Play & Learn

Play & Learn

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Play & Learn, Tutor/Teacher, 1st Myit Nge Street, Shwe Kyar Pin Quarter, Zabuthiri Township, Naypyidaw.

Play & Learnမှရနိုင်သောအတန်းများ *Oxford Phonics for Kids *Phonics Training for Teachers and Parents. *Reading Class *Grammar+ Writing
* 4skills Class *Remedial Phonics

Photos from Play & Learn's post 20/06/2026

"မြန်မာ ကလေးကဗျာ တွေက ကလေးတွေကို ခြောက်တာ ကြောက်‌ေအာင်လုပ်တာတွေ ပါတယ်။ ‌‌ အခုခေတ်နဲ့ မ‌ေလျာ်ညီ‌ေတာ့ဘူး။"
ဒီစကားမျိုးကို မိဘများဆီက‌ေရာ ဆရာ/မ အသိများဆီကပါ တခါတ‌ေလ ကြားရတတ်ပါတယ်။
"‌‌ေကြာင်ဖားရဲ့ မြီးတံတို
အဆီကို စားပါလို့ အသားကိုမြို
ကြောင်အို‌ေပမှေး ကိုက်ပါနဲ့လေး"
"အိပ်ပါ‌ေတာ့ကွယ် ကြောင်ကြီး ကိုက်လိမ့်မယ်"
" ရွှေစွန်ညို ဘာကို လိုလို့ ဝဲပါတယ် မထွေး လိုလို့ ဝဲပါတယ် .... မထွေးအသားခါးလှတယ် "
ဒီကဗျာ‌ေလး‌ေတွကို ပြောကြတာ ထင်ပါတယ်။
ဒါဆိုရင် ခင်ဗျားတို့ သိပ်ကြိုက် သိပ်ကောင်း သိပ်တန်ဖိုးထားရ တန်ဖိုးရှိလှတဲ့ Baa Baa Black Sheep, Goosey Goosey Gander၊ London Bridge is falling down တို့ကကျတော့ရော ကြောက်စရာကောင်းတာ လန့်စရာကောင်းတာတွေ မပါဘူးလား။
Baa Baa Black Sheep ဟာ ဟိုးဘုရင့်‌ေခတ်က ဝါခွန် ကောက်တာကို ရည်ညွှန်းပီး ဘုရင့်ပေးရ၊ ဘုရား‌ေကျာင်း‌ေပးရ နဲ့ ကိုယ့်ဖို့ ဘာမှ မကျန်တာ့တဲ့အကြောင်းပါ။ ဆိုးဝါးတဲ့အခွန် စနစ်ပေါ့။
Goosey Goosey Gander က ပိုတောင် ဆိုးသေးတယ်။ ကတ်သလစ် နဲ့ ပရိုတက်စတင့်ကြားက ဘာသာ‌ေရး နှိပ်ကွပ်မှု ကို ရည်ရွယ်ထားတဲ့ ကဗျာ။ London Bridge is falling down ဆိုကတည်းကိုက အပျက်အဆီး အနိဌာရုံ ကို ရည်ညွှန်းတာ။ မီး‌ေဘးကြာင့် လန်ဒန်တံတားကြီး ပြိုကျပျက်ဆီးရပါတယ်ဆိုတာမျိုး။ ဒီတော့ ပြောချင်တာက ကလေးကဗျာ‌ေတွဟာ ယဉ်ကျေးမှုတန်ဖိုး သမိုင်းတန်ဖိုး ကြီးလှတဲ့ ဘာသာစကား အနုလက်ရာ ဖြစ်ပါတယ်။ ကြောင်ကြီး ကိုက်လိမ့်မယ် ပါနေလို့ မဆိုချင်ဘူးဆိုရင် ဘယ် ကလေးကဗျာ ကိုမှ ဆိုရမှာ ဆိုလို့ရမှာ မဟုတ်ပါဘူး။ဒီမှာ Children's Literature: A Reader's History from Aesop to Harry Potter ကိုရေးတဲ့ Seth Lerer ပြောတာလေးကိုပဲ ပြန်ပြောပါရစေ။ “A lot of children's literature has a very dark origin. "
ဒါဆိုရင် မြန်မာ့ ကလေးကဗျာ တချို့ဆီမှာ‌ေရာ လူသားသမိုင်းကို ဖော်ထုတ်လို့ရတဲ့ မနုဿဗေဒဆိုင်ရာ အချက်အလက်များ ရှိသလား ဆန်းစစ်ကြည့်ပါရစေ။ ပညာရှင်မဟုတ်ဘဲ လမ်း‌ေဘးက လူတယောက်လို ရှိစုမှတ်စု သိမှုလေးနဲ့ ဆင်ခြင်ကြည့်တာမို့ လွဲက ချော်က ပြောပြထောက်ပြရှင်းပြပေးကြပါ။
ဒီစာသား‌ေလးကို ရွတ်ကြည့်ပါ။
"ရွှေစွန်ညို ဘာကို လိုလို့ ဝဲပါတယ် မထွေး လိုလို့ ဝဲပါတယ် ..."
ထွေး ဆိုတာ အငယ်ဆုံး ကို ကျနော်တို့ ခေါ်ကြသုံးကြတာပါ။ မထွေး ဆို‌‌တာကတော့ အငယ်ဆုံး သမီးလေး ဖြစ်မှာ‌ေပါ့။ မိသားစုထဲက အငယ်ဆုံး ကလေးလေး ကို စွန်ကြီးက ဝဲနေလို့ ကာကွယ်ရတယ်ဆိုတဲ့ အသိသညာပါပဲ။ စွန်က လူကို ဘယ်လိုသုတ်ချီနိုင်မှာလဲ ယုတ္တိ မရှိလိုက်တာ လို့ အတွေးမစော ပါနဲ့။ အာဖရိကမှာ တွေ့ခဲ့ရတဲ့ Taung Child လို့နာမည်ပေးထားတဲ့ သုံးနှစ်သား
အရွယ်‌ေရှးဦးလူသားရုပ်ကြွင်းကို လင်းယုန် ကိုက်လို့ သေတယ်လို့ ယူဆထားတာဖြစ်ပါတယ်။ မျက်လုံး အခေါင်းပေါက်တွမှာ လင်းယုန်လက်သည်းရာ တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ပြောချင်တာက ကျနော်တို့ဟာ ဟိုအတီအတေ ကာလတုန်းက စွန်ရဲ၊သိမ်းဌက်၊ လင်းယုန် ဌက်ကြီးများကို ကြောက်ခဲ့ရပီး သူတို့က ကျနော်တို့ကို အမဲလိုက်ခဲ့တယ် ဆိုတာပါပဲ။ ဒီကဗျာ‌ေလးက‌ေန စွန်ရဲကြီ‌း‌ေတွအန္တရာယ်က ကျနော်တို့အပေါ် ဘယ်လောက်ကြီးခဲ့တဲ့ ဆိုတာရယ်၊ ရွှေစွန်ညို ကစားနည်းကို ကြည့်ပီး ကျနော်တို့ ဘယ်လို စုရုံးကာကွယ်တုန့်ပြန်ကြပုံတွေကို အမှတ်ရစေပါတယ်။
အဆုံးသတ်ရရင်တော့ ကလေးကဗျာ တွေဟာ ရွတ်ရလွယ် ပျော်စရာကောင်းရုံမျှ မဟုတ်ပါဘဲ ခေတ်ကိုထမ်းပိုးထားပီး ရှေ့ကိုတအိအိ ရွေ့နေတဲ့
အတိုဆုံးအကျစ်ဆုံး အလှဆုံး နှုတ်အစွဲဆုံး ဘာသာစကားယာဉ်ရထားတခုပဲ ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ သုံးသပ်ဆုံးဖြတ် ကောက်ချက်မချမိဖို့လဲ သတိပေးချင်ပါတယ်။

18/06/2026

အင်္ဂလိပ်စာအုပ်စင်တော့ စာအုပ်ထည့်ပီးပီ။ level တော့ မခွဲနိုင်သေးပါဘူး။ မြန်မာ စာအုပ်စင် ကတော့ အခုမှ ဝယ်တုန်း။ စုတုန်း။ မြန်မာစာအုပ်က ပုံးလိုက်ဖာလိုက်ဝယ်မရတော့ ဈေးပိုကြီးနေတယ်။ စိတ်ကြိုက်စုရတာလဲ မလွယ်ဘူး။
သင်တန်းက ကလေးများ သင်တန်းမှာတင် မက၊ အိမ်မှာပါ စာဖတ်ကြရတော့မယ်။

18/06/2026

KG မြန်မာစာအတန်း ကို ဘယ်လိုသင်မှာလဲ ။
စာဖတ်သင်ကြား‌ေရးမှာ အက္ခရာဘာသာစကားတိုင်းအတွက် သင်နည်းက နှစ်နည်းပဲ ရှိတယ်လို့ ဆိုလို့ရပါတယ်။ အဲ့တာက အက္ခရာနည်း ( Alphabetic method) နဲ့ အသံနည်း ( Phonic method) ပါ။(ဒီမှာ အင်္ဂလိပ်စာမှာတော့ အက္ခရာနည်း ကို whole language method ရယ်လို့ ခေါ်ပါတယ်။)
ဒီတော့ ကျနော့်ရဲ့ မြန်မာစာ အတန်းမှာ အက္ခရာနည်းကို သိအောင်သင်၊ အသံနည်းကိုတာ့ အသုံးချတတ်တဲ့အထိ သင်ပါမယ်။ အဓိကက အသံနည်း လို့ ဆိုရပါမယ်။
KG အတန်း မှာ အက္ခရာရေးနည်း ရစ်နည်းဆွဲနည်း ၊ ကလေးကဗျာများ၊ သီချင်းများ၊ အက္ခရာ ဆက်စပ်ပုံများ အကြောင်း သင်ပါမယ်။ လေ့ကျင့်ခန်းစာရွက် များနဲ့ လေ့ကျင့်ပါမယ်။( တီချယ်စိမ့် စီစဉ်‌ေသာ worksheets များကို သုံးပါမယ်) ကျောင်းသင်ရိုး ကို အထောက်အကူ ဖြစ်စေပါမယ်။ knowledge based ဗဟုသုတ အခြေပြုပီး သင်ကြားမယ့် ပုံစံမျိုး ဖြစ်ပါတယ်။

17/06/2026

Summer အတန်းတွေ အလုပ်ရှုပ်နေတာနဲ့ သင်တန်းကဆရာမတွေ မိတ်ဆက်ပေးနေတာအဆက်ပြတ်သွားတယ်။ဒီနေ့ တီချယ်တို့သင်တန်းက တီချယ်တွေနဲ့ ထပ်ပြီး မိတ်ဆက်ပေးဦးမယ်နော်။သင်ကြားရေးမှာ အမြဲတက်ကြွပြီး စိတ်ရှည်တ့ဲတီချယ်ပါရှင်။သင်ဖူးတ့ဲကလေးတွေနဲ့ မေမေတွေကလဲ ဘယ်levelပဲ တက်တက် တီချယ်သဇင်နဲ့ ဆက်သင်ပါရစေလို့ အမြဲ request လုပ်ခံရတဲ့ တီချယ်ပါရှင့်။
တီချယ်သဇင်က Play&Learnမှာ Phonics အတန်းတွေကို တာဝန်ယူပြီး သင်ကြားပေးနေတာ သံုးနှစ်၀န်းကျင်ရှိပါပြီရှင့်။

Tr.Thazin
- TKT(YL)
- Cert: in Child Psychology
-Cert:in ECCD

17/06/2026

နေပြည်တော် သင်တန်းအတွက် စာကြည့်တိုက်အသေးစားလေး လုပ်ဖို့ စီစဉ်နေပါပီ။ ကလေးများကို စာအုပ်ဌားပါမယ် ။စာဖတ်ရမှာစိုးလို့ သင်တန်းလဲ မပြေးကြနဲ့ဦးနော်။🤭

Photos from Play & Learn's post 16/06/2026

ကိုယ့်သင်တန်းကပြောင်းသွားတ့ဲကလေးတွေ ဘယ်ကိုပဲ ရောက်ရောက် အဆင်ပြေတယ်ကြားရလို့ ၀မ်းသာရတယ်။ကိုယ်တာ၀န်ယူထားတ့ဲအပိုင်းကို ကျေလည်အောင် ကြိုးစားခ့ဲရံုပါပဲ။ဒီလိုပြန်ကြားရတော့လဲ ကျေနပ်ပီတိဖြစ်မိတယ်။ကလေးတို့လဲ ရောက်တ့ဲနေရာမှာ ဆရာကောင်း၊သမားကောင်းတွေနဲ့ ဆံုရပြီး သင်ကြားရေးမှာ အားလံုးအဆင်ပြေချောမွေ့ကြပါစေ။💙

16/06/2026

Short Vowels တွေကို ဘယ်လို သင်ကြမလဲ။
Short vowels ဆိုတာ cat, net, lip, dot, nut ထဲက a,e,i,o,u သရသံများကို ပြောတာဖြစ်ပါတယ်။
Short Vowels မှာ
A - အဲ
E- အက်
I- အစ်
O- အော့
U- အ့
C + at = Cat
သတိချပ်စရာက ဒီ သရသံတွေက နောက်က consonants ဗျည်းသံများပါ် မူတည်ပီး အသံအပြောင်းအလဲ ရှိပါတယ်။ Igloo နဲ့ Ink ကို အသံထွက်ကြည့်ပါ။
Reading expert ဖြစ်တဲ့ Linda Fareel ကတော့ short vowels သင်တဲ့အခါ အသံကို ရှည်အောင် ဆွဲဆန့်ပီး သင်သင့်ကြာင်း(Stretch the vowels) လမ်းညွှန်ထားပါတယ်။
Phonics သင်ကြားမှုအဆင့်မှာ ဒီ short vowels က level 2 အဆင့်ဖြစ်ပီး Analytic Phonics ကိုရောက်လာတဲ့အဆင့်ဖြစ်ပါတယ်။ Level 1 ကတော့ အသံသက်သက်ကို အဓိကအားပြုသင်ရတဲ့ Synthetic Phonics ဖြစ်ပါတယ်။ level 1 မှာ အစသံ initial sounds သို့ beginning sounds ကို သတိပြုမိအာင် ခွဲခြားတတ်အာင် အဓိက သင်ပီး Level 2 မှာ‌ေတာ့ အစသံကိုသိခွဲနိုင်ရာကန အလယ်သရသံနဲ့ အဆုံးသတ်သံ ကို သိခွဲနိုင်ဖို့လိုလာပါတယ်။ ဒါ့ကြောင့် သင်ထောက်ကူအဖြစ် word family cards တွေနဲ့ အဆင်သဘာကို ပြပေးဖို့ လိုပါတယ်။
cat,dat,fat,gat,hat, mat,pat ဆိုပီး --- + at ရဲ့ သဘော ကို အကြိမ်ကြိမ်ပြပေးပီး စကားလုံးကိုမြင်တာနဲ့ ခွဲချင်စိတ်ချင်သာ ခွဲတတ်‌‌စိတ်တတ်ပိုင်းတတ်သာ ဉာဉ် အလေ့ကို တည်ဆောက်ပးရပါတယ်။ decoding skill တနည်း Word recognition Skill ကို အလေးပြုတာမို့ dat, gat,zat လိုမျိုး non sense words တွေကို သုံးလို့လဲ ရပါတယ်။
မြန်မာစာဆရာတယာက် အထူးသဖြင့် အရွတ်အဖတ်သင် မူလတန်းအဆင့် မြန်မာစာဆရာတယာက်က 'စ၊ဆ' အသံ တူတူပဲလို့ ပြောလို့မသင့်သလို nut,net အသံတူတူပဲ ဆိုတာမျိုးကလဲ ကျနော်တို့သင်တဲ့ Phonics မှာ မပြောသင့်ပါဘူး။ ခွဲပြသင့်ပါတယ်။
Net ကို န့+ အက်+ ထ် = နက်ထ်
Nut ကို န့ + အ့+ ထ် = န့ထ်
ဒါတွေကတာ့ Short vowels သင်ရာမှာ ဆောင်ရန်ရှာင်ရန်နဲ့ သိဖွယ်မှတ်ဖွယ်များ ဖြစ်ပါတယ်။
လိုအပ်မှု တစုံတရာ ရှိကလဲ မှတ်ချက်(comment) ရေး‌ပေး၊အကြံပေးဆွေးနွေးလို့ရပါတယ်ဗျ။
Play & Learn

16/06/2026

ငယ်တုန်းက စာမကြိုးစားပဲ အလေလိုက် ဂလေရိုက် နေဖူးတဲ့ ဆရာ/မ တွေ ရှိလား။
ဘယ်လိုတွေ အလေလိုက်ခဲ့ ဂလေရိုက်ခဲ့ဖူးလဲ။
ဆယ်တန်းတုန်းက ညဆို စာမကျက်ဘဲ ရွှေဘို ရွာသာသန်း တူမ တွ ရှိတဲ့ အိမ်ဘက်ကို ခွေးလို သွားသွားအူတယ်။ဖိုသံ ပေးဆိုလို့ ဖိုသံပေးတာ ခက်တာက ခွေးလိုပဲ အူတတ်တာကိုး။ လှမြင့်ကြီးမှာ ညဆို လဖကိရည် သောက်တယ်။ အထင်မကြီးနဲ့။ သူငယ်ချင်း သုံးယောက်ပေါင်းမှ တခွက်ရယ်။ ထိုင်ရ လူပျိုအထာလုပ်ရဖို့က အဓိက။
နောက် တက္ကသိုလ်ရောက်တော့ ပိုဆိုး။ စာလုပ်ဖို့ဝေး လမ်းပေါ်ချည်းပဲ။ ပေါက်ကရချည်းလုပ်တာ။ အ့နဲ့ တက္ကသိုလ် ကာလ တလျောက်လုံး ရွံချဉ် ဘွဲ့ ရခဲ့တာပဲ။
ပြောသွားကြဦး။

15/06/2026

Natural Language Processing မိတ်ဆက် webinar
NLP ကို လူနဲ့ကွန်ပြူတာ ကြား ဘာသာစကားနဲ့ အပြန်အလှန်ဆက်သွယ်နိုင်‌ေအာင် လုပ်ပေးတဲ့အရာ လို့ထင်တယ်။ မြန်မာမှာဆို မြန်မာတ‌ေယာက်ရဲ့ ဘာသာစကား (ကား ၊ ဘီး) နဲ့ ကွန်ပြူတာ ဘာသာစကား ( 0,1) ကို အပြန်အလှန် ဖတ်တတ်၊နားလည်တတ်၊ အဆုံး တုပ တတ်အောင် လုပ်ပေးတဲ့နယ်ပယ်ဟာ NLP လို့ မြင်မိတယ်။ ဒါမျိုး‌ေတွနဲ့ ပတ်သက်ပီး ပထမဆုံး ဧရာဝတီ စာပေ ပွဲတော် မှာ စကြားဖူးတာပါ။ ဟောပြာ ဆွေးနွေးသူ က ကျနော်တို့ ဆရာ ကို ဇော်မင်းဦးပါ။ အဲ့တုန်းက မှတ်မှတ်ရရ ဆရာ ပြောသွားတာက phraseology အကြောင်းပါ။ နောက် copy and paste ကူးပါနဲ့ ငပိရည် လို့ ဘာသာပြန်နတဲ့ Google Translate ဟာ က‌‌ဗျာ တွေကို ပါ အကာင်းဆုံး ပြန်နိုင်လိမ့်မယ်လို့ ဆရာက ဟောကိန်းထုတ်ခဲ့ပါတယ်။ ဆက်စပ်မိသမျှ ချိတ်ကြည့်ရရင် ကျနာ်တို့ သုံးနေတဲ့ Google Translate တွေ Gemini တွေဟာ NLP ရဲ့ အကျိုးဆက်၊ ‌ေအာင်မြင်မှုပါပဲ။
ဒီတခါက် Edubitesize အစီအစဉ်မှာ အထက်မှာဆိုခဲ့တဲ့ NLP မိတ်ဆက်ကို ဟောပြာပို့ချ‌ေပးဖို့ ဆရာရဲကျာ်သူကို ဖိတ်ထားပါတယ်။
ဆရာ ရဲကျော်သူ ဟာ ထိုင်းနိုင်ငံ NECTEC ရဲ့ AI သုတေသနအဖွဲ့ (AINRU) မှာ ဧည့်ပါမောက္ခအဖြစ် လုပ်ကိုင်နေပြီး ကမ္ဘောဒီးယား ဒစ်ဂျစ်တယ်နည်းပညာအကယ်ဒမီ (CADT) မှာလည်း တွဲဖက်ပါမောက္ခအဖြစ် တာဝန်ယူထားပါတယ်။ ဒါ့အပြင် Language Understanding Lab (မြန်မာ) ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

တက်ရောက်လိုသူများ အနေနဲ့ meeting ID, password ရယူဖို့ " NLP" လို့ မန့်ခဲ့ပေးပါခဗျာ။

15/06/2026

Long vowel နဲ့ စနစ်တကျ ရေးသားထားတဲ့ ဖတ်စာကို ဖတ်နေတာပါ။
သတိဂရုပြု နားထောင်ကြည့်ကြည့်ရင် long vowels ကို သိပ်မကျေလည်သေးတာ တွေ့ရပါမယ်။
ကျနော်တို့ စာတတ်မြောက်ရေး ပိုင်းမှာက တတ်အောင်သင် နဲ့ မတတ်သေးရင် ပြန်သင် ဆိုတာပဲ ရှိတယ်။ ဆိုလိုချင်တာက ဖွတ်ဖွတ်ညက်ညက်ကျေ နေဖို့ လိုတယ်လို့ ဆိုချင်တာပါ။ ကဲ ဒါဆို ဘယ်လို လုပ်ကြမလဲ။
၁။ long vowel သင်ခန်းစာပဲဖြစ်ဖြစ် short vowel ပဲ ဖြစ်ဖြစ် စာအုပ်ထဲက သင်ပီးတိုင်း decoding skills ပိုရအောင် word lists များ သုံးပါ။
၂။ စာဖတ်ခြင်းနဲ့ စာလုံးပေါင်းခြင်းကို တခါတည်း တပါတည်း တွဲချည်ပါ ။ ( Louisa Moats အဆိုအရ)
ဆိုလိုချင်တာက ဖတ်လဲဖတ်နိုင်ရမယ်။ စာလုံးလဲ အလွတ်ပေါင်းနိုင် ရေးချနိုင်ရမယ်။ ဒီ့အတွက် လေ့ကျင့်ပါ။
၃။ long vowel "a" ပီးတာ နဲ့ long vowel "a" နဲ့စီစဉ်ထားသော ဖတ်စာ ကို ဖတ်ခိုင်းပီး accuracy rate တွက်ပါ။ 80% အောက်ဆိုရင်တော့ ပြန်လေ့ကျင့်ဖို့ လိုကို လိုပါတယ်။
၄။ နောက်ဆုံး အဆင့် တကယ့် ဖတ်စာ များကို ဖတ်ခိုင်းပီး စာဖတ်စွမ်းရည်ကို မြှင့်ပါ။

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


1st Myit Nge Street, Shwe Kyar Pin Quarter, Zabuthiri Township
Naypyidaw
15015

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00