20/06/2026
ပုဂ္ဂလိကပညာရေးနှင့်ပတ်သက်ပြီး သတိပြုစရာအချက်များ (၁၄)
*********************************************************
Post အမှတ် (၁၃) မှာတော့ အဆင့်မြင့်ပညာကဏ္ဍမှာဝန်ဆောင်မှု ရယူနိုင်တဲ့ Programme တွေ အကြောင်း ရေးခဲ့ပါတယ်။ ဒီ Post မှာတော့ မြန်မာနိုင်ငံ ပုဂ္ဂလိ က ပညာရေးကဏ္ဍမှာ ဘာလို့ တက္ကသိုလ် အဖြစ် မှတ်ပုံတင်နိုင်တဲ့ ကျောင်းမရှိ သေးတာလဲဆိုတာနဲ့ ပတ်သက်လို့ အများပြည်သူနဲ့ တည်ထောင်သူ တွေကို သိစေချင်တဲ့ သတိပြုစရာတွေကို ရေးပါ့မယ်။
ပုဂ္ဂလိက ပညာရေးဥပဒေအရ အဆင့်မြင့်ပညာကဏ္ဍမှာ ဖော်ပြပါ ကျောင်းအမျိုးအစား (၅ )မျိုးရှိတယ် ဆိုတာ Post အမှတ်(၄)မှာ ဖော်ပြပေးခဲ့ပါတယ်။
(က)ကိုယ်ပိုင်ဘွဲ့အပ်နှင်းပါကတက္ကသိုလ်။
(ခ)နိုင်ငံခြားတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းဖြင့် နိုင်ငံခြားတက္ကသိုလ်ကတိုက် ရိုက် သင်ကြား စီမံအုပ်ချုပ်ပြီး ဘွဲ့များအပ်နှင်းပါကနိုင်ငံခြားတက္ကသိုလ် Branch။
(ဂ) မိမိသင်ရိုး ညွှန်းတမ်းဖြင့်ဘွဲ့သင်တန်းများ (Programmes) ကို နိုင်ငံခြားတက္ကသိုလ် စိစစ် အသိအမှတ်ပြုပြီး အဆိုပါတက္ကသိုလ်နှင့်ပူးတွဲ၍ Joint Degree များအပ်နှင်းပါကတက္ကသိုလ်။
(ဃ) ကိုယ်ပိုင်ဒီပလိုမာ အပ်နှင်းပါက (သို့မဟုတ်) နိုင်ငံခြားသင်ရိုးညွှန်းတမ်းဖြင့် မိမိကျောင်း တွင်သင်ကြားပြီး နိုင်ငံခြားဘွဲ့/ဒီပလိုမာအပ်နှင်းပါကကောလိပ်။
(င)လက်မှတ်(Certificate)အပ်နှင်းပါကစင်တာ(Centre)။
ဒီ (၅) မျိုးထဲမှာက ကိုယ်ပိုင်ဘွဲ့ပေးတဲ့ တက္ကသိုလ်နဲ့ နိုင်ငံခြားက တက္ကသိုလ်က မြန်မာနိုင်ငံမှာ နိုင်ငံခြား တက္ကသိုလ်အမည် နဲ့ ကျောင်းခွဲလာဖွင့်တာမျိုးက တော့ မရှိသေးပါဘူး။ Joint Degree ပေးတဲ့ (ဂ) အမျိုး အစားလဲ မရှိသေးပါဘူး။ (ဃ)နဲ့ (င) ကတော့ ရှိပါတယ်။ ဒီနေရာမှာ အဆင့်မြင့်ပညာကဏ္ဍအတွက် ကိုယ်ပိုင်ကျောင်း ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အဆင့်မြင့်ပညာကျောင်း မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက် အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၃ အရ သိသင့်တဲ့အချက်အချို့ကိုအနှစ်ချုပ်ရေးပါမယ်။ အဲဒီမှာဖော်ပြထားတာတွေထဲ အရေးကြီးတာတွေကိုသာ ကောက်နှုတ် တင်ပြရမယ်ဆိုရင်-
(၁) သတ်မှတ်ထားသော တက္ကသိုလ် အင်္ဂါရပ်နဲ့ ပြည့်စုံမှသာလျှင် တက္ကသိုလ်/ကောလိပ်အဖြစ် မှတ်ပုံ တင်ခွင့်ပြုမည်။
(၂) အမျိုးအစား(ခ) မှ အပ နိုင်ငံခြားတက္ကသိုလ်၏ အမည်ကို သုံးစွဲခြင်းမပြုရ။
(၃) တက္ကသိုလ်/ကောလိပ်/စင်တာ ၏ အမည်တွင် အမျိုးသား(National) ဟူသော စကားလုံးကို ထဲ့သွင်း သုံး စွဲခြင်းမပြုရ။
(၄) နိုင်ငံခြားတက္ကသိုလ်များနှင့် ချိတ်ဆက်ထားသောကျောင်းများသည် သက်ဆိုင်ရာနိုင်ငံခြားတက္ကသိုလ်၏ Vice President/ Vice Chancellor ၏ထောက်ခံချက်ကို တင်ပြရမည် လို့ သီးခြား မှတ်ချက်မှာ ဖော်ပြထားပါတယ်။
နောက်အရေးကြီးတာတွေက စာသင်ခန်းသတ်မှတ်ချက်တွေကိုက်ရပါမယ်။
တက္ကသိုလ်ဖြစ်ပါက မဟာဌာန (Faculty) အနည်းဆုံး ၂ခု၊ သင်ကြားရေးဌာန (Department) အနည်းဆုံး(၄)ခု၊ အထူးပြု ဘာသာရပ် (၃)ခု၊ အနည်းဆုံးဘွဲ့အစီအစဉ်(၃)ခုရှိရပါမယ်။ သင်ကြားရေးဌာန တစ်ခုတွင် အနည်းဆုံး ပါမောက္ခ (၁)ဦး၊ တွဲဖက်ပါမောက္ခ (၁)ဦး၊ ကထိက(၂) ဦးရှိရပါမယ်။
သင်ကြား ရေးဌာနတစ်ခုမှာ အချိန်ပြည့် ဆရာဆရာမ အနည်းဆုံး(၄) ဦးရှိ ရမှာ ဖြစ်ပြီး ပါမောက္ခ က ပါရဂူဘွဲ့ရ နဲ့ ကျန်ဆရာ၊ ဆရာမတွေက မဟာဘွဲ့အနည်းဆုံး ဖြစ် ရပါမယ်။ တစ်ခြားကိုက်ညီရမဲ့ အချက်တွေလဲရှိပါသေးတယ်။ ဆရာကျောင်းသားအချိုး၊ ဆရာ၊ ဆရာမ ခန့်ထားရမဲ့ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသား ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းခန့်ထားရမဲ့ ရာခိုင်နှုန်း စတာ တွေလဲ သတ်မှတ်ထားတာတွေ ရှိပါတယ်။
ကောလိပ်အနေနဲ့ကတော့ သင်ကြားရေးဌာန(Department)အနည်းဆုံး (၃)ခုရှိရမယ်။ အနည်း ဆုံး ဒီပလိုမာအစီအစဉ်(၃)ခု (သို့မဟုတ်) နိုင်ငံခြားတက္ကသိုလ်ဘွဲ့ အစီအစဉ် (၂)ခုရှိ ရပါမယ်။ သင်ကြားရေးဌာန တစ်ခုတွင်အနည်းဆုံး ပါမောက္ခ(၁)ဦး၊ တွဲဖက်ပါမောက္ခ (၁)ဦး၊ ကထိက(၂) ဦး ရှိရပါမယ်။
သင်ကြား ရေးဌာနတစ်ခုမှာ အချိန်ပြည့်ဆရာဆရာမ အနည်းဆုံး(၄) ဦးရှိရမှာ ဖြစ်ပြီး ပါမောက္ခ က ပါရဂူဘွဲ့ရ နဲ့ ကျန်ဆရာ၊ ဆရာမတွေက မဟာဘွဲ့အနည်းဆုံး ဖြစ်ရပါမယ်။ တခြားကိုက်ညီ ရမဲ့အချက်တွေလဲရှိပါသေးတယ်။
စင်တာတွေအနေနဲ့ကတော့ တက္ကသိုလ်တွေ ကောလိပ်တွေလို သိပ်ပြီး တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ ညွှန်ကြားထားတာ မတွေ့ရပါဘူး။ ဒါပေမဲ့ တိုင်းဒေသကြီး/ ပြည်နယ် ကိုယ်ပိုင်ကျောင်း ကြီးကြပ်ရေးအဖွဲ့က လိုအပ်ချက်အရ ညွှန်ကြားတာတွေကို လိုက်နာ ပြီး မှတ်ပုံတင်ကြရပါမယ်။ အထူးသဖြင့် ဘာသာစကားသင်တန်းများအနေနဲ့လဲ မှတ်ပုံတင်ဖို့ လို ပါမယ်။ စင်တာတွေအများစုက လက်မှတ်ပေးတဲ့ အတွက် နည်းပညာနဲ့ သက်မွေးပညာရေး ကဏ္ဍရဲ့အောက်မှာရှိပါတယ်။
မိဘပြည်သူတွေနဲ့ သင်ယူသူတွေအနေနဲ့က မိမိတို့ အနေနဲ့ ကောလိပ်တွေရဲ့ ဝန်ဆောင်မှု ကို ရယူကြတဲ့အခါ ခု ဖော်ပြတဲ့အချက်တွေကို လဲသတိပြုဖို့လိုပါတယ်။
မူလက တက္ကသိုလ်တွေအဖြစ်ကြေညာပြီး ဝန်ဆောင်မှုပေးနေတဲ့ တက္ကသိုလ်တွေကို ဥပဒေအရ သတ်မှတ်ချက်တွေ နဲ့မကိုက်ညီလို့ ကြီးကြပ်ရေးအဖွဲ့က ကောလိပ်အဖြစ်သာ မှတ်ပုံတင်ခွင့်ပြုခဲ့ တာကို တစ်ချို့ က နားမလည်တဲ့အခါ အပြစ်ပြောနေတာလဲတွေ့ရပါတယ်။ ပညာရေးဝန်ကြီး ဌာန အနေနဲ့ ဥပဒေမပြဋ္ဌာန်းမီကတည်းက ဖွင့်နေတဲ့ကျောင်းတွေမို့လို့ တက္ကသိုလ် သတ်မှတ်ချက်နဲ့ မကိုက်ညီ တဲ့အတွက်ကောလိပ်အဖြစ်သာ ဖွင့်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ညွှန်ကြားချက်ရဲ့နောက်ဆက်တွဲအဖြစ် တက္ကသိုလ်အင်္ဂါရပ်များဆိုပြီးအချက် (၄၅) ချက်ထုတ် ထားတာရှိပါတယ်။ အဲဒီအထဲကမှ ဖော်ပြထားတဲ့ (၁၉) ခုကအနည်းဆုံးလိုအပ်ချက် (Minimum Requirement) ပါ။
(၁)တက္ကသိုလ်မုခ်ဦး နှင့်အမည်ဆိုင်းဘုတ်
(၂) ဘက်စုံသုံးခန်းမ
(၃) စာကြည့်တိုက်
(၄) ဘာသာရပ်ဌာနများ
(၅)စာသင်ဆောင်
(၆) စာသင်ခန်း
(၇) စီမံခန့်ခွဲမှုရုံး
(၈) အပန်းဖြေရိပ်သာ
(၉) အားကစာကွင်း
(၁၀) ရေ၊ ရေသန့်စက်၊ မီး၊ Transformer
(၁၁) Library Facilities
(၁၂) Sport Facilities
(၁၃) IT Facilities
(၁၄) အင်တာနက်၊ Wifi
(၁၅) Campus Security
(၁၆) လမ်းညွှန်မြေပုံ
(၁၇)ယာဉ်ရပ်နားရန်နေရာ
(၁၈) Cafeteria/ Canteen
(၁၉) ဥပတိရုပ်ကောင်းမွန်မှု
တက္ကသိုလ်တစ်ခုအဖြစ် မှတ်ပုံတင်ဖို့အတွက် အဓိကအနည်းဆုံးအခြေခံလိုအပ်ချက်တွေပါ။
မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကအဆင့်မြင့်ပညာကဏ္ဍမှာ အရည်အသွေးမီ ပုဂ္ဂလိက တက္ကလိုလ်တွေ၊ ကောလိပ်တွေ၊ စင်တာတွေ ပေါ်ပေါက်ပြီး ဖွံ့ဖြိုးတိုးတက်ပါစေ။
နိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်တွေကို ပိုမိုအထောက်အကူပြု ဖြည့်ဆည်း ပေးနိုင်ပါစေလိုဆန္ဒပြုလိုက်ရပါတယ်။
KLW(12-6-2025) (12:30 PM)
"Be Confident, Be Inspired, Be a Leader"
☎️Phone : 09456060208, 09456060209
🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး
19/06/2026
🎨ဒီနေ့မှာတော့ Nursery, Pre-KG သားသားမီးမီးတို့အကြိုက် Painting Activity လေးကို ပြုလုပ်ခဲ့ကြပါတယ်... ဆေးရောင်စုံမျိုးစုံနဲ့သူတို့လေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပြနေကြတဲ့ ဒီ Activity လေးမှာဆိုရင်
✍🏻 ကလေးတွေရဲ့ လက်ချောင်းလေးတွေ သန်မာလာစေသလို (Fine Motor Skills)၊ မျက်စိနဲ့ လက် တစ်သားတည်းဖြစ်အောင် လေ့ကျင့်ပေးရာလည်း ရောက်ပါတယ်... ပုံမှန်သင်ခန်းစာများအပြင်ကိုမှ အခုလို စိတ်ကြိုက် ဖန်တီးခွင့်ပေးပြီး ကလေးတွေရဲ့ အရွယ်အလိုက် လိုအပ်တဲ့ ကာယ၊ ဉာဏ ဖွံ့ဖြိုးမှုတွေကို အခုလို ပျော်စရာ Activities လေးတွေနဲ့ MIS မှ အမြဲတမ်း ပံ့ပိုးပေးနေပါတယ်...❤️❤️
"Be Confident, Be Inspired, Be a Leader"
☎️Phone : 09456060208, 09456060209
🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး
18/06/2026
🔠အင်္ဂလိပ်စာကျွမ်းကျင်မှုရရှိအောင် နိုင်ငံတကာစံနှုန်းများနဲ့သင်ကြားနိုင်မယ့် YLE Starter Class...
ဖေဖေမေမေတို့ရေ သားသားမီးမီးတို့ရဲ့အင်္ဂလိပ်စာ အခြေခံကို အကောင်းဆုံးနဲ့ အပိုင်နိုင်ဆုံး စတင်နိုင်ဖို့ Young Learners English (YLE) - Starter Class လေး အပ်လို့ရပြီနော်...အခြေခံကစပြီး နိုင်ငံတကာအဆင့်မီ စနစ်တကျ လေ့လာနိုင်မယ့် အထူးတန်းလေး ဖြစ်ပါတယ်...❤️
ဒီအတန်းလေးမှာဆိုရင် MIS Foreign Teacher များရဲ့လမ်းညွှန်မှုနဲ့ Local Professional English Teacher များ ပူးပေါင်းပြီး အနီးကပ် လမ်းညွှန်သင်ကြားပေးမှာဖြစ်လို့ ကျောင်းသားများရဲ့အားနည်းချက်၊ အားသာချက်အလိုက် သေချာပြုစုပျိုးထောင်ပေးနိုင်မယ့် အတန်းလေး ဖြစ်ပါတယ်...
သင်ကြားမည့် ပုံစံနဲ့အသုံးပြုမည့် စာအုပ်များ
👉Cambridge Complete Series (Exam Preparation Coursebooks)
👉 Oxford Phonics World: ကလေးငယ်တွေ အသံထွက် (Pronunciation) မှန်ကန်စေဖို့နဲ့ စကားလုံးတွေကို အလွယ်တကူ စာလုံးပေါင်းတတ်စေဖို့ Phonics အခြေခံကို သေချာချပေးမှာပါ...
👉 Storyfun Series (Cambridge): ကလေးတွေ သဘောကျမယ့် ရောင်စုံရုပ်ပုံလေးတွေ၊ ချစ်စရာ ပုံပြင်လေးတွေကတစ်ဆင့် Reading လေ့ကျင့်ခန်းတွေကို မငြီးငွေ့ဘဲ ဖတ်ရှုတတ်လာစေမှာပါ...
🎯 Program Focus (ဘာတွေ အဓိက လေ့ကျင့်ပေးမလဲ?)
👂 Listening: ဆရာ/ဆရာမတွေရဲ့ Accent နဲ့ သဘာဝအတိုင်း ပြောဆိုမှုတွေကို နားထောင်ပြီး အင်္ဂလိပ်စကားသံကို ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်လာအောင် လုပ်ပေးမှာပါ...
🗣 Speaking: Starter Level သားသားမီးမီးတို့တွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ "စကားစပြောဖို့ မကြောက်စေရန် ရဲရဲဝံ့ဝံ့ စကားပြောဆိုနိုင်တဲ့ Skill ကို Fun Activities (ဂိမ်းများ၊ ကစားနည်းများ) သုံးပြီး ယုံကြည်မှု တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်...
📖 Reading & Comprehension: ရုပ်ပုံလေးတွေ ကြည့်ပြီး စာကြောင်းတိုလေးတွေနဲ့ စာပိုဒ်တိုတွေကိုအပြည့်အဝ နားလည်နိုင်စွမ်း ရှိလာအောင် လေ့ကျင့်ပေးမှာပါ...
✍ Writing: Vocabulary အသစ်လေးတွေရဲ့ စာလုံးပေါင်းနဲ့ အခြေခံ စာကြောင်းပုံစံလေးတွေကို စနစ်တကျ စတင်ရေးသားတတ်အောင် သင်ကြားပေးမှာ ဖြစ်ပါတယ်...
သင်တန်းကာလ (၆)လဖြစ်ပြီး သင်တန်းပြီးတာနဲ့ နိုင်ငံတကာအသိအမှတ်ပြု Cambridge YLE exam ကိုလည်း ဝင်ရောက်ဖြေဆိုနိုင်ပါတယ်... Cambridge Assessment Certificate များလည်း ရရှိမှာဖြစ်လို့ Starter မှစပြီး ပုံမှန်တက်ရောက်သွားမယ်ဆို English ဘာသာရပ်မှာ စိတ်ပူစရာမလိုတဲ့ ကလေးတစ်ယောက်ဖြစ်လာမှာပါ....❤️❤️
"Be Confident, Be Inspired, Be a Leader"
☎️Phone : 09456060208, 09456060209
🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး
17/06/2026
🏫ကျောင်းသားများရဲ့ ဘေးကင်းလုံခြုံရေးကို အမြဲရှေ့တန်းတင်ထားတဲ့ MIS မှာ နေပြည်တော်တိုင်းဒေသကြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ လူကြီးမင်းများနှင့် ပူးပေါင်း၍ "မီးဘေးအန္တရာယ်နှင့် ငလျင်အန္တရာယ် ကာကွယ်ရေး" ဟောပြောပွဲ၊ လက်တွေ့သရုပ်ပြပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်....
👩🏼🚒ဒီလှုပ်ရှားမှုမှာ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ငလျင်အန္တရာယ် ကြုံတွေ့ရတဲ့အခါ ထိတ်လန့်တုန်လှုပ်မှုမရှိဘဲ စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် ဟောပြောချက်များမှတစ်ဆင့် သိရှိခဲ့ကြရုံတင်မကဘဲ ငလျင်လှုပ်ခတ်စဉ် ရှောင်တိမ်းနည်းများနှင့် မီးဘေးကာကွယ်ရေး နည်းလမ်းများကိုပါ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ခွင့်ရရှိခဲ့ကြပါတယ်...
👉ကျောင်းသား၊ ကျောင်းသူလေးများအားလုံးကလည်း သက်ဆိုင်ရာလူကြီးမင်းများ၊ ဆရာ၊ ဆရာမများရဲ့ လမ်းညွှန်မှုအောက်မှာ စည်းကမ်းရှိရှိ၊ တက်တက်ကြွကြွဖြင့် အလေးအနက်ထား ပါဝင်ဆောင်ရွက်ခဲ့ကြပြီး တန်ဖိုးရှိတဲ့ ဗဟုသုတများ မှတ်သားခွင့်ရခဲ့ကြပါတယ်...
👩🏼🚒အဖိုးတန်အသိပညာများကို လာရောက်ဟောပြော သရုပ်ပြပေးခဲ့ကြသော မီးသတ်ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ လူကြီးမင်းများအားလည်း အထူးကျေးဇူးတင်ရှိပါတယ်...❤️❤️
"Be Confident, Be Inspired, Be a Leader"
☎️Phone : 09456060208, 09456060209
🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး
16/06/2026
🏫အဖိုးတန်ပညာများ သင်ကြားနိုင်တဲ့ ကျောင်းဆိုတာထက်ပိုတဲ့ Safe & Caring Enviroment တစ်ခု Mother International School
💁🏻♀️ကလေးတစ်ယောက်ရဲ့ စွမ်းရည်တွေ တောက်ပလာဖို့ဆိုတာ ဘေးကင်းလုံခြုံပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိနေဖို့က အဓိက သော့ချက်ပါပဲ... ဒါကြောင့်မို့လို့ Mother International School ကို စာသင်ခန်းတစ်ခုအနေနဲ့ရော ကျောင်းသား၊ ကျောင်းသူများအားလုံး ပျော်ရွှင်အေးချမ်းစွာ ကြီးပြင်းနိုင်မယ့် "Safe and Caring Campus" အဖြစ်နဲ့ရော အလေးထား ပုံဖော်ပေးထားလို့ မိဘများအနေနဲ့ ရာနှုန်းပြည့် စိတ်ချယုံကြည်လို့ ရပါတယ်..
👉Nursery, Pre-KG အရွယ်များမှာဆိုရင် အိမ်နဲ့မကွာ ဂရုစိုက်မှုမျိုး လိုအပ်တဲ့ သားသားမီးမီးငယ်လေးတွေအတွက် ဆရာမများက စိတ်ရှည်သည်းခံစွာဖြင့် နွေးနွေးထွေးထွေး ပြုစုပျိုးထောင်ပေးပြီး၊ ကျောင်းဆိုတာ ပျော်စရာကမ္ဘာလေးတစ်ခုအဖြစ် စတင်ခံစားရအောင် ဖန်တီးပေးထားပါတယ်...
👉Primary အဆင့်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူများမှာဆိုရင်လည်း စူးစမ်းလိုစိတ်မြင့်တက်လာတဲ့ ကျောင်းသားများကို နိုင်ငံတကာအဆင့်မီ သင်ရိုးများနဲ့သင်ကြားပေးသလို စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အပြည့်အဝပေးထားပြီး၊ သူတစ်ပါးနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေကို နွေးထွေးတဲ့ ဝန်းကျင်မှာ ပျိုးထောင်ပေးပါတယ်...
👉Secondary အဆင့်မှာတော့ အတွေးအခေါ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ အရေးကြီးတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေအတွက် လူမှုဆက်ဆံရေး၊ စိတ်ဓာတ်ခွန်အားနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့ ဝါသနာပါရာလမ်းကြောင်းများကို အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမများက နားလည်မှုအပြည့်နဲ့ အနီးကပ် လမ်းညွှန်ပံ့ပိုးပေးလျက် ရှိပါတယ်...
👩🏻🏫နိုင်ငံတကာအဆင့်မီ ကျောင်းတစ်ခုပီသစွာ နိုင်ငံတကာသင်ရိုးညွှန်းတမ်းတွေအပြင် ကလေးတွေရဲ့ ဗဟုသုတကို ကျယ်ပြန့်စေမယ့် Enrichment Subjects (ဖြည့်စွက်ဘာသာရပ်များ) ကိုလည်း ထည့်သွင်းသင်ကြားပေးထားပါတယ်...ပညာ၊ ဗဟုသုတများရအောင် သင်ကြားပေးတဲ့အပြင် မေတ္တာ၊ ဂရုစိုက်မှုများအပြည့်နဲ့ မို့ Mother International School ကို မိဘများ အမြဲယုံကြည်စိတ်ချထားနိုင်ပါတယ်...❤️❤️
"Be Confident, Be Inspired, Be a Leader"
☎️Phone : 09456060208, 09456060209
🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး
13/06/2026
ပုဂ္ဂလိကပညာရေးနှင့်ပတ်သက်ပြီး သတိပြုစရာအချက်များ (၁၃)
*********************************************************
Post အမှတ် (၁၂) မှာ International School တွေမှာသုံးနေတဲ့ သင်ရိုး ညွှန်းတမ်းတွေအကြောင်း မိဘ ပြည်သူ တွေအနေနဲ့ သိရှိပြီးမိမိတို့ ကလေးတွေနဲ့ကိုက်ညီမဲ့ သင်ရိုးညွှန်းတမ်း အသုံးပြုတဲ့ကျောင်းတွေ ကို ဘယ်လိုရွေးချယ်သင့်တယ် ဆိုတာကို ရေးသားခဲ့ပါတယ်။
ဒီနေ့ Post မှာတော့ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက အဆင့်ပညာကဏ္ဍ မှာ ပို့ချပေးနေတဲ့ ဘွဲ့တွေ၊ မဟာဘွဲ့တွေ၊ ဘွဲ့ပါရဂူဘွဲ့တွေအကြောင်းကို မိဘပြည်သူတွေနဲ့ သင်ယူသူလူငယ်တွေသိရှိ ရွေးချယ်နိုင်အောင် ရေးသားပါမယ်။
ရှေ့က ရေးခဲ့တဲ့ Post အမှတ်(၄) နဲ့ (၅) မှာ အဆင့်မြင့်ပညာကဏ္ဍ နဲ့ပတ်သက်ပြီးလိုင်စင်ကိစ္စ၊ ကျောင်း အမျိုးအစားတွေ၊ မိဘတွေနဲ့ကလေးတွေ ဝန်ဆောင်မှုရယူတဲ့အခါ စိစစ်ရမဲ့ကိစ္စတွေ တွေ့ကြုံနေရတဲ့ ပြဿနာတွေရေးခဲ့ပါတယ်။
လက်ရှိအခြေအနေအရ ပုဂ္ဂလိက အဆင့်မြင့်ပညာကဏ္ဍ မှာ ပုဂ္ဂလိကပညာရေးဥပဒေအရ တက္ကသိုလ် အဆင့်သတ်မှတ်ချက်နဲ့ ညီတဲ့ ကျောင်းတွေမရှိသေးတဲ့အတွက် မူလက တက္ကသိုလ်အဖြစ် မိဘပြည်သူ တွေကို ကြော်ညာပြီး ဝန်ဆောင်မှုပေးနေတဲ့ ကျောင်းတွေဟာ ကောလိပ်အဖြစ်နဲ့သာ ခွင့်ပြုတဲ့အတွက် ကောလိပ် ဆိုင်းဘုတ် ပြောင်းပြီးဖွင့်ခဲ့ကြရပါတယ်။
အချို့ကျောင်းတွေဟာ အပြင်မှာ ကျောင်းဆိုင်းဘုတ် ပြောင်းပါတယ်။ On line မှာကြော်ညာတဲ့အခါ University တွေအဖြစ်ကြော်ညာပြီး ဝန်ဆောင်မှုတွေ ပေးနေဆဲဖြစ်ပါတယ်။ တစ်ချို့ကျောင်းတွေက ဆိုင်းဘုတ်ကိုလဲ မပြင်၊ Online Website နဲ့ Facebook Profile /Page တွေမှာလဲမပြင်ဘဲ မူလအတိုင်း တက္ကသိုလ်အဖြစ် ဆက်ဖွင့်နေတာမျိုးလဲတွေ့ရပါတယ်။ ဥပဒေအတိုင်းတိတိ ကျကျ လိုက်နာဖို့ လိုအပ်ကြောင်း အကြံပြုလိုပါတယ်။
သက်ဆိုင်ရာ ကျောင်းထူထောင်တဲ့ သူတွေအနေနဲ့ကလဲ University အဖြစ် မှတ်ပုံတင် ဝန်ဆောင်မှုပေးချင်ရင် ပုဂ္ဂလိကပညာရေး ဥပဒေ သတ်မှတ်ချက်တွေနဲ့ ညီအောင်ဆောင်ရွက်ပြီးလို့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ ဖွင့်လှစ်လို့ ရမှာဖြစ်ပါတယ်။ နောင်ရေးမဲ့ Post တွေမှာ တက္ကသိုလ်အဖြစ်အသိအမှတ်ပြု ဖို့ လိုအပ်ချက်တွေ နဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်ရေးပါအုံးမယ်။
မြန်မာပြည်က ပုဂ္ဂလိက အဆင့်မြင့်ပညာကောလိပ်တွေ ကပေးနေတဲ့ ဒီပလိုမာ၊ ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူ ဘွဲ့တွေအနေနဲ့ ဘာတွေပေးနေသလဲဆိုတာ အများပြည်သူ သိဖို့အတွက် ဖော်ပြပေးရမယ်ဆိုရင် လူသိများ ထင်ရှားတဲ့ အစီအစဉ်တစ်ချို့ ကို နမူနာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(က) ဒီပလိုမာ (Diploma)
• နိုင်ငံတကာတက္ကသိုလ်များ၏ Foundation/Certificate နှင့် ဆက်စပ်၍ ပူးပေါင်းပို့ချ ပေးလေ့ ရှိတယ်။ ဘွဲ့ဒီဂရီအစီအစဉ်များကို ဆက်တက်လို့ရတယ်။
• ပညာသင်ကြားချိန် (၁) နှစ်မှ (၂) နှစ်အထိဖြစ်တယ်။
• ရနိုင်တဲ့ သင်ရိုးယူမှု ဧရိယာများ— Business, IT, Hotel & Tourism, Engineering စသည်တို့ဖြစ်သည်။
(ခ) ဘွဲ့ (Bachelor Degree)
• ပိုမိုကျယ်ပြန့်ပြီး အများအားဖြင့် Joint/Franchise Programmes (UK, Australia, Singapore တို့တွင်) သို့မဟုတ် မြန်မာနိုင်ငံရှိ Private College မှ တစ်ဆင့် နိုင်ငံတကာတက္ကသိုလ် Partner တစ်ခုနှင့် ပူးပေါင်းပြီး ပို့ချပေးခြင်းဖြစ်တယ်။
• ပညာသင်ကြားချိန် (၃) နှစ်မှ (၄) နှစ်ဖြစ်တယ်။
• ရနိုင်တဲ့ သင်ယူမှုဧရိယာများ— Business Administration, Accounting, Engineering, Computing, Hospitality Management စသည်တို့ဖြစ်တယ်။
(ဂ) မဟာဘွဲ့ (Master’s Degree)
• ပိုမိုအဆင့်မြင့်သော ပညာရပ်သင်တန်းဖြစ်ပြီး ပိုမိုကျယ်ပြန့်သော Project, Research Methodology စသည်တို့ပါဝင်တယ်။
• ပညာသင်ကြားချိန် (၁) နှစ်ခွဲမှ (၂) နှစ်။
• ပိုမိုပေါ်ပြူလာသောအစီအစဉ်များမှာ - MBA (Master of Business Administration), MSc (Information Technology, Engineering, Computer Science, etc.), MA (Education, Linguistics, M.Ed (Master of Education ….etc.) တို့ဖြစ်တယ်။
(ဃ) ပါရဂူဘွဲ့ (Doctoral Degree)
• ပုဂ္ဂလိက ကဏ္ဍတွင် နည်းနည်းသာရှိပြီး၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်း၍ Distance Learning / Research-based PhD Programmes ပိုမိုတွေ့ရပါတယ်။
• ပညာသင်ကြားချိန် (၃) နှစ်မှ (၅) နှစ်ခန့်ဖြစ်တယ်။
• ရနိုင်တဲ့ သင်ယူမှုဧရိယာများ - Business, Management, Education စသည့် ဘာသာရပ်များ ဖြစ်ပါတယ်။
မိဘပြည်သူတွေအနေနဲ့ မိမိတို့သားသမီးတွေ အတွက်ရွေးချယ်တဲ့အခါ အောက်ဖော်ပြပါ အချက်တွေကိုလဲ အလေးထားဂရုပြုစေလိုပါတယ်-
သင့်သားသမီးရဲ့ စိတ်ဝင်စားမှုနဲ့ အရည်အချင်းကို သေချာသိအောင်စိစစ်ပါ။
ကိုယ်တိုင် တက္ကသိုလ်သွားပြီး Course Information, Facilities, Library, Lab, Hostel စသည်တို့ကို ကြည့်ပါ။
သင်တန်းကြေး၊ Accommodation, Transport စသည် စရိတ်စာရင်းထဲက နောက်ထပ် Hidden Fees ရှိ/မရှိ စိစစ်ပါ။ မိမိအသုံးပြုနိုင်မဲ့ အသုံးစရိတ်နဲ့ အဆင်ပြေနိုင်မှုရှိမရှိ စိစစ်ပါ။
သင့်သားသမီးအတွက် Learning Environment, Safety, Peer Group တွေကို စဉ်းစားပါ။
ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုမှု၊ နိုင်ငံတကာတက္ကသိုလ်များနှင့် MOU, MOA, LOA, Contract, Agreement ထိုးထားတဲ့အထောက်အထားတွေ ရှိ/မရှိ စိစစ်ပါ။ Accreditation နဲ့ Graduates ရှိမှုကအရေးကြီးပါတယ်။ ရှိ တယ်ပြောပါက ကြည့်ခွင့်တောင်း၍ ကြည့်ပါ။
Job placement rate, Academic outcomes စတဲ့ Review တွေကို အမြဲစစ်ဆေးပါ။
ပုဂ္ဂလိက အဆင့်မြင့်ပညာကဏ္ဍက ပေးနေတဲ့ ပညာရေးဝန်ဆောင်မှုတွေအတွက် မိဘတွေ ကုန်ကျတဲ့ အသုံးစရိတ်တွေဟာ ပညာရေးဝန်ကြီးဌာနနဲ့ အခြားဆက်စပ်ဝန်ကြီးဌာနတွေက ဖွင့်လှစ်နေတဲ့ အဆင့်မြင့် ပညာရေး ဝန်ဆောင်မှုတွေအတွက် မိဘတွေရဲ့ ကုန်ကျစရိတ်နဲ့နှိုင်းယှဉ်ကြည့်ရင် တော် တော် မြင့်မြင့် မားမားကို ကွာဟပါလိမ့်မယ်။ နိုင်ငံတော်က ဖွင့်လှစ်နေတဲ့ တက္ကသိုလ်တွေကို တက်ရင် အတော်ကို သက်သက် သာသာနဲ့တက်လို့ရတာကို တွေ့ရမှာဖြစ်ပါတယ်။ ပေးရတဲ့ ကျောင်းလခတွေ ကုန်ကျမဲ့ အသုံးစရိတ်တွေကို နိုင်ငံတကာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ဒါကြောင့် မိဘတွေအနေနဲ့ ပုဂ္ဂလိကအဆင့်မြင့် ပညာရေးကဏ္ဍမှာ မိမိတို့ကလေးတွေအတွက် ဝန်ဆောင်မှု ရယူတဲ့အခါ အကျိုးရှိပြီး အသုံးစရိတ်ငွေကုန်ရကျိုးနပ်တဲ့ အရည်အသွေးမီ၊ နိုင်ငံတကာ အသိအမှတ်ပြု ဝန်ဆောင်မှုတွေကို ရွေးချယ် ရယူနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
အဆင့်မြင့်ပညာကဏ္ဍမှာ ဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေဖြင့်လဲ ပုဂ္ဂလိက ပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရည် အသွေးမီ ဝန်ဆောင်မှုလုပ်ငန်းများကို ပေးနိုင်အောင် ဆောင်ရွက် နိုင်ကြပါစေလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
KLW (10-6-2025) (10:00)
"Be Confident, Be Inspired, Be a Leader"
☎️Phone : 09456060208, 09456060209
🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး
12/06/2026
🏊♀️အခြေခံမှစ ကျွမ်းကျင်အဆင့်အထိ သီးသန့်သင်ကြားနိုင်တော့မယ့် MIS ရေကူးသင်တန်း
🏊ရေကူးခြင်းဟာ ကျောင်းသားများရဲ့ ခန္ဓာကိုယ်ကို ကျန်းမာထွားကျိုင်းစေပြီး အာရုံစူးစိုက်မှုနဲ့နှလုံးကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ဘဝအတွက် (Survival Skill) ကို ပေးစွမ်းနိုင်ပါတယ်...
👉မကြာခင်မှာ Mother International School ရဲ့ သန့်ရှင်းလုံခြုံတဲ့ ကိုယ်ပိုင်ရေကူးကန်မှာ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံမှစပြီး သင်ကြား ပေးမယ့် ရေကူးသင်တန်းကို အထူးဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်ခင်ဗျာ...
💁🏻♀️ဒီသင်တန်းမှာ လူနည်းစုနဲ့ ကျောင်းဝန်းထဲမှာတင် စိတ်အေးချမ်းသာစွာ လေ့ကျင့်နိုင်မှာဖြစ်ပြီး၊ အတွေ့အကြုံရင့် ကျွမ်းကျင်နည်းပြများက အသက်ရှူနည်း၊ ရေကူးနည်းစနစ်များကအစ ကျွမ်းကျင်အဆင့်အထိ ရောက်အောင် ဘေးကင်းလုံခြုံမှုကို အလေးထားပြီး စနစ်တကျ အနီးကပ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်...ရင်သွေးငယ်များ အားလပ်ရက်ကို ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းရင်း ဘက်စုံဖွံ့ဖြိုးလာစေဖို့အတွက် ရေကူးသင်တန်းအပ်လိုပါက ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါပြီ....❤️❤️
သင်တန်းဖွင့်မည့်ရက်- ၄.၇.၂၀၂၆
သင်တန်းရက်- Sat/ Sun
အချိန် -
8:00 Am to 9:00 Am
5:00 pm to 6:00 pm
"Be Confident, Be Inspired, Be a Leader"
☎️Phone : 09456060208, 09456060209
🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး
10/06/2026
👨🎓အနာဂတ်ပညာရေးအတွက် လမ်းပျောက်သွားမှာ မပူရတဲ့ MIS သင်ရိုးညွှန်းတမ်းများနဲ့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ...
👩🏻🏫တစ်နေ့တခြား ပြောင်းလဲနေတဲ့ ခေတ်မီပညာရေး ရေစီးကြောင်းမှာ ကျောင်းသားများကလည်း လမ်းကြောင်းတစ်ခုတည်းအပေါ်မှာပဲ ပုံသေသွားလို့မရတော့ပါဘူး...သမရိုးကျ ကျောင်းသင်ခန်းစာများအပြင် နည်းပညာနှင့် လက်တွေ့စမ်းသပ်မှုအပေါ် မူတည်၍ လိုက်လျောညီထွေ ပြောင်းလဲလာသော သင်ယူမှုစနစ်များ နဲ့သင်ရိုးကောင်းများနဲ့ထိတွေ့မှသာ အနာဂတ်ပညာရေးအတွက် စိတ်ချရတော့မှာဖြစ်ပါတယ်...
💁🏻♀️ဒါကြောင့်မို့လို့ ကျွန်တော်တို့ Mother International School မှာ ကလေးတွေရဲ့ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ အပြည့်အဝရရှိစေမယ့် သင်ရိုးများကို စနစ်တကျ ပေါင်းစပ်ပြင်ဆင်ပေးထားတာဖြစ်ပါတယ်...
🏫MIS မှာဆိုရင် ကျောင်းသားများအနေနဲ့ဒီအခွင့်အလမ်းများနဲ့အကျိုးကျေးဇူးများ မလွှဲမသွေ ရရှိနိုင်မှာဖြစ်ပါတယ်...
👉Dual Curriculum က အဓိက သင်ကြားပေးနေတဲ့ သင်ရိုးထဲမှတစ်ခုဖြစ်ပြီး မြန်မာ့ပညာရေးစံနှုန်းရော၊ နိုင်ငံတကာစံနှုန်းပါ ဟန်ချက်ညီညီ ပေါင်းစပ်ထားတာပါ... ဒါကြောင့် ကလေးက နောင်တစ်ချိန် ပြည်တွင်းက တက္ကသိုလ်တွေကိုပဲ ဆက်တက်မလား၊ ပြည်ပနိုင်ငံတွေကိုပဲ တိုက်ရိုက်သွားမလား... မိဘတွေဘက်က ဘယ်လမ်းကြောင်းပဲ ရွေးချယ်ရွေးချယ် အကျိုးမယုတ်ဘဲ ကလေးအတွက် အမြဲတမ်း 'Plan B' ရှိနေမှာ ဖြစ်ပါတယ်...
👉ကမ္ဘာ့အဆင့်မီ စွမ်းရည်တွေကို မွေးမြူပေးမယ့် Cambridge Framework နဲ့သင်ကြားနေတဲ့ Premium Cambrdige Class ဟာဆိုရင်လည်း ကျောင်းသားများဟာ စာအုပ်ကြီးအတိုင်း အလွတ်ကျက်စရာမလိုဘဲ ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving Skills) တွေကို အခြေခံကတည်းက နိုင်ငံတကာက ကျောင်းသားများနည်းတူ အပြည့်အဝ ရရှိမှာဖြစ်ပါတယ်....
👉ဘဝအတွက်ပါ အသုံးဝင်မယ့် ဖြည့်စွက်ဘာသာရပ်များဖြစ်တဲ့ Language အတန်းများ, Art & Craft, ICT Computing, Coding , Global Perspective, P.E , Sports , Music ဘာသာရပ်များကိုလည်း Enrichment Subject များအနေနဲ့ပြည့်ပြည့်စုံစုံလေး သင်ကြားနေတာကြောင့်
ခေတ်သစ်ကမ္ဘာကြီးထဲမှာ ဘက်စုံတော်တဲ့ လူငယ်တွေအဖြစ် ရှင်သန်နိုင်မှာ ဖြစ်ပါတယ်...
👩🏻🏫အတိုချုပ်ပြောရရင်တော့ MIS က ပံ့ပိုးပေးထားတဲ့ ဒီသင်ရိုးညွှန်းတမ်းတွေဟာ ကျောင်းသားတွေအတွက် စာမေးပွဲကို နှစ်စဉ်အောင်မြင်နိုင်ဖို့သာမကဘဲ ပြောင်းလဲနေတဲ့ အနာဂတ်ခေတ်ကြီးထဲမှာ အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ အဆင်သင့်ဖြစ်နေစေမယ့် သင်ရိုးညွှန်းတမ်းများပဲဖြစ်ပါတယ်....❤️❤️
"Be Confident, Be Inspired, Be a Leader"
☎️Phone : 09456060208, 09456060209
🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး