Mangosteems Enrichment Center - Myanmar

Mangosteems Enrichment Center - Myanmar

Share

Building Forefront Educators and 21st Century Learners

09/06/2026

မကြာခင် Mingalar Mandalay မှာ ဖွင့်လှစ်တော့မယ့် Star World Playground မှာ ကျွန်မတို့ mangoSTEEMS ရဲ့ သားသားမီးမီးလေးတွေက ပျော်ပျော်ပါးပါးသွားရောက် ဆော့ကစားခဲ့ကြပါတယ်။

သားသားမီးမီးလေးတွေရဲ့ ပျော်ရွှင်ရယ်မောသံတွေ၊ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ အမှတ်တရ ပုံရိပ်လှလှလေးတွေကို မိဘအုပ်ထိန်းသူများလည်း ကြည့်ရှုပြီး ပီတိဖြစ်စေဖို့ ဝေမျှပေးလိုက်ရပါတယ်ရှင်။ 📸

အခုလိုမျိုး မဖွင့်လှစ်ခင်ကတည်းက ကလေးငယ်တွေကို အရင်ဆုံး လာရောက်ဆော့ကစားဖို့ ဖိတ်ခေါ်ပေးခဲ့တဲ့ Star World Playground မှ တာဝန်ရှိသူများအားလုံးကိုလည်း mangoSTEEMS Myanmar Enrichment Center မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပင် တင်ရှိပါတယ်ရှင်။ 🙏

09/06/2026

"ကိုယ့်ကလေးက သင်္ချာတော့ တွက်နေတာပဲ... ဒါပေမယ့် ဘယ်နေရာမှာ တကယ်တော်ပြီး၊ ဘယ်အချက်တွေမှာ အားနည်းနေလဲ ဖေဖေမေမေတို့ သေချာသိရဲ့လား?"

သင်္ချာ (Math) ဆိုတာ + - × ÷ ဂဏန်းတွေ တွက်ရုံတင်မကဘဲ၊ လက်တွေ့ဘဝမှာ ပြဿနာတွေကို ဘယ်လိုတွေးခေါ် ဖြေရှင်းမလဲဆိုတဲ့ Critical Thinking (ဝေဖန်ပိုင်းခြားတွေးခေါ်မှု) အတွက် အခြေခံအကျဆုံး ဘာသာရပ်တစ်ခုပါ။

ကလေးရဲ့ သင်္ချာစွမ်းရည် (Math Level) တကယ် ဘယ်လောက်ရှိလဲဆိုတာ တိတိကျကျ သိရှိနိုင်ဖို့ mangoSTEEMS မှာ Placement Test အခမဲ့ စစ်ဆေးလို့ ရနေပါပြီ။

✨ mangoSTEEMS ရဲ့ International Math က ဘာကြောင့် ထူးခြားတာလဲ?
ကလေးတွေအတွက် သင်္ချာကို ရိုးအီမသွားဘဲ "ပျော်စရာဘာသာရပ်တစ်ခု" အဖြစ် မြင်လာအောင် သင်ကြားပေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းဖြစ်ပါတယ်။ လက်တွေ့ဘဝက အရာဝတ္ထုတွေကို ချိန်ဆတာ၊ တိုင်းတာတာကအစ ကိုယ်တိုင်ပြန်လည်အသုံးချနိုင်တဲ့အထိ လေ့ကျင့်ပေးမှာပါ။

ဒီ Placement Test ကနေ သားသားမီးမီးလေးတို့အတွက် ဘာတွေရရှိနိုင်မလဲ?
🟣 ကလေးတွေရဲ့ Math skill level ကို အသေးစိတ် တိတိကျကျ ပြန်လည်သိရှိရမယ်။
🟣 Math Skill တွေ ပိုတိုးတက်လာအောင် ဘယ်လို ဆက်လေ့လာရမလဲဆိုတာ mangoSTEEMS ရဲ့ Expert Teacher တွေက အသေးစိတ် လမ်းညွှန်ဆွေးနွေးပေးမယ်။
🟣 သင်္ချာကို ဝါသနာပါပြီး Math Olympiad လို နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ပြိုင်ချင်တဲ့ ကလေးတွေအတွက် ဘယ်လိုသင်ရိုးမျိုး ဆက်သွားသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးသွားမှာပါ။

ဘယ်သူတွေ ဖြေဆိုလို့ရနိုင်မလဲ?
🙋🏻🙋🏻‍♀️မန္တလေးမြို့ က အသက် (၆) နှစ်မှ (၁၂) နှစ်အတွင်း သားသားမီးမီးများအားလုံး mangoSTEEMS Campus မှာ လာရောက်ဖြေဆိုနိုင်ပါပြီ။

အချိန်လေးတွေကတော့
🔹Section A
20-June 2026 , 3:00 PM to 4:00 PM

🔹Section B
20-June 2026 , 4:00 PM to 5:00 PM

🔹Section C
21-June 2026 ,9:00 AM to 10:00 AM

🔹Section D
21-June 2026 , 3:00 PM to 4:00 PM

Section 4 ခုရှိတဲ့အထဲက မိမိကြိုက်နှစ်သက်ရာ Section တစ်ခုကိုရွေးချယ်ဖြေဆိုလို့ ရမှာပါ။
တက်ရောက်မယ့် သားသားမီးမီလေးကတော့ မိမိတို့ရဲ့ နာမည် ၊ အသက် ၊ ဖြေဆိုလိုသည့် Section ကို Page Messenger မှာ စာရင်းပေးထားရမှာဖြစ်ပါတယ်။
လူဦရေ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် မြန်မြန်စာရင်ပေးသွင်းထားဖို့တော့ လိုမယ်နော်..

အသေးစိတ်အကြောင်းအရာများကို သိရှိလိုပါက Page Messenger 📩 မှာ ဖြစ်စေ 09- 777016590, 09-777016585 📞 သို့ ဖုန်းဆက်သွယ်၍ ဖြစ်စေ စုံစမ်မေးမြန်းနိုင်ပါတယ်။

Coding Olympics 2026 - Singapore Science Centre Global 08/06/2026

မြန်မာနိုင်ငံရှိ Young Coders များအတွက် စိတ်လှုပ်ရှားဖွယ် အခွင့်အရေးတစ်ခု ရောက်ရှိလာပါပြီ!

နှင့် Global တို့ ပူးပေါင်း၍ International Coding Competition တစ်ခုကို မကြာမီ ကျင်းပသွားမည် ဖြစ်ပါသည်။

ဤပြိုင်ပွဲသည် ကျောင်းသားများ၏ Coding Skills၊ Creativity၊ Critical Thinking နှင့် Problem-Solving Skills များကို မြှင့်တင်ပေးရန် ရည်ရွယ်ထားပြီး မိမိတို့၏ အရည်အချင်းများကို နိုင်ငံတကာအဆင့်တွင် ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါသည်။

🚀 Coding ကို စိတ်ဝင်စားသူများ 🚀 Technology နှင့် Innovation ကို လေ့လာနေသူများ
🚀 အနာဂတ် Digital Leaders များ ဖြစ်လာလိုသူများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

📢 ပြိုင်ပွဲအမျိုးအစားများ၊ အသက်အပိုင်းအခြားများ၊ စာရင်းပေးသွင်းမည့် ရက်စွဲများနှင့် အသေးစိတ်အချက်အလက်များကို အသေးစိတ်သိရှိလိုပါက 09-777016590 ,09-777016585 သို့ လည်းကောင်း၊

ပြိုင်ပွဲပါဝင်ရန် စာရင်းပေးသွင်းလိုပါက July 05, 2026 နောက်ဆုံးထားပြီး https://sscglobal.com.sg/coding-olympics-2026/ တွင်လည်း စာရင်းပေးသွင်းနိုင်ပါပြီရှင်


Coding Olympics 2026 - Singapore Science Centre Global Home 28 July – 2 August 2026 Coding Olympics 2026 DIVE INTO THE FUTURE OF CODING Singapore’s first Coding Olympics, proudly organized by Singapore Science Centre Global and mangoSTEEMS Singapore, is returning for its 6th year! COS offers an unparalled platform for students globally to develop cr...

23/05/2026

ကလေးလေးတွေရဲ့ ကလေးဘဝအစောပိုင်း အမှတ်တရတွေဟာ သူတို့လေးတွေရဲ့ ရင်ထဲမှာ တစ်သက်လုံး စွဲကျန်နေမယ့် အဖိုးတန် ရတနာလေးတွေမို့ အရမ်းကို အရေးကြီးပါတယ်ရှင် 😍✨

🎂 ဒီနေ့ဟာ ဆိုရင်ဖြင့် ကျွန်မတို့ရဲ့ Play & Learn Class မှာ အထူးပျော်ရွှင်စရာနေ့လေးတစ်နေ့ပါ 🌷

ချစ်စရာကောင်းတဲ့ သားသားလေး Aven ရဲ့ မွေးနေ့အမှတ်တရကို
ဆရာမများ၊ သူငယ်ချင်းများနဲ့အတူ နွေးနွေးထွေးထွေး ဆင်နွှဲခဲ့ကြပါတယ် 💛

🎂 မွေးနေ့ရှင် သားသားလေး Aven အတွက် အမြဲပျော်ရွှင်ပြီး တောက်ပတဲ့အနာဂတ်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ Mangosteems Enrichment Center - Myanmar Play & Learn family မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ✨

Play & Learn Program မှာ ကလေးများကို ပျော်ရွှင်စွာ သင်ယူနိုင်ဖို့၊ယုံကြည်မှုရှိစွာ ဖော်ပြတတ်လာဖို့၊ဖန်တီးနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေး တိုးတက်လာဖို့ လှပတဲ့ childhood memories လေးတွေ ဖန်တီးနေပါတယ်ရှင် 🌈

"ဖေဖေမေမေတို့ရဲ့ ရင်သွေးရတနာလေးတွေ အဖက်ဖက်က တိုးတက်ပြီး ပိုမိုတောက်ပလာဖို့ ကျွန်မတို့က မေတ္တာအပြည့်နဲ့ တာဝန်ယူ ပျိုးထောင်ပေးပါရစေရှင်။" 🥰🍀

Program အကြောင်း နှင့် school visit အတွက် Booking ယူလိုပါက +959-777016590 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

16/05/2026

✨သားသားမီးမီးတို့ရဲ့ "စာဖတ်စွမ်းရည်" နဲ့ "စိတ်ကူးဉာဏ်" တွေကို အပြည့်အဝ ဖော်ထုတ်လိုက်ကြရအောင်! 📖🚀

စာအုပ်တွေထဲက ကမ္ဘာကြီးကို စူးစမ်းရင်း အနာဂတ်ရဲ့ အသိပညာရှင်လေးတွေ ဖြစ်လာမယ့် ကလေးတို့အတွက် Virtual "Reading" Competition 2026 ပြိုင်ပွဲကြီး ပြန်လည်ရောက်ရှိလို့ လာပါပြီ။ 🎯

mangoSTEEMS Myanmar ကနေ ကြီးမှူးကျင်းပတဲ့ ဒီပြိုင်ပွဲကြီးဟာ ကလေးတို့ရဲ့ Reading Skill၊ စိတ်ကူးစိတ်သန်းတွေနဲ့ Story ဖန်တီးမှုတွေကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်မယ့် အကောင်းဆုံးအခွင့်အရေးပဲ ဖြစ်ပါတယ်။ ✨

ပြိုင်ပွဲမစတင်မီ ကလေးတို့ရဲ့ လက်ရှိစာဖတ်စွမ်းရည်ကို သိရှိနိုင်ဖို့ Level Test အရင်စစ်ဆေးပေးသွားမှာဖြစ်ပြီး မိမိရရှိတဲ့ Level အလိုက် ယှဉ်ပြိုင်နိုင်ဖို့ Category (၃) မျိုး ခွဲခြားပေးထားပါတယ်-

📘 Category A: Level 1 မှ Level 3 အထိ
📗 Category B: Level 4 မှ Level 6 အထိ
📙 Category C: Level 7 မှ Level 9 အထိ

🎁 ပြိုင်ပွဲဝင်သူများအနေဖြင့် Full Version Platform အသုံးပြုခွင့်နှင့် Certificate များကို ရရှိမယ့် အပြင်
Book Lovers လေးတို့ရဲ့ ကြိုးစားမှုတွေအတွက် "ရင်ခုန်စရာ ငွေသားဆုများ" နဲ့ "အထူး Discount Coupons များ" ကို ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

🏆CAT A (Level 1-3)
1ˢᵗ Winner Up - 300,000 Kyats
2nd Winner Up - 200,000 Kyats
3rd Winner Up - 100,000 Kyats
4th to 10thconsolation winners -5% discount coupon for one selected subject at MGS

🏆CAT B (Level 4-6)
1ˢᵗ Winner Up - 300,000 Kyats
2nd Winner Up - 200,000 Kyats
3rd Winner Up - 100,000 Kyats
4th to 10thconsolation winners - 5% discount coupon for one selected subject at MGS

🏆CAT C (Level 7-9)
1ˢᵗ Winner Up - 300,000 Kyats
2nd Winner Up - 200,000 Kyats
3rd Winner Up - 100,000 Kyats
4th to 10thconsolation winners - 5% discount coupon for one selected subject at MGS

📅 Competition Details
📝 Registration period: May 16, 2026 to June 07, 2026
⚔️ Competition period: June 18, 2026 to July 18 ,2026

Competition မစခင်မှာလည်း mangoSTEEMS Myanmar မှ ပြိုင်ပွဲဝင်သားသားမီးမီးလေးတွေအတွက် Training Session တွေလည်းပြုလုပ်ပေးသွားဦးမှာပါ။

🔗 ပြိုင်ပွဲလေးကို Round (1) , Round (2) ပြုလုပ်သွားမှာ ဖြစ်ပြီး အသေးစိတ်ကြည့်ရှုရန်နှင့် စာရင်းပေးသွင်းရန် အတွက်ကိုတော့ ပိုစတာမှာပါတဲ့ QR Code ကို Scan ဖတ်ပြီးဖြစ်စေ၊ အောက်က Registration Link ကနေဖြစ်စေ ဝင်ရောက်ကြည့်ရှုပြီး အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ။

👉 Registration Link: https://forms.gle/nuXbRAByczcUcLaaA

ပြိုင်ပွဲနှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက
💬 Page Messenger မှာဖြစ်စေ၊
📞 09-777016582, 09-777016583 သို့ ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

16/05/2026

အနာဂတ်ရဲ့ နည်းပညာ တီထွင်သူလေးတွေ ဖြစ်လာမယ့် အသက် (၇) နှစ်ကနေ (၁၁) နှစ်အတွင်းရှိ ကလေးတို့အတွက် Virtual "Coding" Competition 2026 ရောက်ရှိလာပါပြီ။ 🎯

mangoSTEEMS Myanmar ကနေကြီးမှူးကျင်းပတဲ့ ဒီပြိုင်ပွဲကြီးဟာ ကလေးတို့ရဲ့ အတွေးအခေါ်တွေ၊ စိတ်ကူးစိတ်သန်းတွေ ၊ တီထွင်ဖန်တီးမှုတွေ နဲ့ ထူးချွန်တဲ့ အရည်အသွေးတွေကို အပြည့်အဝ သက်သေပြနိုင်မယ့် အကောင်းဆုံးအခွင့်အရေးပဲ ဖြစ်ပါတယ်။ ✨

ကလေးတို့ရဲ့ အသက်အရွယ်အလိုက် အဆင်ပြေပြေ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြိုင်ပွဲကို Category (၂) မျိုး ခွဲခြားပေးထားပါတယ်-

👦 Category A: (7 to 8.5) years
👧 Category B:(8.6 to 11) years

🎁 ပြိုင်ပွဲဝင်သူများ အနေဖြင့် Full Version Platform Free အသုံးပြုခွင့်နှင့် Certificate များကို ရရှိမည့် အပြင် Coder လေးတို့ရဲ့ ကြိုးစားမှုတွေအတွက် "ရင်ခုန်စရာ ငွေသားဆုများ" နဲ့ "အထူး Discount Coupons များ" ကို ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

🏆CAT A (7 to 8.5 years)
1st Winner up - 300,000 kyats
2nd Winner up -200,000 kyats
3rd Winner up - 100,000 kyats
4th to 10th consolation winners - 5% discount gift voucher

🏆CAT B (8.6 -11 years)
1st Winner up - 400,000 kyats
2nd Winner up - 300,000 kyats
3rd Winner up - 200,000 kyats
4th to 10th consolation winners - 5% discount gift voucher

📅 Competition Details
📝 Registration period: May 16, 2026 to June 07, 2026
⚔️ Competition dates: June 27 – June 28, 2026

Competition မစခင်မှာလည်း mangoSTEEMS Myanmar မှ ပြိုင်ပွဲဝင်သားသားမီးမီးလေးတွေအတွက် Training Session တွေလည်းပြုလုပ်ပေးသွားဦးမှာပါ။

🔗 ပြိုင်ပွဲ အကြောင်းအသေးစိတ်ကြည့်ရှုရန်နှင့် စာရင်းပေးသွင်းရန် အတွက်ကိုတော့
ပိုစတာမှာပါတဲ့ QR Code ကို Scan ဖတ်ပြီး ဖြစ်စေ၊ အောက်က Registration Link ကနေဖြစ်စေ ဝင်ရောက်ကြည့်ရှုပြီး အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ။

👉 Registration Link: https://forms.gle/MRhADqqwNnmH98xQ7

အခုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သားသားမီးမီးလေးတွေတော့ Singapore Science Center နဲ့ mangoSTEEMS Singapore တို့ ပူးပေါင်းကျင်းပသွားမယ့် နောက်ထပ်ပြိုင်ပွဲ တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်လည်း ထပ်မံရရှိဦးမှာဆိုတော့ အခု Coding ပြိုင်ပွဲလေးက မဖြစ်နေ ဝင်ရောက်ယှဉ်ပြိုင်ထားသင့်တဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။

ပြိုင်ပွဲနှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက 💬Page messenger မှာဖြစ်စေ
📞09- 777016582 , 09- 777016585 သို့ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


12/05/2026

"ကလေးတွေရဲ့ ကျောင်းပိတ်ရက် ဖြတ်သန်းမှုဟာ သူတို့ရဲ့ အနာဂတ်ကို ပြောင်းလဲစေနိုင်တယ်ဆိုတာ သိပါသလား? ✨

နည်းပညာခေတ်မှာ ခြေလှမ်းတစ်လှမ်း ရှေ့ရောက်နေဖို့ဆိုရင် ဒီနွေရာသီဟာ အကောင်းဆုံး အချိန်ပါပဲ။ သင်ရိုးဟောင်းတွေထဲမှာတင် ပိတ်မိမနေဘဲ နိုင်ငံတကာအဆင့်မီ Digital Platform တွေနဲ့ ကလေးတို့ရဲ့ ဉာဏ်ရည်ကို မြှင့်တင်ပေးဖို့ mangoSTEEMS ရဲ့ Summer Class က အဆင်သင့်ရှိနေပါပြီ။"

အသက် (၅) နှစ်ကနေ (၁၂) နှစ်အတွင်းရှိတဲ့ ကလေးငယ်များ တက်ရောက်နိုင်ပြီး ခေတ်သစ်ပညာရေးစနစ်နဲ့အတူ ကလေးတို့ရဲ့ အနာဂတ်ကို mangoSTEEMS ရဲ့ Summer Classမှာ စတင်ပုံဖော်လိုက်ပါ။

💻 ဘာကြောင့် mangoSTEEMS ရဲ့ Summer Class ကို ရွေးချယ်သင့်တာလဲ?

✅ International Curriculum & Digital Platform
နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းတွေကို အဆင့်မြင့် Digital Platform များအသုံးပြုပြီး သင်ကြားပေးမှာဖြစ်လို့ ကလေးငယ်တွေဟာ ကမ္ဘာ့အဆင့်မီ ပညာရေးကို ထိတွေ့ခွင့်ရရှိမှာပါ။

✅ Blended learning ဖြင့် ထိထိ ရောက်ရောက် သင်ကြားပေးခြင်း
Blended Learning ဆိုတာ စာသင်ခန်းထဲမှာ ဆရာနဲ့ (Face-to-Face Learning) သင်ယူတဲ့ System နဲ့ Online Learning နဲ့ သင်ယူတဲ့ System စတဲ့ System နှစ်ခုကို အချိုးကျပေါင်းစပ်ထားတဲ့ ခေတ်သစ်ပညာရေးပုံစံတစ်ခု ဖြစ်ပါတယ်။
ကလေးတွေဟာ ကျောင်းမှာ ဆရာနဲ့တူတူ သင်ခန်းစာတွေလေ့လာရသလို၊ တစ်ဖက်မှာလည်း Digital Platform တွေ၊ ဗီဒီယိုတွေ၊ ဂိမ်းတွေနဲ့ Interactive ဖြစ်တဲ့ နည်းပညာတွေကို အသုံးပြုပြီး မိမိဘာသာ စူးစမ်းလေ့လာရတဲ့ပုံစံမျိုးလည်းဖြစ်ပါတယ်။

✅Blended Learning System ကနေ အကျိုးကျေးဇူးများစွာ ရရှိနိုင်ခြင်း

သင်ခန်းစာတွေကို ပိုမိုစိတ်ဝင်စားလာပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) တိုးတက်လာခြင်း။

Digital Literacy ခေါ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ငယ်စဉ်ကတည်းက ရရှိစေခြင်း။

✅ စိတ်အေးချမ်းသာစွာ သင်ယူနိုင်မည့် ပတ်ဝန်းကျင်
ကလေးငယ်များ ဘေးကင်းလုံခြုံစွာနဲ့ စာသင်ယူမှုကို အာရုံစိုက်နိုင်မယ့် အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။

✅ Flexible Schedule
မိဘများအတွက် အဆင်ပြေစေမယ့် အချိန်ဇယား (Schedule) များကိုလည်း သေချာညှိနှိုင်းစီစဉ်ပေးထားလို့ အချိန်အတွက် ပူစရာမလိုတော့ဘူးနော်။

📅 အတန်းများကို June လမှစတင်၍ တက်ရောက်နိုင်ပါပြီ!

ကျောင်းပိတ်ရက်မှာ ကလေးတွေရဲ့ အရည်အချင်းကို တစ်ဆင့်မြှင့်တင်ပေးဖို့ အခုပဲ Register လုပ်ပြီး စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။ 🤗

အသေးစိတ်ထပ်မံသိရှိလိုပါက Page Messenger မှာဖြစ်စေ၊ 09-777016590, 09-777016585 ,09-777016583သို့ ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ် ။

03/05/2026

"𝐒𝐜𝐫𝐞𝐞𝐧𝐭𝐢𝐦𝐞 တွေများနေတဲ့ သားသားမီးမီးတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိ ပြောင်းလဲလိုက်ရအောင်”👩🏻‍💻🧑🏻‍💻

ယနေ့ခေတ် သားသားမီးမီးတွေဟာဆိုရင် ဖုန်းတွေ၊ အင်တာနက်တွေ၊ AI နည်းပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်ပါတယ်။ ဒီလို ဖုန်းတွေ၊ Tablet တွေ၊ computer တွေနဲ့ကုန်ဆုံးနေတဲ့အချိန်တွေမှာ ကလေးတွေအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရသွားလား၊ မရသွားဘူးလားဆိုတာ မိဘတွေအနေနဲ့ ဂရုတစိုက် စောင့်ကြည့်ပေးသင့်ပါတယ်။ 💁🏻‍♀️💁🏻‍♀️

ဒါကြောင့် ကလေးတွေရဲ့ Screen Time မှာအကျိုးလည်းရှိ၊ တိုးတက်လာတဲ့ နည်းပညာတွေနဲ့လည်းပိုမိုရင်းနှီးကျွမ်းဝင်လာပြီး Healthy Screen Time ဖြစ်စေဖို့အတွက် ပျော်စရာ Game လေးတွေဆော့ရင်း Coding ကိုလေ့လာနိုင်မယ့် Free" Coding Trial Class(On Campus)" လေးကို အခုပဲ Register လုပ်လိုက်ပါ။ 📣📣

ဒီ Trial Class လေးမှာတော့ mangoSTEEMS Myanmar ကနေ STEM Education မှာ အရေးကြီးတဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ Computer Programming ရဲ့ အခြေခံ Coding သဘောတရားတွေကို Code Monkey မှာ Game လေးတွေဆော့ရင်း သင်ကြားပေးမှာဖြစ်ပါတယ်။ 👾🎮

Code Monkey ဆိုတာ Game ဆော့ရင်း Coding သင်တဲ့ Game-based Program တခုဖြစ်ပါတယ်။ ဒီ Program မှာဆို သားသားမီးမီးတွေက Monkey လေးနဲ့အတူ Coding ဘာသာရပ်ကိုစိတ်ဝင်စားဖွယ် ပျော်ပျော်ရွှင်ရွှင် သင်ကြားနိုင်မှာဖြစ်ပါတယ်။

⏰ဘယ်နေ့ ဘယ်အချိန်လဲ?
🗓️ Date:
Section A - 9 May 2026
Section B - 16 May 2026
Section C - 23 May 2026
Section D - 30 May 2026

🕘 Time:11:00 AM - 12:00 PM

📍 Location: mangoSTEEMS Enrichment Center
(Block 4, Unit 2, Mingalar Mandalay) 🏫

အသက် (၆) နှစ်မှ (၁၂) နှစ်အတွင်း သားသားမီးမီးများအားလုံးတက်ရောက်နိုင်ပါတယ်။
May လရဲ့ စနေ နေ့တိုင်းမှာ Trial Class တွေ စီစဉ်ပေးထားတာဖြစ်လို့ မိမိအဆင်ပြေတဲ့ Section တစ်ခုကို ရွေးချယ်တက်ရောက် နိုင်မှာဖြစ်ပါတယ်။

တက်ရောက်မည်ဆိုပါက
Page Messenger မှာ "𝐂𝐨𝐝𝐢𝐧𝐠 𝐅𝐫𝐞𝐞 𝐓𝐫𝐢𝐚𝐥" လို့ Message ပို့ထားပြီး Register လုပ်ထားလိုက်လို့ရပါတယ်။

အသေးစိတ်သိရှိလိုပါက 💬Page messenger မှာဖြစ်စေ၊ 09- 777016590, 09- 777016585 သို့ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။




03/05/2026

✨ Join Our Growing Team – June Intake Hiring Now! ✨

We are expanding and looking for passionate, driven, and talented individuals to join our team for the upcoming June Intake in Yangon & Mandalay.
If you are enthusiastic about education, growth, and making an impact, this is your chance!

📍 Open Positions

🔹 Yangon

• Sales & Marketing Manager (1 Post)

🔹 Mandalay

• Education Consultant (1 Post)
• Digital Marketing Executive (1 Post)
• Subject Teachers – English / Math / Science
• ICT Teacher (1 Post)

💡 Why Join Us?

• Friendly & supportive working environment
• Opportunity to grow your career in education sector
• Hands-on experience with modern teaching & digital tools
• Be part of a dynamic and passionate team

📩 Apply Now!

If you’re ready to take the next step in your career, send your CV to [email protected] by May 20, 2026.

29/04/2026

🌟 သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် အကောင်းမွန်ဆုံး ပညာရေးလမ်းကြောင်းကို အတူတူရှာဖွေလိုက်ကြရအောင် 🌟

ကလေးတစ်ဦးချင်းစီရဲ့ သင်ယူမှုပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ မတူညီကြပါဘူး။ ဒါကြောင့် မိဘများအနေနဲ့ ကိုယ့်ရင်သွေးရဲ့ Individual Learning Style နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ပေးဖို့က အလွန်အရေးကြီးပါတယ်။

သင့်ကလေးရဲ့ အလားအလာတွေကို အထိရောက်ဆုံး ပျိုးထောင်ပေးနိုင်ဖို့ mangoSTEEMS Myanmar မှ ဖေဖေမေမေတို့အတွက် အထူးစီစဉ်ထားတဲ့ One-on-One Counselling Section လေး ရောက်ရှိလို့လာပါပြီ။ ဒီ One on One Counselling Section အစီအစဉ်လေးမှာ mangoSTEEMS ရဲ့ After School Program နဲ့ Play & Learn Program တွေက သားသားမီးမီးလေးတို့ကို ဖွံဖြိုးတိုးတက်လာအောင် ဘယ်လိုတွေ ကူညီပေးသွားမလဲဆိုတဲ့ အကြောင်းအရာတွေကို ဖေဖေမေမေတို့အတွက် ရှင်းလင်ပြောပြပေးသွားမှာလည်းဖြစ်ပါတယ်။

mangoSTEEMS သည် နိုင်ငံပေါင်း ၂၀ ကျော်မှာတည်ရှိပြီး mangoSTEEMS Myanmar အနေနဲ့လည်း After School Program ဖွင့်လှစ်လာခဲ့တာ ၆နှစ်ကျော်ကာလရှိခဲ့ပြီး ကျောင်းသားပေါင်း ၅၀၀ ကျော်ကိုလည်း သင်ကြားပေးထားပြီး ဖြစ်ပါတယ်။ mangoSTEEMS မှ STEM subjects များကို AI support ပါတဲ့ Digital Learning Platform များနဲ့ သင်ကြားပေးနေတာ ဖြစ်တဲ့ အတွက် ကလေးတွေရဲ့ အားနည်းချက် တွေကို အချိန်တိုတွင်းမှာ သိမြင်နိုင်သလို ကလေးတွေရဲ့ တိုးတက်လာမှူတွေကိုလည်း မိဘတွေ အနေနဲ့ တိတိကျကျ သိရှိနိုင်မှာ ဖြစ်ပါတယ်၊
Play & Learn Program ဟာဆိုရင်လည်း Holistic ကို Reference လုပ်ထားတဲ့ Program ဖြစ်ပြီး ကလေးငယ်လေးများ ဘက်စုံ ဖွံဖြိုးတိုးတက်လာစေရန် Activities များစွာဖြင့် သင်ကြားပေးနေတဲ့ Program တစ်ခုလည်းဖြစ်ပါတယ်။

ဘယ်လိုမျိုး ဝင် Join ရမှာလဲ❓
🟠အသက် ၂ နှစ် နှင့် အထက် သားသားမီးမီးလေးတွေရဲ့ ဖေဖေ၊မေမေတို့ အားလုံး ဒီအစီစဥ်လေးမှာပါဝင်နိုင်မှာဖြစ်ပါတယ်။
ဖေဖေ မေမေတို့ အဆင်ပြေအောင် Online & On Campus ဆိုပြီး Join လို့ရတာမို့ Online ကနေလည်း ဆွေးနွေးလို့ရသလို၊ လူချင်းတွေ့ပြီး ဆွေးနွေးတိုင်ပင်လို့လည်းရပါတယ် 😍
တက်ရောက်မယ်ဆိုရင်တော့ Page Messenger မှာ One On One လို့ Message ပို့ထားပြီး Register လုပ်ထားလိုက်လို့ရပါတယ်။
ပထမဦးဆုံး Register လုပ်မယ့် မိဘ ၁၅ ယောက်သာလျှင် One on One Free Counseling Section ကို တက် ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

တောက်ပလာမယ့် ကလေးရဲ့အနာဂတ်အတွက် mangoSTEEMS Myanmar မှ ကောင်းမွန်တဲ့ အကြံဉာဏ်တွေနဲ့ ဂရုတစိုက် ဆွေးနွေးအဖြေရှာကြဖို့ အခုပဲ Register လုပ်ထားပြီး Appointment ယူထားလိုက်တော့နော် 🤗

Contact for more detail 👇
☎️ 09 - 777016590, 09 - 777016585
Address: Block 4, Unit 2,
73rd Street Mingalar Mandalay Shopping Complex, Chanmyathazi Township Mandalay.




Want your school to be the top-listed School/college in Mandale?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Block 4, Unit 2, 73rd Street Mingalar Mandalay Shopping Complex, Chanmyathazin Township, Mandalay
Mandale

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00