✏️📚 Summit Preschoolers လေးတွေရဲ့ စာရေးချိန် 📚✏️
ကလေးတိုင်းရဲ့ သင်ယူမှုခရီးစဉ်ဟာ အဆင့်ဆင့် တိုးတက်လာကြပါတယ်။ 🌱
ဒီနေ့ စာသင်ချိန်မှာတော့...
📝 KG ကလေးတွေက စာလုံးလေးတွေကို ကိုယ်တိုင်ရေးသားရင်း ယုံကြည်မှုအပြည့်နဲ့ သင်ယူခဲ့ကြပါတယ်။
✏️ Pre-KG ကလေးတွေက Tracing လေ့ကျင့်ရင်း လက်ချောင်းကြွက်သားသန်မာမှုနဲ့ စာရေးအခြေခံစွမ်းရည်တွေကို ဖွံ့ဖြိုးစေခဲ့ကြပါတယ်။
🎨 Nursery ကလေးငယ်လေးတွေကတော့ အရောင်စုံလေးတွေခြယ်ရင်း ပျော်ရွှင်မှုတွေနဲ့အတူ ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုစွမ်းရည်များကို လေ့ကျင့်ခဲ့ကြပါတယ်။
သင်ယူမှုတိုင်းဟာ ကလေးတွေရဲ့ အနာဂတ်အတွက် အဖိုးတန်ခြေလှမ်းလေးများ ဖြစ်ပါတယ်။ 💖
Summit Preschool မှာတော့ ကလေးတိုင်း ပျော်ရွှင်စွာ သင်ယူရင်း နေ့စဉ်တိုးတက်ကြီးထွားလာစေဖို့ အမြဲ အားပေးပံ့ပိုးပေးနေပါတယ်။ 🌟
Summit English Language and Preschool
Everything in the garden is lovely.ပွင့်သောပန်းတိုင်းလှကြသည်။ We offer a number of English Language services. Please visit our page for more information.
We are a local organization in Mandalay, in Myanmar and we have been in the field of teaching English to both young and adult learners for almost 25 years. Please like our page for the different English sessions we have been offering both online and offline. Currently, we are offering online teaching services to all those in need of learning English during the pandemic disease. Summit English Lang
Summit ရဲ့ YLE တန်းခွဲတွေမှာ ကလေးတို့ရဲ့ နားထောင်ခြင်း (Listening)၊ ပြောဆိုခြင်း (Speaking)၊ ဖတ်ရှုခြင်း (Reading) နဲ့ ရေးသားခြင်း (Writing) စတဲ့ 4-Skills စလုံးကို အခြေခံကစလို့ အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးနေပါတယ်။
16/06/2026
✅ မန္တလေးမြို့က အင်္ဂလိပ်စာ အခြေခံကို ပိုင်ပိုင်နိုင်နိုင် လေ့လာချင်သူတွေအတွက် Summit English Language School ရဲ့ အခြေခံအင်္ဂလိပ်စာတန်းခွဲသစ် (Campus Class) ကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
✅ အထက်တန်းအောင်ပြီးသူများနှင့်အထက် မည်သူမဆို တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာရဲ့ အဓိက 4 Skills စလုံးကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ အခြေခံကစပြီး ယုံကြည်မှုရှိရှိ တိုးတက်လာစေရပါမယ်။
✅ General English ဆိုတဲ့ အထွေထွေသုံးအင်္ဂလိပ်စာကို သင်ကြားပေးမှာဖြစ်တာမို့ ရုံးမှာ၊ကျောင်းမှာ၊စျေးဝယ်ရာမှာ၊ဆေးဝယ်တဲ့အချိန်စသဖြင့် ခေါင်းစဉ်မျိုးစုံနဲ့ အတန်းတွင်းလေ့ကျင့်မှုများ၊ assignments များကို အတန်းဖော်များနဲ့အတူ လေ့လာရမှာမို့ မိတ်ဆွေလည်းတိုး၊ဘာသာစကားစွမ်းရည်ပါ တိုးတက်စေမယ့် အတန်းလို့ ပြောပါရစေ။
✅ သင်ကြားရေးအတွေ့အကြုံ (၁၅) နှစ်ကျော်ရှိတဲ့ ဆရာ/မနဲ့ စနစ်တကျလေ့ကျင့်ရမှာမို့ သင်တန်းသူ/များဖက်က အတန်းသာမှန်ပါစေနော့။
✅သင်တန်းအသေးစိတ်အချက်အလက်များ
📆 စတင်မည့်ရက် - ၆.၇.၂၆
⏰ သင်တန်းအချိန် - မနက် ၇ နာရီ မှ ၈ နာရီအထိ
🗓️ သင်တန်းရက် - တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ (Mon to Thursday)
⏳ သင်တန်းကာလ - ၄ လပြတ်သင်တန်း
📍 ကျောင်းလိပ်စာ
၃၇လမ်း၊၇၃ လမ်းနှင့်၇၄ လမ်းကြား၊မန္တလေးမြို့။
"Everything in the garden is lovely." ဆိုတဲ့အတိုင်း သာယာပျော်ရွှင်စရာကောင်းတဲ့ စာသင်ခန်းဝန်းကျင်မှာ ကျောင်းလာတက်ရင်း သင်ယူဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
📞 အသေးစိတ်စုံစမ်းရန်နှင့် အပ်နှံရန်
ဖုန်းနံပါတ်များ
09 983559158
09 9251926614
(အသေးစိတ်အချက်အလက်များကို ပူးတွဲပါပုံတွင်လည်း ကြည့်ရှုနိုင်ပါသည်။)
🧩✨ Summit Preschoolers လေးတွေက သစ်သားတုံးလေးများကို ကြိုးသီကစားခြင်း၊ တည်ဆောက်ကစားခြင်းတို့ကို ဆရာမများ၊ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ကစားခဲ့ကြပါတယ်။
ဒီလို ကစားနည်းများက လက်ချောင်းသန်စွမ်းမှု၊ အာရုံစူးစိုက်မှုနှင့် ဖန်တီးနိုင်စွမ်းများကို တိုးတက်စေပြီး ကလေးများ၏ သင်ယူမှုကို ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။ 🌈💛
09/06/2026
Young Learners' English Classes are in progress! Saturday and Sunday only! ငယ်စဉ်ကတည်းက အင်္ဂလိပ်စာအခြေခိုင်စေဖို့ 4 skills + grammar တန်းကို တက်ကြပါစို့။ ပျော်လည်ပျော်၊ တော်လည်းတော်ကြတဲ့ ကလေးငယ်များအတန်းတွေဖြစ်ပါတယ်။
🌟 Summit Preschoolers လေးတွေဟာ ဘောလုံးလေးတွေကို ကောက်ယူပြီး ခြင်းတောင်းထဲ ထည့်ရတဲ့ ပျော်စရာကစားနည်းတစ်ခုကို သူငယ်ချင်းတွေနဲ့အတူ စိတ်လှုပ်ရှားပျော်ရွှင်စွာ ပါဝင်ဆော့ကစားခဲ့ကြပါတယ်။ 🏀✨
ကြမ်းပြင်ပေါ်မှာ စီထားတဲ့ ဘောလုံးလေးတွေကို အမြန်ဆုံးနှင့် တိကျစွာ ကောက်ယူပြီး ခြင်းတောင်းထဲ ထည့်နိုင်ဖို့ ကြိုးစားရင်း ကလေးလေးတွေရဲ့ ရယ်မောသံများ၊ အားပေးသံများနဲ့ စာသင်ခန်းလေးဟာ ပိုမိုအသက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။ 🎉
✨ ဒီကစားနည်းမှ ရရှိသော အကျိုးကျေးဇူးများ ✨
🔸 လက်နှင့် မျက်စိ ပူးပေါင်းဆောင်ရွက်နိုင်မှု (Hand-Eye Coordination) ကို တိုးတက်စေသည်။
🔸 ကိုယ်ခန္ဓာ လှုပ်ရှားမှုနှင့် Gross Motor Skills များ ဖွံ့ဖြိုးစေသည်။
🔸 အာရုံစူးစိုက်မှု၊ တိကျမှန်ကန်စွာ လုပ်ဆောင်နိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးသည်။
🔸 အသင်းအဖွဲ့စိတ်ဓာတ်နှင့် သူငယ်ချင်းများအပေါ် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးသည်။
🔸 စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သည့် ယုံကြည်မှုနှင့် သတ္တိကို တိုးပွားစေသည်။
💖 Summit Preschool တွင် ကလေးများအတွက် “Learning Through Play” ကို အလေးထားပြီး ကစားရင်း သင်ယူနိုင်မည့် အတွေ့အကြုံကောင်းများကို နေ့စဉ်ဖန်တီးပေးလျက်ရှိပါသည်။
✅၆.၆.၂၆ / Oxford phonics တန်းတွေ ဒီနေ့စပါပြီ။ level တစ်ခုကို ၄လ၊ ဒီတစ်သုတ်မမီရင်အောက်တိုဘာမှ လူသစ်ထပ်လက်ခံပါမယ်နော်။ ✅
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No. 13, 37th Street, Between 73rd & 74th Streets
Mandalay
05032
Opening Hours
| Monday | 07:00 - 20:00 |
| Tuesday | 07:00 - 20:00 |
| Wednesday | 07:00 - 20:00 |
| Thursday | 07:00 - 20:00 |
| Friday | 07:00 - 20:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |