုလှောင်နေမလား
ဆိုပြီးတွေးနဲ့

အပိုအတွေးတွေ
မလိုတဲ့အတွေးတွေ
အရမ်းများခဲ့တယ်

အထက်လူကြီးက
အော်ထည့်လိုက်မလားဆိုပြီး
မသိစိတ်က လန့်နေတာလဲ ရှိခဲ့တယ်
အဲဒါကတော့
အစ်ကိုတွေမောင်တွေရဲ့ ဒေါသတွေကို
လက်တွေ့ခံစားလာခဲ့ရဖူးသူမို့ထင်ပါတယ်။

အဆူမခံရဖို့
အပြစ်ပြောမခံရဖို့ကို
အဓိက ထားခဲ့မိတယ်။

နောက်တော့
သူဌေးကသင်ပေးတဲ့စကားတခွန်း
စိတ်ထဲမှတ်မိသွားတယ်။
အလုပ်ထဲမှာ
အရေးအကြီးဆုံးက ဘာလဲ သိလား
考え方(စဉ်းစားတွေးခေါ်ပုံ)ပဲ
တဲ့

ပြဿနာတခုခု
အခြေအနေတခုခုကြုံလာရင်
ကိုယ်ဘယ်လို စဉ်းစားတွေးခေါ်လဲ ဆိုတာက
အရေးကြီးတယ်
စဉ်းစားတွေးခေါ်ပုံပေါ်မူတည်ပြီး
တစ်ယောက်နဲ့တစ်ယောက် ကွာသွားတယ်။

အဲ့ နောက်

အန်တီက သင်ပေးတာကျတော့
ခိုင်းထားတဲ့အရာကိုလုပ်တာက
လူတိုင်း လုပ်တတ်တယ်။

အချိန်ပိုင်းအလုပ်လုပ်နေသူတွေလိုမျိူး
ဘာစဉ်းစားတွေးခေါ်နေစရာမှ မလိုတဲ့
ကာယအားပဲစိုက်နေရင်ရတဲ့
အလုပ်မျိူးတွေက
ဘယ်သူမဆို လုပ်တတ်တယ်။
အဲဒါတွေလောက်
လုပ်တတ်နေရုံနဲ့
မရဘူး။
ကိုယ့်အရည်အချင်းတိုးတက်လာမှာမဟုတ်ဘူး

မီမီ့ကို အရည်အချင်း ဒီ့ထက်တိုးတက်စေချင်တာ

တဲ့။
နောက်တော့

မြန်မာတွေရဲ့ကိစ္စတွေကို
အစီရင်ခံတယ်ဆိုတာ
စကားပြန်သက်သက်လို
အစီရင်ခံနေလို့ မရဘူး။
စကားပြန်မဟုတ်ဘူး

တာဝန်ခံ။

သူတို့ပြောတာကို ပြန်ပြောပြနေရုံလောက်နဲ့
မပြီးဘူး
အဲ့အခြေအနေကို
ကိုယ်တိုင်က ဘယ်လိုဖြေရှင်းလဲဆိုတာ
စဉ်းစားရမယ်။
သူတို့ဆီက အဲလိုအကြောင်းအရာကို
ကြားရတဲ့အခါ
ဒီတိုင်းပဲ
နားထောင်ခဲ့တာလား

ဘယ်လိုမှ
မတွေးမိဘူးလား




ကိုယ့်ကို
အလုပ်က သင်ပေးတာတွေ
အများကြီးပါပဲ။

ခုဆို ပေါ့ပေါ့ပါးပါးနဲ့
အလုပ်လုပ်နိုင်နေပါပြီ။

အကြောင်းအရာတွေဆိုလဲ
ကိုယ်ပဲ နားထောင်
ကိုယ်ပဲ မေးခွန်းတွေပြန်ထုတ်
ကိုယ်နဲ့တင်ပြီးသွားမယ့်ပြဿနာဆိုရင်
မန်နေဂျာကို အလုပ်မရှုပ်စေတော့ဘဲ
ကိုယ်နဲ့တင်ဖြေရှင်း။
တိုင်ပင်ဆွေးနွေးဖို့လိုတာတိုင်ပင်
ဒါကတော့
ပြန်ပြောပြမှရမယ့်ကိစ္စ
ဒါကတော့
ဒီလိုမဟုတ်သေးဘူး

ဒီကိစ္စက
သေးသေးလေးကနေ ကြီးလာတော့မှာ

စသည် စသည်

အလုပ်ပြီးဖို့တင်ပဲမဟုတ်
အပြစ်ပြောခံရမှာတွေ
မခံရမှာတွေ
စိတ်ထဲမရှိတော့

အလုပ်တကယ်ထိရောက်ဖို့
ပြဿနာကို ကြိုတင်ခံစား
သုံးသပ်တတ်တဲ့
အလေ့အကျင့်

ဆုံးဖြတ်နိုင်တဲ့
ယုံကြည်မှု
တွေပါ

ရလာခဲ့တယ်။

နောက်လံ
ဒီ့ထက် အရည်အချင်းတိုးတက်ဖို့
ဆက် မျှော်လင့်တယ်။

ကိုယ့်ရဲ့အထက်လူကြီးတွေနေရာ
ကိုယ်ရောက်လာရင်
ဆိုတဲ့
အတွေးအခေါ်နဲ့
အတူပေါ့။

Mizu
April 22,2026

31/03/2026

ဒီနေ့
ဒီလိုအချိန်တွေ
ဒီလိုအခြေအနေတွေဟာ

နောက်
ဘယ်တော့မှ
ပြန်မရောက်တော့ဘူး
ဆိုတာ

ယုံ

Mizu
March31,2026

Photos from Mizu's post 14/03/2026

ဂျပန်ကုမ္ပဏီတွေကို reportတင်ဖို့ mailရေးတဲ့အခါ
ဂျပန်လိုကိုယ့်ဘာသာရေးပြီးမှ စိတ်ချရအောင်
တခါတလေမှာ google translate မှာ အဂ်လိပ်လို ပြောင်းပြီးကြည့်တတ်တဲ့အကျင့်က မပျောက်သေးဘူး။

အဂ်လိပ်လိုတင်မက
တခါတလေ ဘာရယ်မဟုတ် မြန်မာလိုလဲ ပြောင်းကြည့်သေးတာ

မြန်မာလိုက အကုန်လုံး အမှန်မထွက်လာတာများတော့
ဘယ်လိုမျိူးများထွက်လာမလဲ သိချင်ရုံပါ

ခုလဲ လျှာရှည်ပြီးပြောင်းကြည့်လိုက်မိတာ
မျက်စိတောင်ပြူးတယ်

ပြောင်းကြည့်မိတဲ့ ငါကိုက မှားတာပါ လို့

!

မြန်မာစကားပြန်မငှါးဘဲ
Google translateအားကိုးပြီး
မြန်မာဆိုင်းဘုတ်တွေ
မြန်မာမီနူးတွေရေးတတ်တဲ့သူတွေကို
သွားသတိရမိတယ်
အထူးသဖြင့်
ထော်ကိုင်းသားတွေပေါ့

😁

Mizu

12/03/2026

လူဆိုတာ
မိမိခံစားချက်ကို
မိမိဘာသာပဲ တာဝန်ယူရမှာပဲဖြစ်ပါတယ်

စိတ်မကြည်တာ
စိတ်လေတာ
ပျင်းသလိုလိုဖြစ်တာ
စသည်
စသည် ….

တယောက်ယောက်ကို
သင်ချစ်မိနေတာမဟုတ်ပါဘူး

တယောက်ယောက်ဆီက

အာရုံစိုက်ခံရမှု ရချင်နေတာ

ဖြစ်နိုင်ပါတယ်။

အားနေရင် စာလုပ်ပါ

စိတ်လေတဲ့အခါ စာလုပ်ပါ

ကမ္ဘာကြီးပျက်စီးနေလဲ

စာပဲ

ဆက်လုပ်နေပါ

:3

ပုံ

Mizu

22/02/2026

တခါလွင့်လာပြီးတာနဲ့ ပျောက်ပျက်သွားတတ်တဲ့
ဆပ်ပြာပူပေါင်းလေးတွေကိုမြင်ရင် ပျော်တတ်ကြပြီးတဲ့နောက်

ပူပေါင်းလေးတွေ ပျောက်ပျက်သွားရင်
သဘာဝလို့ သိနေကြတော့

ပျောက်ပျက်သွားလဲ
အထွေအထူး ဝမ်းမနည်းကြဘူး မဟုတ်လား….

တကယ်တော့
ပူပေါင်းလေးတွေလိုပဲ

အနှေးနဲ့အမြန်ပဲကွာတာ

အရာအားလုံးက
ပျောက်ပျက်သွားမှာပါ။

မင်းကို ပျော်ရွှင်စေတဲ့အရာတွေ

မင်းသာယာနေတဲ့အရာတွေ

မင်း ဖက်တွက်ထားတဲ့
အရာတွေ
ခံစားချက်တွေ

မင်းမှာ ရှိရှိသမျှ
မင်းဆီမှာအမြဲရှိနေမယ်လို့ ထင်တဲ့အရာမှန်သမျှ

အရာဝတ္ထုတွေရော
ခံစားချက်တွေရော

မင်းရဲ့ခန္ဓာကိုယ်ကြီးရော

မင်းဖက်တွယ်ထားချင်တဲ့
အချိန်ကာလအခိုက်အတန့်တွေရော
အပါအဝင်
မြင်မြင်သမျှ
ရှိ ရှိသမျှ
အရာအားလုံးပဲပေါ့။

ဒါပေမယ့်

ကိုယ်တို့တွေဟာ

ကိုယ်ဖက်တွယ်ထားတဲ့အရာ
တခုခု
ဆုံးရှုံးရရင် လက်မခံနိုင်ကြပါဘူး

သဘာဝတရားပဲလေလို့

မတွေးနိုင်ကြဘူး။

တော်တော်နဲ့

ဖြည်မဆည်နိုင်ကြပါဘူး။

ပျောက်ပျက်သွားတဲ့
ပူပေါင်းလေးတွေ
ပြန်မဖြစ်လာတော့သလို

အဲဒါတွေကို
ပြန်လိုချင်နေလဲ
ပြန်မရနိုင်တော့ပါဘူး။

ဆုံးရှုံးရမှာ ကြောက်သူတချိူ့ကတော့

အစကတည်းက
မရှိတာဟာ

ကောင်းတာပဲ လို့

ကိုယ့်စိတ်ကိုယ်

လိမ်တတ်ကြတယ်။

တကယ်တော့

သဘာဝအတိုင်းဆုံးရှုံးရမယ်ဆိုတဲ့အခြေအနေတွေကနေ
ရှောင်ပြေးလို့မရပါဘူး။

မွေးဖွား
ရှင်သန်
ရုန်းကန်
ဖြတ်သန်း
ပြီးဆုံး
ကြရမှာပေါ့။

ဒါ သဘာဝပဲလေ …..

Mizu
Feb22,2026

20/02/2026

အလုပ်ကို ပြောဦးမယ်
Screen timeတွေများနေလို့ နားချိန် ခဏခဏထည့်ပေးပါလားလို့
😁😁

Mizu
Feb 20, 2026

16/02/2026

ဘာပဲဖြစ်ဖြစ်
သတိရတယ်

သတိရစိတ်တွေဟာလဲ
ကုန်ဆုံးရက်ရှိကြတယ်

ဘယ်တော့လဲ ဆိုတာတော့

ဘယ်သူမှတော့
မသိဘူး

Mizu
Feb16,2026

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay