24/05/2026
🎉မန္တလေး ဖောင်တော်ဦးကျောင်းတိုက် "ဝ" စာပေသင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း အသိပေးချက်နှင့် ကျေးဇူးတင်လွှာ🎉
🤗နွေရာသီ ကျောင်းပိတ်ရက် သုံးလတာအတွင်း ဖွင့်လှစ်ခဲ့သည့် "ဝ" စာပေသင်ကြားမှု သင်တန်းဆင်းပွဲကို 18.5.2026 အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါသည်🤗။
🙏ယခုကဲ့သို့ အောင်မြင်စွာ ဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြသော "ဝ" ကျောင်းသူ/သားဟောင်း တစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ယခုလို ရန်ပုံငွေရရှိအောင် ဦးဆောင်၍ အလှူခံပေးသော ဦးဇင်းအိုက်ဆွေ(တန့်ယန်း) ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။🙏
🙏 သင်တန်းဆင်းပွဲတွင် အချိန်မအားသည့်ကြားမှ ကြွရောက်၍ ဩဝါဒပေး ချီးမြှင့်ပေးပါသော ဦးတေဇောဘာသကိုလည်း အထူးကျေးဇူးတင်ရှိပါသည် ဘုရား 🙏
🙏 သင်တန်းဆင်းပွဲတွင် ကျောင်းပုံမှန်တက်သော ကျောင်းသူ/ကျောင်းသားများအား သင်တန်းဆင်းလက်မှတ် (Certificate) များ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် "ဝ" ကျောင်းသူ/သားဟောင်းများထံမှ ရရှိလာသော အလှူငွေများကိုလည်း ဖောင်တော်ဦးကျောင်း၊ G-3, ရန်ကုန်တွင်ပညာသင်ယူနေကြသည့် "ဝ" သံဃာတော်များနှင့် "ဝ" ကျောင်းသူ/ကျောင်းသားများကို တစ်ဦးတစ်ယောက်မကျန် မုန့်ဖိုးအဖြစ် လက်ရောက်ပေးကမ်း လှူဒါန်းခဲ့ပါသည်။ 🙏
🙏 "စုပေါင်းခြင်းသည် အင်အား" ဆိုသည့်အတိုင်း ဆရာသာရှိပြီး တပည့်မရှိလျှင် မဖြစ်မြောက်နိုင်သလို၊ တပည့်သာရှိပြီး ဆရာမရှိလျှင်လည်း မဖြစ်နိုင်ပါ။ ယခုကဲ့သို့ တက်တက်ကြွကြွဖြင့် ပါဝင်ပေးကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားအားလုံးကို တစ်ဦးမကျန် အထူးကျေးဇူးတင်ပါသည်။ နောင်နောင်တွင်လည်း ဒီထက်မက ပိုမိုကောင်းမွန်အောင် အတူတကွ ပိုမိုကြိုးစားကြပါစို့။ 🙏
မေတ္တာဖြင့်
🙏Bawg Yam pa mhawm kawm uik .🙏
( 18.5.2026 ) Si ng*ix pa hoik gau lai Vax taux Vad ( P.D.O.)✍️📖📖📖
Ting bon son kaux pui pa lu tan sau ring mee kom uik kom Leng khax ... 🙏🙏🙏
With Metta
11/04/2026
🙏ငလျင်ကြောင့်ထိခိုက် ပျက်ဆီးသွားတော့ ဖောင်တော်ဦး ဓမ္မရုံကို ပြန်လည်ပြုပြင်ရန်အတွက် စေတနာ သဒ္ဓါတရား နည်း/ များ မည်သူမဆို ပါဝင်ကုသိုလ်ပြုနိုင်ကြောင့် အသိနှိုးဆော်အပ်ပါသည်။ 🙏
လှူဒါန်းလိုပါက အောက်ပါ Kpay အကောက်သို့ ပို့ဆောင်၍ လှူဒါန်းနိုင်ပါသည်။
"ဝ"ဘာသာဖြင့်
🙏Nyiex Vad Ting (Dhammayung)
Phaung Daw Oo
pa leux doh k*m deet reem an sonsang Iex dex mi caox che mhawm an phit iex pex takka sattha bui mhawm k*m uik tawx tan joe tiem pun koe rieng sax ang aik iet pun mawx ang iex awh kha.🙏
Chix dex tawx tan
Taux Mhai Pong (Ting hua ) gex in
11/03/2026
ဒီနေ့ကတော့ Glawk Jaux အခြေခံ အတန်းလေးပါဗျာ👋
White board ပေါ်မှာ အလွတ်ရေးကြည့်ခိုင်းတာလေး 🫢
အကုန်လုံးတော့ ရေးနိုင်ကြပါတယ် တော်ကြမယ်လို့ပြောရမယ်💪👏
ကိုရင်တွေအကုန်လုံးလည်းစာရကြပါတယ်ဗျ 💯🙏
#ဝလူငယ်များ
07/03/2026
ဖောင်ဝောာ်ဦးကျောင်းအတွင်း၌ရှိသော"ဝ"ကျောင်းသူ/သားများနှင့် ကိုရင်များအတွက် "ဝ"စာကို စတင်သင်ကြားနေပါပြီ 💯
01/03/2026
👋 Baux Yam Ba Mhawm Kha Ku Kaux🙏
👋 အားလုံးပဲမင်္ဂလာပါ🙏
နွေရာသီကျောင်းပိတ်ရက်လည်းပြန်လည်ရောက်ရှိလာပြီဆိုဝောာ့ "ဝ"စာသင်တန်းကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းကြေငြော်အပ်ပါတယ်ရှင့် 📝🗣️
ပြန်လည်စတင်မဲ့ရက်ဇွဲ - (၆/၃/၂၀၂၆) 📆
အချိန် - နေ့လည်ပိုင်း (2PM to 3PM) ⏰
တနင်္လာနေ့မှသော့ကြာနေ့ အထိ 📝
ကြာချိန် သုံးလ(or)နှစ်လခွဲ ⏳
#ဝလူငယ်များ
09/09/2025
✨(7.9.2025)✨
ဘုန်းဘုန်းကြီးရဲ့ (79) နှစ်ပြည့်မွေးနေ့မှာ ကျွန်တော်တို့ မန္တလေး ဝ လူငယ်အဖွဲ့အား ငွေပဒေသာပင် တစ်ပင်စိုက်ထူထားနိုင်ခဲ့သည်။🏁💯
[ကျတော်တို့ ဘုန်းဘုန်းကြီး ဒီထက်မက မြန်မာနိုင်ငံတခွင်ကကျောင်းသား၊သူများကို ပညာအလင်းထွန်လင်းပေးနိုင်ပါစေ။ သက်တော်ရာကျော်ရှည်ပါစေဘုရား။]🙏🙏🙏
Wa Version (Lox Wa/Praog)
7 ng*ix 9 khix 2025 num mawh sing*ix mhawm, mawh ng*ix pa keh Tax Sara daw nyiex vad PDO Mandalay Keung Man. Yix cub caw kawn nyawm vax khum tix yuh kusala krax mhawm tawx dan mau...Kieh Tax sara daw yix lang im prem ju, nu saux mhawm ot mhawm koe, si u rhawm, yuh kaing pui hun ye ye yaw yaw hu si voe.🙏🙏🙏
Caw Kawn Vax❤️❤️❤️
27/08/2025
🛕ဖောင်တော်ဦး (ဘက) 'ဝ' ကျောင်းသား၊သူများ ဆုပေးပွဲ အခမ်းအနားကို 24.8.2025 ရက်နေ့တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။💯🏁
🎓 ဆုပေးပွဲ အစီအစဉ်ကို ကျတော်တို့ ပထမ ဖွင့်ပွဲ အနေနဲ့ ဖောင်တော်ဦးကျောင်း တာဝန်ရှိသူ ဦးဇင်း ဇနိန္ဒ (ခ) ဦးဆန်ဝင်း မှ ကျောင်းသား၊သူ များခွန်အားဖြစ်စေမယ့် စကားဩဘာပေးပြီး ဆုပေးအခမ်းအနားနဲ့ ကျောင်းသား၊သူတို့ စွမ်းရည်ပြသခြင်း အစီစဉ်ဖြင့် ပွဲတော်ကို အောင်မြင်စွာ စောင်ရွက်နိုင်ခဲ့ပါတယ်။
ပြီးနောက် ကျတော်တို့ ဝ လူငယ် စာသင်သားအဖွဲ့ေလးကို ပထမဆုံး ငလျင်ကြောင့် သိခွင့်ရလိုက်တဲ့ ထိုင်းနိုင်ငံတွင် Ph.D စည်းပူးလျက် ဆရာတော် ဦးနန္ဒိယမှ ကျတော်တို့ ဝ လူငယ်အဖွဲ့ရဲ့ ခရီးလမ်းတစ်လျောက်လုံးဖြစ်မြောက်အောင် ကူညီပေးခဲ့သည်။ ထိုအပြင် ဦးဇင်း သောဘနအား လူငယ်များ စိတ်အားမငယ်အောင် အရပ်ရပ်ကလှူရှင်များနှင့် ချိတ်ဆက်ကား ဝ စာပေ ပပျောက် ခြင်းကို မခံချင်စောနဲ့ အလှူငွေလိုက်လံကောက်ပေးခဲ့သည်။ ကျတော်တို့ ဝ လူငယ်ဘက်က အတိုင်းမသိ ဝမ်းသာပိတိဖြစ်ခဲ့ရပါကြောင်း ❣️❣️
" Ang chi lai, Ang chix sawn
Phan chix saw, tom chix yuh
Son sang yuh, gau g*i lai
Krax chix ku ceu, leu khaing mau".
Sau riang tix gau lai ceu pui praog yix hu sivoe heue..