Mother Aim Private School

Mother Aim Private School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mother Aim Private School, School, Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw.

25/06/2026

👍🏻Like & Share အများဆုံး Voting System နဲ့ Presentation အကောင်းဆုံးအဖွဲ့ကို ဆုချီးမြှင့်ကြမယ်....

👉 MAPS Year-6 ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ Cambridge Global English က "My World" Presentation ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သူတို့ရဲ့ စဉ်းစားတွေးခေါ် တင်ဆက်မှုလေးကို အကောင်းဆုံးပြသထားကြပါတယ်...

ဒီပို့စ်လေးမှာ Like & Share အများဆုံးရတဲ့ Group လေးကို အနိုင်ရရှိသူအဖြစ် သတ်မှတ်ပြီး အထူးဆုလေး ချီးမြှင့်သွားမှာမို့ အားလုံးပဲ ဝိုင်းဝန်းအားပေးပြီး ကြည့်ရှုခဲ့ကြပေးပါဦး...

ဘယ် Group လေးရဲ့ တင်ဆက်မှုက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလဲဆိုတာကိုလည်း Comment မှာ အားပေးစကားလေးတွေ ပြောပေးခဲ့ကြပြီး vote လုပ်ခဲ့ကြဖို့ မမေ့နဲ့‌နော်...

“Mastering, Achieving, Perfect Student"

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409





23/06/2026

👉နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ မိဘတိုင်း ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ကိုယ့်သားသမီးတွေကို ဖုန်းတွေ၊ (iPad) တွေ အသုံးပြုတဲ့အခါ အကျိုးရှိစွာ ဘယ်လို ထိန်းကျောင်းပေးရမလဲ ဆိုတာပါပဲ...ဖုန်းလုံးဝ မပေးဘဲ ပိတ်ပင်ထားဖို့ကျတော့လည်း ခေတ်နောက်ကျကျန်ခဲ့မှာ စိုးရိမ်ရပြန်ပါတယ်....

💻အမှန်တော့ နည်းပညာဆိုတာ အစွမ်းထက် လက်နက်တစ်ခုပါ....အသုံးမချတတ်ရင် အကျိုးယုတ်စေသလိုစနစ်တကျ အသုံးချတတ်ရင်တော့ အင်မတန် အစွမ်းထက်တဲ့ ကိရိယာတစ်ခု ဖြစ်လာပါတယ်....ဒါကြောင့် ဒီဘက်ခေတ်မှာ ကလေးတွေကို နည်းပညာအသုံးချမှုမှန်ကန်ပြီး နောက်ကျမကျန်ခဲ့ရအောင် အောက်ပါအတိုင်း လမ်းကြောင်းမှန် ပြောင်းပေးဖို့ လိုအပ်ပါတယ်...

🔵 (Entertainment) မှ သင်ယူလေ့လာမှု (Learning) သို့ ပြောင်းလဲပေးပါ

ကလေးတွေ ဖုန်းကြည့်တဲ့အခါ ဗီဒီယိုအတိုလေးတွေ ကြည့်လိုက်၊ ဂိမ်းလေးပဲ‌ဆော့လိုက် အချိန်ကုန်ခံ ဆော့နေမယ့်အစား အသိပညာတိုးပွားမယ့်အရာတွေကို လမ်းညွှန်ပေးရပါမယ်....

ဘာတွေလေ့လာသင့်လဲ

ကလေးတွေရဲ့ အသက်အရွယ်အလိုက် Duolingo လိုမျိုး ဘာသာစကား လေ့လာတဲ့ App တွေ၊ သမိုင်းနဲ့ သိပ္ပံဗဟုသုတတွေ ပေးတဲ့ Discovery သို့မဟုတ် National Geographic /Documentary Channel တွေလိုမျိုး Animation တွေ၊ ရုပ်ပြပုံပြင်တွေ ကြည့်လို့ရမယ့် အရာတွေကို ပြောင်းလဲ ထိတွေ့ပေးသင့်ပါတယ်...

🔵သုံးစွဲသူ (Consumer) အဆင့်မှ ဖန်တီးသူ (Creator) အဆင့်သို့ မြှင့်တင်ပေးပါ...

သူများလုပ်ထားတဲ့အရာတွေကို လိုက်ကြည့်ရုံတင်မကဘဲ နည်းပညာကို အသုံးချပြီး ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိအောင် ပျိုးထောင်ပေးရပါမယ်...ဒီလို ပျိုးထောင်ရင်းကနေ သူတို့လေးတွေကလည်း နည်းပညာပေါင်းစပ်ပြီး အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့ ဝါသနာကို ရှာတွေ့သွားပါလိမ့်မယ်...

ဘယ်လိုပျိုးထောင်သင့်လဲ

ကလေးက ကွန်ပျူတာ စိတ်ဝင်စားတယ်ဆိုရင် ဂိမ်းဆော့ခိုင်းမယ့်အစား Coding (ကွန်ပျူတာကုဒ်ရေးနည်း) အခြေခံ သင်ခန်းစာတွေ၊ Block-Based Coding လိုမျိုး ကလေးသုံး Logic တွေကို လေ့လာခိုင်းပါ...ကိုယ်တိုင် ပုံဆွဲတာ၊ Digital Art ဖန်တီးတာ ဒါမှမဟုတ် ဗီဒီယိုတည်းဖြတ်တာ စတဲ့ လုပ်ငန်းခွင်သုံး Creative Skill တွေကို စမ်းသပ်လုပ်ကိုင်ကြည့်ဖို့လည်း အားပေးကြည့်ပါ....

🔵AI နည်းပညာကို စနစ်တကျ မိတ်ဆက်ပေးပါ

အခုခေတ်ဟာ AI (Artificial Intelligence) နည်းပညာတွေ နေရာအနှံ့ အားကောင်းလာတဲ့ ခေတ်ဖြစ်ပါတယ်...ကလေးတွေကို AI နဲ့ အလှမ်းမဝေးစေဘဲ စောစောစီးစီး အကျိုးရှိရှိ အသုံးချတတ်အောင် လေ့ကျင့်ပေးရပါမယ်...

ဘယ်လိုပျိုးထောင်သင့်လဲ

ကလေးတွေရဲ့ သိလိုစိတ်တွေကို ဖြည့်ဆည်းဖို့အတွက် ကလေးတွေနဲ့ ကိုက်ညီတဲ့ AI ပညာရေး Tools တွေကို အသုံးပြုပြီး သိပ္ပံအဖြေတွေ ရှာဖွေနည်း၊ ကဗျာနဲ့ ပုံပြင်တွေ ပုံဖော်နည်း၊ သီချင်းတိုလေးတွေ ဖန်တီးနည်းတွေကို လေ့ကျင့်ပေးနိုင်ပါတယ်... AI ကို အလွယ်လမ်းလိုက်ပြီး စာကူးချရုံသက်သက် မဟုတ်ဘဲ မိမိရဲ့ တွေးခေါ်မြော်မြင်မှုကို အထောက်အကူပြုမယ့် "လက်ထောက်" တစ်ဦးလို အသိဉာဏ်ရှိရှိ ခိုင်းစေတတ်ဖို့ ကျောင်းမှာကော အိမ်မှာပါ အမြဲ လမ်းညွှန်ပေးရပါမယ်....

👩🏻‍🏫နည်းပညာခေတ်မှာ ကလေးတွေကို ပျိုးထောင်တယ်ဆိုတာ "မလုပ်ရ" ဆိုတဲ့ ပိတ်ပင်မှုတွေထက် "ဘယ်လို အကျိုးရှိရှိ သုံးမလဲ" ဆိုတဲ့ လမ်းပြ ပြသမှု ကသာ အထိရောက်ဆုံး ဖြစ်ပါတယ်....

ကျွန်တော်တို့ MAPS ကျောင်းရဲ့ သင်ရိုးမှာလည်း ICT ဘာသာရပ်သင်ကြားပေးပြီး ကျောင်းသားများ Digital Literacy ကောင်းစေဖို့သာမက ယနေ့ခေတ် နိုင်ငံတကာက ကျောင်းသားများလေ့လာရတဲ့ လိုအပ်ချက်များဖြစ်လာတဲ့ Robotics, Coding, Computing များကိုလည်း Curriculum မှာ ထည့်သွင်းသင်ကြားပေးသလို ကျောင်းသားများ Self-Learning လုပ်တဲ့အခါမှာ ပိုပြီး strong ဖြစ်စေမယ့် AI အသုံးပြုပုံများနဲ့အလုပ်လုပ်ပုံများကိုလည်း သင်ကြားပြီး နည်းပညာ အခြေခံကောင်းများ ရရှိအောင် အကောင်းဆုံးလမ်းပြပေးနေပါတယ်....

“Mastering, Achieving, Perfect Student"

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




Photos from Mother Aim Private School's post 22/06/2026

ကျင်းပပြီးစီးခဲ့တဲ့ ကျောင်းကောင်စီ ချီတက်လမ်းလျှောက်ခြင်းနှင့် သစ္စာအဓိဋ္ဌာန်ခံယူခြင်းပွဲလေးဟာ ကျောင်းတော်ကြီးအတွက် တကယ်ကို အမှတ်တရ ဖြစ်စရာနေ့လေးပါပဲ...လေ့ကျင့်ခဲ့သမျှ အချိန်တွေ၊ ဇွဲလုံ့လတွေအားလုံး တက်ကြွလှပတဲ့ ခြေလှမ်းတွေအဖြစ် အပြည့်အဝ ပုံဖော်နိုင်ခဲ့ကြပါပြီ...

တညီတညာတည်းသော ခြေလှမ်းတွေနဲ့အတူ ခေါင်းဆောင်မှုနဲ့စည်းလုံးမှုရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကျောင်းသားလေးတွေ ကိုယ်တိုင် ဖော်ဆောင်ခဲ့တဲ့ ဒီနေ့ရဲ့ မြင်ကွင်းတွေဟာ နှလုံးသားထဲမှာ အမြဲတမ်း အမှတ်တရ ဖြစ်နေမှာပါ...

သားသားမီးမီးတို့ရဲ့ ဒီလိုကြိုးစားမှုလေးတွေကို မြင်ရတာ မိဘတွေအတွက်လည်း တကယ်ကို ပီတိဖြစ်စရာပါပဲ... ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ခြေလှမ်းတိုင်းနဲ့ ကြိုးစားမှုတိုင်းကို ချီးကျူး ဂုဏ်ပြုရင်း အမှတ်တရပုံရိပ်များကို ဝေမျှလိုက်ပါတယ်...

“Mastering, Achieving, Perfect Student"

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




21/06/2026

"Happy Father's Day"

နှုတ်ကနေ "ချစ်တယ်" လို့ ထုတ်မပြောတတ်ပေမယ့် မိသားစုအတွက် လိုလေသေးမရှိအောင် နောက်ကနေ အမြဲပံ့ပိုးပေးပြီး မားမားမတ်မတ် ကာကွယ်ပေးတတ်တဲ့ Hero...

နွေးထွေးမှု၊ ကြင်နာမှု ဖေဖေ့ဆီက အမြဲတမ်းမရနိုင်ပေမယ့် မိသားစုအတွက်ဆို သူတတ်နိုင်သလောက် အမြဲတမ်းကြိုးစားနေတဲ့ ကမ္ဘာပေါ်ရှိ စံပြပုဂ္ဂိုလ် ဖခင်ကောင်းများအတွက် အဖေများနေ့မှာ အဖေကို ချစ်တဲ့အကြောင်း ထုတ်ဖော်ပြသလိုက်ကြရအောင်…


18/06/2026

"An investment in knowledge pays the best interest."

(ဗဟုသုတအပေါ် ရင်းနှီးမြှုပ်နှံခြင်းဟာ အကောင်းဆုံးသော အကျိုးအမြတ်ကို ပြန်လည်ပေးစွမ်းနိုင်ပါတယ်...)

👩🏻‍🏫မိဘတိုင်းရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုဆိုတာ ငွေကြေးတွေ၊ ပစ္စည်းဥစ္စာတွေမှာ ရင်းနှီးမြှုပ်နှံမှ မဟုတ်ပါဘူး... မိမိတို့ရဲ့ ရင်သွေးလေးတွေ ပညာရပ်တွေကို လမ်းကြောင်းမှန်ပေါ်မှာ လေ့လာသင်ယူခွင့်ပေးခြင်း၊ စူးစမ်းလိုစိတ်တွေကို ရှင်သန်စေခြင်းနဲ့ သူတို့ရဲ့ စွမ်းရည်တွေကို အကောင်းဆုံး ပျိုးထောင်ပေးနိုင်ခြင်းဟာလည်း သားသားမီးမီးတို့တစ်သက်တာအတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံခြင်းပါပဲ....

မိဘများ ပညာရေးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့
Mother Aim Private School မှာဆိုလျှင်

✅ ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အချင်းကို အလေးထားပြီး ပညာရပ်ပိုင်းဆိုင်ရာမှာ တိုးတက်မှုရရှိအောင် အဆင့်မြှင့်သင်ရိုးများဖြင့် စနစ်တကျ လမ်းပြပေးပါတယ်...

✅ စာအုပ်ထဲက စာတွေတင်မကဘဲ၊ ဘဝကို ရင်ဆိုင်နိုင်မယ့် ခေါင်းဆောင်မှု အရည်အချင်း၊ စာနာမှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ပေးစွမ်းခြင်းဟာ သားသမီးတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံး အကျိုးရလဒ် ပြန်လည်ပေးစွမ်းမယ့် ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်...

✅ လုံခြုံနွေးထွေးတဲ့ MAPS ကျောင်းပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကမ္ဘာကြီးကို ရင်ဆိုင်နိုင်စွမ်းလည်း ရှိလာမှာပါ...

👉ဒါကြောင့် သားသားမီးမီးလေးတွေရဲ့ အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုကို MAPS မှာ အတူတူ စတင်လိုက်ကြရအောင်.... ဒီနေ့ ပျိုးထောင်ပေးလိုက်တဲ့ ဗဟုသုတ မျိုးစေ့လေးတွေဟာ မနက်ဖြန်မှာ သူတို့‌လေးအတွက် တောက်ပတဲ့ အောင်မြင်မှုတွေအဖြစ် ပြန်လည် ပွင့်လန်းလာမှာ အသေအချာပါပဲ... ❤️

“Mastering, Achieving, Perfect Student"

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




Photos from Mother Aim Private School's post 16/06/2026

ကျောင်းကောင်စီ ချီတက်လမ်းလျှောက်ပွဲ ကြိုတင်လေ့ကျင့်မှုပုံရိပ်များ...

🏫စည်းလုံးမှုနှင့် စည်းကမ်း၏ ပြယုဂ်အဖြစ် MAPS ရဲ့ ပညာသင်နှစ်သစ်မှာ အရေးပါတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ "ကျောင်းကောင်စီ ချီတက်လမ်းလျှောက်ပွဲ" အတွက် ကျွန်တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူများက စတင်ပြင်ဆင်လေ့ကျင့်နေကြပါပြီ...

👉ကျောင်းသားများရဲ့ ခေါင်းဆောင်မှု၊ စည်းကမ်းရှိမှုနှင့် စုပေါင်းလုပ်ဆောင်နိုင်စွမ်း နဲ့အတူ တက်ကြွညီညာသော ‌‌ခြေလှမ်းများကို မကြာခင် ‌ကျင်းပမယ့် ကျောင်းကောင်စီ ချီတက်လမ်းလျှောက်ပွဲမှာ တွေ့မြင်နိုင်တော့မှာပါ...❤️❤️

“Mastering, Achieving, Perfect Student"

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Corner Of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex
Naypyidaw