Enjoy English

Enjoy English

Share

ကလေးများအတွက် စနစ်ကျတဲ့ အင်္ဂလိပ်စာအခြေခံ Grammar နဲ့ Speaking သင်တန်း🌟
စည်းမျဉ်းကို ချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့ ENJOY ENGLISH💛

02/06/2026

"တီချယ်... သားတို့ကို အိမ်မှာ အင်္ဂလိပ်စာ Listening လေ့ကျင့်ပေးချင်တယ်
ဘယ် YouTube Channel ကြည့်ပေးရမလဲ" လို့
မေမေတို့ မကြာခဏ မေးလေ့ရှိကြပါတယ်

တီချယ်က ကလေးတွေ ပျင်းသွားစေနိုင်မယ့် သတင်းတွေ
ခက်ခဲတဲ့ သင်ခန်းစာတွေ ပေးမကြည့်သေးဘဲနဲ့
အရင်ဆုံး ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းကို နှိုးဆွပေးပြီး
Listening ရော Grammar ပါ သဘာဝအတိုင်း
တိုးတက်စေမယ့် ပုံပြင်ဇာတ်လမ်းလေးတွေပါတဲ့
ဒီ youtube channel လေးကို ဒီနေ့ညွှန်းပေးပါမယ်

ဒီနေ့တော့ကလေးတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့်
"The Fable Cottage"ရဲ့ ပုံပြင်ဗီဒီယိုလေးတစ်ခုနဲ့
လက်တွေ့ဘယ်လို လေ့ကျင့်ပေးလို့ရမလဲဆိုတာ ရှင်းပြပေးသွားပါမယ်

ကလေးတွေကို "Present Continuous အကြောင်း သင်မယ်" လို့
အတင်းမပြောဘဲ ဇာတ်လမ်းထဲမှာပါတဲ့ စာတန်းထိုး (Subtitles) လေးတွေကို ကြည့်ပြီး
"The wind and the sun **are having** a disagreement."
“Just then they see a man **walking** along the road.
ဒီလိုစာကြောင်းအသုံးအနှုန်းတွေကို
ပုံပြငထဲက အခြေအနေ (Context) နဲ့ ချိတ်ဆက်ပြီး
သဘာဝကျကျ အလွယ်တကူ မှတ်မိသွားစေမယ်

စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ
ပုံပြင်ထဲကနေ စကားပြောတတ်အောင်
"လေနတ်မင်းနဲ့ နေမင်းကြီး ဘာဖြစ်ကြတာလဲ
ဘယ်သူက ပိုစွမ်းအားကြီးလဲ" ဆိုပြီး မေးခွန်းလေးတွေ
အင်္ဂလိပ်လို ပြန်မေးပေးခြင်းအားဖြင့်
ကလေးရဲ့ Speaking + Comprehension (နားလည်နိုင်စွမ်း) ကိုပါ
Confidence ရှိရှိနဲ့ မြှင့်တင်ပေးနိုင်ပါတယ်

တီချယ် comment မှာ link ချထားပေးပါတယ်
🗓 ကလေးတို့အတွက် Grammar ရော Speaking ပါ အခြေခံကစပြီး စနစ်တကျနဲ့ ပိုင်ပိုင်နိုင်နိုင်ဖြစ်စေမယ့် “Grammar+Speaking Class” အတန်းသစ်ကို June လထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်

သင်ရိုးစာအုပ်ထဲကတင်မကဘဲ လက်တွေ့ဘဝမှာ အသုံးချတတ်တဲ့ အင်္ဂလိပ်စာအခြေခံ ကောင်းကောင်း ပိုင်ဆိုင်စေချင်တယ်ဆိုရင်တော့ အခုပဲ ENJOY ENGLISH Page Messenger မှာ အသေးစိတ် စုံစမ်းအပ်နှံနိုင်ပါတယ် ✨

"စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့...
ကလေးများအတွက် ENJOY ENGLISH🌟"

Cottage

29/05/2026

"တီချယ်... သမီး `Can` နဲ့ `Could` ကို ဘယ်လိုခွဲသုံးရမလဲ မသိဘူး" လို့ ကလေးတွေမေးတဲ့အခါ
တီချယ်က ဒီလိုလေးရှင်းပြပေးလိုက်တယ်

တီချယ်က Grammar formula တွေ၊ စာအုပ်ထဲက စည်းမျဉ်းတွေနဲ့ ရှင်းမပြဘူး
ကလေးတွေ မြင်သာအောင် သူတို့နေ့စဉ်ကြုံတွေ့ရတဲ့ အခြေအနေ (၃) မျိုးနဲ့ပဲ
အခုလို ချိတ်ဆက်ပြီး ပြောပြပေးလိုက်တယ်

“သားတို့ သမီးတို့ရေ... ကိုယ်က တစ်ခုခု ခွင့်တောင်းချင်တဲ့အခါ
ဒါမှမဟုတ် လုပ်နိုင်တယ်လို့ ပြောချင်တဲ့အခါ ဒီ စကားလုံး (၂) လုံးကို
နေရာအလိုက် ပြောင်းသုံးရုံပဲနော်

🏠 အိမ်မှာ မေမေ့ကို ခွင့်တောင်းရင်
“Mom, **can** I watch TV?”
(မေမေ၊ သမီး TV ကြည့်လို့ရမလား
မေမေနဲ့က ရင်းနှီးလို့ `Can` နဲ့ ပေါ့ပေါ့ပါးပါး ခွင့်တောင်းရင် ရတယ်နော်)

🏫 ကျောင်းမှာ ဆရာမကို ခွင့်တောင်းရင်
“Teacher, **could** I borrow a pencil, please?”
(ဆရာမ၊ သမီး ခဲတံလေး ခဏငှားလို့ရမလားရှင်
လူကြီးတွေ၊ ဆရာမတွေကို ပြောတဲ့အခါ ပိုပြီး ယဉ်ယဉ်ကျေးကျေး
ဖြစ်သွားအောင် `Could` လေး ပြောင်းသုံးလိုက်ရအောင်)

⚽ ကစားကွင်းမှာ သူငယ်ချင်းတွေနဲ့ ပြောရင်
“We **can** play football together!”
(ငါတို့ အတူတူ ဘောလုံးကစားလို့ ရတာပေါ
သူငယ်ချင်းအချင်းချင်း ပေါ့ပေါ့ပါးပါး ပြောတဲ့အခါ
`Can` ကို သုံးမယ်နော်)

အခုလိုမျိုး စာအုပ်ထဲက Grammar ကို လက်တွေ့ Speaking ထဲ ရောက်အောင
ကလေးတွေကို "Can ဆိုတာ Present၊ Could ဆိုတာ ပိုယဉ်ကျေးတယ်" ဆိုပြီး
rules တွေပဲ အတင်းအလွတ်ကျက်ခိုင်းနေမယ်ဆိုရင်
သူတို့ ခေါင်းရှုပ်ပြီး လက်တွေ့မှာ မပြောရဲတော့ပါဘူး

ဒါပေမဲ့ အခုလိုမျိုး စည်းမျဉ်းတစ်ခုတည်းကိုပဲ
ကလေးဘဝ အခြေအနေမျိုးစုံ (Context)နဲ့ ချိတ်ဆက်ပေးလိုက်တဲ့အခါ
ကလေးက ဘယ်အချိန်မှာ ဘာသုံးရမလဲဆိုတာကို
အလွတ်ကျက်စရာမလိုဘဲ အလိုအလျောက် ခေါင်းထဲ စွဲသွားပါတယ်
ဒါကတော့ ENJOY ENGLISH မှာ ကလေးတွေကို Basic level ကနေ
Intermediate level အထိ ထူးချွန်စွာတတ်မြောက်လာအောင်
သင်ကြားပေးနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ပါပဲ

ကလေးတွေ စကားပြောတဲ့အခါ ယုံကြည်မှုရှိရှိ ပြောတတ်ရုံတင်မကဘဲ
သဒ္ဒါမှန်မှန်ကန်ကန်နဲ့ ပြောနိုင်ဖို့ဆိုတာ ဒီလို နည်းလမ်းမှန်မှန်နဲ့
လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်ရှင်

ကလေးတို့အတွက် Grammar စည်းမျဉ်းတွေကို စာအုပ်ထဲမှာတင်မကဘဲ
လက်တွေ့ဘဝမှာ အသုံးချတတ်အောင် သင်ပေးမယ့် “Grammar+Speaking Class”
အတန်းသစ်ကို June လထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်။

စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ အသုံးချတတ်တဲ့ အင်္ဂလိပ်စာအခြေခံ
ကောင်းကောင်း ပိုင်ဆိုင်စေချင်တယ်ဆိုရင်တော့
အခုပဲ တီချယ်တို့ရဲ့ ENJOY ENGLISH Page Messenger မှာ
အသေးစိတ် စုံစမ်းအပ်နှံနိုင်ပါပြီရှင်။ ✨

"စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့...
ကလေးများအတွက် ENJOY ENGLISH🌟"

25/05/2026

📌 Speaking ပြောတတ်ရင်ရပြီပဲ တကယ်ပဲ Grammar သင်ဖို့လိုအပ်လို့လား❓

"ကလေးက ငယ်သေးတာပဲ... အင်္ဂလိပ်လို ပြောတတ်ရင် ပြီးရော၊
Grammar တွေက နောက်မှ သင်လည်း ရတာပဲ" လို့
မိဘအချို့ တွေးမိတတ်ကြပါတယ်။

ဒါပေမဲ့ အတန်းကြီးလာတဲ့အခါ စကားတော့ ပြောတတ်ပါရဲ့၊
ဒါပေမဲ့ စကားလုံးတွေ ရှေ့နောက်လွဲနေတာ၊
စာပြန်ရေးခိုင်းရင် Grammar နဲ့ Punctuation တွေ
အမှားမှားအယွင်းယွင်း ဖြစ်နေတတ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

စကားပြောတဲ့အခါ Grammar မမှန်ရင် ဘာဖြစ်မလဲဆိုတာ
ဒီဥပမာလေးကို ကြည့်ကြည့်ရအောင်ပါ။

Grammar မတိကျဘဲ ပြောတဲ့အခါ — "I go to school yesterday."❌
(စကားလုံးတွေ သိလို့ အဓိကဆိုလိုရင်းကို ရိပ်မိနိုင်ပေမဲ့
နားထောင်ရတာ သဘာဝမကျဘဲ စာကြောင်းအမှားကြီး ဖြစ်နေပါတယ်။)

Grammar + Speaking တွဲသုံးလိုက်တဲ့အခါ — "I went to school yesterday." ✅
(မနေ့က သွားခဲ့တာမို့ went ကို သုံးရမယ်ဆိုတဲ့ အခြေခံ Grammar ကို
စကားပြောရင်းနဲ့တင် လက်တွေ့ကျကျ သဘာဝကျကျသုံးတာမျိုးပါ။)

ဒါ့ကြောင့်မို့လို့ Grammar ဆိုတာ စာအုပ်ထဲမှာတင်မဟုတ်ဘဲ
လက်တွေ့ Speaking မှာ ဘယ်လိုချိတ်ဆက်သုံးရလဲဆိုတာကို
မြင်သာအောင် လေ့ကျင့်ပေးပြီး
မှန်ကန်တဲ့ Confidence ရှိအောင်
train ပေးရပါမယ်။

ကလေးတစ်ယောက်ရဲ့ အင်္ဂလိပ်စာခရီးလမ်းမှာ ဘက်စုံထူးချွန်ဖို့ဆိုရင်
Grammar ရော Speaking ပါ မှန်ကန်တဲ့အချိုးအစားနဲ့
ဘက်ညီညီ တိုးတက်လာဖို့ လိုအပ်ပါတယ်။

🗓 အသက် ၈ နှစ်မှ စတင်လေ့လာနိုင်မယ့်
Grammar နဲ့ Speaking နှစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင်ဖြစ်စေမယ့်
“Grammar+Speaking Class” အတန်းသစ်ကို
June လထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အခုပဲ Page Messenger မှာ အသေးစိတ် စုံစမ်းအပ်နှံနိုင်ပါပြီရှင်။ ✨

"စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့...
ကလေးများအတွက် ENJOY ENGLISH🌟"

24/05/2026

Teenagers - Intermediate class moments ✨ ဆယ်ကျော်သက်အရွယ်ကလေးများအတွက် English 4 skills class
တန်းခွဲသစ်ကို June လမှာ စတင်သွားတော့မှာမို့ အသေးစိတ်စုံစမ်းနိုင်ပါပြီ

14/05/2026

ကလေးတွေ Grammar ကိုလည်း ပိုင်နိုင်စေမယ်၊ စကားပြောဖို့လည်း အားပေးမယ့် Worksheet ပေါင်းများစွာရှိတဲ့ Website ကောင်းတစ်ခု

ဒီ website လေးကို တီချယ်ကတော့ အတန်းထဲမှာ ဖတ်စာအုပ်ထဲက exercises တွေအကုန်သင်ပြီးသွားတဲ့အခါ ထပ်ဆောင်းအနေနဲ့ ဂိမ်းဆော့ပေးရင်း သုံးပေးဖြစ်နေပါတယ်

ဒီ Worksheets တွေသုံးပေးရင် ကလေးတို့ရဲ့ Grammar နဲ့ Speaking အတွက် ဘယ်လို အထောက်အကူပြုနိုင်လဲဆိုတော့

- ဒီ website က worksheets တွေဟာ Grammar rules တွေကို ခြောက်ကပ်ကပ် ရေးထားတာမျိုး မဟုတ်ဘဲ ရုပ်ပုံလေးတွေ၊ ပျော်စရာ Activities လေးတွေနဲ့ ဖော်ပြထားတာကြောင့် ကလေးတွေက Structure တွေကို အလွယ်တကူ မှတ်မိသွားစေပါတယ်။

- Worksheet တစ်ခုကို ဖြည့်ပြီးသွားရုံနဲ့ မပြီးပါဘူးနော်။ တီချယ်ကတော့ တိရစ္ဆာန်လေးတွေအကြောင်း Worksheet ဖြည့်ပြီးရင် "Which animal do you like? Why?" ဆိုပြီး ကလေးကို ပြန်မေးခြင်းအားဖြင့် Grammar ကို Speaking အဖြစ် ချက်ချင်း ပြောင်းလဲအသုံးချခိုင်းပါတယ်။

- အခြေခံ "Verb to be" ကနေစလို့ "Prepositions," "Tenses" စတဲ့ ခက်ခဲတဲ့ Grammar ပိုင်းတွေပါပါတာမို့ ကလေးတို့ရဲ့ level အလိုက် သုံးပေးနိုင်ပါတယ်။

💡 ဒီ website လေးကို သုံးတဲ့အခါ တီချယ် အကြံပေးချင်တာလေးတစ်ခုကတော့
ကလေးကို Worksheet တစ်ခု ဖြည့်ခိုင်းတဲ့အခါ ရေးရုံတင်မဟုတ်ဘဲ သူဖြည့်လိုက်တဲ့ ဝါကျတိုင်းကို အသံထွက်ပြီး ဖတ်ခိုင်းပါ။ အဲဒါမှသာ မျက်စိက Grammar ကို မှတ်မိပြီး ပါးစပ်က Speaking အတွက် အကျင့်ဖြစ်သွားမှာပါရှင်။

ဒီ Worksheets လေးတွေကို print ထုတ်ပြီး အိမ်မှာ တူတူ ဂိမ်းပြိုင်ပွဲလေးတွေ လုပ်ပေးကြည့်ပါ။ ဘယ်သူက Grammar ပိုမှန်အောင် ပြောနိုင်မလဲဆိုတာမျိုး ဆော့ပေးခြင်းက ကလေးအတွက် သင်ယူမှုကို ပိုပျော်စရာကောင်းစေမှာပါနော် ✨

သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာ Grammar အခြေခံခိုင်မာပြီး Speaking မှာ ထိပ်ဆုံးက ဖြစ်စေဖို့ ENJOY ENGLISH က အမြဲ အတူရှိနေမှာပါရှင်။

သင်တန်းစုံစမ်းလိုတဲ့ မိဘများအနေနဲ့လည်း Page messenger သို့မဟုတ် Telegram မှာ အတန်းစုံစမ်းအပ်နှံနိုင်ပါတယ်ရှင်။

စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့ ကလေးများအတွက်... ENJOY ENGLISH 🌟

13/05/2026

မွတ်နေအောင်ပြောတတ်ပေမဲ့ စာရေးတဲ့အခါ Grammar နဲ့ Punctuation တွေ မှားနေတာ ဒါမှမဟုတ်
စာမေးပွဲတွေမှာ အမှတ်ကောင်းပေမဲ့ တကယ်ပြောခိုင်းတဲ့အခါကျ စကားပြောမှာ မထွက်နေတာ

ENJOY ENGLISH မှာ ကလေးတွေကို အင်္ဂလိပ်စာသင်ပေးလာတာ (၆)နှစ်ဝန်းကျင်ကာလထဲရောက်လာပြီဖြစ်တဲ့အပြင် ကျောင်းပေါင်းစုံ၊ နယ်ပေါင်းစုံက ကလေးတွေကို သင်ဖူးတဲ့အခါ အခုလိုမျိုး အဓိက တွေ့ရတတ်ပါတယ်

တစ်မျိုးက... အင်္ဂလိပ်လိုတော့ တောက်လျှောက်ပြောနိုင်တယ်၊ ဒါပေမဲ့ စာပြန်ရေးခိုင်းတဲ့အခါ Grammar တွေ၊ Punctuation တွေက မှားနေတတ်တာမျိုး

ဒါမှမဟုတ်... စာမေးပွဲစစ်ရင် အမြဲအမှတ်ကောင်းတယ်၊ Grammar Formula တွေလည်း အလွတ်ရတယ်၊ ဒါပေမဲ့ လက်တွေ့မှာ အင်္ဂလိပ်စကားပြောခိုင်းရင် ပြောထွက်ဖို့ ခက်ခဲနေတာမျိုး

ဒီပြဿနာက Accuracy and Fluency Imbalance (တိကျမှန်ကန်မှု နဲ့ သွက်လက်မှု အချိုးမညီမျှတာ)ပါ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ

စကားပြောသွက်ပြီး Grammar ပိုင်းနဲ့ Punctuation ပိုင်းအားနည်းတယ်ဆိုတာ
Fluency က accuracy ထက် ပိုအားသာနေလို့ပါ
ဒီလိုမျိုးကလေးတွေက Confidence အရမ်းရှိတတ်ပြီးတော့ English နဲ့ အထိတွေ့များတဲ့ကလေးတွေ ဖြစ်တတ်ပါတယ်
ဥပမာ- တတ်တဲ့ကျောင်းက English to English ပြောရတာမျိုး၊ ကျောင်းမှာမဟုတ်လည်း အပြင်သင်တန်းမှာ Speaking အရမ်းပြောရတာမျိုး၊
ဒါမှမဟုတ် ကိုယ့်ဘာနဲ့ကိုယ် phone ကနေတစ်ဆင့် youtube, websites တွေကနေ English speaking နဲ့ listening နဲ့ အထိတွေ့ရှိနေတာမျိုးပါ
အခုလိုမျိုး English နဲ့ Exposure ရှိနေလို့လည်း
ကောင်းကောင်း communicate လုပ်နိုင်တာမို့ အရမ်းကို ကောင်းပါတယ် ဒါပေမဲ့
Fluency နဲ့ Accuracy ၂ ခုလုံးမျှမျှတတနဲ့တိုးတက်ဖို့လည်း
အရေးကြီးတာကြောင့် Accuracy ပိုင်းအတွက်
ဘယ်လိုဖြည့်ပေးရမလဲဆိုရင် ကလေးကို Grammar rules တွေ
အတင်းဖိအားပေးကျက်ခိုင်းလို့မရပါဘူး
ကလေးကိုယ်တိုင်ကလည်း Grammar ကလည်း Speaking လိုပဲ
အရေးကြီးတာကို မြင်လာအောင်၊ Grammar exercises တွေကို
စိတ်ဝင်စားစရာကောင်းအောင် Communicative ဖြစ်တဲ့
Interactive ဖြစ်တဲ့ပုံစံနဲ့ သင်ကြားပေးဖို့ လိုအပ်ပါတယ်

နောက်.... စာတော်ပေမဲ့ စကားပြောမထွက်တာ
ဒါကကျ Accuracy အားသာပြီး Fluency အားနည်းနေလို့ပါ
ဒီလိုပုံစံက Grammar တွေကို formula လိုမျိုးပဲ အလွတ်မှတ်
အလွတ်ကျက်ဆိုတဲ့ပုံစံမျိုးနဲ့ပဲ လေ့လာခဲ့ပြီး
တကယ်လက်တွေ့ အသုံးချပြီး မသင်ခဲ့ရရင်
ဒီလိုမျိုးဖြစ်တတ်ပါတယ် ဒီအခါ ကလေးတွေရဲ့
confidence ကိုလည်း boost လုပ်ပေးဖို့လိုသလို
မှားမှာမစိုးရိမ်အောင် သတ္တိရှိလာအောင် train ပေးဖို့၊
ပြီးရင် Grammar ဆိုတာ စာအုပ်ထဲမှာပဲမဟုတ်ဘဲ
တကယ့်လက်တွေ့မှာ Speaking နဲ့ ဒီလိုချိတ်ဆက်ပြီး
ဒီလိုသုံးလို့ရတယ်ဆိုတာကို ထင်သာမြင်သာရှိသွားအောင်
လက်တွေ့အသုံးချပြပြီး သင်ပေးဖို့လိုပါတယ်

ကလေးတစ်ယောက်ရဲ့ အင်္ဂလိပ်စာခရီးလမ်းမှာ ဘက်စုံထူးချွန်ဖို့အတွက်
မှန်ကန်တဲ့အချိုးအစားနဲ့ ဘက်ညီအောင်တိုးတက်လာဖို့ကလည်း
အရေးကြီးတယ်လို့ တီချယ်ကတော့ မြင်ပါတယ် ဒါ့ကြောင့်.....
ကလေးတို့အတွက် Grammar နဲ့ Speaking ၂ခုလုံးကို ပိုင်ပိုင်နိုင်နိုင်သင်ပေးသွားမယ့် “Grammar+Speaking Class” အတန်းသစ်ကို June လထဲမှာ စတင်တော့မှာမို့
စိတ်ဝင်စားတယ်ဆိုရင် Page messenger မှာ အသေးစိတ်စုံစမ်းအပ်နှံနိုင်ပါတယ်

"စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့...
ကလေးများအတွက် ENJOY ENGLISH🌟"

12/05/2026

သားသားမီးမီးတို့အတွက် Grammar ရော Speaking ရော စစ်ဆေးနိုင်မယ့် "Fix & Speak" Series: Level Up Challenge! 🚀✨

🛑 Challenge: အောက်က ဝါကျလေးတွေထဲမှာ ဘာတွေမှားနေလဲ ရှာကြည့်ပါဦး
1️⃣ I have been waiting here since 30 minutes. ⏳
2️⃣ Everyone in the class are very friendly. 😊
3️⃣ She is more better than before. 📈





ကဲ... အဖြေမှန်လေးတွေကို အတူတူ ပြင်ပြီး လက်တွေ့ စကားပြောတဲ့အခါ ဘယ်လို သဘာဝကျကျ သုံးမလဲဆိုတာ လေ့ကျင့်ကြည့်ရအောင် ✨

1️⃣ ❌ I have been waiting here since 30 minutes.
✅ I have been waiting here for 30 minutes.
💡 အချိန်အတိုင်းအတာ (Duration) ကို ပြောချင်ရင် 'For' ကို သုံးရပါတယ်။

🎤 : "Sorry I'm late! Have you been waiting long?"
"It's okay, I've been waiting here for about 30 minutes."

2️⃣ ❌ Everyone in the class are very friendly.
✅ Everyone in the class is very friendly.
💡 Everyone, Someone, Anyone စတဲ့ စကားလုံးတွေကို အမြဲတမ်း Singular (အနည်းကိန်း) အနေနဲ့ပဲ သတ်မှတ်ပါတယ်။
🎤 : "I love my new school! Everyone in the class is so friendly and helpful."

3️⃣ ❌ She is more better than before.
✅ She is much better than before.
💡 'Better' ဆိုတာကိုက Comparative form ဖြစ်နေပြီမလို့ 'More' ထပ်ထည့်စရာ မလိုပါဘူး။ ပိုကောင်းတယ်လို့ အလေးပေးချင်ရင် 'Much' ကို သုံးနိုင်ပါတယ်။
🎤 : "How is her English now?"
"She's much better than before, thanks to Teacher Ash!"*

ဘာကြောင့် ဒီလို အသေးစိတ် Grammar တွေက အရေးကြီးတာလဲ?

အင်္ဂလိပ်စာကို "ပြောတတ်ရုံ" ထက် "မှန်ကန်ယဉ်ကျေးစွာ ပြောတတ်ဖို့ (Accuracy)" က ကလေးတွေ အတန်းကြီးလာတဲ့အခါမှာ အရမ်းအရေးပါလာပါတယ်။ ဒီလို အမှားသေးသေးလေးတွေကို စောစောစီးစီး ပြင်ထားပေးခြင်းအားဖြင့် ကလေးတွေက နိုင်ငံတကာ စာမေးပွဲတွေနဲ့ အင်တာဗျူးတွေမှာ ယုံကြည်မှုအပြည့်နဲ့ အမှတ်ပြည့်ရအောင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ENJOY ENGLISH မှာဆိုရင်တော့ အခြေခံတင်မကဘဲ အဆင့်မြင့် Grammar Patterns တွေကိုပါ ကလေးတွေ နားလည်လွယ်အောင်၊ လက်တွေ့မှာလည်း မမှားအောင် စနစ်တကျ Guide လုပ်ပေးနေပါတယ်ရှင် 🌟

သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာကို တိကျမှုရှိရှိနဲ့ Grammar ရော Speaking ရော တိုးတက်လာစေဖို့ အခုပဲ ENJOY ENGLISH နဲ့အတူ လက်တွဲလိုက်ပါ

သင်တန်းစုံစမ်းလိုတဲ့ မိဘများအနေနဲ့ Page messenger သို့မဟုတ် Telegram မှာ အတန်းစုံစမ်းအပ်နှံနိုင်ပါတယ်ရှင်။

စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့ ကလေးများအတွက်... ENJOY ENGLISH 🌟

11/05/2026

သင်တန်းတက်ပြီး ထိရောက်မှုတကယ်ရှိရဲ့လားဆိုတာ....
Speaking ပဲပြောထွက်ရုံပဲမဟုတ်ဘဲ Grammar မှန်မှန်ကန်ကန်ရော ပြောတတ်ရဲ့လားဆိုတာကို စစ်ဆေးကြည့်နိုင်မယ့်၊
မိဘတွေ သတိထားကြည့်ရမယ့် "ကလေးရဲ့ အင်္ဂလိပ်စာ တိုးတက်လာတဲ့ လက္ခဏာ (၃) ချက်" ကို ဝေမျှပေးချင်ပါတယ်ရှင်။

၁။ စကားလုံးတွေကို ဘာသာမပြန်တော့ဘဲ တိုက်ရိုက်ပြန်ဖြေလာနိုင်တဲ့အခါ

ဒါက အလွန်ကြီးမားတဲ့ တိုးတက်မှုပါ။
အရင်က မေးခွန်းတစ်ခုမေးရင်
ခေါင်းထဲမှာ မြန်မာလိုအရင်ပြန်၊
ပြီးမှ အင်္ဂလိပ်လို စဉ်းစားပြီး ပြန်ဖြေတတ်ပေမဲ့
အခုအခါမှာတော့ ကြားကြားချင်း
တိုက်ရိုက် အင်္ဂလိပ်လို ပြန်ဖြေလာနိုင်တာဟာ ကလေးရဲ့ ဦးနှောက်က အင်္ဂလိပ်စာကို "Thinking Process" ထဲ ထည့်သွင်းနိုင်လာပြီဆိုတဲ့ သဘောပါ

၂။ စကားလုံးတစ်လုံးချင်းစီ မဟုတ်ဘဲ ဝါကျအပြည့်အစုံနဲ့ ပြောဆိုနိုင်တဲ့အခါ

ဥပမာ - "Apple" လို့ တစ်လုံးတည်း ပြောမယ့်အစား
"I want an apple, please."
ဒါမှမဟုတ် "This is a red apple." ဆိုပြီး
ဝါကျအပြည့်အစုံနဲ့ ယုံကြည်မှုရှိရှိ ပြောနိုင်လာတာမျိုးဆိုရင်
ဒါဟာ ကလေးရဲ့ ဝေါဟာရကြွယ်ဝမှုနဲ့ Grammar တည်ဆောက်ပုံကို
ပိုနားလည်လာတာကို ပြသနေတာပါ

၃။ Grammar အမှားတွေ သိသိသာသာ လျော့နည်းလာတဲ့အခါ ✍️

"I goes" လို့ ပြောမယ့်အစား
"I go" လို့ မှန်ကန်အောင် ပြောလာတာမျိုး၊
Subject နဲ့ Verb ကို မှန်မှန်ကန်ကန် တွဲသုံးလာနိုင်တာမျိုးတွေဟာ
အခြေခံခိုင်မာတဲ့ လက္ခဏာတွေပါ

တီချယ်တို့ Enjoy English မှာဆိုရင်...
ကလေးတွေရဲ့ ဒီလို တိုးတက်မှုအဆင့်ဆင့်ကို အမြဲမပြတ် စောင့်ကြည့်ပေးနေပါတယ်။
လစဉ်စာမေးပွဲအမှတ်တွေသာမကဘဲ
ကလေးက ဘယ်လောက်အထိ လက်တွေ့ အသုံးချနိုင်လာပြီလဲ၊
ဘယ်လောက်အထိ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလာပြီလဲဆိုတာကို အဓိကထားပြီး လေ့ကျင့်ပေးနေပါတယ်

မိဘတို့ရဲ့ သားသားမီးမီးတို့ဆီမှာရော ဒီလို တိုးတက်မှုလေးတွေ တွေ့နေရပြီလား?
ကလေးတွေရဲ့ အင်္ဂလိပ်စာ Grammar နဲ့ Speaking အရည်အချင်းကို အခုထက်ပိုပြီး မြှင့်တင်ပေးချင်တယ်ဆိုရင်တော့ တီချယ်တို့ Enjoy English က အမြဲ စောင့်ကြိုနေပါတယ်ရှင်။

သင်တန်းစုံစမ်းလိုတဲ့ မိဘများအနေနဲ့ Page messenger သို့မဟုတ် Telegram မှာ အတန်းစုံစမ်းအပ်နှံနိုင်ပါတယ်ရှင်။

စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့ ကလေးများအတွက်... ENJOY ENGLISH 🌟

08/05/2026

ကလေးတွေရဲ့ ကြိုးစားမှုတိုင်းမှာ ဆုလာဘ်ရှိစေရမယ်... "Education for Everyone" 🌟✨

ကလေးတစ်ယောက် စာသင်ရတာကို ပျော်မွေ့လာဖို့ဆိုတာ ရလဒ်တစ်ခုတည်းတင်မဟုတ်ဘဲ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် ENJOY ENGLISHမှာတော့ တက်ရောက်နေတဲ့ သားသားမီးမီးတို့ စာသင်ယူရတာကို ပိုပြီး စိတ်အားထက်သန်လာစေဖို့နဲ့ မိဘတို့ရဲ့ ပညာရေးဝန်ထုပ်ဝန်ပိုးကို တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ဖို့အတွက် "Monthly Scholarship" အစီအစဉ်လေးကို လစဉ်ပြုလုပ်ပေးလာခဲ့တာဟာ အခုဆိုရင် အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ဝန်းကျင်ရှိလာပြီပဲဖြစ်ပါတယ်ရှင့်။

တီချယ်တို့ဆီမှာ လက်ရှိတက်ရောက်နေတဲ့...
✅ Group Classes (အုပ်စုလိုက်အတန်းများ)
✅ Private Classes (သီးသန့်အတန်းများ)
✅ One-on-One Classes (တစ်ဦးချင်းအတန်းများ)
.. အားလုံးမှာ လစဉ် လကုန်တိုင်း စာမေးပွဲတွေ ရှိပါတယ်။

အဲဒီ Monthly Test မှာ ထူးချွန်တဲ့ ရလဒ်ရရှိတဲ့ ကလေးတွေကို သူတို့ရဲ့ ရမှတ်အလိုက် Partial Scholarships (သင်တန်းကြေး တစ်စိတ်တစ်ပိုင်း လျှော့ပေးခြင်း)တွေကို လစဉ် ပေးအပ်သွားတာပဲ ဖြစ်ပါတယ်။

တီချယ် ဒီအစီအစဉ်ကိုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့..... ❤️

ကလေးတွေက ဆုရချင်တဲ့စိတ်နဲ့ ကြိုးစားရင်းကနေ စာသင်ရတာကို ပျော်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေမယ်။ သူတို့လေးတွေရဲ့ ကြိုးစားမှုကို တစ်စုံတစ်ယောက်က တန်ဖိုးထားပေးတယ်ဆိုတဲ့ ခံစားချက်က ကလေးတွေအတွက် အကြီးမားဆုံး ခွန်အားဖြစ်စေနိုင်တာမို့ပါ။

ဒါ့အပြင် စီးပွားရေးအခက်အခဲတွေရှိနေနိုင်တဲ့ကြားကနေ ကလေးတွေရဲ့ပညာရေးကို မရပ်တန့်ဘဲ ပံ့ပိုးပေးနေတဲ့ မိဘတွေကို တစ်ဖက်တစ်လမ်းကနေ ဝန်ပေါ့စေချင်ပါတယ်။ ဒါကြေင့် ကလေးက ကြိုးစားနေရင် မိဘမှာလည်း သက်သာခွင့်ရစေပြီး ကလေးအတွက် ပညာရေးလမ်းကြောင်း ပိုမိုလွယ်ကူစေရမယ်ဆိုတဲ့ အခွင့်အရေးကို တီျဘ်က ဖန်တီးပေးချင်တာမို့ပါ။

ငွေကြေးအခက်အခဲကြောင့် ကလေးတွေရဲ့ အိမ်မက်တွေ၊ ပညာရေးလမ်းကြောင်းတွေကို မပျောက်ပျက်စေချင်တာမို့ ပညာရေးကို လူတိုင်း လက်လှမ်းမီနိုင်အောင်၊ ကလေးတွေစာတော်ရဲ့သားနဲ့ ကြိုးစားရသားနဲ့ အခွင့်အရေးလက်လှမ်းမမီတာမျိုးမဖြစ်ရလေအောင် တီချယ်တို့ Enjoy English ကနေ အခုလို Monthly scholarship အစီစဥ်ကို ထည့်သွင်းပေးခဲ့တာပါ။

ကလေးတွေရဲ့ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေကို ENJOY ENGLISH နဲ့အတူ အခုပဲ စတင်လိုက်ပါ 🌟

သင်တန်းစုံစမ်းလိုတဲ့ မိဘများအနေနဲ့လည်း Page messenger သို့မဟုတ် Telegram မှာ အတန်းစုံစမ်းအပ်နှံနိုင်ပါတယ်ရှင်။

စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့ ကလေးများအတွက်...ENJOY ENGLISH🌟

07/05/2026

သားသားမီးမီးတို့အတွက် Native speaker တွေရဲ့ အသံထွက်ပုံထွက်နည်းတွေကို တိုက်ရိုက်သင်ယူလို့ရနိုင်မယ့် website (Comment မှာ link ချပေးထားပါတယ်)

သင်တန်းတက်မှမဟုတ်ဘဲ အိမ်မှာတင်လေ့လာနေတဲ့ကလေးတွေအတွက်ရော၊ သင်တန်းတက်နေတဲ့ကလေးတွေအတွက်ရော ထပ်ဆောင်းလေ့ကျင့်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ဒီ website လေးသုံးတဲ့အခါ ကလေးတွေကို ဒီတိုင်း ဖုန်းပေးကြည့်ထားရုံတင် မဟုတ်ဘဲ သူတို့ ဂိမ်းထဲမှာ ကြားလိုက်တဲ့ စကားလုံးလေးတွေကို အပြင်မှာပါ လိုက်ပြောခိုင်းကြည့်ပါ။ အဲဒါဆိုရင် အရင် post မှာ ပြောခဲ့တဲ့ "Input to Output" ကူးပြောင်းမှုက ပိုပြီး မြန်ဆန်လာပါလိမ့်မယ်နော်။

သားသားမီးမီးတို့အတွက် အင်္ဂလိပ်စာ Grammar နဲ့ Speaking အတွက် ဗဟုသုတတွေနဲ့ အကျိုးရှိမယ့် Resources တွေကို အမြဲသိနေရအောင် ENJOY ENGLISH page ကို Like & See First လုပ်ထားဖို့ မမေ့နဲ့ဦးနော် 🌟

သင်တန်းစုံစမ်းလိုတဲ့ မိဘများအနေနဲ့လည်း Page messenger သို့မဟုတ် Telegram မှာ အတန်းစုံစမ်းအပ်နှံနိုင်ပါတယ်ရှင်။

စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့ ကလေးများအတွက်... ENJOY ENGLISH🌟


Want your school to be the top-listed School/college in Mandale?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Online Class
Mandale