Guardian Academy

Guardian Academy

Share

🇲🇲 ( Local + International ) 🇬🇧

Dual Educational Pathway School in Nay Pyi Taw!

19/06/2026

Guardian ကိုယ်ပိုင်အလယ်တန်းကျောင်းဟာ ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် ✨✨
ပညာရေးမျိုးစေ့ကောင်းတွေ ချပေးနိုင်ဖို့ 🎯

“တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်ပြည့်စုံလာစေရမယ်” ဆိုတဲ့ ခိုင်မာတဲ့ ရည်မှန်းချက်နဲ့အတူ အမြဲတမ်း ရှေ့သို့လှမ်းလျက် ရှိနေပါတယ် 🚀။

ကလေးတို့ရဲ့ အရွယ်အလိုက် ဖွံ့ဖြိုးမှုနဲ့ တွေးခေါ်နိုင်စွမ်းတွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ဖို့ သင်ရိုးညွှန်းတမ်းတွေ၊ လက်တွေ့အခြေပြု သင်ကြားမှုပုံစံ (Active Learning) တွေကို
စဉ်ဆက်မပြတ် Update ပြုလုပ် ပေးနေပါတယ် 📚💡

ဆရာ/ဆရာမတွေရဲ့ အရည်အသွေးကိုလည်း နှစ်စဉ်မွမ်းမံမြှင့်တင်နေသလို 🌟၊ ကလေးတွေ ကျောင်းလာရတာ ပျော်ရွှင်ပြီး ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်း ဖြစ်စေဖို့ သင်ထောက်ကူပစ္စည်းတွေနဲ့ ကျောင်းဝန်းကျင်ကိုပါ တစ်နှစ်ထက်တစ်နှစ် ပိုမိုအဆင့်မြှင့်တင်ပေးနေတာမို့ 🏫
ဖေဖေမေမေတို့အနေနဲ့ ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် စိတ်ချယုံကြည်စွာအပ်နှံနိုင်ပါတယ်ရှင် 🤗💖

Photos from Guardian Academy's post 18/06/2026

🩺 KG သားသားမီးမီးတို့ ၏ မျက်စိကျန်းမာရေး စစ်ဆေးခြင်း အစီအစဉ် 🩺

​ကလေးငယ်များ အတန်းတွင်း သင်ယူလေ့လာမှုများတွင် အမြင်အာရုံ ချို့ယွင်းချက်ကြောင့်
နောက်ကျကျန်ခဲ့ခြင်းမရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍
Guardian ကျောင်းတော်ကြီးရှိ KG တန်း ကျောင်းသား/သူများအား မျက်စိကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။

​အမြင်အာရုံ ကြည်လင်ခြင်းသည် ကလေးများ၏ အာရုံစူးစိုက်မှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို တိုက်ရိုက်အထောက်အကူပြုပါသည်။ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့ရင်သွေးငယ်များ၏ နေ့စဉ်သွားလာလှုပ်ရှားမှုနှင့် မျက်စိအသုံးပြုမှုပုံစံများကို ဂရုပြုစောင့်ကြည့်ပေးသင့်ပါသည်ရှင်🌟🌟

​စစ်ဆေးမှုတွင် ပျော်ပျော်ရွှင်ရွှင်နှင့် စနစ်တကျ ပါဝင်ခဲ့ကြသည့် ကလေးငယ်များ၏ မှတ်တမ်းဓာတ်ပုံများကို မျှဝေပေးလိုက်ရပါသည် 📸✨

#အတန်းလိုက်စစ်ဆေးမှု့များပြုလုပ်ခဲ့တာမို့ Private ဘက်ကသားသားမီးမီးပုံလေးတွေလဲဆက်တင်ပေးသွားဦးပါမယ်ရှင်❤️❤️

18/06/2026

❝ ပျော်စရာ Activity တွေနဲ့ သင်ကြားပေးမယ့် ကလေးတို့ရဲ့ Preschool ❞

ဖေဖေ မေမေတို့ရဲ့.... သားသားမီးမီးတို့အတွက်💌 Guardian Preschool 💌မှာ
ကလေးငယ်တွေရဲ့ နေ့ရက်တိုင်းကို ပျော်စရာကစားနည်းမျိုးစုံနဲ့ ပုံဖော်ပေးနေပါတယ်။

🎉အဖွဲ့လိုက်ကစားနည်းများ- သူငယ်ချင်းတွေနဲ့ မျှဝေတတ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာစေဖို့

🎨 ဆေးရောင်ခြယ် ရွှံ့စေးရုပ်လုပ်ခြင်း- ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ လက်ချောင်းလေးတွေ သန်မာစေဖို့

🧩 Puzzle & Blocks ကစားနည်းများ- ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အတွေးအခေါ်ဉာဏ် ထက်မြက်စေဖို့။

🎵 သီချင်းလေးတွေနဲ့ ကခုန်ခြင်း- တစ်ကိုယ်ရေဖွံ့ဖြိုးမှုနဲ့ စည်းချက်ဝါးချက် နားလည်စေဖို့

🤝"စာကျက်ရမှာ ကြောက်တဲ့ကလေး မဟုတ်ဘဲ၊ ကျောင်းလာဖို့ နေ့တိုင်း စိတ်လှုပ်ရှားနေမယ့် ကလေး" ဖြစ်လာဖို့ Guardian Preschool ကို joinကြည့်ဖို့ဖိတ်ခေါ်ပါရစေရှင်👏🌟

17/06/2026

"မိဘရင်ခွင်ထဲကနေ ပထမဆုံး ခြေလှမ်းသစ်ဆီသို့"

​ကလေးငယ်တစ်ယောက်ရဲ့ ဘဝမှာ မိဘရင်ခွင်ဆိုတာ အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံး ကမ္ဘာငယ်လေးတစ်ခုပါ။ အရာရာကို မိဘရဲ့ ရင်ခွင်ရိပ်မှာပဲ ခိုလှုံပြီး အပူအပင်မရှိ ဆော့ကစားခဲ့တဲ့ ကလေးငယ်တစ်ယောက်အတွက် "မူကြိုအရွယ်" ဆိုတာ အဲဒီလုံခြုံစိတ်ချရတဲ့ ရင်ခွင်ထဲကနေ ပတ်ဝန်းကျင်အသစ်ဆီကို ပထမဆုံးအကြိမ် ခွဲခွာပြီး စတင်ခြေလှမ်းရတဲ့ အချိန်ပဲ ဖြစ်ပါတယ်🌟✨

​ဒါဟာ ကလေးငယ်အတွက်တင် မဟုတ်ဘဲ ဖေဖေမေမေတို့အတွက်ပါ စိုးရိမ်စိတ်နဲ့ ရင်ခုန်သံတွေ ဒွန်တွဲနေရတဲ့ အလှည့်အပြောင်းကာလတစ်ခုပါ🏫

​ကလေးငယ်တွေအတွက် အမြဲမြင်နေကျ မိဘတွေမရှိတော့ဘဲ သူစိမ်းတွေ၊ သူငယ်ချင်းအသစ်တွေကြားထဲ ရောက်သွားတဲ့အခါ အစပိုင်းမှာ ကြောက်ရွံ့တာ၊ ငိုယိုတာတွေ ရှိတတ်ပါတယ်☘️

​မိဘတွေအတွက် သားလေး/သမီးလေး ကျောင်းမှာ အဆင်ပြေပါ့မလား၊ ဆရာမတွေကော ကိုယ့်လို ဂရုစိုက်ပေးပါ့မလားဆိုပြီး ရင်တမမနဲ့ ကျန်ခဲ့ရတဲ့ အချိန်ဖြစ်ပါတယ်🌷

​ဒါကြောင့်မို့လို့ Guardian Preschool မှာတော့ မိဘရင်ခွင်ကနေ ခွဲခွာပြီး ကျောင်းစတက်ရတဲ့ ရင်သွေးငယ်တွေရဲ့ စိုးရိမ်စိတ်ကို ပျောက်ပျော်သွားစေဖို့ အဓိကထား ပြင်ဆင်ထားပါတယ်✨✨

​"ကျောင်းဆိုတာ ကြောက်စရာနေရာမဟုတ်ဘဲ မိဘရင်ခွင်လိုပဲ နွေးထွေးပြီး ပျော်စရာကောင်းတဲ့ ကမ္ဘာသစ်လေးတစ်ခု" လို့ ကလေးငယ်တွေ ခံစားရစေဖို့ မိခင်သဖွယ် နွေးထွေးတဲ့ မေတ္တာ၊ အကြင်နာတွေနဲ့ စနစ်တကျ ကြိုဆိုပြုစုပျိုးထောင်ပေးလျှက်ရှိပါတယ်🎉✨

16/06/2026

"အတန်းထဲမှာ ပျော်စရာအကောင်းဆုံးက ဘာလဲဆိုရင်... ဆရာနဲ့အတူတူ မျက်လုံးလေးတွေ တလက်လက်နဲ့ စိတ်ဝင်တစား သင်ယူနေကြတဲ့ ကလေးတို့ရဲ့ ပုံရိပ်လေးတွေပါပဲ။ ✨

​မေးခွန်းလေးတွေ ပြိုင်တူဖြေကြ၊ တက်ကြွနေကြတဲ့ ကလေးတို့ကိုကြည့်ရင်း သင်ကြားရတဲ့ ဆရာ့မှာလည်း အမောပြေလို့ အားအင်တွေ ပြည့်ရပါတယ်🌟👏
ကလေးတို့ရဲ့ ဖြူစင်တဲ့ တက်ကြွမှုတွေက အတန်းထဲမှာ အမြဲတမ်း အသက်ဝင်နေစေတာပါပဲ 🥰📚"

📞 09 889576122
📞 09 889576133

🏛️ Key Stone Cafe ဆိုင်ရှေ့၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။




14/06/2026

🧠✨ Learning is more than just textbooks and exams

ဒီနေ့မှာတော့ Guardian သားသားမီးမီး‌ေလးများဟာသူတို့ရဲ့ Personal Mind Map တွေကို ဖန်တီးပြီး share လုပ်ကြပါတယ်။ အမည်မဖော်ဘဲ တင်ပြထားတဲ့ Mind Map တွေကို အတန်းဖော်တွေက guess လုပ်ရင်း ရယ်မောပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးခဲ့ကြပါတယ်ရှင်🌷🏫

Mind Map တစ်ခုစီမှာ သူတို့ရဲ့ ဝါသနာတွေ၊ အိပ်မက်တွေ၊ အားသာချက်တွေ၊ စိတ်ဝင်စားမှုတွေကို တွေ့မြင်နိုင်ခဲ့သလို၊ အချင်းချင်း ပိုမိုနားလည်ပြီး ယုံကြည်မှုတိုးလာစေတဲ့ learning experience တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ကျမတို့ ယုံကြည်ထားတာက ကောင်းမွန်တဲ့စာသင်ခန်းဆိုတာ စာသင်ပေးရုံတင်မဟုတ်ဘဲ ကျောင်းသားတိုင်းကို ပြောဆိုဖော်ထုတ်ခွင့်ပေးပြီး တက်ကြွစွာ ပါဝင်နိုင်တဲ့ နေရာတစ်ခု ဖြစ်ရမယ် ဆိုတာပဲဖြစ်ကြပါတယ် ဒါကြောင့် lesson တိုင်းမှာ သားသားမီးမီးလေးတွေ စိတ်ဝင်စားစွာ ပါဝင်နိုင်ဖို့၊ Critical Thinking, Communication Skills, Creativity နဲ့ Confidence တို့ ဖွံ့ဖြိုးလာစေဖို့ Activity-Based Learning မျိုးစုံကို ထည့်သွင်းဖန်တီးသင်ကြားပေးနေပါတယ်🌷🎉

ပျော်ရွှင်စွာ သင်ယူရင်း၊ ကိုယ့်ကိုယ်ကို ယ်ယုံကြည်လာရင်း၊ အချင်းချင်း လေးစားနားလည်ကြင်နာတတ်လာတဲ့ စာသင်ခန်းလေးကို တည်ဆောက်နေတာက Guardian ရည်ရွယ်ချက်ပါပဲရှင်။ 💛

📚 Learning with joy. 🎯 Learning with purpose. 🌱 Growing together.

12/06/2026

ဘဝမှာ နှစ်ခါပြန်မရနိုင်တဲ့ ....
ငယ်ဘဝ အမှတ်တရလေးတွေ 💞

ချစ်ရတဲ့သူတွေနဲ့ ...
အတူ ဖြတ်သန်းရတဲ့ နေ့ထူးနေ့မြတ်လေးတွေ 💞

Guardian ကျောင်းတော်ကြီးမှာရှိတဲ့ သားငယ်၊သမီးငယ်လေးတွေရဲ့
ပျော်ရွှင်ဖွယ် အမှတ်တရ နေ့ရက်လေးတွေကို ချစ်ခြင်းမေတ္တာများစွာဖြင့် တန်ဖိုးထား အမှတ်တရသိမ်းထားတတ်တာ Guardian ကျောင်းတော်ကြီးပါ။

📞 09 889576122
📞 09 889576133

🏛️ Key Stone Cafe ဆိုင်ရှေ့၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။




12/06/2026

🏡 ကလေးတို့အတွက် ဒုတိယအိမ်ကဲ့သို့ လုံခြုံနွေးထွေးရာ - Guardian Private School 🏡

ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုမှာ စာပေပညာတင်မကဘဲ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကလည်း အင်မတန် အရေးကြီးပါတယ်။ အိမ်ကထွက်လာတဲ့အခါမှာလည်း အိမ်မှာရှိနေသလိုမျိုး နွေးထွေးမှုနဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အဝရရှိစေဖို့ Guardian Private School က ကလေးတို့အတွက် "ဒုတိယအိမ်" အဖြစ် အမြဲရှိနေပေးမှာပါ။

ချစ်ခင်ကြင်နာတတ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာရိပ်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းရတဲ့ ကျောင်းပတ်ဝန်းကျင်ကြောင့် ကလေးတို့က ပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရရှိမှာဖြစ်ပြီး၊ မိဘများအနေနဲ့လည်း လုပ်ငန်းခွင်ထဲမှာ စိတ်အေးချမ်းသာစွာနဲ့ အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

"ပညာရေးကို မေတ္တာနဲ့ ပေါင်းစပ်ပြီး ကလေးတို့ရဲ့ အနာဂတ်ကို အိမ်မက်လှလှလေးတွေ ခြယ်မှုန်းပေးမယ့် နေရာ... Guardian ဖြစ်ပါတယ်။"

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


NO:163, Thiri Anawrahta 15 Street, Thiri Yatanar Shopping Complex
Naypyidaw
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00