Myanmar Fuji Japanese Language School - Nay Pyi Taw

Myanmar Fuji Japanese Language School - Nay Pyi Taw

Share

အနာဂတ်မှာ ပြည့်စုံဖို့ မြန်မာ ဖူဂျီ ကိုရွေးချယ်စို့

Photos from Myanmar Fuji Japanese Language School - Nay Pyi Taw's post 15/06/2026

အပတ်တိုင်း Monday နေ့တိုင်းတွင် မနက် ၉ နာရီမှ ၁၂ နာရီ အတွင်း N4 Level ဖြစ်ပြီး
နေ့လည် ၁ နာရီမှ ၃ နာရီအတွင်း N3 Level အတန်းများကို JLPT မတိုင်ခင် ကြိုတင်လေ့ကျင့်ပေးနေပါသည် ကျောင်းသား/သူ အားလုံး မပျက်မကွက် ဖြေဆိုပေးပါရန် လေးစားစွာဖြင့်

15/06/2026

N3 Class နေ့လည် ၁နာရီမှ စတင်‌လေ့ကျင့်ပေးနေပါပြီ အပတ်တိုင်း Monday နေ့ နေလည် ၁နာရီတွင် N3 အတန်းအား လေ့ကျင့်သင်ကြားပေးနေပါသည် ကျောင်းသား/သူ အားလုံး မပျက်မကွက်ဖြေဆိုပေးပါရန် လေးစားစွာဖြင့်

15/06/2026

Very Good World Cup Song

Photos from Myanmar Fuji Japanese Language School - Nay Pyi Taw's post 15/05/2026

ကျောင်းနဲ့ Interview အောင်မြင်သွားသော သားလေး သမီးလေးတွေအတွက် おめでとうございます。

17/04/2026

2026 ခုနှစ် နှစ်သစ်ကူး အခါသမယမှာ စိတ်သစ် လူသစ် နဲ့ အားမာန်အသစ်တွေနဲ့ ကြိုးစားပေးစေပါကြောင်း
နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဆိုအပ်ပါတယ်
အတာကူးတဲ့နှစ်ကူးမှာ မိသားစုတွေအားလုံး စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမားခြင်းနဲ့ပြည့်စုံပါစေကြောင်း စီးပွားရေးလဲ ဒီရေအလားပမာ တိုးတက်ပါစေကြောင်း အရာရာအားလုံး ပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်း‌နိုင်သော် လူတော်လူကောင်းများဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်တယ်

Photos from Myanmar Fuji Japanese Language School - Nay Pyi Taw's post 06/04/2026

ဒီနေ့ 06.04.2026 ရက်မှာ ဂျပန်ပြည်ကြီး ပညာသင်မှီးဖို့
အစွမ်းကုန် အလွမ်းတွေကုန်ကာ ထုတ်ကာပြီး
အစွမ်းတကာ့ပညာ ထုတ်ကာပြစမ်းလိုက်ပါဘိ
ဘုန်းမြန်ပြည်ကို ဘုန်းမည်ကြီးအောင်
လုပ်ပြနိုင်မယ့် အမေ့သား
တိုင်းတစ်ပါးရောက် တွေ့သည့်လူငါ မနေသာဘဲ
အပြုံးရွင်စွာ ဆက်ဆံပါ လူအောက်ကျို့လို့
လူပိမသေဘူး ပေါင်းသင်းဆက်ဆံ ပညာမှာလည်း
သူလဲလူ့ဘဝရဲ့ ပညာပဲ
ပေါင်းသင်းပညာ ဆက်ဆံရေးဟာ ဘွဲ့တွေ ၊
ဒီဂရီတွေ မပေးပါဘူး
ဤပညာတတ်ခါမှ လူလောကမှာ တင့်တယ်ရ

အမေ့စကားလုံး အစဉ်ထုံး မင်းရင်ထဲလဲထည့်ထားဦး
ပညာသင်စဉ် အမြဲပင် ကိုယ့်ကိုကိုလည်း သုံးသပ်ပါ
စဉ်းစား ဆင်ခြင် နှလုံးတွင် အစဉ်အမြဲလေ့လာသင်
လူကောင်း လူချွန် ဖြစ်စေအောင် အမြဲကြိုးစားမောင်
လေ့လာသင်ယူ ပညာမှာ ကြောင် ပုဇွန်စားကြွပ်ကြွပ်ဝါး
ဒါမှ အမေ့သား
သားရွှေအိုးထမ်းလာမယ့်လမ်း အမေစောင့်မျှော် လွမ်း

မင်းရဲ့ ချစ်လှစွာသော အစ်ကို ၃၇ ဝမ်းကွဲ
စင်ကာပူ ၄၈ ခေါက် ၊ကိုရီးယား ၃၂ ခေါက် ၊ ထိုင်း ၄၂ ခေါက်၊ ဗီယက်နမ် ၄၅ ခေါက် ပြန် အစ်ကိုကြီး ကိုဒေါင်း

Photos from Myanmar Fuji Japanese Language School - Nay Pyi Taw's post 04/04/2026

ဒီနေ့ 04.04.2026 ရက်နေ့
လှပဖူးဝေ ဆာကူရာမြေကို ပညာသင်ကြား
ထွက်ခွာသွား အားမာန်တွေလည်းတင်းထား
နေရာသစ်မှာ မတူရှာ စုန်ကာ ဆန်ကာသွားရတာ
အရာအားလုံး မင်းရဲ့အပြုံး မင်းဘယ်တော့မှမရှူံး
ဘဝ ပညာကြိုးစားရှာ ဝမ်းစာပြည့်ဝမှာ
ခံနိုင်ရည် သည်းခံဆုံး အောင်မြင်မှာအမှန်ဆုံး

အရာရာအဆင်ပြေပါစေလို့ဆုတောင်းရင်း
မင်းတို့ရဲ့ ဆရာ ကိုဒေါင်း

Photos from Myanmar Fuji Japanese Language School - Nay Pyi Taw's post 31/03/2026

ဒီနေ့ 31.03.2026 ရက်နေ့ ပညာတော်သင်ကြီး မောင်လွင်ကြီးကတော့ အရမ်းကြိုးစားပါမယ်လို့ပြောပြီး ဆာကူရာမြေမှာ ပညာတွေစုံအောင် သင်လာဦး ရိုးသားကြီုးစား မှအောင်မြင်မှုတွေ ရမှာနော် သားကြီး
အစစအရာရာ အဆင်ပြေပါစေ
ချစ်လျက်နဲ့ ခွဲခွာ မေတ္တာ မပျက်တမ်း
သူရင်းတွေလည်းလွမ်း
နေရာသစ် ဘဝအသစ်မှာ အပြုံးမပျက်ဘဲ ဗေဒါပျံ
အန်ကိုခဲ ပန်းပန်လျက်ပါပဲ

မင်းရဲ့ အစ်ကိုကြီး ကိုဒေါင်း

11/03/2026

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား အောက်ဖော်ပြပါအတိုင်း ထုတ်ယူနိုင်မည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လာရောက်ထုတ်ယူရာတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးပါက မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ခုံနံပါတ် ယူဆောင် လာရပါမည်။

သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားများအတွက် တစုတပေါင်းတည်း ထုတ်ယူမည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် မှတ်ပုံတင်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာပြီး ထုတ်ယူနိုင်ပါသည်။

(ရန်ကုန်စာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ
- ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၂၂.၃.၂၀၂၆ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ
- JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (ထမင်းစားနားချိန် - နေ့လည်၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ)

(မန္တလေးစာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

၂၂.၃.၂၀၂၆ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (ထမင်းစားနားချိန် - နေ့လည်၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ဆက်သွယ်ရန် - 01-757 10 15 (Ext- 1) ရန်ကုန်
09-255 162 533 မန္တလေး

Photos from Myanmar Fuji Japanese Language School - Nay Pyi Taw's post 19/02/2026

MyanmarFuji ဂျပန်စာသင်တန်းကျောင်းရဲ့ 7th နှစ်ပြည့် အခန်းအနားကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသော ကျောင်းသား/သူလေးများ၊ရေအိုးစဉ် ကျေးရွှာမှ ဆွေမျိုးသားချင်းများ၊မောင်နှစ်များနှင့် ချစ်ခင်ရသော သူငယ်ချင်းများကို အထူးလေးစားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon_Mandalay Old Highway Road, Near No-2 B. E. H. S Lewe, Lewe Town, Nay Pyi Taw
Naypyidaw

Opening Hours

Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00